မီးပြတ်ချိန်များလို့ ပိုပြီး အခက်ကြုံနေရတဲ့ ပြည်သူတွေ

SN (VOM) ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီကာလအတွင်းမှာ လျှပ်စစ်မီးဟာလည်း တနေ့ထက်တနေ့ ဆိုးရွားစွာပြတ်တောက်လာတာကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေဟာ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဒီရက်ပိုင်းအတွင်း မီးပြတ်တောက်မှု အခြေအနေ အလွန်ဆိုးရွားလာနေပြီး သက်ဆိုင်ရာကတော့ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောပေမယ့် လျှပ်စစ်မီးမလာတာက ပိုများနေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။ လျှပ်စစ်မီးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ၂၄ နာရီ အချိန်ပြည့်မရရှိတော့ဘဲ အချိန်ပိုင်းနဲ့ အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့အထိ သတ်မှတ်အချိန်ဇယားအတိုင်း အတိအကျ ပေးနိုင်ခြင်းမရှိလို့ လူထုကြား အငြင်းပွားပြောဆို ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အရင်ကထက်ပိုပြီး မီးပျက်ချိန်များလာတာကြောင့် ပြည်သူတွေဟာ ချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးနဲ့ ဂက်စ်တွေအပြင်…

Read More

မြင့်တက်နေတဲ့ အပူချိန်နဲ့ သတိထားရမယ့် Heat Stroke အန္တရာယ်

SN (VOM) လက်ရှိ မြန်မာနိုင်ငံအတွင်း အထက်အညာဒေသနဲ့ နေရာဒေသတိုင်းလိုလိုမှာ အပူချိန်တွေ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ မတ်လ ဒုတိယပတ်လောက်ကတည်းက ပူပြင်းတဲ့ ရာသီဥတုရဲ့ဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့အတော်များများမှာ သိသိသာသာခံစားလာရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဒုတိယပတ်ကစပြီး မြန်မာနိုင်ငံ အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သလို မြန်မာအရှေ့တောင်ပိုင်းနဲ့ ကျန်ဒေသအများစုမှာလည်း နေ့အပူချိန်ဟာ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ မြင့်တက်လာခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အပူချိန်တွေ သိသိသာသာ မြင့်တက်နေတဲ့အတွက် အထူးသဖြင့် သက်ကြီးဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူတွေ၊ အရက်စွဲတဲ့သူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေအနေနဲ့ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမှာဖြစ်ပြီး Heat Stroke (အပူလျှပ်ခြင်း) အဖြစ်များနိုင်တာကြောင့်…

Read More

မြန်မာအိမ်ထောင်စုတွေ ရင်ဆိုင်နေရတဲ့ ဝင်ငွေကျဆင်းခြင်း ဒုက္ခ

SN (VOM) လက်ရှိ မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းလာမှုနဲ့အတူ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တွေ့ကြုံခံစားနေကြရတာ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ စက်ရုံတွေ ပိတ်သိမ်းသွားခြင်းနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာခဲ့ပါတယ်။ ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုကလည်း အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ နိုင်‌ငံရေး အပြောင်းအလဲနဲ့ ဒေသအသီးသီး မတည်ငြိမ်မှုဖြစ်စဉ်တွေရဲ့ ရလဒ်ကတော့ အလုပ်တွေရပ်သွားတယ်၊ ဝင်ငွေနဲ့ လစာတွေဆုံးရှုံးသွားတယ်။ အဲ့ဒီနောက်ပိုင်း သုံးစွဲမှုနှုန်းတွေကျလာတယ်။ တချို့ ဝင်ငွေနည်း အိမ်ထောင်စုတွေ အစာရေစာ မလုံလောက်တော့သလို အခြေခံပြည်သူ့ရေးရာစောင့်ရှောက်မှုတွေနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေလည်း ဆုံးရှုံးလိုက်ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme, UNDP) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…

Read More

တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်လို့ တောင်သူတွေသတိထားဖို့လိုအပ်

ဧပြီ ၁၉-၂၀၂၃ MM[VOM] လေပွေလှိုင်းအရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ လာမယ့် ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေနဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းမှာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန် ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ…

