ဆူးငှက် ငွေငန်းက အစ်ကိုကြီး ————————— မုံရွာက ကျွန်တော်တို့ ဆွေမျိုးဖြစ်သည့် ဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းတို့အကြောင်း အရင်က ကျွန်တော် ရေးဖူးခဲ့ ပါသည်။ သူတို့က ငွေငန်းဆေးဆိုးပန်းရိုက်နှင့် ယက်ကန်းရုံပိုင်ရှင် ဖြစ်သည်။ သားသမီး ၇ဦးရှိရာ အကြီးဆုံးကိုမြင့်ဆွေက ကျွန်တော်တို့ ဆွေမျိုးများထဲတွင် ကနဦးဆုံး တက္ကသိုလ်ဘွဲ့ဖြစ်သည်။ သူ တက္ကသိုလ်ကျောင်းသား ဖြစ်မှ ကျွန်တော်က မြင်ဖူးသည်။ သူက မန္တလေးတက္ကသိုလ်တွင် ၁၉၆၃ခုနှစ်မှ ၁၉၆၇ခုနှစ် အောက်တိုဘာအထိ အောင်မင်္ဂလာဆောင် အခန်း ၁၁၁ တွင် အဆောင်နေ ရူပဗေဒ ကျောင်းသား။ ကျွန်တော်က ဒက္ခိဏဝံ ဦးပဏ္ဏဝံကျောင်းက မူလတန်းကျောင်းသား မျှသာ။ စနေတနင်္ဂနွေနေ့လိုမျိုး ကျောင်းပိတ်ရက်တွင် ကိုမြင့်ဆွေက စိုင်ပြွန်ဝင်းထဲရှိ အဒေါ်ဖြစ်သူ ဒေါ်ဒေါ်အုန်းရင်နှင့် ဦးကြီးချိုတို့ထံ လာလည်သည်။ ဝင်းထဲမှာလည်း…
Read MoreMonth: August 2026
မြဝတီမြို့မှာ ရေအတက်မြန်ပြီး အိမ် တထောင် လောက်ရေနစ်လို့ ညတွင်းချင်းရွှေ့ပြောင်းခဲ့ရ
ဩဂုတ် ၂၁ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေအတက်မြန်ပြီး စိုးရိမ်ရေမှတ်ထက် ၅ ပေကျော် ကျော်လွန်နေတာကြောင့် ရေဘေးသင့်သူတွေကို ညတွင်းချင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး နေအိမ် တထောင် နီးပါး ရေနစ်နေတယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ၊အမှတ် ၂ ရပ်ကွက် ၊ အမှတ် ၅ ရပ်ကွက်တွေ နဲ့ သောင်ရင်းမြစ်ကမ်းဘေး အနိမ့်ပိုင်းနေရာတွေအားလုံးရေကြီးနေပြီး လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းသုံးခုမှာ ရေဘေးသင့်သူ ၅၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ် ။ ” ရေက မနေ့က သိပ်မရှိဘူး ။ ညပိုင်းရောက်မှ သိသိသာသာတိုးလို့ ညတွင်းချင်းပြောင်းရွှေ့ပေးရတယ်။ အနိမ့်ပိုင်းတွေ အကုန်ရေဝင်နေပြီ။ ပစ္စည်းကြီးကြီးမားတွေတော့ မရွှေ့နိုင်ဘူးပေါ့။ရေက ရပ်ကွက် ၃ ဘက်လည်း စဝင်နေပြီ။…
Read Moreမြောင်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရများပြား
ဩဂုတ် ၂၁ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ဆွဲလဲအိုရွာမှာ ဒီကနေ့ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေအပြင် ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြားရှိတာကြောင့် လက်ရှိမှာ ကယ်ဆယ်ရေးနဲ့ ကုသရေး လုပ်နေတယ်လို့ သိရပါတယ်။ ” အခုကယ်ဆယ်ရေးလုပ်နေကြတယ်။ ပိတဲ့သူတွေရှိတယ်သိရတယ်။ လောလောဆယ်သိရတာ သေဆုံး ၁၂ ယောက်ရှိတယ်။ ဒဏ်ရာရသူများတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုက ဆွဲလဲကျေးရွာ ဘုန်းကြီးကျောင်းပေါ် နဲ့ နေအိမ်ပေါ်ကို ကျရောက်ခဲ့ပြီး သေဆုံး နဲ့ ဒဏ်ရာရသူရှိခဲ့တာ ဖြစ််တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဒီနေ့…
Read MoreSocial Media ကို ပညာရေးတွင် အသုံးချရေး
