ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်မြို့နယ်တွေမှာ ဆေးတက္ကသိုလ်နဲ့ အဆင့်မြင့် ကျောင်းတွေ ဖွင့်ဖို့ပြင်နေ

ဇွန်၂၀၊ ၂၀၂၆။ NN(VOM) ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) က လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်မြို့တွေမှာ အခုနှစ်ကုန်ပိုင်းကစပြီး AI နည်းပညာကို အသုံးပြုသင်ကြားမယ့် ဆေး တက္က သိုလ်နဲ့ အဆင့်မြင့်ပညာ သင်ကျောင်းတွေ ကို ဖွင့်မယ်လို့ ဒီနေ့ ထုတ် ပြောလာပါတယ်။ လောက်ကိုင်မြို့မှာ လောက်ကိုင် ဆေးပညာ၊ သူနာပြုနှင့် ကျန်းမာရေး သိပ္ပံတက္ကသိုလ် (LUMNHS) တွေကို ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ လောက်ကိုင် ဆေးပညာ၊ သူနာပြုနှင့် ကျန်းမာရေးသိပ္ပံတက္ကသိုလ် (LUM NHS) ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး AI စနစ်သုံး သင်ရိုးညွှန်းတမ်း ဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့အောက်မှာ ဆေးပညာကျောင်း၊ သူနာပြုကျောင်းနဲ့ ကျန်းမာရေးသိပ္ပံကျောင်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆေးပညာနှင့် ပညာရေးဆိုင်ရာ စာတမ်း​တွေမှာ “AI (ဉာဏ်ရည်တုပညာ)ပေါင်းစပ်ထားသည့် အရည်အချင်းအခြေပြု သင်ရိုးညွှန်းတမ်းတွေနဲ့ အဓိက…

Read More

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားအဖွဲ့တွေ တွေ့ဆုံရာမှာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ တွေ့ဆုံမှုမျိုးကို ခွင့်ပြုပေးဖို့ တောင်းဆိုသွားဖို့ရှိ

ဇွန် ၂၀ – ၂၀၂၆ SS (VOM) နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီဝင်၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိတဲ့ တွေ့ဆုံမှုမျိုးကို ခွင့်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို တောင်းဆိုသွားဖို့ ရှိတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကောင်းမင်းခန့်က ပြောပါတယ်။ နိုင်ငံရေးပါတီတွေဆီ ပေးပို့ထားတဲ့ UEC ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ ရက်စွဲပါ အကြောင်းကြားစာအရ ပါတီတွေအနေနဲ့ နိုင်ငံခြားသံရုံး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိပါက UEC ကို ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရမှာဖြစ်ကာ ခွင့်ပြုချက်မရရှိဘဲ တွေ့ဆုံပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ နဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။…

Read More

မော်ဒယ်​လောကရဲ့ နည်းပြဆရာ ဂျွန်လွင် ​ငွေလိမ်ခံရမှု ကျူးလွန်သူလွတ်​မြောက်​နေ

ဇွန် ၂၀-၂၀၂၆ NW(VOM) ပြီးခဲ့တဲ့ မေလအတွင်းက ဖြစ်ပွားခဲ့တဲ့ အွန်လိုင်းမှ တဆင့် ကျပ်သိန်းပေါင်း တထောင်ကျော် လိမ်လည်ခံရမှုမှာ ကျူးလွန်သူတဦး လွတ်မြောက်နေဆဲဖြစ်‌တယ်လို့ ငွေကြေးလိမ်လည်ခံရသူ Stars & Morden Int’l မှ ဂျွန်လွင်က ဒီနေ့ ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်ခံရမှုမှာ ပါဝင်ပတ်သက်ကျူးလွန်သူ သုံးဦးအနက် အဓိကတရားခံဖြစ်သူ မဖြူသက်သက်ခိုင်နဲ့ Kpay ဆိုင်​တွေမှာ ငွေထုတ်ယူ ပေးသူ နှစ်ဦးကိုသာ ဖမ်းဆီးရမိထားပြီး ကျန်တဦးဖြစ်သည့် မဖြူသက်သက်ခိုင်ရဲ့ ရည်းစားဖြစ်သူ မောင်လှိုင်မြင့်မိုရ်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ “ ကောင်မလေးကတော့အခု အင်းစိန်ထောင်မှာပေါ့နော်။ဘယ်လိုတွေဖြစ်လည်းတော့ ကျွန်တော်လည်းမသိဘူး။ စခန်းကလည်း ဘာမှမပြောလာသေးဘူး။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကပဲ ဆက်လက်ပြီးဆောင်ရွက်နေတယ်။ အခုက လိမ်တဲ့ကောင်မလေးကို မိသွားပြီ ငွေသွားထုတ်တဲ့ကောင်လေးကို မိသွားပြီ။သူ့ရဲ့ကောင်လေးဖြစ်တဲ့ လှိုင်မြင့်မိုရ်ကိုပဲ မမိသေးတာ။ ကောင်မလေးကလည်း လှိုင်မြင့်မိုရ် ယူပြီး…

Read More

NUG ရုံးစိုက်တယ်ဆိုတဲ့ ခါမ်းပါတ်မြို့ကို နှစ်နှစ်ကျော်အကြာမှာ အစိုးရတပ်က ပြန်ထိန်းချုပ်

ဇွန် ၂၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကလေး – တမူးလမ်းပေါ်က ခါမ်းပါတ်မြို့ကို ဒီကနေ့ ဇွန် ၂၀ ရက်မှာ အစိုးရတပ် စစ်ကြောင်းတွေ ဝင်ရောက်ပြီး မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ် ။ ခါမ်းပါတ်မြို့ကို ပြန်ရဖို့အတွက် ဇွန်လ ၇ ရက်နေ့ကစပြီး အစိုးရတပ်က တမူး၊ ကလေးနဲ့ မော်လိုက်မြို့တွေကနေ စစ်ကြောင်းသုံးခုခွဲကာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၁၄ ရက် အကြာမှာတော့ ခါမ်းပါတ်မြို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ခါမ်းပါတ်မြို့ကို ပြန်ရပါပြီ ။ အခုနယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ် ။ ” လို့ လုံခြုံရေးတပ်ဖွဲ့ နဲ့နီးစပ်သူက ပြောပါတယ်။…

Read More

ကျင်ဒွေးမြို့ကို လေကြောင်းတိုက်ခိုက်ခံရလို့ ခြောက်ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာပြင်းထန်

ဇွန် ၂၀ ၊၂၀၂၆ CC (VOM) ချင်းပြည်နယ်တောင်ပိုင်း ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး လူခြောက်ယောက်သေဆုံးကာ ၁၁ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဇွန် ၁၉ ရက်နေ့ည ၁၁ နာရီ ခွဲလောက်က ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူ​တွေရှိသလို ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။ ကန်ပက်လက်မြို့နယ် လူသားခြင်းစာနာဘေးစီမံဌာနကလည်း ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူခြောက်ယောက်နဲ့ ဒဏ်ရာရသူ ၁၁ ယောက်ရှိကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ” ဒဏ်ရာရတဲ့ ၁၁ ယောက်ကလည်း ပြင်းထန်တယ်လို့ ပြောတယ်။ လက်ရှိ ဆေးကုပေးနေတယ် သိရပါတယ်။ ည ၁၁ ခွဲလောက်ဆိုတော့ အိပ်နေချိန် ဖြစ်သွားတာလို့ သိရတယ်။.ကျန်တဲ့ အခြေအနေတော့ သေချာမသိရသေးဘူး…

Read More

အင်ဒိုနီးရှား သို့မဟုတ် အရှေ့တောင်အာရှလစ်ဘရယ်ဒီမိုကရေစီ ရဲ့ အမှတ်အသား

MT(VOM) ​ကျနော်တို့ အရှေ့တောင်အာရှမြေပုံကို ဖြန့်ကြည့်လိုက်ရင် ကျွန်းစုပေါင်းသောင်းခြောက်ထောင်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားဆိုတဲ့ နိုင်ငံကြီးကို အထင်အရှား မြင်ရပါလိမ့်မယ်။ ဒီနိုင်ငံဟာ ဒီနေ့ခေတ်မှာတော့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ၊ တစ်ခါ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံကြီးတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွား ရပ်တည်နေပါပြီ။ ဒါပေမဲ့ ဒီကနေ့ မြင်ရတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့ သူတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းလမ်းကြောင်းဟာ ပန်းခင်းထားတဲ့လမ်းတော့ မဟုတ်ခဲ့ပါဘူး။ သွေးတွေ၊ မျက်ရည်တွေ၊ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အနိမ့်အမြင့်၊ အတက်အကျ အစုံစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အင်ဒိုနီးရှား ရဲ့ သမိုင်းစာအုပ် ကို ကျနော်တို့ စာမျက်နှာ တစ်မျက်နှာချင်း လှန်လှောကြည့်ကြစို့။ ​ဒတ်ချ်ကိုလိုနီခေတ် ခါးသီးတဲ့အတွေ့အကြုံ ​အင်ဒိုနီးရှားဟာ နှစ်ပေါင်း ၃၅၀ နီးပါး ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ (VOC) နဲ့ ဒတ်ချ်အစိုးရရဲ့ သွေးစုပ်ခြယ်လှယ်မှုကို ခံခဲ့ရပါတယ်။…

Read More

သူတို့အိမ် အခန်း (၁၄၆)

ဆူးငှက် မြို့အနောက်ခြမ်းက မီးဘေး —————————— ထိုစဉ်က မြို့အနောက်ခြမ်းမှာ မီးကြီးလောင်နေတော့ ဘူတာကြီးအရှေ့ဘက် မြို့အရှေ့ခြမ်းက အတော်များများကလည်း မြိုကအနောက်ခြမ်းရှိ ဆွေမျိုးများ မိတ်ဆွေများ၏ အိမ်သို့ သွားရောက်ကူညီကြသည်။ ထို့အတူ မြို့အရှေ့ခြမ်းရှိ ဘုန်းကြီးကျောင်းတိုက်ကြီးများမှ သံဃာတော်များကလည်း အနောက်ခြမ်း မီးလောင်ပြင်သို့ သွားရောက် ညှိမ်းသတ် ကူညီကြ၏။ ထို့ကြောင့် မြို့အရှေ့ခြမ်းရှိ အိမ်များ ဘုန်းကြီးကျောင်းများတွင် မီးဘေးမှ ပြေးလာသူ မီးဘေးသင့်သူများ အထုပ်အပိုများနှင့် ရောက်လာကြသည်။ မီးလောင်ပြင်မှ မီးသတ်ကားများက ကျုံးအတွင်းသို့ ခေါက်တုန့်ခေါက်ပြန် ရေလာထည့်ကြရာ ထိုကားများပေါ်တွင် ခရာများမှုတ် လမ်းရှင်းပေးသော သံဃာတော်များလည်း ပါသည်။ ကျွန်တော် ဟေမာဇလအိမ်ရောက်တော့ အိမ်ရှေ့က ဆိုင်လေးကို ပိတ်ထားသည်။ အိမ်ရှိလူကုန် စိုးရိမ်နေကြ၏။ အဘနှင့် အမေက အနောက်ဝင်းမှာ ကျန်ရစ်သော မမခင်လှတို့နှင့် ကျန်သူများကို စိုးရိမ်သည်။ ခင်သော်ဇင်ကလည်း သူ့သင်္ဘောတန်းအိမ်ကို စိုးရိမ်နေ၏။…

Read More

ဗာဆိုင်းမှသည် ငြိမ်းချမ်းရေးဆီသို့

MT(VOM) ​ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စွမ်းအင်လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အရှေ့အလယ်ပိုင်း စစ်မီးကို ငြိမ်းသတ်နိုင်မယ့် သမိုင်းဝင် ဖြစ်ရပ်တစ်ခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော် (Palace of Versailles) မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) တို့ဟာ အမေရိကန်-အီရန် စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ သံတမန်ရေးရာ လမ်းစဖွင့်ဖို့အတွက် ရက်ပေါင်း ၆၀ သက်တမ်းရှိတဲ့ သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို အွန်လိုင်း ကနေ Digital Signing အဖြစ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ​သမိုင်းတစ်ပတ်လည်တဲ့အလား ပထမကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တဲ့ ဗာဆိုင်းနန်းတော်မှာပဲ ယခုတစ်ကြိမ် ကမ္ဘာ့အန္တရာယ်အရှိဆုံး ပဋိပက္ခတစ်ခုကို တားဆီးဖို့ ခြေလှမ်းစနိုင်ခဲ့တာပါ။ သို့သော် ဒီစာချုပ်ဟာ ညတွင်းချင်း…

Read More

လက်နက်ကိုင်အဖွဲ့စည်းမျိုးစုံ က အလင်းဝင်လာတဲ့အဖွဲ့ဝင် ၃၇၆ ယောက်ကို လပခမှာ မိဘအုပ်ထိမ်းသူတွေဆီ အပ်နှံ

မန္တလေး၊ ဇွန်- ၁၉- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးကPDF တွေအပြင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးက အလင်းဝင်လာသူ ၃၇၆ ယောက်ကို အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လပခ တိုင်းမှူးအပါအဝင် တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ပြီး မိဘအုပ် ထိန်းသူတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့စည်း အသီးသီးကနေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြတဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၁၂)ဦး၊အမျိုးသမီး(၅)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား(၃)ဦး၊ အမရပူရမြို့နယ်မှအမျိုးသား (၄၀)ဦး၊ အမျိုးသမီး(၄)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၈)ဦး၊အမျိုသမီး (၃)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၃)ဦး၊မိုးကုတ် မြို့နယ်မှ အမျိုး သား(၂၄)ဦး၊ အမျိုး သမီး(၈)ဦး၊ စဉ့်ကူးမြို့နယ်မှအမျိုးသား (၃၇)ဦး၊ အမျိုးသမီး (၅)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား (၁)ဦး၊မတ္တရာမြို့နယ်မှ အမျိုး သား (၅၀)ဦး၊ အမျိုးသမီး (၂)ဦး၊ မြင်းခြံမြို့နယ်မှ…

Read More

မန္တလေး က.ည.န ရုံးရှေ့မှာ နေရာရောင်းစားတာတွေမရှိဖို့နဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် စစ်ဆေးဆောင်ရွက်မယ်

မန္တလေး၊ ဇွန်- ၁၉- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ မော်တော်ယာဥ်တွေနဲ့တင်မဟုတ်ဘဲ အုတ်ခဲတွေ ကားတာယာကွင်းတွေ ၊စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ပါ နေရာယူထားပြီး နေရာပြန်လည်ရောင်းစားသူတွေမရှိဖို့နဲ့ လာဘ်ပေးလာဘ်ယူမှုပပျောက်ဖို့အတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးကျော်မိုးသက် က ပြောပါတယ်။ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ၊ online မှ သက်တမ်းတိုး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ နေရာရောင်းစားသူများအား မည်ကဲ့သို့ အရေးယူဆောင် ရွက်မယ်ဆိုတာ သိရှိလိုသည့်ကိစ္စ” ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး…

Read More