ပြည်ထောင်စုလွှတ်တော်ကျင်းပ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် အစည်းဝေးကျင်းပမယ့် ရက်ကိုကြေငြာမယ်

နေပြည်တော်၊ မတ် – ၂၀- ၂၀၂၆ VOICE OF MYANMAR တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အဆောက်အဦမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဥ်ကြေငြာခြင်းနဲ့ အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် များအတွက် ခွင့်ပန်ကြားခြင်း၊ အစည်းအဝေးတက်ရောက်မှုအခြေ အနေကို အတည်ပြု မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနဲ့ ဒုတိ ယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်…

Read More

ဦးအောင်ကျော်မိုး ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်

မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

Read More

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့် ကို ရွေးချယ်တင်မြှောက်

မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

Read More

အီရန်နိုင်ငံ အကြီးအကျယ် ထိခိုက်နေပြီလို့ နေတန်ယာဟု ပြောကြား၊ စွမ်းအင်ကဏ္ဍကို ထပ်တိုက်ရင် အီရန်ကလည်း အလျှော့ပေးမှာမဟုတ်ကြောင်း သတိပေး

​ဂျေရုဆလင်မြို့ -မတ် ၂၀-၂၀၂၆ MT(VOM) အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံဟာ “အကြီးအကျယ် ပျက်စီးဆုံးရှုံးနေပြီ” ဖြစ်ကြောင်းနဲ့ ဒီစစ်ပွဲဟာ ထင်ထားတာထက် ပိုမြန်မြန် ပြီးဆုံးသွားနိုင်တယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ တဖက်မှာလည်း အီရန်က ပင်လယ်ကွေ့ဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ ​နေတန်ယာဟုရဲ့ ပြောကြားချက်များ​ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စစ်ပွဲစတင်ခဲ့တာ ၄ ပတ်နီးပါး ရှိလာချိန်မှာ နေတန်ယာဟုက အခုလို ဆိုပါတယ်။ ​စစ်နိုင်နေပြီ”ကျွန်တော်တို့ နိုင်နေပါပြီ၊ အီရန်ကတော့ ပြိုလဲနေပြီ” လို့ နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ ​စွမ်းဆောင်ရည် ကျဆင်း အီရန်ဟာ…

Read More

ငလျင်နှစ်ပတ်လည်နေ့မှာ အစိုးရက ဝမ်းနည်းခြင်း အထိမ်း အမှတ်အခမ်းအနားနဲ့ ကူညီသူခဲ့သူတွေကို ဂုဏ်ပြုမယ်

မန္တလေး၊ မတ်- ၂၀-၂၀၂၆ Voice Of Myanmar မတ်လ ၂၈ ရက်နေ့ကျရောက်တဲ့ ငလျင်နှစ်ပတ်လည်နေ့မှာ ကွယ်လွန်သွားသူတွေအတွက် ဆွမ်းသွတ်အမျှဝေပွဲနဲ့ ငလျင်ဘေးစွမ်းစွမ်းတမံကူညီခဲ့သူတွေကို ဂုဏ်ပြုပွဲလုပ်မယ့် အစီအစဥ်ကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်လွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးအပြီးမှာ VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းရာမှာ ခုလိုဖြေကြားတာဖြစ်ပြီး ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီရေးပေးဝေနေတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဖြေကြားထားတာကို ရုပ်သံတွေ့ဆုံမေးမြန်းခန်းအစီစဥ်မှာ ကြည့်ရှုနိုင်ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်(VOM)

Read More

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ

မန္တလေး၊ မတ် – ၂၀- ၂၀၂၆ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်တက်ရောက်ကြရမယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်တင်ထားလဲဆိုတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးကျော်တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရမယ့် ပထမဆုံး အတွေ့အကြုံ ဘယ်လိုရှိလဲ ဆိုတာနဲ့ ဘာတွေပြင်ဆင်ထားသလဲဆိုတာ မေးမြန်းထားပါတယ်။

Read More

ရန်ကုန် အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးက ယာဥ်တိုက်မှု နှစ်ယောက်သေဆုံး