မန္တလာ ဆရာမျိုး ယနေ့ခေတ်သည် Digital Age (ဒစ်ဂျစ်တယ်ခေတ်) ဖြစ်သည်။ လူတို့၏ ဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေးတို့တွင် နည်းပညာ၏အခန်းကဏ္ဍ ကြီးမားလာသကဲ့သို့ ပညာရေးနယ်ပယ်တွင်လည်း သိသာထင်ရှားစွာ ပြောင်းလဲလာသည်။ အထူးသဖြင့် Social Media (လူမှုကွန်ရက်မီဒီယာ) သည် လူငယ်များ၏ နေ့စဉ်ဘဝနှင့် ခွဲခြားမရလောက်အောင် နီးကပ်လာပြီဖြစ်သည်။ Facebook, YouTube, TikTok, Telegram နှင့် အခြားလူမှုကွန်ရက်များကို လူငယ်အများစု နေ့စဉ်အသုံးပြုနေကြသည်။ ထို့ကြောင့် Social Media ကို ပညာရေး၏ရန်သူတစ်ခုအဖြစ်သာ မြင်နေမည့်အစား လူငယ်များ ရှိနေပြီးသားနေရာသို့ ပညာရေးကို ယူဆောင်သွားနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသင့်လာပြီဖြစ်သည်။ ယခင်က ပညာသင်ယူခြင်းဆိုသည်မှာ ကျောင်း၊ စာသင်ခန်း၊ ဆရာနှင့် စာအုပ်တို့ကို အဓိကအခြေခံခဲ့ရသည်။ သိလိုသည့်အကြောင်းအရာတစ်ခုရှိလျှင် စာကြည့်တိုက်တွင် စာအုပ်ရှာဖတ်ရသည်။ ဆရာထံ မေးမြန်းရသည်။ သင်တန်းတက်ရသည်။ ယနေ့တွင်တော့…
Read Moreမိုးနှောင်းကာလအတွင်း စစ်တောင်း၊ ရွှေကျင်၊ ပဲခူးမြစ်ရေတွေ မြင့်တက်နိုင်မှု သတိပြုဖို့လို
ဩဂုတ် ၂၁ – ၂၀၂၆ SN (VOM) မိုးနှောင်းရာသီ ရောက်ရှိတော့မှာဖြစ်လို့ မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး စစ်တောင်း၊ ရွှေကျင်၊ ပဲခူးမြစ်ရေတွေ ဆက်လက် မြင့်တက်နိုင်တာကြောင့် ရေကြီးရေလျှံမှု သတိပြုဖို့လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုးနှောင်းရာသီအတွင်း လာမယ့် စက်တင်ဘာလလောက်မှာ အရှေ့ဘက်ကလာတဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံကို ဖြတ်နိုင်ခြေရှိတာကြောင့် မိုးရွာသွန်းမှု ဆက်ကောင်းနေနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မိုးများလာပြီဆိုတာနဲ့ ချက်ချင်း ရေတက်နိုင်တယ်။ မြစ်တွေ၊ ချောင်းတွေဘေးမှာ နေတဲ့သူတွေအနေနဲ့ ရေကြီးမှု သတိပြုရမှာဖြစ်သလို တောင်ကုန်းတောင်တန်း ဒေသတွေမှာလည်း လျှပ်တပြက် ရေကြီးမှုကို သတိပြုရမယ်။ လက်ရှိ မြင့်တက်နေတဲ့ ရွှေကျင်မြစ်ရေကလည်း စစ်တောင်းမြစ်ထဲကို ဝင်မယ်။ စစ်တောင်းမြစ်မှာလည်း မဒေါက်က စိုးရိမ်ရေမှတ်ကိုကျော်နေတာ တော်တော်ကြာနေပြီ။ ဒါကြောင့် မိုးနှောင်းကာလမှာ…
Read Moreကုလသမဂ္ဂ သံတမန်စစ်မြေပြင်
MT(VOM) ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီဟာ နိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ အဆိုပြုချက်အရ မဲခွဲရွေးချယ်ကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေဟာ ဒီကော်မတီထဲမှာ အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။သူတို့ရဲ့…
Read Moreတနှစ် တကြိမ်ပဲ ဆုံတွေ့ခွင့်ရတဲ့ အိုးပုတ်ပွဲတော်
မန္တလေး -သြဂုတ် ၂၁-၂၀၂၆ KKA (VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ တနှစ်မှာ တကြိမ်ပဲ ကျင်းပလေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ဒီနေ့ ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်နေပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တယ်ဆိုပေမယ့် ပွဲတော်မစခင် ၁၉ ရက်နေ့ကတည်းက လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ ဒီအိုးပုတ်ပွဲတော်ကို မြန်မာရက်နဲ့ သတ်မှတ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အရင်က ပွဲတော်ဟာ ညနေပိုင်းမှာပဲ စည်ကားခဲ့ပြီး အခုအခါမှာတော့ မနက်ပိုင်းကတည်းက စည်ကားနေတာပဲ ဖြစ်ပါတယ်။ ”အိုးပုတ်တွေက လှတယ်။ တစုတစည်း တွေ့ရတော့ ပျော်ပါတယ်။ ကျင်းပတဲ့ နှစ်တိုင်း လာဖြစ်ပါတယ်။ အရင်နှစ်တွေထက် ပိုစည်တယ်လို့ ခံစားရတယ်” လို့ လာရောက်လည်ပတ်နေတဲ့ မန္တလေးမြို့ခံ ကိုညီညီလွင်က VOM ကို ပြောပါတယ်။…
