ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၆ ရတီ(VOM) အမေရိကန်ပြည်ထောင်စုဟာ ဂရင်းလန်းကျွန်းကိုဝယ်ယူမယ့် အစီအစဉ်ကို ဆန်ကျင်တဲ့ ဥရောပမဟာမိတ်တွေအပေါ် အခွန်ကောက်ခံမယ့် အစီအစဉ်များကို ရုပ်သိမ်းလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ နေတိုးနဲ့ ဆွေးနွေးပြီးနောက် အခုလိုထုတ်ပြန်လာတာဖြစ်ပြီး ဂရင်းလန်းနဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ သဘောတူညီချက်တခုကို ရှာဖွေနေတယ်လို့ ထရန့်က ပြောပါတယ်။ ထရန့်ဟာ နေတိုးအကြီးအကဲ မာ့ခရူတီနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒါဟာအလွန်အကျိုးရှိတဲ့ တွေ့ဆုံမှုလို့ ဆိုပါတယ်။ တွေ့ဆုံမှုဟာ ဂရင်းလန်းနဲ့ အာတိတ်ဒေသဆိုင်ရာ အလားအလာရှိတဲ့ သဘောတူညီချက် မူဘောင်ကို ဦးတည်စေခဲ့တယ်လို့ ထရန့်က ပြောပါတယ် ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။ နေတိုးကလည်း အစည်းအဝေးကို အလွန်အကျိုးရှိတဲ့ အစည်းအဝေးအဖြစ် ဖော်ပြခဲ့ပြီး ထရန့်ပြောခဲ့တဲ့ မူဘောင်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ အာတိတ်ဒေသလုံခြုံရေးကို သေချာစေဖို့အဓိကထားမယ်လို့ ဆိုပါတယ်။ ဂရင်းလန်းကို စစ်ရေးအင်အား အသုံးမပြုဘဲ ရယူရေးအတွက် ဒါးဗို့စ်မှာ ကျင်းပတဲ့…
Read MoreMonth: January 2026
ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၁ ယောက်သေဆုံးကာ ၃၀ လောက်ဒဏ်ရာရရှိခဲ့
ဇန်နဝါရီ ၂၁ ၊ ၂၀၂၆ CC (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၃၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်က ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့တာလို့ သိရပါတယ် ။ ” သိရသလောက် သေတာအားလုံးဆိုရင် ၂၁ ယောက်ရှိတယ် ။ ဒဏ်ရာရက ၃၀ လောက်ရှိတယ်လို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေလည်း ပါတယ်ပြောတယ်။ အချင်းချင်း ချိတ်ဆက်ပြီး သိရတာပေါ့။ စစ်သုံ့ပန်းတွေလို့…
Read Moreကောလင်းနဲ့ ဝန်းသိုကြားမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေ
ဇန်နဝါရီ ၂၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ဝန်းသိုမြို့ကြားမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး လေယာဉ်၊ ဒရုန်း အသုံးပြု တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အစိုးရတပ်က ဇန်နဝါရီ ၁၆ ရက်နေ့၊ မနက် ၅ နာရီလောက်က ချဥ်ပစ်ခုံကျေးရွာစျေးကို စပြီး နယ်မြေရှင်းတာလုပ်တယ်။ အဲဒီမှာ လူသေဆုံးတာတွေလည်း ဖြစ်ခဲ့တယ်။ တိုက်ပွဲက အဲဒီ နေ့ကတည်းက ပြင်းထန်နေတာ ဒီနေ့နဲ့ဆို ခြောက်ရက်ရှိပြီပေါ့။ အခုထိ လေယာဉ်တွေ ဆက်တိုက်ဆိုသလို ဝဲနေတုန်း။ လေကြောင်းရန်က ရှိနေတုန်းပဲ” လို့…
Read Moreလောင်းလုံးမြို့နယ်က ကြိုတင်မဲကောက်တဲ့အဖွဲ့ဒရုန်းဗုံးတိုက်ခိုက်ခံရမှုကြောင့် သုံးယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာပြင်းထန်ရရှိ
ဇန်နဝါရီ ၂၁ ၊ ၂၀၂၆ CC (VOM) တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာမှာ ကြိုတင်မဲ ကောက်ယူတဲ့အဖွဲ့ ဒရုန်းဗုံး နဲ့တိုက်ခိုက်ခံရမှုမှာ ကျေးရွာဒေသခံ သုံးယောက်သေဆုံးကာ နောက်ထပ် သုံးယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ် ။ ကြိုတင်မဲ ကောက်ယူတဲ့ အဖွဲ့ကို ဒရုန်းဗုံးတိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို VOM မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်း ပြောဆိုပါတယ်။ ” ဒရုန်းဗုံးကြဲခံရတာတော့ ဟုတ်တယ် ။ တရားဝင်စာတော့ တက်မလာသေးဘူး ။ မဲစာရင်းကောက်တဲ့ အဖွဲ့တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး ။ ” လို့ တိုင်း ရွေး/ ကော် ဥက္ကဋ္ဌက ပြောပါတယ်။ ဖြစ်စဥ်က ဇန်နဝါရီ ၂၀ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာ…
