ကသာခရိုင်အတွင်းက အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ်

မေ ၂၉ – ၂၀၂၆ SS (VOM) အခု ၂၀၂၆ – ၂၀၂၇ ခုနှစ်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်နမိတ်အစပ် ကသာခရိုင်အတွင်းရှိ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့က အခြေခံပညာ စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခြေခံပညာကျောင်းတွေကို ကသာမြို့မှာ ၈၃ ကျောင်း၊ ဗန်းမောက်မြို့မှာ ၅၈ ကျောင်း၊ ထီးချိုင့်မြို့မှ ၉ ကျောင်း၊ အင်းတော်မြို့မှာ ၅ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်း ဖွင့်လှစ်ပေးဖို့ လျာထားတယ်လို့ သိရပါတယ်။ “ကသာခရိုင်ထဲမှာက တချို့ နေရာတွေမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ရှိနေသေးတာ မှန်ပေမယ့် အစိုးရက လုံခြုံရေးပိုင်း စိတ်ချရတဲ့နေရာတွေက ကျောင်းတွေကို…

Read More

ကျောင်း​နေအရွယ် ကလေးတွေကို အစိုးရကျောင်းထားရင် အ​ရေးယူမယ်လို့ ပုလဲ ပအဖ သတိပေး

မေ ၂၉ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေကို အစိုးရကျောင်း အပါအဝင် ဘုန်းတော်ကြီးသင်ကျောင်း ၊ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းမထားဖို့နဲ့ ကျောင်းထားပါက အရေးယူသွားမယ်လို့ ပုလဲမြို့နယ် ပအဖ က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျောင်းအပ်ထားပြီး ဖြစ်တဲ့မိဘတွေ အနေနဲ့လည်း ကလေးကို ဇွန် ၃၀ ရက်နေ့နောက်ဆုံးထား ပြန်ခေါ်လာပြီး NUG ကြားကာလ ပညာရေး ကျောင်းတွေမှာ အပ်နှံရမယ်လို့ စာမှာရေးသားထားပါတယ်။ ကလေးတွေကို ကျောင်းထားတာနဲ့ပတ်သက်ပြီး ခုလို ထုတ်ပြန်သတိပေးလာတဲ့အပေါ် ပုလဲမြို့နယ်ရှိကျောင်းသားမိဘတယောက်က ” ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေတယ်ဆိုပြီး ခုလိုတဖက်သတ်ဆန်ဆန် အမိန့်တွေထုတ်နေတာ မှားနေပြီ ။NUG ကျောင်းကိုတက်စေချင်ရင် အဲဒီကျောင်းအပေါ်ပြည်သူတွေအယုံကြည်ရှိလာအောင် လုပ်ရမှာ ။ အခုက အဲဒီလိုမလုပ်ဘဲ ဟိုကျောင်းမတက်ရဘူး ဘာညာလိုက်လုပ်နေတာ ။…

Read More

ဖားကန့် – ကာမိုင်းလမ်း ပြန်ပွင့်

မေ ၂၈၊ ၂၀၂၆ Shy V (VOM) ဖားကန့် – နန့်ယား – ကားမိုင်း လမ်းပိုင်းကို ဒီနေ့ မေ ၂၇ ရက်ကစပြီး KIA တပ်မဟာ ၉ ဘက်က ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကစပြီး စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားခဲ့တာပါ။ အခုတော့ ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေ သွားလာရ အဆင်ပြေစေဖို့ ပြန်ဖွင့်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်ကတော့ “လမ်းကတော့ ဖွင့်ပေးလိုက်ပြီ။ အခုက ကလေးတွေ ကျောင်းသွားတက်ဖို့ အဓိကထားပြီး ဖွင့်ပေးတဲ့သဘောပါ။ လက်ရှိ တိုက်ပွဲ ငြိမ်နေပေမယ့် နှစ်ဖက်တပ်တွေကတော့ ရှိနေဆဲပဲ” လို့ ပြောပါတယ်။ အရင်က ဖားကန့် – ကားမိုင်း…

Read More

တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ တသိန်းနီးပါးရှိလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေ

မေ ၂၈ – ၂၀၂၆ SN (VOM) တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ဦးရေ တသိန်းနီးပါးအထိ ရှိလာပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မြိတ်ခရိုင်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေဟာ အစိုးရတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး အများဆုံးဖြစ်ပွားရာ ဒေသတွေဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ရှောင် ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေကြရသလို နေအိမ် ပျက်စီးမှုတွေလည်း အများဆုံး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူနဲ့ သရက်ချောင်း ဒေသတွေမှာလည်း တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေ တိုးပွားလာနေပြီး လူဦးရေ လေးသောင်းကျော်အထိ ရှိနေကာ ၎င်းတို့အတွက် ကူညီထောက်ပံ့မှုတွေ အလွန်လိုအပ်နေသလို ကော့သောင်းခရိုင်၊…

Read More

စစ်ရေးအခြေအနေတွေကြောင့် ပဲခူးတိုင်းအတွင်း လူဦးရေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရ

မေ ၂၈ – ၂၀၂၆ SS (VOM) ပဲခူးတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အုတ်ဖို၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ ညောင်လေးပင်နဲ့ ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အုတ်ဖိုမြို့နယ် (အနောက်ခြမ်း) မှာ မေ ၂၁ ရက်မှစတင်ကာ အစိုးရတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး ဒရုန်း တိုက်ခိုက်မှုတွေလည်း ရှိနေတာကြောင့် ကြို့ကိုးပင်၊ ကိုင်းကြီး၊ မအူတန်း အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှ ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင် တောတောင်တွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ နတ်တလင်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက အစိုးရစစ်ကြောင်းတွေ ဝင်ရောက်လာကာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး မိုးရွာသွန်းမှုတွေကြောင့်…

Read More

မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်

မေ ၂၉ – ၂၀၂၆ SN (VOM) လာမယ့် ဇွန်လ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းကို မုတ်သုံဆက်လက် ဝင်ရောက်နိုင်ခြေ ရှိနေတဲ့အတွက် မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ လာမယ့် ဇွန်လဆန်းမှာတော့ ‌မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဆက်လက် ဝင်ရောက်နိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မုတ်သုံဝင်လာပြီဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းမှာလည်း အခုထက်ပိုပြီး မိုးရွာလာမယ့် အနေအထားမျိုးတွေရှိတယ်။ အဲဒါကြောင့် မြစ်တွေ၊ ချောင်းတွေမှာ ပြီးခဲ့တဲ့ နွေရာသီကာလ ရေနည်းနေတဲ့ အနေအထားကနေ ရေပြန်လည် မြင့်တက်လာနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်…

Read More

သူတို့အိမ် အခန်း (၁၂၄)

ဆူးငှက် နတ် ပြာ တွဲ တောင် နှင့် လူ နတ် ဘီလူး ——————————————- အဘက ဗေဒင်တွေ ယတြာတွေ မယုံကြည်သော်လည်း ရိုးရာ ဓလေ့ကို လေးစားခုံမင်သည်။ ကျွန်တော်တို့အပါအဝင် မြေးတွေအထိ မွေးဖွားသည်နှင့် ဗောဓိကုန်းသို့ ကိုယ်တိုင်သွားကာ ရက်ချုပ် ဇာတာဖွဲ့သည်။ နာမည်ကိုလည်း တွက်ချက်ပြီးမှ ပေးသည်။ နောက်ပိုင်း မြေးတွေ လက်ထက်တွင် အိမ်မှာအတူနေသည့် မမခင်လှ သားသမီးတွေသာမက ဝင်းထဲက အခြားဆွေမျိုးများ၏ သားသမီးတွေ မွေးလျှင် အဘ က ဘာနေ့သားဆိုလျှင် အညွန့်က ဘာနေ့နာမ်ထည့် စသည်ဖြင့် ပြောပြပြီး ကျွန်တော်က နာမည်ရွေးရသည်။ အောင်မင်းနိုင်၊ စန္ဒာဦး၊ သက်ဇော်လင်းအောင်၊ အောင်ဇော်ထွန်း စသည်ဖြင့်ပေါ့။ ထို့ပြင် အိမ်အပြောင်းအရွှေ့နှင့် ပတ်သက်လျှင်လည်း ကျွန်တော့်ကို လအလိုက် နဂါးလှည့်များ သင်ပေးသည်။ တ တ…

