မတ် ၁၆ – ၂၀၂၃ SN (VOM) လက်ရှိမှာ စားသောက်ကုန်တွေအတွင်းကို မူးယစ်ဆေးတွေထည့်သွင်းပြုလုပ်ပြီး အွန်လိုင်းကတဆင့် ရောင်းချလာကြပါတယ်။ ရန်ကုန်မြို့က နေရာတချို့မှာ ကွတ်ကီးနဲ့ ချော့ကလက်တွေထဲ ဆေးခြောက်အမှုန့်နဲ့ အဆီတွေ ထည့်သွင်းပြုလုပ် ရောင်းချနေသူတွေကို ဖမ်းဆီး အရေးယူထားတယ်လို့ သက်ဆိုင်ရာက ကြေညာထားတာလည်း ရှိပါတယ်။ အဲ့ဒီလို စားသောက်ကုန်တွေထဲ မူးယစ်ဆေးတွေ ထည့်သွင်းပြုလုပ် ရောင်းချလာတဲ့အပေါ် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး ဒီလို မုန့်ပဲသရေစာတွေကတဆင့် မူးယစ်ဆေးဝါးကို ကလေးတွေ ထိတွေ့ ယဉ်ပါးလာမှာကို မလိုလားဘူးလို့ ပြောလာပါတယ်။ “ကွတ်ကီးထဲမှာ ထည့်တယ်ဆိုတာ လူမဆန်တာ၊ ဦးနှောက်မရှိတာ။ သားသမီးချင်း ကိုယ်ချင်းမစာကြတာ။ အိမ်က ကလေးတွေက ကွတ်ကီး၊ ချော့ကလက် အရမ်းကြိုက်။ အခု ဒါတွေထဲမှာပါလာပြီဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ချော့ကလက်က ခဏထားဦး။ ဒီ ကွတ်ကီးမုန့်ဆိုတာက ကလေးသေးသေးလေးကအစ စားကြတာဆိုတော့…
Read MoreCategory: သုံးသပ်ချက်
ရခိုင်မှာ ကြုံနေရတဲ့ သဘာဝဘေးဆိုး(သို့) မီးဘေး
မတ် ၁၂- ၂၀၂၃ SW(VOM) “ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ၊ မညာတာ ဘယ်သူ့မှ မထောက်တာ သူခိုး၊ဓားပြထက် ဆိုးတဲ့ရန်သူဟာ” ဆိုတဲ့ စာသားပါ မီးဘေးအန္တရာယ် အသိ၊ သတိပေးတဲ့ သီချင်းကို ရော်ရွက်ဝါတွေကြွေကျပြီး တောတောင်တွေက ခြုံနွယ်၊သစ်ပင်တွေမှာ ရွက်ဟောင်းတွေကြွေ သစ်လွင်နူးညံ့တဲ့ ရွက်နုလေးတို့ ရှင်သန်ထွက်လာတဲ့ နွေဦးရာသီရဲ့ ညမှောင်ရီပျိုးစအချိန်တွေမှာ ကြားရတဲ့အခါ မြို့ပြရဲ့ အငွေ့အသက်တွေကို သတိရမိပါတယ်။ ရခိုင်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး မီးလောင်မှုတွေတဖြည်းဖြည်း များပြားလာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်မှာ မီးလောင်မှု (၁၀) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လူ (၃) ဦး သေဆုံးထားပါတယ်။ လက်ရှိ မတ်လအထဲမှာလည်း ရခိုင်ပြည်နယ်အတွင်း မီးလောင်မှု (၆) ကြိမ်ထက်မနည်းရှိထားပြီး လူတဦးထိခိုက် ဒဏ်ရာရတာရှိသလို မီးဘေးဒုက္ခသည်တွေလည်း (၅၀) ကျော်အထိရှိလာကြောင်း မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံပြည်သူတွေရဲ့…
Read Moreရွေးကောက်ပွဲနဲ့ ရခိုင် ရှေ့ရေး
မတ် ၃- ၂၀၂၃ SW(VOM) ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ် ပါတယ်။ ယနေ့ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ရွေးကောက်ပွဲကနေ အခြေခံလာတာဖြစ်ပြီး လူထုရွေးချယ်မဲပေးမှုနဲ့ မိမိတို့အစိုးရ၊ နိုင်ငံ့အကြီးအကဲတွေကို ရွေးချယ်တင်မြောက်တဲ့အခါ တိကျထင်ရှားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံခေါင်းဆောင်၊ အုပ်ချုပ်သူ၊ သမ္မတကအစ လူထုကိုယ်စားလှယ် အလယ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဆုံး လူအများရဲ့ သဘောဆန္ဒထောက်ခံမှုနဲ့ မဲပေးရွေးချယ်ရတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ အဓိကအချက်နှစ်ခုလိုအပ်ပြီး ပထမတချက်ကတော့ ဒီမိုကရေစီနိုင်ငံသားတွေဟာ မိမိတို့ရဲ့ တာဝန်ကို ပိုမိုသိတတ်ဖို့ဖြစ်ပြီးတော့ ဒုတိယတချက်ကတော့ လူထုရဲ့ကိုယ်စားလှယ်အဖြစ် တင်မြောက်ခံရသူတွေဟာ အမြော်အမြင်ဉာဏ်ပညာရှိဖို့ လိုပါတယ်။ ရွေးကောက်ပွဲအကြောင်းကို ပြောမယ်ဆိုရင် ဒီမိုကရေစီဆိုတာကိုလည်း အနည်းငယ်ထည့်သွင်းပြောဖို့လိုပြီး အဲဒီ ဒီမိုကရေစီစနစ်ရဲ့ ရည်မှန်းချက်ဟာလည်း လွတ်လပ်တဲ့ လူမျိုးတွေဟာ အများကောင်းကျိုးအတွက် မိမိတို့ရဲ့အခွင့်အရေးကို လွတ်လပ်စွာအသုံးချနိုင်ဖို့ ဖြစ်ပြီးတော့…
Read Moreရှင်သန်ဖို့လိုနေတဲ့ ရခိုင်ပြည် ဆားလုပ်ငန်း
ဖေဖော်ဝါရီ ၂၀- ၂၀၂၃ SW(VOM) ပင်လယ်ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်ဟာ ရေသယံဇာတတွေပေါများသလို ပင်လယ်ပြင်နဲ့ ဆားငန်ရောက်တဲ့ မြစ်ချောင်းတွေကို အမှီပြုရင်း ဆားလုပ်ငန်းဟာလည်း အရေးပါလှပါတယ်။ ရှည်လျားတဲ့ ရခိုင်ကမ်းရိုးတန်းဟာ မြောက်ဘက်အဆုံး နတ်မြစ်ဝကနေ မော်တင်စွန်းထိရှိပြီး ကီလိုမီတာ (၇၄၀) ရှည်လျားတဲ့ ကမ်းရိုးတန်းဒေသဖြစ်ပြီး အဲဒီလို ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်နယ်မှာ အရင်က ဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ကြောင်း ဆားလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နေလှန်ဆားလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆားတောင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက် အဲဒီလုပ်ငန်းကို လုပ်ကိုင်လာကြသူတွေဖြစ်ပြီး နေလှန်းဆားအလုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်ကနေ ဇောက်ချလုပ်ကိုင်လာခဲ့ကြတာလို့ သိရပါတယ်။ “ကျနော်တို့ ဆားလုပ်ငန်းကို လုပ်တာက ဘိုးဘေး၊ ဘီဘင်တွေ လက်ထက်ကတည်းက လုပ်တာ။ အမေတို့ဆိုရင် ၁၉၈၅ ဝန်းကျင်လောက်က လုပ်ကြတာ။ ကျနော်တို့ကတော့ တတိယမျိုးဆက် (Third Generation)လို့ ပြောလို့ရတာပေါ့”လို့ သံတွဲမြို့နယ်မှ…
Read Moreအတက်ကြမ်းနေတဲ့ ဆန်ဈေး
ဖေဖော်ဝါရီ ၂၀ – ၂၀၂၃ SN (VOM) ပြည်တွင်းမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းတွေ ဆက်တိုက် မြင့်တက်လာတာနဲ့အပြိုင် ဆန်စျေးနှုန်းတွေကလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်အရင်က ဆန်ကြမ်းတပြည်ကို ငွေကျပ် ၇၅၀ မှ ၈၀၀ အထိနဲ့ ၂၄ ပြည် တအိတ်ကို ငွေကျပ် ၁၉၂၀၀ မှ ၂၁၆၀၀ အထိသာရှိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ဆန်ဈေးတွေ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့ရာမှာ သက်တမ်း ၂ နှစ်ကျော်ကြာရှိလာတဲ့ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာတော့ ဆန်ကြမ်းတပြည်ကို ကျပ် ၂၇၀၀ နဲ့ တအိတ်ကိုကျပ် ၆၅၅၀၀ အထိ ရှိလာတယ်လို့ သိရပါတယ်။ နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ…