Read More

ပြေးစရာမြေ ရှားပါးလာတဲ့ စစ်ဘေးရှောင်တွေ

ဧပြီ ၁၀ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ ပြည်တွင်းက နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်ဟာ တစထက်တစ တိုးပွားလို့လာနေပါတယ်။ လက်ရှိမှာ အရှိန်အဟုန်နဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေက နယ်မြေချဲ့ထွင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရှောင်တိမ်းဖို့နေရာတွေ ကျုံ့လာလေလေ ဖြစ်နေတာပါ။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခိုလှုံရေးနဲ့ ဘ၀ရှင်သန် ရပ်တည်ရေးတွေဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ကရင်ပြည်နယ်တို့မှာ ရွှေ့ပြောင်းနေထိုင်စရာ၊ စားနပ်ရိက္ခာနဲ့ ရောဂါဘယ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်းကူညီစောင့်ရှောက်သူတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုဟာ နေ့စဥ် မီးရှို့ခံနေရပြီး အထူးသဖြင့် ရွှေဘို၊ ခင်ဦး၊…

Read More

ကြံဈေးကောင်းပေမယ့် တွက်ခြေမကိုက်တဲ့ တောင်သူတွေ

ဧပြီ ၈ – ၂၀၂၃ SN (VOM) လက်ရှိ ပြည်တွင်းမှာ ကြံဈေးကောင်းနေပြီး အခု ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ပြည်တွင်းသကြားစက်တွေက ကြံတတန်ကို ကျပ် တသိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခု ဘဏ္ဍာနှစ်အတွင်း ကြံဈေး ပိုမိုမြင့်တက်နိုင်ပြီး ပြည်တွင်းသကြားစက်တွေဖြစ်တဲ့ ငွေရည်ပုလဲသကြားစက်၊ မိုင်းရယ်သကြားစက်တို့က ကြံတတန်ကို ကျပ် ၉၅၀၀၀၊ ဝေမာသကြားစက်က ကျပ် ၉၄၀၀၀၊ မြဘုရင်သကြားစက်က ကျပ် တသိန်းအထိ ဈေးပေးဝယ်ယူမှာဖြစ်ကာ အခြား သကြားစက်တွေကလည်း ဈေးတိုးမြှင့် ဝယ်ယူမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စတဲ့ သွင်းအားစုစရိတ် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခုရရှိတဲ့ ကြံတတန်ဈေးနှုန်းဟာ တောင်သူတွေအတွက် အဆင်ပြေ တွက်ခြေကိုက်နိုင်ဖို့ အလှမ်းဝေးနေသေးတဲ့ အနေအထားတခုဖြစ်တယ်လို့ သိရပါတယ်။ ကြံစိုက်ခင်းတွေမှာ…

Read More

လက်ရှိကာလနဲ့ မြန်မာ့ခရီးသွားကဏ္ဍ

မတ် ၃၁ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ မြန်မာနိုင်ငံရဲ့အခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား အရေအတွက် သိသိသာသာလျော့နည်းလာနေတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာတော့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ ဝင်ရောက်နေတဲ့ ကျိုက်ထီးရိုးစေတီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ အခုနှစ်၊ ဇန်နဝါရီလကုန်အထိ ခရီးသွားရောက်မှု ၆၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်းက နေရာအနှံအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အထူးသဖြင့် ထိုင်းလူမျိုးတွေ လာရောက်မှု အများဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးနဲ့ အင်းလေးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အလာများကြတဲ့…

Read More

စိန်ခေါ်မှုတွေကြားက မြန်မာ့ပြောင်းဈေးကွက်

မတ် ၂၇ – ၂၀၂၃ SN (VOM) လက်ရှိ မြန်မာ့ပြောင်းစျေးကွက်ဟာ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ဝယ်လိုအားကြောင့် ရောင်းချရမှု နယ်ပယ် ကျယ်ပျံ့လာပြီး စျေးကွက်အပေါ်မှာလည်း အလားအလာကောင်းတွေ ရှိလာမယ်လို့ မှန်းဆခဲ့ကြပါတယ်။ ဒါပေမယ့် ပြောင်းကုန်သွယ်ရေးဟာ ကိုဗစ်အပါအဝင် ဒေသတွင်း မတည်ငြိမ်မှုများစွာကြောင့် အခက်အခဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အခြားတဖက်မှာလည်း သွင်းအားစု စျေးကြီးမြင့်မှု၊ မျိုး အခက်အခဲ၊နိုင်ငံခြားငွေကြေး အပြောင်းအလဲတွေ၊ တင်ပို့မှုအခက်အခဲနဲ့ အထွက်နှုန်း ကျဆင်းမှုတွေကြောင့် တောင်သူတွေအတွက် ထင်သလောက် အကျိုးအမြတ် မရရှိခဲ့ပါဘူး။ “အခက်အခဲတွေကတော့ အများကြီးပေါ့။ ဓာတ်မြေဩဇာ၊ သွင်းအားစု ပြဿနာတွေလည်းရှိတယ်။ သယ်ယူစရိတ်တွေလည်းကြီးတာပဲ။ သွင်းအားစုဈေးကြီးလို့ စိုက်ပျိုးတဲ့နေရာမှာ သွင်းအားစုတွေ ထင်သလောက် မသုံးနိုင်ဘူး။ နယ်မြေမငြိမ်းချမ်းတာကြောင့်လည်း စိုက်ပျိုးဖို့က အခက်အခဲဖြစ်တယ်။ ပြန်ရောင်းတော့လည်း တိုက်ပွဲတွေကြောင့် လက်ထဲ ကုန်တွေ ကြာကြာမထားနိုင်တာနဲ့ ရတဲ့ဈေးနဲ့ပြန်ရောင်းကြရတယ်”လို့ ရှမ်းပြည်နယ်…

