နိုင်ငံ​တော် ယာယီသမ္မတ၊ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် မန္တလေးက မဲရုံ​တွေလိုက်လံကြည့်ရှုပြီး မီဒီယာ​မေးမြန်း​မှုတွေကို ​ဖြေဆို

မန္တ​လေး-ဇန်နဝါရီ ၂၅-၂၀၂၆ Voice Of Myanmar ရွေး​ကောက်ပွဲ တတိယပိုင်းအတွက် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က မဲရုံတွေကို နိုင်ငံ​တော် ယာယီသမ္မတ၊ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ဟာ လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ #voiceofmyanmar #VOM #​ရွေး​ကောက်ပွဲတတိယပိုင်း

Read More

ဖေဖော်ဝါရီလကစပြီး ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်

ဇန်နဝါရီ ၂၆၊ ၂၀၂၆ CC (VOM) ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်တွေအတွက် ရထားလက်မှတ်ကို လာမယ့် ဖေဖော်ဝါရီလ ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။ ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ့် အစီအစဥ်ကို ပထမဆုံးစတင်မှာ ဖြစ်တာကြောင့် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နဲ့ ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်တွေ ဖြစ်တဲ့ အမှတ် ၇ အဆန် နဲ့ ၈အစုန် ရထား ၊ အမှတ် ၃၁ အဆန် နဲ့ ၃၂အစုန် ရထားခရီးစဥ်အတွက်သာ အွန်လိုင်းကနေ လက်မှတ်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာ အွန်လိုင်းကနေ လက်မှတ်ရောင်းချနိုင်ဖို့အတွက် အဆင့်ဆင့် စစ်ဆေးမှုတွေ…

Read More

ပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆ GG (VOM) ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ် စျေးနူန်းနဲ့ ကျပ်ငွေလဲလှယ်မှုကနေ ၁၅ ရာခိုင်နူန်းကိုသာ ကျပ်ငွေလဲလှယ်ဖို့ ဖြေလျှော့သတ်မှတ်ပြီး နောက်ပိုင်းကစလို့ ပြည်တွင်းပဲစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးနူန်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါအပြင် လက်ရှိကာလက ဆောင်းမတ်ပဲအသစ်နဲ့ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက် ကုန်သည်နဲ့ ​ပြည်ပက ဝယ်လိုအား ရှိနေတာကြောင့်လည်း စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရတဲ့ ပမာဏကို လျှော့ချပေးတော့…

Read More

ရွေးကောက်ပွဲ အပိုင်း ၃ ပြီးဆုံးလို့ မဲရုံတွေ ပိတ်သိမ်း၊မန္တလေးတိုင်းမှာ မဲ​ပေးသူ ၆၂.၅၉ ရာနှုန်း မဲပေးခဲ့

မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆ VOICE OF MYANMAR အပိုင်း ၃ ပိုင်းခဲဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ နောက်ဆုံးကျင်းပတဲ့ အပိုင်း ၃ ပြီးဆုံးလို့ မဲရုံတွေ ပိတ်သိမ်းပြီး ဆန္ဒမဲလက်မှတ်နဲ့ ကြိုတင်မဲတွေကို ရေတွက် စီစစ်နေပါပြီ။ မန္တလေးတိုင်း ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ခြောက်သိန်းသုံးသောင်းကျော် ရှိတဲ့အနက် မဲပေးသူအရေအတွက် လေးသိန်း နီးပါးရှိတဲ့အတွက် ၆၂.၅၉ ရာနှုန်း မဲပေးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံးကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးမှု အခြေအနေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၃)သိန်းကျော်၊ မဲလာရောက်ပေးသူ (၈)သိန်းကျော်ရှိ၍ မဲပေးမှု % မှာ…

