ဖေဖော်ဝါရီ ၅ – ၂၀၂၆ SN (VOM) ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုမှာ တိုင်းရင်းသားတွေထဲက ယုံကြည်ရသူ၊ အရည်အချင်းရှိတဲ့သူတွေ ပါဝင်လာမယ်ဆိုပါက တိုင်းပြည်အတွက် ပိုမို ကောင်းမွန်နိုင်တဲ့ အရွေ့တခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ် လေ့လာသူတွေက ပြောပါတယ်။ ပြည်ထောင်စု အတိုင်ခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ကောင်စီ ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတအနေနဲ့ သင့်တော်မယ့် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပေးဖို့ လမ်းညွှန်သွားမယ်ဆ်ိုတာမျိုး တွေ့ရှိရတဲ့အတွက် ဖွဲ့စည်းလာမယ့် ကောင်စီမှာ သင့်တော်ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်လာနိုင်သလို တိုင်းရင်းသားထဲမှာလည်း ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာကြောင့် တိုင်းရင်းသားတွေလည်း ပါဝင်လာလိမ့်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။ “တိုင်းရင်းသားတွေ ပါဝင်လာနိုင်မယ် ဆိုရင်တော့ နိုင်ငံအတွက် ပိုပြီးကောင်းမွန်တဲ့ အရွေ့တခု ဖြစ်လာနိုင်ပါတယ်။…
Read MoreDay: February 6, 2026
သူတို့အိမ် အခန်း – ၅၀
ဆူးငှက် ခြေကျင် သင်္ကြန် ——————— ကျွန်တော် အခု ၁၀တန်းတက်ရမည့် နှစ်အထိ မန္တလေးသင်္ကြန်ကို ကားဖြင့် မလည်ဖူးပါ။ ကားဖြင့် လည်သည်ဟု ဆိုသည်မျာ ထိုစဉ်က သင်္ကြန်တွင် ဂှစ်ကားအမိုးဖြုတ် ဘောနက်ပေါ် ပေပါပြား အစားတင်ပြီး လူ၂၀လောက် စု၍ နေ့ရောညပါ လည်ကြသည်ကို ဆိုလိုပါသည်။ ၇တန်းနှစ် သင်္ကြန်တုန်းကတော့ ဦးကြီးကောင်းရင်၏ သောင်းမေတ္တာ ဘတ်စ်ကားကြီးနှင့် မန္တလေးတောင်၊ ရန်ကင်းတောင်၊ သခင်မတောင် တောင်သုံးလုံးကို လူကြီးတစ်ယောက် ၃ကျပ်၊ ကလေးတစ်ယောက် ၁ကျပ်နှင့် လိုက်ပို့စဉ် အမေနှင့် သားအမိနှစ်ယောက် လိုက်ကြပြီး အပြန်မှာ ဒရိုင်ဘာကိုစိန်ဝင်းက အဆစ်ဟု ဆိုပြီး ဝါးတန်းဘက် ရေပက်ခံ ထွက်ဖူးတာပဲ ရှိပါသည်။ တကယ်တမ်း ငယ်စဉ်ကတည်းက သင်္ကြန်ဆိုလျှင် ညရောက်မှ အဘနှင့် ခြေကျင်လည်ဖူးတာပဲ ရှိခဲ့သည်။ အဘက အကြိုနေ့ဆိုလျှင် မဝေးလှသော…
Read More