Read More

အမေရိကန်က ဘဏ်နှစ်ခုပြိုလဲအပြီး မြန်မာ့ရွှေဈေးကွက်

မတ် ၂၅ – ၂၀၂၃ SN (VOM) အမေရိကန်ရှိ Silicon Valley နဲ့ Signature ဘဏ်ကြီးနှစ်ခု ပြိုလဲချိန်ကစတင်လို့ ကမ္ဘာ့ရွှေဈေး တဟုန်ထိုးမြင့်တက်မှုနဲ့အတူ မြန်မာပြည်တွင်းက ရွှေဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လျက် ရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တအောင်စကို ၁,၈၀၀ ဒေါ်လာအောက်အထိ ကျဆင်းမှုရှိခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်း အရောက်မှာတော့ အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပြီး မတ်လ လဆန်းပိုင်းကစတင်လို့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ အမြင့်ပိုင်းကို ပိုမိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို မတ်လဆန်းပိုင်းကစလို့ မြင့်တက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ရက်ပေါင်း ၂၀ အတွင်း တအောင်စ ဒေါ်လာ ၁၆၀ ခန့်အထိ မြင့်တက်လာခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့က တအောင်စ ၁၈၆၇ ဒေါ်လာပေါက်ဈေးရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ်လ ၂၀ ရက်မှာ ၁၉၇၅…

Read More

တရုတ်နဲ့ပေါင်းလုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း ရခိုင်လူထုအတွက် အမှန်တကယ်အကျိုးရှိနိုင်သလား

မတ် ၁၇- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း တရုတ်နဲ့ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံပူးပေါင်းပြီး လေအားလျှပ်စစ်စီမံကိန်းတခု အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ မတ်လ ပထမပတ်ကနေ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လုပ်ငန်းမှာပါဝင်မယ့် မြန်မာပြည်တွင်း ကုမ္ပဏီ၊ ဟောင်ကောင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ကြား လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ လေအားလျှပ်စစ်စီမံကိန်းဟာ ပြည်သူကို မဏ္ဍိုင်ပြုမှုအားနည်းတဲ့ အခြေအနေမှာ စီမံကိန်းအောင်မြင်နိုင်ခြေမရှိကြောင်းနဲ့ တကယ်လို့ အောင်မြင်မယ်ဆိုရင်လည်း ရခိုင်ပြည်သူတွေအတွက် အကျိုးကျေးဇူးရှိမှာမဟုတ်လို့ ထင်မြင်မိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ အမ်းမြို့နယ်က ကိုမျိုးလွင်က ပြောပါတယ်။ “ရခိုင်မှာက သဘာဝအရင်းအမြစ်ကို မှီခိုပြီးတော့ လျှပ်စစ်နဲ့ပတ်သက်ပြီး တည်ဆောက်ခဲ့ကြတာပေါ့။ သဘာဝအရင်းအမြစ်ကိုသုံးပြီး ဒေသခံတွေအတွက် အောင်မြင်တယ်လို့ ပြလောက်တဲ့ အထောက်အထားမရှိခဲ့ဘူး။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းကလည်း တရုတ်ကုမ္ပဏီတွေက လုပ်မယ်လို့ ကြေညာထားတော့ အရင်က တရုတ်ကုမ္ပဏီတွေလုပ်ခဲ့တဲ့ စီမံကိန်းတွေကိုကြည့်မယ်ဆိုရင် ရခိုင်ဒေသခံတွေအကျိုးအမြတ် ပြောပလောက်အောင်မရှိခဲ့ဘူး။…

Read More
VOM News

FREE
VIEW