Read More

ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ အဘူဒါဘီမှာ သုံးပွင့်ဆိုင်‌ဆွေးနွေးကြမယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၆ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် လေးနှစ်နှစ်ပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ သုံးပွင့်ဆိုင် ဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သံတမန်မှာတွေ့ဆုံပြီးနောက် မော်စကိုမှာ တွေ့ဆုံပြီးနောက် အခုလိုဆွေးနွေးပွဲ ထွက်ပေါ်လာတာပါ။ ပူတင်နဲ့တွေ့ဆုံမှုမှာ အမေရိကန်သံတမန် စတိဝစ်အော့ဖ်နဲ့ ထရန့်ရဲ့ သားမက်ဖြစ်သူ ကုရှ်နာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုဟာ အသုံးဝင်တဲ့ ဆွေးနွေးမှုလို့ ရုရှားက ဆိုသော်ပေမယ့် နယ်မြေပြဿနာတွေကို မဖြေရှင်းရမချင်း ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရရှိနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ အားနည်းတဲ့ အတွက် ဥရောပမဟာမိတ်တွေကို ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဝေဖန်ခဲ့ပါတယ်။ အဘူဒါဘီ ဆွေးနွေးပွဲတွေ မတိုင်ခင် ယူကရိန်းအရှေ့ပိုင်း နယ်မြေတွေရဲ့ အနာဂတ်အခြေအနေဟာ မဖြေရှင်းရသေးတဲ့ ပြဿနာတခုအဖြစ် ရှိနေသေးကြောင်း ထရန့်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့…

Read More

အီရန်ကို ကြီးမားတဲ့ရေတပ်အုပ်စု စေလွှတ်ထားတယ်လို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၆ ရတီ(VOM) အမေရိကန်ပြည်ထောင်စုဟာ ကြီးမားတဲ့ ရေတပ်သင်္ဘောအုပ်စုကို အီရန်စေလွှတ်ထားတယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ဒါးဗို့စ်ကအပြန် Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ “ကျွန်တော်တို့မှာ သင်္ဘောတွေ အများကြီးရှိတယ်၊ အခြေအနေအရဆိုရင် အဲဒီလမ်းကြောင်းကို သွားနေတယ်” လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဘာမှမဖြစ်တာကိုမြင်လိုတယ်လို့ ဆိုထားပြီး စောင့်ကြည့်ရမယ်လို့ ထရန့်က ဆိုပါတယ်။ အီရန်နဲ့ စီးပွားရေးလုပ်တဲ့ နိုင်ငံတိုင်းအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ သူ့ရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လုပ်မယ်လို့ သူက ပြောပါတယ်။ ဒါက မကြာခင်မှာပဲ လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အီရန်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို နှိမ်နင်းမယ်ဆိုရင် အမေရိကန်က အီရန်ကို စစ်ရေးအရ တိုက်ခိုက်နိုင်ခြေရှိတယ်လို့ ထရန့်က အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၁၆…

Read More

ဇီဝက အထွေထွေရောဂါကုဆေးရုံကြီး မန္တလေးမှာ ဖွင့်လှစ်

မန္တလေး၊ ဇန်နဝါရီ- ၂၃- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၁၀၁ လမ်း ( သိပ္ပံလမ်း ) နဲ့ ၅၇ လမ်းထောင့်မှာ ဆုလာဘ်ကျန်းမာကုမ္ပဏီ (Blissful Health Co.,Ltd)ရဲ့ ဇီဝက အထွေ ထွေရောဂါ အထူးကု ဆေးရုံကြီး ကိုဖွင့်လှစ်ထားပါတယ်။ ဇီဝက အထွေထွေရောဂါ အထူးကုဆေးရုံကြီး ဖွင့်ပွဲကို လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆေးကုသမှုနဲ့ ခွဲစိပ်မှုတွေကိုတော့ ဇန်နဝါရီ လ ဒုတိယပတ် ကတည်းက လက်ခံကုသပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ “ဇီဝက အထွေထွေရောဂါ အထူးကု ဆေးရုံကြီးကို ဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ ၊ဆေးလောကအတွေ့အကြုံ ကောင်းမွန်စွာ ရှိတဲ့သူတွေ စုစည်းပြီး တည်ထောင်ထားတာဖြစ်ပါတယ် ” လို့ ဆေးရုံကြီးရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။…

