အများပြည်သူ တိုက်ခန်းဝယ်ယူမှု ကဏ္ဍအတွက် အထူးသီးသန့်ဥပဒေတရပ် မဖြစ်မနေ လိုအပ်နေ

မေ ၂၇ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံမှာ တိုက်ခန်း ဝယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာစေဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ‘တိုက်ခန်းအိမ်ရာ သီးသန့်ဥပဒေ’ (Apartment Ownership Law) တရပ် မဖြစ်မနေ လိုအပ်နေတယ်လို့ အိမ်ခြံမြေ ဥပဒေပညာရှင်တွေနဲ့ အကျိုးဆောင်တွေက အကြံပြုထားကြပါတယ်။ လက်ရှိမှာ အထပ်မြင့်ကွန်ဒိုတွေအတွက် ဥပဒေရှိပေမယ့် မြို့နယ်အများစုရှိ သာမန်ကန်ထရိုက် တိုက်ခန်းတွေအတွက် အဓိက အကာအကွယ်ပေးနိုင်မယ့် ဥပဒေမူဘောင် မရှိသေးဘူးလို့ သိရပြီး လတ်တလော အခြေအနေတွေအရ အိမ်ခြံမြေကိစ္စတွေကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေနဲ့သာ ဖြေရှင်း ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေဆိုတာဟာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ (ဥပမာ – မြေ၊ အိမ်၊ တိုက်ခန်း) နဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တဦးမှ တဦးကို တရားဝင် လွှဲပြောင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊…

Read More

“MABA” ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် Mandalay _Japan Festival & SME Bazzar ပွဲ ကျင်းပမယ်

မန္တလေး၊ မေ- ၂၇- ၂၀၂၆ SA(VOM) “MABA” ၏ ၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး promotion area အတွင်း ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲ့ဒီပွဲတော်မှာ မန္တလေးမြို့က SMEsလုပ်ငန်းရှင်တွေနဲ့ sponsor တွေရဲ့ ဆိုင်ခန်းနဲ့ပြခန်း၊ နိုဘယ်အိုက- မြန်မာ ချစ် ကြည်ရေးအသင်းက ဂျပန်ဆာကေးမိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံအတွင်းက ဂျပန်ကုန်သည်ကြီးများ အသင်းဝင်တွေရဲ့ကုမ္ပဏီပြခန်းတွေ၊ ဂျပန်ရိုးရာ Yukata ဝတ်ဆင်ခြင်းနဲ့ ဓာတ်ပုံရိုက်ကူးခြင်း၊ မြန်မာ cosplay association အသင်းက ပြကွက်တွေအပါအဝင်၊ Japan Foundation မှ Quiz နဲ့ ဂျပန်အက ၊ မန္တလေးမြို့ခံတွေရဲ့ အနုပညာ ခေတ် ၃ ခေတ်ဝတ်စားဆင်ယင်မှု အကအလှနဲ့ အစားအသောက် အစီအစဥ်တွေပါဝင်တယ်လို့…

Read More

SRF အဖွဲ့ဥက္ကဋ္ဌနဲ့တပ်ဖွဲ့ဝင်တွေကို NUG လက်အောက်ခံ မင်းကင်း တပ်ဖွဲ့တွေက ဖမ်းဆီးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေကိုပါ စစ်ကြောင်းထိုးတောနင်း လိုက်လံရှာဖွေဖမ်းဆီးနေ

မေ ၂၇ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့ရဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် တချို့ကို NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မေ ၂၆ ရက်နေ့မှာ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဖမ်းဆီးခဲ့ပြီး ဒီကနေ့ မေ ၂၇ ရက်မှာလည်းSRF ရဲ့ ဒေသ ၄ ကို ဝင်ရောက်စီးနင်းပြီး SRF တပ်ဖွဲ့ဝင် ကိုးယောက်ကို ထပ်မံဖမ်းဆီးသွားတာ ဖြစ်တယ်လို့ SRF ဘက် တာဝန်ရှိသူက ပြောဆိုထားတာ တွေ့ရ ပါတယ်။ လက်ရှိမှာလည်း NUG လက်အောက်ခံ မင်းကင်းရှိ ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက…

Read More

မန္တလေးကျုံးထဲ ခုန်ချပြီး ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းတွေ့ရှိ

မန္တလေး၊ မေ- ၂၆- ၂၀၂၆ SA(VOM) မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးကျုံးအရှေ့ဘက်ခြမ်းဖြစ်တဲ့ ၆၆ လမ်း ၁၇ လမ်းနဲ့ ၁၈ လမ်း အနီးက ကျုံးအ တွင်းထဲကို မနေ့ မေ လ ၂၅ ရက်နေ့က ခုန်ချခဲ့လို့ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းကို ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက ကျုံးထဲမှာ ရုပ်အလောင်းပေါ်လာခဲ့တဲ့အတွက် ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ” မနေ့မနက်ပိုင်းလောက်ကတည်းက ခုန်ချသွားတယ်လို့ သိရပါတယ်။ ခုန်ချသွားတော့ ပထမနေ့က ဆယ်မရလို့ ဒုတိယနေ့မှ ပေါ်လာလို့ အောင် မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့အတူ ဆယ် ယူပြီး ဆေးရုံကြီးကို ပို့ပေးလိုက်ပါပြီ” လို့ နန်းတော်ရှေ့လူမှုကဆယ်ရေး အသင်းကနေ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးခုန်ချခဲ့တဲ့ နေရာအနီးတဝိုက်မှာ…

Read More

ဖားကန့်မှာ ဘုရားပရဝုဏ်အတွင်း တပ်သား ထပ်မံစုဆောင်းခံရ

မေ ၂၆၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဘုရားပရဝုဏ်တခုအတွင်း မေလ ၂၆ ရက်နေ့က တပ်သား ထပ်မံစုဆောင်းခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပါသွားတဲ့ ကလေးတွေက အသက် ၂၀ ဝန်းကျင်၊ ၂၄၊ ၂၅ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ ကောင်လေး၊ ကောင်မလေး နှစ်ယောက်တတွဲ ပါသွားတယ်။ နောက်ပြီး ၁၂ တန်းကျောင်းသား တယောက်လည်း ပါသွားတယ်” လို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်းရှိ ဘုရားပရဝုဏ်တခုမှာ မေ ၂၆ ရက် ဒီနေ့ ထပ်မံပြီး လူငယ်တွေကို တပ်သားအဖြစ် စုဆောင်းခေါ်ဆောင်သွားတာ ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။ ဒေသခံတွေအဆိုအရ ပါသွားသူတွေကို ပြန်လည်ထုတ်ယူနိုင်ဖို့ ငွေကြေး သိန်း ၄၀ ကနေ ၈၀ ခန့်အထိ…

Read More

အသက်အလိုက် အတန်းကျော် ကျောင်းအပ်နှံခွင့်ကြောင့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမကြား အဆင်မပြေမှုတွေ ဖြစ်ပေါ်နေ

မေ ၂၆ – ၂၀၂၆ SS (VOM) ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အသက်အရွယ်နဲ့ အတန်းပညာအဆင့်အရ သင့်လျော်တဲ့ အတန်းကို ပြန်လည် တက်ရောက်ခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ ဒီသတ်မှတ်ချက်ကြောင့် အခု ၂၀၂၆ – ၂၀၂၇ ခုနှစ် ပညာသင်နှစ်မှာ အသက်အရွယ်အလိုက် အတန်းကျော် ကျောင်းအပ်နှံဖို့ လာရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘ၊ အုပ်ထိန်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “အသက်အလိုက် အတန်းပေးမယ်ဆိုတော့ ရောက်လာကြတာ တဖွဲဖွဲ။ KG တောင် မတက်ခဲ့ပေမယ့် Grade 5 တက်ချင်တာတဲ့။ နောက်တယောက်ကလည်း သူ့ရဲ့သား နှစ်နှစ်အောက်ထားလို့ အဲဒီ နှစ်တန်းစာ အတန်းပြန်ဖြေချင်တာတဲ့။ ဟိုဘက်ကျောင်းမှာ ဘယ်အတန်းတက်ခဲ့ပြီးသားမို့…

Read More

ချင်းတောင်ပိုင်းကို ပြန်ရဖို့ အစိုးရတပ်က အင်အားထောင်ချီသုံးနေသလို လေကြောင်းတိုက်ခိုက်မှုလည်းဆက်တိုက်ပြုလုပ်

မေ ၂၇ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ် ၊မတူပီ ၊ ကန်ပက်လက်မြို့တွေမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ အစိုးရတပ် စစ်ကြောင်းက ချင်းတောင်ပိုင်းက မြို့တွေကို ပြန်လည်သိမ်းပိုက် နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း အင်အားထောင်နဲ့ချီ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒီကနေ့ မေ ၂၆ ရက်မှာဆိုရင် မတူပီမြို့နယ်မှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။ အလားတူ ကန်ပက်လက်မြို့နယ်ကိုလည်း မနက်ကနေ ညပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး မင်းတပ်မြို့နယ်ထဲ မှာဆိုရင်လည်း လေကြောင်းတိုက်ခိုက် ရှိကြောင်းသိရပေမယ့် တိုက်ခိုက်ခံရတဲ့ အကြိမ်အ ရေအတွက်ကိုတော့ အတိကျမသိရှိရသေးပါဘူး ။ ”…

Read More

 အာမခံချက်မရေရာတဲ့ အာမခံကုမ္ပဏီများ

  မေ ၂၇ – ၂၀၂၆ SN (VOM) မြန်မာနိုင်ငံရဲ့ အာမခံကုမ္ပဏီတွေနဲ့ ဖောက်သည်တွေကြား လွဲမှားနေတဲ့ နားလည်မှုတွေ‌ကြောင့် အာမခံ ပြုလုပ်ထားသူတွေအနေနဲ့ နစ်နာမှု၊ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဓိက ပြဿနာကတော့ စာချုပ်ပါ စည်းကမ်းချက်တွေ (Terms & Conditions) ကို ဖောက်သည်က ဖတ်ရှု နားမလည်ခြင်းဖြစ်သလို ကုမ္ပဏီဘက်ကလည်း အာမခံထားသူကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်မှု အားနည်းခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လျော်ကြေးငွေ ထုတ်ယူရာမှာ ကုမ္ပဏီက တောင်းဆိုတဲ့ သက်သေ အထောက်အထားတွေ ပြည့်စုံစွာ တင်ပြနိုင်ဖို့အတွက် အားနည်းချက်တွေ ဖြစ်လာတယ်လို့ သိရပါတယ်။ ကျန်းမာရေးအာမခံ ပြုလုပ်ထားသူ တယောက်က “အာမခံထားတဲ့အချိန်မှာ ရမယ့် အကျိုးခံစားခွင့်တွေကိုပဲ ရှင်းပြတာ။ တကယ် လျော်ကြေးပေးမယ်ဆိုတဲ့ အချိန်မှာကျတော့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့…

Read More

KPay နဲ့ စိုက်ပျိုးစရိတ်ချေးငွေ

မေ-၂၆-၂၀၂၆ VOM မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ပိုမိုအဆင်ပြေဖို့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေကို ဗဟိုဘဏ်ကတဆင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဘဏ်တွေကို လမ်းညွှန်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို အိမ်တိုင်ယာရောက် လိုက်လံဆောင်ရွက်ပေးနေပါတယ်။ KBZ Bank အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အားပေးကူညီပံ့ပိုးရန်၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံရဲ့ Inclusive Digital Economy ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ဖော်ဆောင်နေတာဖြစ်တဲ့ အစီအစဉ်လို့လည်း သိရပါတယ်။ မေ ၂၅ ရက်ကစပြီး ရန်ကုန်တိုင်း မန္တလေးတိုင်းတွေမှာ မိုးစပါးစိုက်ပျိုးဖို့ တဧက ၃သိန်းနုန်းချေးပေးတာမှာ ငွေသားတဝက် Kpay တဝက် စနစ်နဲ့ တောင်သူဦးကြီးတွေကို ထုတ်ချေးပေးနေပါတယ်။ အဲလိုထုတ်ချေးနေတဲ့နေရာမှာ တောင်သူတွေဟာ ချေးငွေကို ငွေသားထုတ်ရုံတင်မကဘဲ အေးဂျင့်ဆိုင်ကနေတစ်ဆင့် အခြား ငွေလွှဲ/ငွေသွင်း၊ ဘေလ်ဆောင်တာမျိုးတွေအထိပါ ပိုမိုအသုံးချလာကြသလား…

Read More

သူတို့အိမ် အခန်း (၁၂၂)

  ဆူးငှက် ဝန်ထမ်းလုပ်သက် ဘာမှမကြာ —————————— တကယ်တော့ ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ကကွက်များ မှတ်တမ်းတင်ရန်အတွက် မခင်ဝင်းနွယ်ကို တာဝန်ပေးစဉ်က “အငြိမ်းစားအကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်း၏ အခြေခံ ကကြိုးကကွက် များမှအစ ကနည်းကဟန် အမျိုးမျိုးတို့ကို ရုပ်ရှင်ရုပ်သေတို့ဖြင့် ကပြမှတ်တမ်းတင်၍ တဆင့် ဖြန့်ဖြူးသင်ကြားရာ၌ ဒေါ်သြဘာသောင်း၏ ကကြိုးကဟန်များကို သင်ရိုးအတိုင်း သင်ကြား ကပြနိုင်သူ မခင်ဝင်းနွယ်ကို ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၁၁(၁)အရ ယဉ်ကျေးမှုကဇာတ်အဖွဲ့တွင် ကဟန်ပြအမျိုးသမီးအဖြစ်” ခန့်ထားခဲ့သည်။ ဤသို့ဖြင့် ၁၉၇၀ ခုနှစ် ဇွန်လ အထိ ကြားတွင် ၂နှစ်ခန့် နား၍ ကဗျာလွတ်ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကို ပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ရန်ကုန်နှင့် မန္တလေးတို့၌ မှတ်တမ်းတင်ခဲ့ရာ ပန်းချီအနေနှင့် ၁၆၁၇ ပုံ၊ ဓာတ်ပုံဖြင့် ပထမအဆင့်၌ ၂၈၅ ပုံ၊…

Read More