သူတို့အိမ် အခန်း (၁၅၉)

ဆူးငှက် သဘင်သည်စိတ်နှင့် အနုပညာအလုပ် …………………………………….. တစ်လခန့် ကြို၍ ပြင်ဆင်၊ လူရွေးချယ်၊ အစီအစဉ်ဆွဲ၊ တီးလုံတိုက် နှင့် ဝတ်စုံပြည့် အစမ်းကပြလိုက်တော့ အစီအစဉ်တွေက မှန်းထားသည်ထက် ပိုမိုကောင်းမွန် အဆင်ပြေနေသည်ဟု ခံစားရသည်။ တကယ်တော့ ပါဝင်သူတိုင်းက သဘင်သည်များမဟုတ်ကြဘဲ ဝန်ထမ်းများသာ ဖြစ်ကြသော်လည်း ကပွဲအစီအစဉ်ကို ကြိုတင်ပြင်ဆင်ပြီဆိုကတည်းက ဝန်ထမ်းစိတ်ဖျောက်ကာ သဘင်သည်စိတ်ဖြင့် စိတ်နှစ် လုပ်ကိုင်ခဲ့ကြခြင်းကြောင့် အောင်မြင်ခြင်းဖြစ်ပါသည်။ ထိုသို့ တစ်ကြောင်းတည်းသော စိတ်ဖြင့် လုပ်ကိုင်နိုင်ရန် ကျောင်းအုပ်ကြီးက စာမေးပွဲ စစ်ပြီးကတည်းက သင်တန်းသူ သင်တန်းသားဟူသော၊ ဝန်ထမ်းဟူသော အနှောင်အဖွဲ့များ တာဝန်များ စည်းကမ်းများကို ခွာချပေးခဲ့သောကြောင့် ဖြစ်သည်။ တကယ့်ပွဲနေ့ရောက်တော့ ကျွန်တော် ပူပန်မှု မရှိတော့၊ ကိုယ့်အဖွဲ့ကို စိတ်ချလက်ချဖြစ်သွားပါပြီ။ ကပွဲတာဝန်ခံ ဆရာဦးခင်ထွန်းကလည်း ဇာတ်အဖွဲ့ကြီး၏ မန်နေဂျာကောင်း တစ်ယောက်လို အစစ အားကိုးရပါသည်။ ထို့ကြောင့် ပွဲကြီးနေ့တွင်…

Read More

ရားမို့စ် သို့မဟုတ် ဖိလစ်ပိုင် ဒီမိုကရေစီရဲ့ အကောင်းဆုံးဇာတ်ပို့

MT(VOM) ​ဖိလစ်ပိုင်ဆိုတဲ့ တိုင်းပြည်ဟာ ကျွန်တော်တို့ အရှေ့တောင်အာရှမှာတော့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ရာဇဝင်တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောရမှာပါပဲ။ ကျွန်းစုပေါင်း ခုနစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဒီတိုင်းပြည်ဟာ နှစ်ပေါင်း ရာနဲ့ချီပြီး စပိန်ရဲ့ ကိုလိုနီအဖြစ် ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီနောက်တော့ အမေရိကန် လက်အောက်ကို ရောက်သွားပြန်တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဒဏ်ကိုလည်း အလူးအလဲ ခံခဲ့ရသေးပါတယ်။ ပြောရရင်တော့ ဖိလစ်ပိုင်သမိုင်းဆိုတာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အမြဲတမ်း တိုက်ပွဲဝင်နေခဲ့ရတဲ့ သမိုင်းပါပဲ။ဒုတိယကမ္ဘာစစ်ပြီးလို့ လွတ်လပ်ရေးရတော့လည်း သူတို့ခမျာ အေးအေးလူလူ မနေခဲ့ရရှာပါဘူး။ တိုင်းပြည်က ဆင်းရဲတွင်းနက်၊ နိုင်ငံရေးကလည်း အုပ်စုဖွဲ့ အာဏာလုပွဲတွေနဲ့ ရှုပ်ထွေးပွေလီနေခဲ့တာပါ။ ​မားကို့စ်ခေတ်ရဲ့ အမှောင်ထု ​အဲဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေထဲကနေ ၁၉၆၅ ခုနှစ်မှာ ဖာဒီနန် မားကို့စ် (Ferdinand Marcos) ဆိုတဲ့ လူတစ်ယောက်…