Read Moreမောင်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေး ၁၀ ယောက် ဒဏ်ရာရ
သြဂုတ် ၂၁ ၊၂၀၂၆ GG (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် ကလေးငယ် ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ သြဂုတ် ၂၀ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီကျော်လောက်လောက်မှာ ကလေးငယ် ၁၀ ယောက်ဟာ စစ်ကျန်ဗုံးသီးကို ထုရိုက်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း အဲဒီထဲမှာ ခြောက်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့သိရ ပါတယ်။ ” ကလေးတွေက သူတို့ကစားနေကျ ခြံလွတ်ထဲမှာ သွားပြီး ကစားကြတာ ။ အဲဒီမှာ ဗုံးသီးကို ဘယ်ကဘယ်လိုရတယ်မသိဘူး ။ထုကြရိုက်ပြီး ဆော့ ကြတော့ ဗုံးကပေါက်ကွဲမှုဖြစ်တာ။ ခုထိအကုန်လုံး ဆေးကုသမှုခံယူနေရပါတယ်။ဖြစ်တဲ့ကလေးတွေက အင်ဒင်းရွာက ငါးယောက် ၊ ပဲရုံရွာက ငါးယောက်ပါတယ် ။ ” လို့ စစ်ရှောင်…
Read Moreစဥ့်ကူးမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ပစ်လို့ ငါးယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ
ဩဂုတ် ၂၁ ၊ ၂၀၂၆ CC (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင်သုံးယောက်အပါအဝင် ငါးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ဦးထွန်းထွန်းဝင်း နေအိမ်ကို ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ ” အသတ်ခံရတဲ့အထဲမှာ မိသားစုဝင်သုံးယောက်က လင်မယားနှစ်ယောက်နဲ့ သူ့ယောက္ခမပါ ။ နောက်ထပ်နှစ်ယောက်ကတော့ အဲဒီရွာကပဲ ။ ဒဏ်ရာတွေက ခေါင်းနဲ့ဗိုက်မှာ အများဆုံးတွေ့ရတယ်။ စဥ့်ကူးဘက်က ခုကတည်းက လုံခြုံရေး နိုင်ထားဖို့လိုတယ်။ ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။ အသတ်ခံခဲ့ရသူတွေကတော့ ဦးထွန်းထွန်းဝင်း နဲ့ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း ၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင်…
Read Moreမသိသူထံမှ ‘Hi’ တစ်လုံး ရောက်လာသောအခါ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်ကြပြီး Viber, Messenger, Telegram စသည့် ဆက်သွယ်ရေး App များကို နေ့စဉ်အသုံးပြုနေကြသည်။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အလွန်အဆင်ပြေသကဲ့သို့ လူမသိသူမသိများနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်လာသည်။ နည်းပညာ၏ အကျိုးကျေးဇူးများ များပြားသလောက် ယင်းနည်းပညာကို အသုံးချ၍ လူများကို လိမ်လည်ငွေကြေးရယူသူများလည်း တစ်နေ့တခြား များပြားလာနေသည်။ တစ်နေ့တွင် Viber မှ မသိသောဖုန်းနံပါတ်တစ်ခုက “Hi” “မင်္ဂလာပါ” “စကားပြောလို့ရမလား” “မိတ်ဆွေဖြစ်ချင်လို့ပါ” “ဒီနံပါတ်ကို မှားပို့မိတာပါ” “မိတ်ဆွေတစ်ယောက်ရဲ့ နံပါတ်ထင်လို့ ဆက်သွယ်မိတာပါ” ဟု စာတစ်ကြောင်း ရောက်လာနိုင်သည်။ ကြည့်လိုက်လျှင် ဘာမှထူးခြားပုံမရ။ သာမန်နှုတ်ဆက်စကားလေးတစ်ခွန်းသာ ဖြစ်သည်။ မိမိကလည်း လူမှုရေးအရ “Hi” ဟု ပြန်ဖြေလိုက်မိနိုင်သည်။ သို့သော် ယနေ့ခေတ် အွန်လိုင်းလိမ်လည်မှုအချို့သည် ထိုကဲ့သို့ ဘာမျှမထူးခြားသော…
Read More