မတ် ၂၀ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ လှည်းကူးမြို့နယ် ၊ အမှတ် ၃ လမ်းဆုံ ၊ စစ်ဆေးရေးဂိတ်အနီးမှာ Elite ခရီးသည်တင်Express ကားနဲ့ လိုက်ထရပ်ကားတို့ တိုက်မိပြီး နှစ်ယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဒီကနေ့ မတ် ၂၀ ရက် ၊ မနက်အစော ၆ နာရီလောက်မှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ သေဆုံးသူတွေက လိုက်ထရပ်ကားပေါ် လိုက်ပါလာတဲ့ အမျိုးသား နှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ် ။ ” ယာဥ်တိုက်မှုဖြစ်ကြောင်း သတင်းပေးချက်အရ ကျွန်တော်တို့ သွားခဲ့တာပါ ။ ယာဥ်တိုက်မှုက ဘယ်လိုဖြစ်တာလဲဆိုတာတော့ ယာဥ်ထိန်းရဲပဲ သေချာသိမှာပါ။ လိုက်ထရပ်ကားကတော့ ခေါင်းပိုင်း တော်တော်လေးထိပြီး ကြေမွသွားတယ်။ လူနာတွေမနည်းဆွဲထုတ်ရတယ်။ နှစ်ယောက်လုံးကတော့…

Read More

တိုင်းနဲ့ ပြည်နယ် လွှတ်တော်အသီးသီးက ရွေးချယ်ခံရတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ များစာရင်း

မတ်- ၂၀- ၂၀၂၆ SA(VOM) တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ် တော်တွေမှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မနက် ၁၀ နာရီကပထမနေ့ ပုံမှန်းအစည်းအဝေးကျင်းပခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတ မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဌေးအောင် တင်မြှောက်ခံရပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုး တင်မြှေက်ခံရပါတယ်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်မြို့နယ်၊မဲဆန္ဒ…

Read More

နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport လုပ်မှသာ UID စနစ် လိုအပ်မှာဖြစ်

မတ် ၂၀ – ၂၀၂၆ SS (VOM) အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport ပြုလုပ်မှသာ UID စနစ်တွေ လိုအပ်မှာ ဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေအနေနဲ့ UID အတွက် လတ်တလော ပူပန်စရာမလိုသေးဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ လျှောက်ထားခြင်းနဲ့ သက်တမ်း တိုးခြင်းတွေအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number – UID) ကို မဖြစ်မနေ တင်ပြရမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ လတ်တလော ပတ်စ်ပို့သက်တမ်းတိုး ပြုလုပ်ရမယ့်သူတွေအနေနဲ့ မြန်မာပြည်တွင်းကို…

Read More

စက်သုံးဆီ ဝယ်ယူရရှိမှုခက်လာလို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ခရီးစဥ်ပြေးဆွဲဖို့ ခက်ခဲလာသလို လက်မှတ်စျေးလည်းတက်

မတ် ၂၀ ၊ ၂၀၂၆ GG (VOM) စက်သုံးဆီ ရရှိမှုအခက်အခဲနဲ့ စျေးနူန်းမြင့်တက်လာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းအပန်းဖြေခရီးစဥ် package လက်မှတ်စျေးနူန်းတွေမြင့်တက်လာပြီး ခရီးစဥ်ပြေးဆွဲဖို့ပင် ခက်ခဲတဲ့ အခြေအတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေဆီက သိရပါတယ်။ စက်သုံးဆီ ဝယ်ယူရာမှာ အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် ဒီမတ်လအတွင်း ပြေးဆွဲမယ့် ပြည်တွင်းအပန်းအဖြေ ခရီးစဥ်တွေကို ပြေးဆွဲနိုင်ခြင်းရှိမရှိ အတိကျ မပြောနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။ ” စက်သုံးဆီစျေးဒီလောက်တက်လာမှတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘဲ တက်ရတာပါ ။ နောက်ပြီး ဆီကလည်း ခက်ခဲနေတယ် ။ ဆီရမှသာ ခရီးစဥ်က သွားလို့ရမှာလေ ။ ခရီးစဥ်က ဒီလတွေက သွားသူများကြတယ်။ ဆီက အကန့်အသတ်နဲ့ပဲရတော့ ကိုယ်သွားမယ့် ခရီးစဥ် ၊လမ်းကြောင်း အခြေအနေနဲ့တွက်ပြီး လုပ်နေရတယ်။ ဆီမလောက်ရင် စီစဥ်ထားတဲ့ ခရီးစဥ်တွေက…

Read More
VOM News

FREE
VIEW