Read More

နယူးဂါဇာ အစီအစဉ် ထရန့်အစိုးရ ကြေညာ

ဒါးဗို့စ် ၊ ဇန်နဝါရီ-၂၃-၂၀၂၆ မျိုးဆက်(VOM) စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ ပါလက်စတိုင်းနယ်မြေကို ပြန်လည်တည်ဆောက်မယ့် နယူးဂါဇာ အတွက် အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ မိုးမျှော်တိုက်များစွာအပြင် ရာဖာဒေသမှာ အိမ်ရာစီမံကိန်းတွေလည်းပါဝင်ပြီး လူဦးရေ ၂ ဒဿမ ၁ သန်းအတွက် လူနေအိမ်၊ စိုက်ပျိုးရေးနဲ့ စက်မှုဇုန်အသစ်တွေ တည်ဆောက်ရေး အဆင့်ဆင့်ပါဝင်နေပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်အကြား နှစ်နှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ဖို့ တာဝန်ယူထားတဲ့ သမ္မတဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အသစ်အတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒါးဗို့စ်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့ရာ နယူးဂါဇာ အစီအစဉ်ကို အမေရိကန်အစိုးရဘက်က တင်ပြလာတာဖြစ်ပါတယ်။ အောက်တိုဘာလမှာ အသက်ဝင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းပေးခဲ့သူ ထရန့်ကသားမက်ဖြစ်သူ ကုရှ်နာကတော့ ဂါဇာမှာ ဗုံးတန်ချိန် ကိုးသောင်းကျော် ကြဲချခံခဲ့ရတာကြောင့် အပျက်အစီး တန်ချိန် သန်း ၆၀ ရှင်းလင်းဖို့…

Read More

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာပါဝင်ဖို့ ကနေဒါကို ဖိတ်ကြားချက် ဒေါ်နယ်ထရန့် ပြန်ရုပ်သိမ်း

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၆ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ကနေဒါနိုင်ငံကို ပါဝင်ဖို့ဖိတ်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ပြောပါတယ်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အမေရိကန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ ပြိုကွဲမှုတွေဖြစ်နိုင်တယ်လို့ ဝေဖန်ထားပြီး ကနေဒါကလည်း အဖွဲ့အစည်းသစ်မှာ ပါဝင်ဖို့ ငွေပေးချေမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ထရန်ကို ဥက္ကဋ္ဌအဖြစ် ကျယ်ပြန့်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခွင့်တွေပေးထားတဲ့ ဘုတ်အဖွဲ့ကို ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းအသစ်တခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လျက်ရှိပါတယ်။ ထရန့်ကတော့ ကနေဒါအတွက် ကမ်းလှမ်းချက်ကို ရုပ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အကြောင်းပြချက်မပေးပါဘူး။ ကနေဒါဝန်ကြီးချုပ်ရုံးကလည်း ဒီကိစ္စအပေါ် မှတ်ချက်ပေးတာမရှိပါဘူး။ ကနေဒါဝန်ကြီးချုပ်ကတော့ ထရန့်ရဲ့ ဖိတ်ကြားချက်ကို မူအားဖြင့် လက်ခံမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောကြားခဲ့ပါတယ်။ ထရန်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ဂါဇာရှိ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား နှစ်နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ရေးအတွက် ရည်ရွယ်တယ်လို့…

Read More

ဗန်းမော်မြို့နယ် ထီးလင်းရွာမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၂၀ ဝန်းကျင် သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဇန်နဝါရီ ၂၃၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအုပ်စု၊ ထီးလင်း (ကောင်ဂျာ)ရွာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲနဲ့ ၅ နာရီကြား အချိန် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် လူ ၂၀ ဝန်းကျင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ထီးလင်းရွာ ဗုံးကြဲခံရတာ ဟုတ်တယ်။ မနေ့ညနေ ၅ နာရီလောက်က။ ထိတွေ့တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ဗုံးကြဲသွားတာ”လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လေယာဉ်ဗုံးက ကျောင်းရှေ့က နာရေးလုပ်နေတဲ့ နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူအများပြားထိသွားတာလို့ သူက ပြောပါတယ်။ “ဗန်းမော်မြို့ တိမ်းဖာတောင်နားက ထီးလင်းရွာပါ။ ဗန်းမော်က စစ်ရှောင်တွေတချို့ လာရှောင်နေကြတာပါ။ ခွန်သာက ဦးကံချားတို့…

Read More
VOM News

FREE
VIEW