Read Moreကိုရီးယားသွားဖို့ အသနားခံတောင်းဆိုနေရတဲ့ EPS လုပ်သားတွေ
ဖေဖော်ဝါရီ ၁၈ – ၂၀၂၃SN (VOM) မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာ အခုဆို အချိန် တလကျော်ကြာနေပြီး တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို ဇန်နဝါရီ ၂ ရက်မှာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြည်ပထွက် ဆေးကုမယ့်သူတွေ၊ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေနဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်မယ့်သူတွေ လက်ရှိမှာ အခက်အခဲတွေ ဖြစ်ပေါ်နေကြရတာဖြစ်ပါတယ်။ ပတ်စ်ပို့ရုံးတွေကို System update လုပ်တာကြောင့် ပိတ်တာလို့ ကြေညာထားပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ တရားဝင် ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က MoU လုပ်သားတွေအတွက် Green Channel နဲ့ သီးသန့် ပတ်စ်ပို့ ထုတ်ပေးမှုကို ဇန်နဝါရီ ၁၇ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ အခုလို ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာကြောင့် ကိုရီးယားနိုင်ငံကို…
Read Moreလျှပ်စစ်မီးပျက်လို့ အခက်တွေ့နေရဆဲ
ဖေဖော်ဝါရီ ၁၂ – ၂၀၂၃ SN (VOM) လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အခု ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းအထိ အချိန်ကြာမြှင့်စွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလို လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် လတ်တလောကာလမှာ ပြည်တွင်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ အခုလို လျှပ်စစ်မီးကို အချိန်နာရီနဲ့ အလှည့်ကျ ခွဲတမ်းစနစ်နဲ့ ရရှိနေတာဖြစ်ပေမယ့် လက်ရှိမှာ မီးလာတဲ့အချိန်ထက် ပျက်တဲ့အချိန်က ပိုများနေတာကြောင့် အခက်အခဲများစွာကို နေ့၊ည များစွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ “မီးက နာရီနဲ့ အလှည့်ကျ ဆိုပေမယ့် လာရမယ့်အချိန်မှာ အတိအကျ လာပေးတာမဟုတ်ဘူး။ မီးလာရမယ့်အချိန်မှာလည်း ပျက်တာပဲ။ ပျက်ရမယ့်အချိန်မှာလည်း ပျက်တာပဲ။ ရေကလည်းမလာ၊ မီးကလည်း…
Read Moreပြည်ပထွက်ဖို့ အခက်ကြုံနေတဲ့ မြန်မာလူငယ်တွေ
ဖေဖော်ဝါရီ ၄ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ်ကာလအလွန် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီမှာ အလုပ် လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာလူငယ်တွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား၊ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေ၊ UAE ဒူဘိုင်းစတဲ့ အာရပ်စော်ဘွားနိုင်ငံတွေကို ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဒုနဲ့ဒေးဆိုသလို