Read More

ပြည် – မကွေးကားလမ်း ၊အောင်မြို့အထွက်နားမှာ ပစ်ခတ်ခံရပြီး ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူး နဲ့ ရဲတပ်ကြပ်ကြီးသေဆုံး ၊ရဲတပ်ဖွဲ့ဝင်နဲ့အရပ်သားတချို့ ဒဏ်ရာရ

ဇူလိုင် ၂ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ ပြည် – မကွေးကားလမ်း ၊ အောင်လံမြို့ နဲ့ ဆင်ပေါင်ဝဲမြို့အကြားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူး နဲ့ ရဲတပ်ကြပ်ကြီးတို့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မနေ့က ဇူလိုင် ၁ ရက်နေ့ ၊ နေ့လယ် ၁ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကား နဲ့ အိမ်စီးကား တို့ပစ်ခတ်ခံခဲ့ရတာ ဖြစ်ကြောင်း အဲဒီဖြစ်စဥ်မှာ ရဲတပ်ကြပ်ကျော်လွင်က ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျကတော့ နားထင်ကျည်ဖောက်ဝင် ဒဏ်ရာ ၊ ပေါင်နှစ်ဖက် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဖြစ်တာက အောင်လံမြောက်ဘက် ၃ မိုင်လောက်မှာ ဖြစ်တာပါ။မြို့အထွက်ပေါ့ ။…

Read More

ဘုရားသုံးဆူမြို့ KNU ထောင်ကနေ အကျဥ်းသား ခြောက်ယောက် လက်နက်တွေနဲ့အတူ ထွက်ပြေး

ဇူလိုင် ၂ ၊ ၂၀၂၆ CC(VOM) ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ ၊ KNU နယ်မြေ ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆) အတွင်းရှိ အကျဥ်းထောင်ကနေ အကျဥ်းသား ခြောက်​ယောက်က လက်နက်ယူပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က ဇူလိုင် ၁ ရက်နေ့ ၊ မနက်ပိုင်းမှာ အကျဥ်းသားတွေကို အကျဥ်းထောင်ပြင်ပထုတ်ချိန်မှာ ထောင်စောင့်တဲ့လုံခြုံရေးဆီကနေ သေနတ်နှစ်လက် လုယူပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဲဒီနောက်မှာ DKBA တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားကိုတားပြီး သေနတ်သုံးလက် နဲ့ ကားကိုပါ ထပ်မံလုယူပြီး.ထွက်ပြေးသွားတာဖြစ်ကြောင်း ခုထိတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။ ” KNU တပ်ဖွဲ့ဝင်တွေ တားတယ်ထင်ပြီး ကားရပ်ပေးတာကို သူတို့က သေနတ်နဲ့ချိန်ပြီး ကားရော ၊ သေနတ်ပါ…

Read More

ဒီဇယ် နဲ့ သဘာဝဓာတ်ငွေ့ရည် အတွက် ၁ လ ထပ်မံ အခွန် ကင်းလွတ်ခွင့်ပြု၊ ပရီမီယံဒီဇယ်ကိုပါ အခွန်လျှော့ပေးဖို့ တောင်းဆို

နေပြည်တော်၊ ဇူလိုင် – ၂ – ၂၀၂၆ KKL(VOM) လက်ရှိ နိုင်ငံတော်က သတ်မှတ်ကာလနဲ့ အခွန်ကင်းလွတ်ခွင့် ပြုခဲ့တဲ့ ဒီဇယ် HSD (500 ppm) နဲ့ သဘာဝဓာတ်ငွေ့ရည် Liquefied Natural Gas တို့အပြင် ပရီမီယံဒီဇယ်ကိုပါ အခွန်လျှော့ပေါ့မှုမှာ ထည့်သွင်းပေးဖို့ တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေရဲ့တောင်းဆိုမှုနဲ့အတူ ဒီဇယ်ဆီနဲ့သဘာဝဓါ်တ်ငွေ့ရည် ၁ လထပ်မံအခွန်ကင်းလွတ်ခွင့်ပြုဖို့ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီတောင်းဆိုမှုကိုတော့ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ်စမနေ့က နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ ဒီဇယ်ဆီ HSD(500 ppm) နဲ့ သဘာဝဓာတ်ငွေ့ရည်(Liquefied Natural Gas) တို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်(၁)လ ထပ်မံခွင့်ပြုနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာကျော်ဆွေက ဆွေးနွေးတဲ့အချိန်မှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့အစီအစဥ်မှာလည်း Premium Diesel (50…

