ဇူလိူင် ၄ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ နားကပ်ဖြုတ်ယူပြီး အလောင်းကို စောင်နဲ့ထုတ် စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
မနေ့က ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းမှာ ကလေးငယ်ဟာ နေအိမ်ကနေ ပျောက်သွားပြီးနောက် ည ၁၁ နာရီလောက်မှာတော့ တူးချောင်းကျေးရွာ အပြင်ဘက်တနေရာမှာ စောင်နဲ့ပတ်ထုတ်ထားပြီး အသတ်ခံထားရပြီးရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” အလုပ်သမားဆေးရုံနား လမ်းတလမ်းရှိတယ်။ အဲဒီလမ်းမှ ကလေးကို စောင်တွေဘာတွေနဲ့ပတ်ပြီး ဆာလာအိတ်ထဲကို ထည့်ပြီးပစ်ထားတာ ။ တွေ့တဲ့အချိန် ကလေးက အသက်မရှိတော့ဘူး ။ နားကပ်ကလည်း အသာအယာဖြုတ်ထားတာ မဟုတ်ပဲ အတင်းဆွဲဖြုတ်ထားတာတွေ့ရတယ်။ Rape လုပ်ခံထားရတာကိုတော့ ဆေးရုံရောက်မှ ဆရာဝန်ပြောကြားချက်အရသိရတာပါ။ Rape လုပ်ခံရတာတောင်မှာ ကလေးငယ်ရဲ့နောက်ပိုင်း စအိုကိုလုပ်ခံထားရတယ်။.ကလေးက မနက် ၉နာရီလောက်ထဲက ပျောက်သွား တာ။ကျောင်းသွားဖို့ အဘွားလုပ်သူက ပြင်ဆင်ပေးနေချိန်မှာ ကလေးက ပျောက်သွားတာ ။အဲဒီမှာ မိသားစုတွေကလည်းရှာကြတယ်။ ညရောက်တော့မှ မိသားစုရယ် ၊ရပ်ကွက်ရုံးက လူငယ်တွေနဲ့ တွေ့တာပေါ့။ ရင်ဘတ်တွေ မှာ အငြိုမဲစွဲဒဏ်ရာရှိတယ်။ နားမှာ ပြတ်လုနီးပါးဒဏ်ရာရှိတယ်။ ” လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ခွန်အားသစ်လူမှုကူညီရေးပရဟိတအသင်း ရဲ့ ကိုမင်းသွေးမောင်က ပြောပါတယ်။
ကလေးငယ်ကိုတော့ ညကတည်းက လှိူင်သာယာ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း ၊ ကနဦးသိရှိရတဲ့ အချက်အလက်တွေအရ ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားတဲ့ တရားခံဟာ လှိုင်သာယာမြို့နယ်က မဟုတ်ဘူးလို့ သိရပါတယ်။
” ကလေးမိသားစုတွေက ဆင်းဆင်းရဲရဲမဟုတ်ဘူး ။ ငွေကြေး အသင့်တင့်ရှိကြပါတယ်။ ကလေးက ဘယ်လိုပျောက်သွားလဲတော့ သေချာမသိဘူး ။ ပျောက်လို့ ဝိုင်းရှာကြတော့မှ ညကျ အလောင်းပြန်တွေ့ရတာ ။ ဒီလို လူမဆန်တဲ့ လုပ်ရပ်လုပ် သူကိုဖမ်းမိရင်လည်း သေဒဏ်သာ ချပေးပါ ။ ၅ နှစ်ဆိုတဲ့အရွယ်လေးကို မညှာမတာ လုပ်ရက်နိုင်တယ်။ ဒီလို လူယုတ်မာတွေက သေဒဏ်နဲ့ပဲ တန်တယ်။ ” လို့ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး မှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။
ဇူလိုင် ၃ရက်မနက်ကလည်း မန္တလေး ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ အကွက်(၄၀၆)ရပ်၊ ကန်တော်ကြီးတောင်ဘက်ခြမ်း၊ ရေစပ်အနားမှာ အသက် ၄၀ အရွယ်အမည်မသိ လူ(၁)ဦးရဲ့ အလောင်းကို အစိမ်းရောင်ကော်ဇောပတ်ပြီး ပီနံအိတ်အဝါထဲထည့် စွန့်ပစ်တာတွေ့လို့ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။
ဓာတ်ပုံ – မင်းသွေးမောင်
