ကျောက်မဲ တိုးဂိတ် မီးလောင်

ဩဂုတ် ၁၂၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နယ်စပ် ကုန်သွယ်ရာ လမ်းမကြီးပေါ်က ကျောက်မဲ OHC တိုးဂိတ်မှာ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက မီးလောင်တဲ့ကားကတဆင့် မီးကူးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကားက တိုးဂိတ်မရောက်ခင်ကတည်းက မီးလောင်နေတာ ကားသမားက မသိဘူး။ တိုးဂိတ်က လူတွေ အော်ပြီး ထွက်‌ပြေးမှ သိတာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တိုးဂိတ်မှာ ကား ဖြတ်သန်းခပေးဖို့ အရှိန်လျှော့ပြီး ရပ်လိုက်ချိန် မီးပိုထတောက်လာပြီး တိုးဂိတ် မီးကူးသွားတာလို့ သူက ပြောပါတယ်။ “မနေ့ ညနေ ၅ နာရီခန့် လောက်က ဖြစ်သွားတာ။ သီပေါ ဘက်ကနေ လာတဲ့ ကြက်စာတင် ကင်တာကား အပူလွန် ဝါယာရှော့…

Read More

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြလို့ ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံတွေမှာပါ လူနာများနေ

ဩဂုတ် ၁၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံတချို့မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ဆေးရုံတက်ကုသနေရသူအများအပြားရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးကုသနေရသူတွေများနေတာကြောင့် လူနာ ဧည့်သည့်လက်ခံမှု ရပ်ထားတယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ။ ဆေးရုံကြီးမှာ ဝမ်းပျက် လူနာအပြည့်ဘဲ ။ ဝန်ထမ်းတွေ အခန်းတွေရှင်းတာမနိုင်တေ့ာဘူး။ ဝမ်းပျက်ဝမ်းလျှောလူနာများလို့ လူနာ ဧည့်တွေလည်း လက်မခံဘူးသိရတယ်။” လို့ လူနာရှင်တယောက်က ပြောပါတယ်။ ဒါအပြင် ဆေးရုံကလူနာတွေကို ပြင်ပအလှူရှင်တွေက အာဟာရကျွေးမွေးလှူဒါန်းတဲ့ အစီအစဥ်ကိုလည်း လက်ရှိမှာ ဆေးရုံက ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။ “ကျွန်တော်က ၂၀ ရက်နေ့အာဟာရအလှူလုပ်ဖို့ booking လုပ်ထားတာပါ။ ရက်ချိန်းပြန်ယူရတော့မယ်ထင်တယ်။ ယာယီပိတ်ထားတယ်လို့ ဆေးရုံက ပြောပါတယ်။ ” လို့…

Read More

စပါးအဓိက စိုက်ပျိုးတဲ့ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဧက​ ​သောင်းချီရေမြုပ်

ဩဂုတ် ၁၂ – ၂၀၂၆ SN (VOM) မြန်မာနိုင်ငံအတွင်းမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု၊ မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာမှု၊ ဆည်ရေ လွှတ်ချမှု၊ တာတမံ ကျိုးပေါက်မှု၊ ရေမြောင်း ပိတ်ဆို့မှုတွေကြောင့် ရေကြီးလို့ စပါး အဓိက စိုက်ပျိုးထွက်ရှိရာ ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်း​တွေမှာ လယ်​တွေ ဧက​သောင်းချီ ​ရေနစ်ခဲ့ပါတယ်။ လက်ရှိ ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးနေတာမှာ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သာတနဲ့ ရေကြည်မြို့နယ်တွေရှိ မိုးစပါးစိုက်ဧက သောင်းနဲ့ချီ ရေနစ်မြုပ် ပျက်စီးနေတယ်လို့ သိရပါတယ်။ “ရှိသမျှ မိုးစပါးစိုက်ဧက ၅၀ လုံး ရေမြုပ်သွားပြီ။ လယ်တဧကဖြစ်ဖို့က လွယ်တာမဟုတ်ဘူးလေ။ မျိုးစပါး၊ စက်ပစ္စည်းငှားရမ်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ လူငှားခ အကုန်စိုက်ထုတ် ရင်းနှီးထားရတာ။…