Read Moreဂျပန်နိုင်ငံ အာဆိုမီးတောင်အနီး ရဟတ်ယာဉ်တစင်း ပျောက်ဆုံး
တိုကျို၊ ဇန်နဝါရီ-၂၁-၂၀၂၆ မျိုးဆက်(VOM) ဂျပန်နိုင်ငံရဲ့ အလှုပ်ရှားဆုံး မီးတောင်တွေထဲက တခုဖြစ်တဲ့ အာဆိုမီးတောင်အနီးမှာ လူသုံးယောက် တင်ဆောင်လာတဲ့ ရှုခင်းကြည့်ရဟတ်ယာဉ်တစင်း ပျောက်ဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်က အာဆိုမြို့ရှိ တိရစ္ဆာန်ရုံကနေ ၁၀ မိနစ်ကြာ ခရီးစဉ်အတွက် ရဟတ်ယာဉ်ထွက်ခွာသွားခဲ့ပေမယ့် ပြန်ရောက်မလာတော့ဘူးလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ အာဆိုတောင်ရဲ့ တောင်ထိပ်ငါးခုအနက် တခုဖြစ်သည့် နာကာဒါကီ မီးတောင်ဝအတွင်းမှာ လေယာဉ်နဲ့တူတဲ့ အရာဝတ္ထုတခုကို ရဲတပ်ဖွဲ့ရဟတ်ယာဉ်တစင်းက ညနေ ၄ နာရီခန့်မှာ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးပါဘူး။ ရဟတ်ယာဉ်ရဲ့ အသက် ၆၄ နှစ်အရွယ် လေယာဉ်မှူးဟာ အတွေ့အကြုံ နှစ် ၄၀…
Read Moreကုန်ပစ္စည်း နဲ့ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာမှာ ဆုံးရှုံးနစ်နာမှုရှိလို့ စားသုံးသူရေးရာကို တိုင်ကြားတဲ့အမှုပေါင်း ၃၀၀ နီးပါးရှိခဲ့
ဇန်နဝါရီ ၂၁ ၊ ၂၀၂၆ GG (VOM) ပြီးခဲတဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ စားသုံးသူတွေဘက်ကနေ နစ်နာဆုံးရှုံးမှုအတွက် ဖြေရှင်းပေးဖို့ တိုင်ကြားခဲ့တဲ့ တိုင်ကြားမှုပေါင်း ၃၀၀ နီးပါးအထိ ရှိခဲ့တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ် ။ တိုင်ကြားမှုတွေထဲမှာ ကုန်စည်တိုင်ကြားမှု ၄၈ ခု ၊ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး တိုင်ကြားမှု ၂၃၇ ခု ရှိခဲ့ကြောင်း ၊ အဲဒီလို တိုင်ကြားလာတဲ့အထဲမှာ ရန်ကုန်တိုင်းက အများဆုံး ဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာတော့ အဆိုပါ တိုင်ကြားမှုတွေထဲကနေ ၂၄၄ ခုကို ဖြေရှင်းပေးခဲ့ပြီး နောက်ထပ်ဖြေရှင်းဖို့ ၄၁ ခုကျန်နေသေးတယ်လို့ သိရပါတယ်။ ” ရန်ကုန်က တိုင်ကြားမှု ၁၆၃ ခုနဲ အများဆုံးပဲ ။ မန္တလေးကတော့ တိုင်ကြားမှုက ဒုတိယ အများဆုံးရှိပါတယ်။ ကုန်စည်ဆိုတာက…
Read Moreမဲဆောက်မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်မှု မြန်မာတယောက် ဖမ်းမိထား
ဇန်နဝါရီ ၂၁ – ၂၀၂၆ SN (VOM) ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတယောက် သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်စဥ်မှ မြန်မာတယောက် ဖမ်းမိထားပြီး သေနတ်နဲ့ ပစ်ခတ်သူကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ထိုင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။ အဲဒီ ပစ်ခတ်မှုဖြစ်စဉ်ဟာ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ တော့ဖောင်း အထည်ချုပ်စက်ရုံဘေးရှိ 7/11 စတိုးဆိုင်အနီးမှာ မနေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ထိုင်းရဲက စစ်ဆေးတာမှာ နောက်မှာစီးလာသူက ရဲတွေကို ပစ္စတိုသေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ထွက်ပြေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အခင်းဖြစ်ချိန် ရဲတယောက်တော့ သေနတ်မှန်သွားတယ်။ သေနတ်နဲ့ပစ်ပြီး ဆိုင်ကယ်မောင်းပြေးလို့ ရဲတွေက လိုက်ဖမ်းတာ ဆိုင်ကယ်မောင်းတဲ့…
