မန္တလေး၊ မတ်- ၂၀-၂၀၂၆
Voice Of Myanmar
မတ်လ ၂၈ ရက်နေ့ကျရောက်တဲ့ ငလျင်နှစ်ပတ်လည်နေ့မှာ ကွယ်လွန်သွားသူတွေအတွက် ဆွမ်းသွတ်အမျှဝေပွဲနဲ့ ငလျင်ဘေးစွမ်းစွမ်းတမံကူညီခဲ့သူတွေကို ဂုဏ်ပြုပွဲလုပ်မယ့် အစီအစဥ်ကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်လွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးအပြီးမှာ VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းရာမှာ ခုလိုဖြေကြားတာဖြစ်ပြီး ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီရေးပေးဝေနေတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဖြေကြားထားတာကို ရုပ်သံတွေ့ဆုံမေးမြန်းခန်းအစီစဥ်မှာ ကြည့်ရှုနိုင်ပါတယ်။
ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်(VOM)