Read More

မော်လမြိုင်မှာ ညကပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်Taxiသမား အလောင်းသာ ပြန်တွေ့

ဇူလိုင် ၂ ၊ ၂၀၂၆ GG(VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁ ရက်နေ့က မိသားစုနဲ့ အဆက်သွယ်ပြတ်ပြီး ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်Taxi ယာဉ်မောင်းအမျိုးသားကို ဒီကနေ့မှာ အသတ်ခံထားရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ပြန်တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရသူဟာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆)လမ်းနေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ် Taxi သမားဦးအောင်ဟိန်းဦး ဆိုသူဖြစ်ပြီး မနေ့က ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ Taxi ပြေးဆွဲဖို့ အိမ်ကနေထွက်သွားပြီးနောက် နေအိမ်ကို ပြန်ရောက်မလာဘဲ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက် ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ​နောက် ဒီကနေ့ မနက်ပိုင်း မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက်ရှိ ချစ်သူလမ်းကြား လမ်းဘေးခြုံအတွင်းထဲမှာ…

Read More

ရွာငံမြို့နယ်မှာ တလအတွင်း ၁၇ဦးထက်မနည်း အသတ်ခံရမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေ

ရွာငံ၊ဇူလိုင်၂-၂၀၂၆ KKA(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လအတွင်း အသတ်ခံခဲ့ရသူ ၁၇ဦးထိရှိခဲ့တဲ့အတွက် ဒေသခံပြည်သူ‌တွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဓနုလူငယ်များ တွဲလက်ညီ လူမှုကူညီရေးအသင်း တာဝန်ခံ ခွန်ဆန်းမင်းအောင်က VOMကိုပြောပါတယ်။ “ကျွန်တော်တို့သိရသလောက်တော့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်နဲ့ပြည်သူ ၁၇ဦးလောက်အထိ အသတ်ခံခဲ့ရတယ်။ ရွာငံမြို့ပေါ်တော့ မဟုတ်ပါဘူး။လုံခြုံရေးအလှမ်းဝေးတဲ့ ရွာတွေဘက်မှာဖြစ်နေတယ်။ အဲဒီရိုက်ခတ်မှုက မြို့ပေါ်မှာပါ ညနေစောင်းရင်ကို အသွားအလာ သိသိသာသာနည်းသွားတယ်။ စိုးရိမ်စိတ်တွေက နေရာတိုင်း ရှိသွားတဲ့သဘောပေါ့။”လို့ ခွန်ဆန်းမင်းအောင်ကပြောပါတယ်။ ဇွန်လတလအတွင်းမှာ ရွာငံမြို့နယ်၊မြိုင်ကျေးရွာက ပြည်သူ့စစ်တဦး၊တံတားဖြူကျေးရွာကအုပ်ချုပ်ရေးမှူးတဦး၊ရေဦးကျေးရွာက ရပ်ကျေးစာရေးတဦး၊ ရေပြာအိုင် အထက်ကျေးရွာအနီးမှာ ကျေးလက်သားဖွားဆရာမတဦး၊ရွာငံ ပင်းတယလမ်းခွဲမှာ ဈေးသည်လင်မယားအပါအဝင် ၁၇ဦးအသတ်ခံခဲ့ရကြောင်းသိရပါတယ်။ “တချို့ကိုတော့ လုံခြုံရေးအရရော၊ကာယကံရှင်ရဲ့ ဆန္ဒ‌တွေကြောင်းရော စာရင်းအတိအကျ မပြောတာကိုတော့ နားလည်ပေးစေချင်တယ်။ဘာဆက်ပြောချင်လည်းဆိုတော့ အစိုးရတပ်မတော်နဲ့ပြည်သူ့စစ်တွေအနေနဲ့ မြို့နယ်အစွန်အဖျားလေး‌တွေ လုံခြုံရေး အပြည့်အဝယူပေးစေချင်တယ်။ ဒါမှလည်း စိတ်အေး‌ေအးနဲ့ သွားလာ လုပ်ကိုင် စိုက်ပျိုးနိုင်ကြမှာမို့ပါ။”လို့ ခွန်ဆန်းမင်းအောင်ကပြောပါတယ်။ ရွာငံရွာနယ်အတွင်း အစွန်အဖျားကျေးရွာ​တွေမှာ ဒေသတွင်းလက်နက်ကိုင်​တွေ ဝင်ထွက်သွားလာနေလို့…

Read More
VOM News

FREE
VIEW