Read More

မန္တလေး – မတ္တရာ မီးရထား ပြန်လည်ပြေးဆွဲမယ်

မန္တလေး၊ သြဂုတ်- ၁၂- ၂၀၂၆ SA(VOM) ပိတ်သိမ်းထားတဲ့ မန္တလေး – မတ္တရာ မီးရထားလမ်းပိုင်းကို ၂၀ ၂၆ ခုနှစ် အောက်တိုဘာလကုန်မှာ ပြန်လည်ပြေးဆွဲပေးဖို့ ပြုပြင်ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ မန္တလေး – မတ္တရာ မီးရထားလမ်းပိုင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လမှာ နောက်ဆုံးပြေးဆွဲခဲ့ကာ မန္တလေး – သရဲစျေး လမ်းပိုင်းမှာ လူစီးရထားပြေးဆွဲပေးသော်လည်း ၂၀၂၂ ခုနှစ် မေ လ ကနေ ဇူလိုင်လအတွင်း ခရီးသည် စီးနင်းမှုမရှိတာကြောင့် ၈ လပိုင်း ၄ ရက်နေ့ကစပြီး အဲ့ဒီရထားခရီးစဥ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ မန္တလေး – မတ္တရာ မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲပေးဖို့ အစီအစဥ် ရှိ / မရှိ ဆိုတဲ့မေးခွန်းကို ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်…

Read More

မိုးမိတ် ညောင်နီရွာအနီး တိုက်ပွဲဖြစ်

ဩဂုတ် ၁၂၊ ၂၀၂၆ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အထက်ညောင်နီကျေးရွာအနီးမှာ ဩဂုတ် ၁၁ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီကျေးရွာတွေအနီးမှာ KIA နဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းထိန်းချုပ် ထားတာဖြစ်ပြီး အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ “လေကြောင်းကနေ တောက်လျှောက်ပစ်နေတာ တိုက်ပွဲ အတော်ပြင်းပုံ ရတယ်” လို့ မိုးမိတ်ဒေသခံ တစ်ယောက်က ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ KIA နဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေမှာ​တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။ မိုးမိတ်မြို့ကို ၁၀၂၇ တိုက်ပွဲအတွင်းမှာ TNLA က သိမ်းပိုက်ထားတာဖြစ်ပြီး…

Read More

ချမ်းအေးသာစံမြို့နယ်က ရာအိမ်မှူးတယောက်ကို စစ်မှုထမ်းပြန်လာသူက ဓားနဲ့ထိုးမှုဖြစ်

မန္တလေး၊ သြဂုတ်- ၁၂- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်မှာ သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းမှာ အကွက်မှူးတာဝန်ထမ်းဆောင်နေတဲ့သူတဦးက လ္ဘက်ရည်ဆိုင်တွင် ထိုင်နေချိန်မှာ စစ်မှုထမ်းအပတ်စဥ် ၂ ကနေ ပြန်လာသူက ဓားနဲ့ထိုးခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဥ်မှာ အကွက်မှူးတာဝန်ထမ်းဆောင်သူ ဦးနိုင်ဝင်းက လ္ဘက်ရည်ဆိုင်ထိုင်နေချိန် သြဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီ မှာ မောင်မောင်တုတ် က ဓားနဲ့ထိုးကာ ထွက်ပြေးသွားခဲ့တာကြောင့် ဦးနိုင်ဝင်း ဟာ နောက်ကျောထိုးသွင်းဒဏ် ရာ ၁ ချက်၊ ဝဲဂျိုင်းအောက်ထိုးသွင်းဒဏ် ရာ ၁ ချက်၊ ဝဲရင်ဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာရင်ဘက်ပြက်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။…

Read More

သူတို့အိမ် အခန်း (၁၉၂)

  ဆူးငှက်   ဇာတ်ပွဲ၊ ဇာတ်ဟန်၊ ဇာတ်သံ —————————— ၁၉၉၈ ဝန်းကျင် ကာလ..။ နတ်တော်လ၏ ရက်တစ်ရက်မှာ အခါတိုင်းလိုပဲ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်အပြီး ရေမိုးချိုးနံ့သာဖြူ ကရမက်တွေ လိမ်းပြီးသည်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ ကျွန်တော်တို့ အလုပ်စားပွဲဆီ ဆင်းလာပါသည်။ ထိုနေ့က အရှေ့ယပ်ဝင်းဓမ္မာရုံဘုရားပွဲမို့၊ လူထုတိုက်ခေါင်းရင်း ၃၃လမ်းပေါ်မှာ ဇာတ်တစ်ဖွဲ့က စင်တွေထိုးပြီး ပွဲဦးညအဖြစ်လည်း ကပြခဲ့ပြီးပါပြီ။ သည်နေ့တစ်ညကပြဦးမှာပေါ့။ ဒေါ်ဒေါ်လည်း ဆင်းလာရော ကျွန်တော်က ”ဒေါ်ဒေါ်မနေ့ညက အိပ်လို့ရမှာမဟုတ် ဘူးနော်။ဇာတ်သံတွေကိုတစ်ညလုံးဆူနေ မှာပေါ့”ဟု ကျွန်တော်က ပြောသည်။     ဒေါ်ဒေါ်က သတင်းစာလေးကိုင်ရင်း”ဇာတ်သံ မကြားရပါဘူးကွယ်”တဲ့။ ကျွန်တော်က ”ဒေါ်ဒေါ်ကလည်း ဒေါ်ဒေါ်အိပ်ခန်းနဲ့ ကပ်ပြီး ဇာတ်စင်ထိုးထားတော့ ဇာတ်သံ တွေနဲ့ ဘယ့်နှယ့်လုပ်ပြီး ဒေါ်ဒေါ်အိပ်လို့ရမှာလဲ”ဟု ထပ်ပြီးအတွန့်တက်မိသည်။ ဒေါ်ဒေါ်က အေးအေးဆေးဆေးပါပဲ။ ”ဇာတ်သံ ဖြင့်မကြားမိပေါင်ကွယ်”တဲ့။…

