ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြည်တွင်းမှာ ဘယ်လိုကြည့်နိုင်မလဲ

ဇွန် ၁၂ ၊၂၀၂၆ GG (VOM) ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို စတင်ဖွင့်လှစ်ကျင်းပနေပြီး မြန်မာနိုင်ငံကနေ ကြည့်မယ်ဆိုရင် CANAL + နဲ့ TV360 Application ကနေ ကြည့်ရှူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို CANAL + ကနေဆိုရင် CANAL+ DTT/ DTH စက်ကနေ ချန်နယ်အသစ်အဖြစ်ထည့်သွင်းထားတဲ့ “သုခုမ ကမ္ဘာ့ဖလား ” ချန်နယ်လ်ကနေ ကြည့်ရှုရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ကမ္ဘာ့ဖလားပွဲကို CANAL+ DTT/DTH စက်နဲ့သာ TV မှာ ကြည့်ရှုခွင့်ရရှိမှာဖြစ်ပြီး ဖုန်းတွေထဲကနေ CANAL+ App မှာတော့ ကြည့်ရှုနိုင်မှာ မဟုတ်ဘူးကြောင်း ၊ စက်နဲ့ကြည့်ရှုမယ့်သူတွေကတော့ ပက်ကေ့ချ်ကို သက်တမ်းတိုးပြီး ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့…

Read More

မြန်မာပြည်ဖွား ဂျော့ရှုဝါဗန်က ဂျပန်ဖိုက်တာကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့

မေ ၁၀ ၊ ၂၀၂၆ GG (VOM) ဒီကနေ့ မေ ၁၀ ရက် ၊ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဖလိုင်းဝိတ်လက်ရှိချန်ပီယံ ဂျော့ရှူဝါဗန်က ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အလဲထိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲစဥ်ရဲ့ နောက်က်ဆုံးအချီဖြစ်တဲ့ ငါးချီမြောက်မှာ ဂျပန်ဖိုက်တာကို လက်သီးထိုးချက်အားကောင်းကောင်း နဲ့ အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ဝှေ့ပွဲစဥ်တလျှောက်လုံးမှာ ဂျပန်ဖိုက်တာက ဗန်ကို ချုပ်ကွက် အဓိကသုံးပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ဂျော့ရှုဝါဗန်ကတော့ ချုပ်ကွက်တိုင်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးတွဲလုံးထိုးချက်များများနဲ့ တန်ပြန်ခုခံ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ” ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာ ။အမှန်ဆို သုံးချီမြောက်ကတည်းက ပွဲပြီးရမှာ ။ အခုငါးချီမြောက်မှ နိုင်တယ်ဆိုပေမယ့်လည်း ဗန်က တော်တော်လေးကိုတော်တယ်။…

Read More
VOM News

FREE
VIEW