Read More

KBZPay နဲ့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ

မေ ၂၈ ၊ ၂၀၂၆ GG (VOM) မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ပိုမိုအဆင်ပြေဖို့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတော်အစီအစဥ် တစ်ရပ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးနေပါတယ်။ တောင်သူတွေကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေ စတင်ထုတ်ချေးပေးနေရာ ဒီနှစ်မှာတော့ ချေးငွေကို ငွေသားချည်းသီးသန့် ထုတ်ပေးတာမျိုးမဟုတ်ဘဲ ဘဏ်စနစ်နဲ့ပါ ချိတ်ဆက်ပြီး ချေးငွေထုတ်ပေးတဲ့စနစ်ကို ပြုလုပ်လာပါတယ်။ တောင်သူတွေကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာမှာ ငွေသားတစ်ဝက် (၅၀ ရာခိုင်နှုန်း)၊ E-Money တစ်ဝက် (၅၀ ရာခိုင်နှုန်း) ထုတ်ချေးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ငွေသားနဲ့ E- Money စနစ် ပေါင်းပြီး စိုက်ပျိုးစရိတ် ထုတ်ချေးတဲ့ အစီအစဥ်ကို Pilot Project အနေနဲ့ နေပြည်တော်ရှိ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွေမှာ ဆောင်ရွက်မှာ ဖြစ်တယ်လို့…

Read More

မြစ်ခြေမြို့နယ်မှာ မီးရှို့ခံရတဲ့ရွာ​တွေက စစ်ရှောင် သုံး​သောင်းဝန်းကျင်အတွက် အကူအညီတွေလိုအပ်နေ

‌ မေ၂၇ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့မှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေနေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတဲ့ ဒေသခံစစ်ရှောင် ၃၀၀၀၀ ဝန်းကျင်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ စစ်ရှောင်တွေဟာ မြစ်ခြေမြို့နဲ့ လက်ပန်ကျွန်းရွာ ၊ကူကျွန်းရွာ ၊ နံဂါတ်အရှေ့ရွာ နဲ့ နံဂါတ်အနောက်ရွာ ၊ ဥယာဥ်ရွာ၊ညောင်ပင်ရွာ ၊အင်းဝိုင်းရွာ ၊မိုးနတ်ကုန်းရွာ ၊ ဆွဲကြီးရွာ ၊ထနောင်းကုန်းရွာ စတဲ့ကျေးရွာတချို့ကဖြစ်ပြီး အစားအစာ ၊ ဆေးဝါးနဲ့ မိုးကာတွေ အဓိကလိုအပ်မှုရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ပခုက္ကူမြို့ကနေ မြစ်ခြေမြို့ဘက်ကို စားနပ်ရိက္ခာတွေ အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ပိတ်ထားသလို သွားလာခွင့်လည်း ပိတ်ထားတာကြောင့် စစ်ရှောင်တွေအတွက် ဆန်ဆီ အပါအဝင် အစားအစာနဲ့ဆေးဝါးတွေ ပြတ်တောက်မှုရှိလာပြီး လိုအပ်မှုရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ်…

Read More

ရေးဘီလူးအဖွဲ့ ဌာနချုပ်တပ်စခန်း လေကြောင်းကနေဗုံးကြဲခံရလို့ ၁၂ ယောက်သေ ၊ ဒဏ်ရာရသူ ၂၀ လောက်ရှိ

မေ ၂၇ ၊ ၂၀၂၆ CC (VOM ) မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ရေးဘီလူးအဖွဲ့ရဲ့ တပ်စခန်းဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသူ ၁၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။ ဒီကနေ့ မေ ၂၇ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ ကင်ပွန်းကျေးရွာအနီး အခြေစိုက်ထားတဲ့ ရေးဘီလူး အဖွဲ့ရဲ့ တပ်စခန်းကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စခန်းထဲက အဆောက်အဦ အားလုံးနီးပါးပျက်စီး မှုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” စခန်းတခုလုံးကြေသွားတယ်သိရတယ်။ လောလောဆယ်သိရတာ ၁၂ ယောက် သေတယ်။ တချို့အလောင်းတွေဆို အသားစလောက်ပဲ တွေ့ရတယ်ပြောတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၀ လောက် ရှိတယ် ။ ရေးဘီလူး ကတော့ ခရီးတခုထွက်နေလို့ လွတ်တယ်သိရတယ်…

Read More