Read More

ရေကြီးတာ ခုတုံးလုပ် ပြည်တွင်းဆန်စျေးကွက်စျေးတက်

ဩဂုတ် ၁၁ ၊ ၂၀၂၆ GG (VOM ) မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုဂယက်ကြောင့်ဆိုပြီး ပြည်တွင်းဆန်စျေးကွက်ထဲမှာ ဆန်အမျိုးအစားအားလုံး စျေးနူန်းဆက်တိုက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။ လက်ရှိဩဂုတ်လမှာ ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်လောက်အထိ စျေးနူန်းမြင့်တက်လာနေပါတယ် ။ ဆန်စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ ဧရာဝတီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းတွေမှာ ရေကြီးမှုဖြစ်နေတာကြောင့် စပါးဝယ်ယူရခက်နေပြီး ဆန်အဝင်နည်းလာတဲ့အတွက် ဆန်စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ရန်ကုန် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်က ” အဓိကတော့ စပါးခင်းတွေရေနစ်နေတာ နဲ့ စပါးရှားလာတာကြောင့်ပါ ။ ရန်ကုန်ကို ဆန်အဝင်လည်းနည်းလာပြီ။ အခုကိုယ်က ပြန်ဝယ်ရရင် ဆန်က တက်စျေးဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော်ပြောတာ ခုချိန် လက်ထဲရှိတဲ့ဆန်မရောင်းရင် မရှုံးဘူး ။ ရောင်းလိုက်ရင် ရှုံးပြီ။ ဘာလို့ဆို ခုဖြစ်နေတဲ့စျေးတွေ ကိုယ်ရောင်းတဲ့စျေးထက်ပိုနေတာလေ။…

Read More

စဥ့်ကိုင်မှာ ရေဘေးရှောင်လာတဲ့ စက်လှေတိမ်းမှောက်လို့ တယောက်သေ ၊တယောက်စိုးရိမ်ရ

ဩဂုတ် ၁၁ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်ထဲက ရေကြီးနစ်မြုပ်နေတဲ့ကျေးရွာဘက်မှာ ရွာသားတွေမောင်းလာတဲ့ စက်လှေတိမ်းမှောက်ပြီး တယောက်သေဆုံးက တယောက်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ် ။ ရေနစ်မြုပ်နေတဲ့ မြောက်ကိုင်းကျေးရွာက ရွာသား ခြောက်ယောက်ဟာ ရေဘေးရှောင်ဖို့အတွက် စက်လှေမောင်းလာစဥ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ” ရွာဘက်ကနေ သံလမ်းဘက်ကို ကူးလာတဲ့ စက်လှေပါ ။သေဆုံးတဲ့တယောက်က လှေပေါ်ပါလာကတည်းက အသက်မရှိတော့တာ ။ ရေရစ်တဲ့သူတွေက လှေမှာဖက်တွယ်နေတာ ။ကျွန်တော်တို့ရောက်မှ ကယ်ဆယ်ရေးလုပ်ရတာ ။ စိုးရိမ်ရတဲ့ တယောက်က ရေမွန်းတဲ့လက္ခဏာပဲတွေ့ရတယ်။ အခုက ဒီဘက်မှာဆေးပေးခန်းတောင်ရေမြုပ်သွားပြီ။ခု ကျွန်တော်တို့က မြောက်ပိုင်းရွာဘက်ရောက်နေတယ်။ မြောက်ကိုင်းနဲ့ စိတ္တရ ရွာဘက်တွေကတော့ အိမ်တွေ မြုပ်ကုန်ပြီ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူကပြောပါတယ်။ စက်လှေတိမ်းမှောက်မှုမှာ အမျိုးသား သုံးယောက် ၊…

Read More

စစ်ပွဲရပ်ပြီး ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA ထွက်ပေးဖို့ ရှမ်းနီပါတီ တောင်းဆို

ဩဂုတ် ၁၁ – ၂၀၂၆ SN (VOM) ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝ ရပ်တန့်ပေးဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA တို့ ခြွင်းချက်မရှိ ထွက်ပေးဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ‌မနေ့ ဩဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာတွေ ပို့မရအောင် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့၊ မည်သည့် အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်း မပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုကာ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ KIO/KIA ကို တောင်းဆိုထားတဲ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့…

Read More
VOM News

FREE
VIEW