Read Moreချီဖွေမြို့အဝင်လမ်းမှာ အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးထဲကျလို့ နှစ်ယောက်သေ
ဇန်နဝါရီ ၂၁၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ချီဖွေမြို့ အနီး မြို့အဝင် ကားလမ်းမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်က အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးဘက် ကျသွားလို့ လူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိပါတယ်။ “ချီဖွေမြို့အဝင် လမ်းမှာ အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးဘက် ကျသွားလို့ ဘုရားကျောင်းက အမှုတော်ဆောင် ဆရာတယောက် နဲ့ ၁၀ တန်းကျောင်းသား တယောက် သေဆုံးသွားပြီး ၁၀ တန်း ကျောင်းသား နောက်တယောက်က ဒဏ်ရာရသွားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ Toyota Noah ကားအဖြူ ဖြစ်ပြီး ကားမောင်းသူ အမှုတော်ဆောင်ဆရာ နဲ့အတူ ကားပေါ်မှာ ၁၀ တန်း ကျောင်းသား…
Read Moreကျပ်သိန်းရာဂဏန်း စံချိန်သစ်နဲ့ မြန်မာ့ရွှေဈေး
ဇန်နဝါရီ ၂၁ – ၂၀၂၆ SS (VOM) စံချိန်သစ်တွေ ထပ်ဆင့်တင်နေဆဲ ကမ္ဘာ့ရွှေဈေးနဲ့အတူ ဒီကနေ့ မြန်မာ့ရွှေဈေးဟာလည်း ကျပ် သိန်း ၁၀၀ ကျော်ကို ရောက်ရှိလို့လာနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ မကြုံစဖူး ဈေးနှုန်းတွေနဲ့ တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းမှာတင် ဈေးနှုန်းအပြောင်းအလဲတွေ မြန်ဆန်နေတာပါ။ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာတော့ စံချိန်တင် အမြင့်ဆုံးဈေး ၄၈၀၀ ကျော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရွှေဈေးနှုန်း လေ့လာ စောင့်ကြည့်သူတွေကတော့ ကမ္ဘာ့ရွှေဈေးဟာ ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခအခြေအနေတွေကြား ဆက်လက် မြင့်တက်နိုင်ခြေ ရှိနေသေးတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိအနေအထားဟာ ကမ္ဘာ့ရွှေ တအောင်စ ဒေါ်လာ ၅၀၀၀ ဘက်ကို ခြေလှမ်းပြင်နေတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။…
Read Moreဆွစ်ဇာလန်သွားမယ့် သမ္မတထရန့်ရဲ့ Air Force One လေယာဉ် နည်းပညာ ပြဿနာကြောင့် ပြန်လည်ဆင်းသက်ခဲ့ရ
ဝါရှင်တန်၊ ဇန်နဝါရီ-၂၁-၂၀၂၆ ရတီ(VOM) အမရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ Air Force One လေယာဉ်ဟာ အင်္ဂါနေ့ညနေပိုင်းက ဆွစ်ဇာလန်ကို ထွက်ခွာပြီး တနာရီခန့်အကြာမှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် အင်ဒရူးစ်လေတပ်အခြေစိုက်စခန်းကို ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတရဲ့ Air Force One လေယာဉ်ပေါ်ရှိ လေယာဉ်အမှုထမ်းတွေဟာ အသေးစားလျှပ်စစ်ပြဿနာကို တွေ့ရှိခဲ့ပြီး ကြိုတင်ကာကွယ်မှုအဖြစ် နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်က ပြောပါတယ်။ လေယာဉ်ထွက်ခွာပြီးနောက် သတင်းစာရှင်းလင်းပွဲခန်းရှိ မီးများ ခဏတာ ပျက်သွားခဲ့ပေမယ့် ချက်ချင်းရှင်းလင်းချက် မပေးခဲ့ခဲ့ဘူးလို့ လေယာဉ်ပေါ်ရှိ သတင်းထောက်တယောက်က ပြောပါတယ်။ လေယာဉ်ပျံသန်းပြီး နာရီဝက်ခန့်အကြာမှာတော့ သတင်းထောက်တွေကို လေယာဉ်ပြန်လှည့်တော့မယ်လို့ အသိပေးခဲ့တယ်ဆိုပါတယ်။ သမ္မတထရန့်ကတော့ အခြားလေယာဉ်တစင်းနဲ့အတူ ဒါးဗို့စ်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် အတွက် သူ့ရဲ့ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ…
Read More