သွားရောက်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုကာလမှာ ပြည်တွင်းမှာရှိတဲ့ ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ဆိုတာက မြန်မာလူငယ်တွေအတွက် အတော်လေးကို ခက်ခဲလာတယ်လို့ ပြောရမှာပါ။ ဒီလို ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပတ်စ်ပို့စာအုပ်လုပ်မရလို့ EPSစနစ်နဲ့ ကိုးရီးယားသွားမယ့် အလုပ်သမားတွေ အခက်တွေ့ ဒုက္ခရောက်နေကြရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကိုးရီးယား-မြန်မာ လုပ်သားခေါ်ယူမှု EPS စနစ်နဲ့ အောင်မြင်သူဦးရေဟာ…
Read Moreပဋိပက္ခကြားက မြန်မာ့စီးပွားရေး
ဖေဖော်ဝါရီ ၂ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၂ နှစ်တာ ကာလအတွင်းမှာ အခြေအနေဆိုးလာတဲ့ ပဋိပက္ခကြောင့် ထိခိုက်မှုပိုမို ဆိုးရွားလာနေခဲ့ပါတယ်။ လက်ရှိမှာ အခြေခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာနေကြပါတယ်။ “မြန်မာ့စီးပွားရေးကတော့ လက်ရှိမှာ နာလန်ထနိုင်ဖို့ အလားအလာ အများကြီးကို နည်းပါးနေသေးတဲ့ အခြေအနေပါ။ နာလန်ထဖို့ထက် ပိုပြီး ဆိုးဝါးသွားနိုင်တဲ့ အခြေအနေဆီကို ဦးတည်နေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ပြည်တွင်းက ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အတော်ကို ယိမ်းယိုင်သွားပါပြီ။ ဘဏ်လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လည်ပတ်မှု မရှိဘူး။ အဲ့ဒီတော့ ပြည်သူတွေရဲ့ယုံကြည်မှု ကျဆင်းတယ်။ အများပြည်သူ ယုံကြည်မှုမရှိရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက…
Read Moreနိုင်သူရေးတဲ့ သမိုင်းနဲ့ အနာဂါတ်ပျောက်နေတဲ့ မြန်မာပြည်
မန္တလေး၊ ဇန်နဝါရီ – ၁၁- ၂၀၂၃ (Voice Of Myanmar) လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ခေါင်းဆောင်အားကိုးတဲ့ နိုင်ငံရေးအခြေအနေဖြစ်နေဆဲပဲလား၊ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးအမျှော်အမြင် ဘယ်လောက်ရှိသလဲ၊ ဖြစ်ပေါ်နေတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ဘယ်ကို ဦးတည်နေသလဲ၊ ခေတ်အဆက်ဆက်က နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်က လက်ရှိပစ္စုပ္ပန်မှာ ဘယ်လောက်ရိုက်ခတ်ခံခဲ့ရသလဲ ဆိုတာတွေကို ပြည်သူ့ပါတီဥက္ကဌလည်းဖြစ် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းက တွေ့ဆုံဆွေးနွေးထားပါတယ်။ ပထမဆုံးအနေနဲ့ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ လက်ရှိအခြေအနေမှာ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတာကို စမေးကြည့်တော့ ဦးကိုကိုကြီးက အခုလိုဖြေကြားခဲ့ပါတယ် ……. #Voiceofmyanmar #vom #ဦးကိုကိုကြီး #ပြည်သူ့ပါတီ #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #ဦးကိုကိုကြီးအင်တာဗျူး #အင်တာဗျူး Youtube Link – https://www.youtube.com/watch?v=twUiZVP4a_8
Read More