နေပြည်တော် ဧပြီ ၂ -၂၀၂၆
KKL(VOM)
ပြည်သူတွေလိုလားနေတဲ တည်ငြိမ်အေးချမ်းရေးကိစ္စ ပိုပြီးဖြစ်ထွန်းလာဖို့ရှိပြီး တည်ငြိမ်အေးချမ်းမှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံသားတွေ ပိုခံစားရမယ်ဆိုတာနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း ပိုပြီးပူးပေါင်းဆောင်ရွက်လာကြလိမ့်မယ် လို့ အမရပူရမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောပါတယ်။
ကာချုပ်ဘဝနဲ့ အုပ်ချုပ်နေတုန်းက လွှတ်တော်မရှိခဲ့တဲ့အတွက် အခုလို လွှတ်တော်ရှိလာတော့ သမ္မတရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးထောက်ပြလို့ရခဲ့ပြီဆိုရင် ပြည်သူအတွက်အရင်ထက်ပိုအကျိုးရှိနိုင်ပြီးတော့ စီးပွားရေးကဏ္ဍ မှာ ဦးသိန်းစိန်အုပ်ချုပ်တဲ့ကာလလိုပဲ စွမ်းဆောင်မှုကောင်းတဲ့သူတွေ ပေါ်ထွက်လာနိုင်တယ်လို့ ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်ထားပါတယ်။
