ရွာငံမြို့နယ်မှာ တလအတွင်း ၁၇ဦးထက်မနည်း အသတ်ခံရမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေ

ရွာငံ၊ဇူလိုင်၂-၂၀၂၆
KKA(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လအတွင်း အသတ်ခံခဲ့ရသူ ၁၇ဦးထိရှိခဲ့တဲ့အတွက် ဒေသခံပြည်သူ‌တွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဓနုလူငယ်များ တွဲလက်ညီ လူမှုကူညီရေးအသင်း တာဝန်ခံ ခွန်ဆန်းမင်းအောင်က VOMကိုပြောပါတယ်။
“ကျွန်တော်တို့သိရသလောက်တော့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်နဲ့ပြည်သူ ၁၇ဦးလောက်အထိ အသတ်ခံခဲ့ရတယ်။ ရွာငံမြို့ပေါ်တော့ မဟုတ်ပါဘူး။လုံခြုံရေးအလှမ်းဝေးတဲ့ ရွာတွေဘက်မှာဖြစ်နေတယ်။ အဲဒီရိုက်ခတ်မှုက မြို့ပေါ်မှာပါ ညနေစောင်းရင်ကို အသွားအလာ သိသိသာသာနည်းသွားတယ်။ စိုးရိမ်စိတ်တွေက နေရာတိုင်း ရှိသွားတဲ့သဘောပေါ့။”လို့ ခွန်ဆန်းမင်းအောင်ကပြောပါတယ်။
ဇွန်လတလအတွင်းမှာ ရွာငံမြို့နယ်၊မြိုင်ကျေးရွာက ပြည်သူ့စစ်တဦး၊တံတားဖြူကျေးရွာကအုပ်ချုပ်ရေးမှူးတဦး၊ရေဦးကျေးရွာက ရပ်ကျေးစာရေးတဦး၊
ရေပြာအိုင် အထက်ကျေးရွာအနီးမှာ ကျေးလက်သားဖွားဆရာမတဦး၊ရွာငံ ပင်းတယလမ်းခွဲမှာ ဈေးသည်လင်မယားအပါအဝင် ၁၇ဦးအသတ်ခံခဲ့ရကြောင်းသိရပါတယ်။
“တချို့ကိုတော့ လုံခြုံရေးအရရော၊ကာယကံရှင်ရဲ့ ဆန္ဒ‌တွေကြောင်းရော စာရင်းအတိအကျ မပြောတာကိုတော့ နားလည်ပေးစေချင်တယ်။ဘာဆက်ပြောချင်လည်းဆိုတော့ အစိုးရတပ်မတော်နဲ့ပြည်သူ့စစ်တွေအနေနဲ့ မြို့နယ်အစွန်အဖျားလေး‌တွေ လုံခြုံရေး အပြည့်အဝယူပေးစေချင်တယ်။ ဒါမှလည်း စိတ်အေး‌ေအးနဲ့ သွားလာ လုပ်ကိုင် စိုက်ပျိုးနိုင်ကြမှာမို့ပါ။”လို့ ခွန်ဆန်းမင်းအောင်ကပြောပါတယ်။
ရွာငံရွာနယ်အတွင်း အစွန်အဖျားကျေးရွာ​တွေမှာ ဒေသတွင်းလက်နက်ကိုင်​တွေ ဝင်ထွက်သွားလာနေလို့ ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်မြင့်တက်နေတာလည်းဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW