ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်း

ဩဂုတ် ၁၇ – ၂၀၂၆ SN (VOM) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိတဲ့အထဲက ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ၅၅ ပါတီနဲ့ NSPNC တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပါတီအစုအဖွဲ့ကို ခြောက်နေရာအထက်နိုင်တဲ့ ၁၃ ပါတီက ၁၄ ယောက်၊ တနေရာကနေ ငါးနေရာအထိနိုင်တဲ့ ၁၈ ပါတီထဲက ကိုယ်စားလှယ် ၁၁ ယောက်၊ လုံးဝ မနိုင်တဲ့ပါတီက ခုနစ်ယောက်၊ စုစုပေါင်း ၃၂ ယောက် ပါဝင် ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။…

Read More

အစား ပုံမှန် စားနေရင်း ပိန်လာတယ်၊ ဝလာတယ် ဆိုတာ သိုင်းရွိုက်ကြောင့်လား

      မန္တလာ ဆရာမျိုး   “အစားလည်း ပုံမှန်စားနေတာပဲ၊ ဒါပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်ကျနေတာလဲ။”   တချို့လူတွေမှာ ဒီလိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျလာတာနဲ့အတူ ရင်တုန်လာတယ်၊ လက်တွေတုန် တယ်၊ ချွေးထွက်များတယ်၊ ပူတာမခံနိုင်ဘူး၊ ညဘက်လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။ စိတ်ကလည်း အရင်ထက် လှုပ်ရှားလွယ်၊ စိတ်တိုလွယ်လာတတ်ပါတယ်။   တချို့ကတော့ ဆန့်ကျင်ဘက်ပါ။ အစားပိုစားနေတာလည်း မဟုတ်ဘဲ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာတယ်။ မနက်အိပ်ရာထကတည်းက အားမရှိသလို ခံစားရတယ်။ အမြဲပင်ပန်းနေတယ်၊ အိပ်ချင်တယ်၊ အအေးမခံနိုင်ဘူး၊ ဝမ်းချုပ်လာတယ်၊ အသားအရေခြောက်လာတယ်။   ဒီလက္ခဏာနှစ်မျိုးဟာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် အကြောင်းရင်းကတော့ တစ်နေရာတည်းက ဖြစ်နိုင် ပါတယ်။ အဲဒါက သိုင်းရွိုက်ဂလင်း (Thyroid gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းအရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်လေးတစ်ခု ဖြစ်ပါတယ်။ သေးငယ်ပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ…

Read More

စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းထဲက ရေမြုပ်စပါးခင်းတွေ ပြန်ရှင်ဖို့မဖြစ်နိုင်

ဩဂုတ် ၁၈ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း နဲ့ ဧရာဝတီတိုင်းထဲက ရေနစ်မြုပ်နေတဲ့ မိုးစပါးစိုက်ဧက အများအပြားဟာ ပျက်စီးဆုံးရှုံးတဲ့အခြေအနေ ဖြစ်သွားပြီလို့ တောင်သူတွေဆီက သိရပါတယ်။ ဧရာဝတီတိုင်းထဲက လေးမျက်နှာ မြို့နယ်၊ ဟင်္သာတ ၊ ကျုံပျော် ၊ငါးသိုင်းချောင်း ၊ရေကြည် ၊ ကျောင်းကုန်း မြို့နယ်တွေထဲက မိုးစပါစိုက်ခင်းတွေဟာ ရေနစ်မြုပ်မှုဒဏ်ခံနေရတာ ၁၅ ရက်ကျော် အထိ ရှိလာပြီဖြစ်တဲ့အတွက် ပျက်စီးဖို့များသွားပြီလို့ ဆိုပါတယ်။ ” လယ်ကွင်းတွေ ပင်လယ်ပြင်ကြီးဖြစ်နေပြီ ။ ဘာအပင်မှမတွေ့ရတော့ဘူး ။ ရေနစ်သွားတဲ့စပါးပင်တွေက ကြာနေပြီ ပျက်စီးပြီလေ။ ဘာမှလုပ်လို့မရတော့ဘူး။ တချို့သက်ငယ်စပါးတွေက နှံမဖောက်နေပြီ။တချို့က ဖုံးတုံးလုံးတုံးဖြစ်နေပြီ။ ဒါတွေက ဘယ်လိုမှပြန်မကောင်းနိုင်တော့ဘူး။ တချို့ဆိုခုချိန်မှ ပေါ်ဆန်းကိုပျိုးထောင်ကြတာရှိတယ်။အခုပုံစံဆို ပျိုးထောင်ဖို့လည်း မပြေတော့ဘူး ။စိုက်ဖို့ကလည်း မပြေဘူး ။ အခုမနစ်သေးတဲ့ စပါးခင်းတွေကလည်း နောက်ရက်ဆို…

Read More

တလုတ်​ထော်မှာ ညကြီးရေတိုးလာလို့ တယောက်ရေနစ်သေဆုံး ၊ ညတွင်းချင်းကယ်ဆယ်ရေးလုပ်ရ

ဩဂုတ် ၁၈ ၊ ၂၀၂၆ GG (VOM) ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ ဩဂုတ် ၁၇ ရက်နေ့ညနေပိုင်းက ရေထပ်တိုးလာတဲ့အပြင် အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ် ။ ဒါကြောင့် ရွှေ့ပြောင်းလိုတဲ့ ကျေးရွာရေဘေးသင့် ​ပြည်သူ ၅၇ ယောက်ကို လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ညတွင်းချင်း ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ် ။ သေဆုံးတဲ့အမျိုးသမီးကတော့ အသက် ၃၇ နှစ်အရွယ်ရှိပြီး ယာယီရွှေ့ပြောင်းနေထိုင်တဲ့ ဘုန်းကြီးကျောင်းကနေ အိမ်ကို ပြန်ချိန်လမ်းမှာ ချော်လဲပြီး ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ရေကအရင်ရက်ထဲက ဝင်နေတာကို မပြောင်းကြဘူး ။ ဒီနေ့ညနေ ရေထပ်တိုးလာတော့မှ မနေရဲတော့ဘူး ဆိုပြီး လာခေါ်ပေးဖို့ ပြောကြတာ ။ အဲဒီရွာမှာ ရေအနိမ့်ပိုင်းက လူတရပ်ကျော်တယ်။ လမ်းပေါ်တောင်…

Read More

သူတို့အိမ် အခန်း (၁၉၈)

    ဆူးငှက်   စာရေးစာပွဲ သေးလေးပေါ်က တယောသံ ——————————————– ၆၆လမ်း ရဲသိပ္ပံတိုက်ခန်းလေး၏ အပေါ်ထပ် အနောက်ဘက်အစွန်းမှာ ကျွန်တော်တို့ အိပ်ခန်းလေးရှိသည်။ ၁၂ပေ× ၈ပေ အကျယ်လောက် ရှိမှာပေါ့။ ခုတင်ခြေရင်း ၃ပေလောက် အလွတ်လေးမှာ ပုသိမ်ကြီး သမဝါယမ သင်တန်းကျောင်းက စာသင်ခုံပုံစံ စာပွဲလေးချပြီး စာရေးသည်။ ထိုစဉ် ကျွန်တော့်မှာ ဝါ့ခ်မင်း ကက်ဆက်လေးရှိသည်။ ကျွန်တော်စာရေးထိုင်း တယောကိုတင်ရီ၏ violin cocerto ခွေလေးကိုပဲ ဖွင့်ဖြစ်သည်။ ထိုခွေလေးဖွင့်ပြီး စာရေးရလျှင် အလွန်ချောသည်။ ကျွန်တော်ကလည်း ထိုခွေလေးကိုကြိုက်လိုက်သည်မှာ အခုထိ မငြီးမငြူ ဖွင့်ဆဲ ဖြစ်သည်။ ထိုခွေလေးက အဆိုမပါဘဲ သီချင်းတွေချည်း တယောဝိုင်းဖြင့် လက်စွမ်းပြ ဖြစ်သည်။   ထိုခွေ၏ ဂီတနှင့် တီးလုံးများ စီမံခန့်ခွဲသူမှာ တယောကိုတင်ရီဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးရှိ…

Read More

လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ စာဖတ်ကြပါစို့

    မန္တလာ ဆရာမျိုး   “လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အင်အားအကြီးဆုံး လက်နက်မှာ ပညာဖြစ်ပြီး၊ ပညာရရှိရန် အကောင်းဆုံးလမ်းကြောင်းမှာ စာဖတ်ခြင်းဖြစ်သည်” ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ လူတစ်ယောက်၏ အသိပညာ၊ အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအမြင်တို့ကို တဖြည်းဖြည်း ပုံဖော်ပေးသည့် အရာမှာ စာအုပ်များဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် မိုဘိုင်းဖုန်း၊ လူမှုကွန်ရက် (Social Media) နှင့် ဗီဒီယိုတိုများ၏ ဆွဲဆောင်မှုကြောင့် စာဖတ်သည့် အလေ့အကျင့်သည် တဖြည်းဖြည်း လျော့နည်းလာသည်ကို စိုးရိမ်ဖွယ် တွေ့မြင်နေရသည်။ သတင်းအချက်အလက်များ ရယူရန် လွယ်ကူလာသော်လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်နိုင်သည့် အလေ့အကျင့်ကတော့ လျော့နည်းလာ နေပါသည်။       စာဖတ်ခြင်းသည် စာမေးပွဲအောင်ရန်၊ ဘွဲ့ရရန် သို့မဟုတ် အလုပ်အကိုင်ကောင်းတစ်ခု ရရှိရန်အတွက်သာ မဟုတ်ပေ။ စာဖတ်ခြင်းသည်…

Read More

အခန်း (၁၉၇)

    ယူနန်၁၂ပွဲ ဈေးတန်း ————————       နန်းတော်ရှေ့ဆရာတင်က ‘အင်းလျားရေတစ်စည် လောက်တော့ လိုချင်ပါတယ်။ ဝယ်ချင်ပါတယ်။ ရွှေမန်းသူတွေ ရေခေါ်ချိုးတော့ တစ်မျိုးလှသနော်… မိုးပေါ်ကျသူလို့ ရေးစပ်ခဲ့သည်။ ညိုညိုခဲခဲ မန္တလေးသူလေးတွေ ရန်ကုန်သူတွေလို ဖြူမွတ် ဝင်းအိ လှစေချင်တာ ဆရာတင့်ခေတ် ကတည်းကဖြစ်သည်။ ကျွန်တော်တို့ ခေတ်မှာတော့ လမ်း၃၀နှင့် ၆၆လမ်းတဝိုက် “ယူနန်၁၂ပွဲ ဈေးတန်း” က ဖြူဖြူဖွေးဖွေး နောက်ပေါက် မန္တလေးသူလေးတွေကို ကြည့်ကြည့်ပြီး ခေါင်းတယမ်းယမ်း ဖြစ်နေရသည်။ မြန်မာမှာ ‘၁၂ ပွဲဈေးတန်း၊ ‘၁၂ ပွဲဈေးသည် ဆိုရင် နားလည်ပြီးသား ဖြစ်သည်။     အနယ်နယ်အရပ်ရပ် ဇာတိအသွယ်သွယ်က ကုန်အမျိုးမျိုးကို မြန်မာပြည်အနှံ့ လှည့်လည် ရောင်းချကြတာ။ ဘုရားပွဲဈေးတန်းဟာ သူ့တို့အိမ်၊ သူတို့ရွာပါ။ ကျောက်တော်ကြီးပွဲလို၊ ရွှေဘို…

Read More

ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ဖို့ခက်နေ

ဩဂုတ် ၁၆ – ၂၀၂၆ SN (VOM) ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးကွက်အတွင်း ရှားပါးနေခြင်းနဲ့ ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် ရန်ကုန်နဲ့ အခြားမြို့ကြီးတွေရှိ ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ဖို့ခက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ‌ပြောပါတယ်။ သွင်းကုန်ကန့်သတ်ချက်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ငွေကြေး ဖောင်းပွမှုတွေကြောင့် ဘိလပ်မြေ၊ သံချောင်း အစရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်နေတာဖြစ်ပြီး ကန်ထရိုက်တိုက် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားထားရတာတွေရှိသလို အကြမ်းထည်အဆင့်မှာတင် ရပ်တန့်နေတဲ့ လုပ်ငန်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အစိုးရရဲ့ မူဝါဒ သတ်မှတ်ချက်တွေကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို လိုသလောက် မှာယူတင်သွင်းဖို့ ခက်တယ်။ ဆိုတော့ သုံးရမယ့်ပစ္စည်းက ဈေးကွက်မှာ အလွယ်တကူ ဝယ်လို့မရဘူး။ စောင့်ဆိုင်းရတာတွေရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ လုပ်ငန်းတခု ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုတာက…

Read More

၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ အွန်လိုင်းငွေလိမ် ကျားဖြန့် စခန်း တခု စီးနင်း ဖမ်းဆီးခံရ

ဩဂုတ် ၁၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းက MNDAA ထိန်းချုပ်ရာ နယ်မြေဘက်ခြမ်း ၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း အွန်လိုင်းငွေလိမ် ကျားဖြန့် အလုပ်ဆိုဒ် တခု စီးနင်းဖမ်းဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ခိုတိမ်ရွာ ရှမ်းရွာမှာ။ ကျားဖြန့်ကို ဝင်ဖမ်းတာ ပြေးကုန်ပြီ။ မူဆယ်မြို့နယ် မော်တောင်းရွာနဲ့ နီးတယ်။ မော်တောင်းရွာ ကနေ ဆိုင်ကယ်နဲ့ ဆင်းသွားရင် မိနစ် ၂၀ လောက် ဆိုရောက်ပြီ။ တရက်နှစ်ရက်ဆို သတင်းထွက်တော့မယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေ အလုပ်လုပ် အခြေချခဲ့တဲ့ အဆောက်အဦး အိမ်ခြံဝင်းအတွင်းက သူတို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို…

Read More

YBS ယာဉ်စီးခတွေ တိုးမြှင့်မယ့် ကြေညာချက်ကို ပယ်ဖျက်

ဩဂုတ် ၁၆ – ၂၀၂၆ SN (VOM) ရန်ကုန့်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ကြေညာခြင်းကို ဒီကနေ့ ဩဂုတ် ၁၆ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ “YBS ယာဉ်စီးခ ကျပ် ၂၀၀ ခရီးစဉ်ကို ၃၀၀ ကျပ်၊ ကျပ် ၄၀၀ ခရီးစဉ်ကို ၆၀၀ ကျပ်အဖြစ် စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီး ပြောင်းလဲကောက်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။ ပယ်ဖျက်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ အခက်အခဲမဖြစ်အောင်လို့ပါ” လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။ ယာဉ်အပိုပစ္စည်း၊ ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုတန်ဖိုး ကြီးမြင့်တာ၊ ယာဉ်ပြင်ဆင်စရိတ်တွေ မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံမယ်လို့ YRTC…

Read More