မင်းလက်ပံ တိုက်ပွဲကြောင့် မြန်မာ – ထိုင်းနယ်စပ်အခြေအနေက အလွန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ KNU ထုတ်ပြန်အသိပေးလာ

ဒီဇင်ဘာ ၇ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မင်းလက်ပံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ထိုင်း နဲ့ မြန်မာ နယ်စပ်က ပြည်သူတွေအတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ KNU က ဒီဇင်ဘာ ၆ ရက်မှာ စာထုတ် အသိပေးထားပါတယ်။ မင်းလက်ပံဒေသ တိုက်ပွဲ အခြေအနေကြောင့် ထိုင်းအာဏာပိုင်တွေက လတ်တလောမှာ သောင်ရင်းမြစ် ကမ်းကူးဂိတ်တွေကို ယာယီ ပိတ်ထားသလို မြဝတီ – မင်းလက်ပံ လမ်းကြောလည်း ပိတ်ထားတဲ့အတွက် မင်းလက်ပံဘက်က ကျားဖြန့်နဲ့ ဒေသခံ အချို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချစ်ကြည်ရေးတံတားထိပ် (သိန်းသန်းစတိုးအနီး) ဘုရင့်နောင်လမ်း နဲ့…

Read More

ကယားပြည်နယ်က မြို့နယ် ငါးခုမှာ တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာ ၇ – ၂၀၂၅ SS (VOM) ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကယားပြည်နယ်က မြို့နယ် ငါးခုမှာ အစိုးရတပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်က ဖယ်ခုံ၊ လွိုင်ကော်၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆိုတို့မှာ မြို့နယ် တမြို့နယ်ကို အနည်းဆုံး စစ်ကြောင်း သုံးကြောင်းလောက်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အဓိက ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာပေါ့။ ဒီဘက်က နယ်မြေတွေကို ပြန်ပြီး စိုးမိုးနိုင်ဖို့ အစိုးရတပ်က စစ်မျက်နှာ ငါးခုဖွင့်ပြီး ထိုးစစ်ဆင်လာကြတာ။ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ ရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ရော၊ ဒရုန်းတွေနဲ့ရော နေ့တိုင်းလိုလို ဆက်တိုက် ပစ်နေတယ်။…

Read More

မန်းရွှေစက်တော် ဘုရားပွဲကို ဇန်နဝါရီ ၂၂ ရက်စပြီး ၈၆ ရက်ကြာ ကျင်းပမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅ SS (VOM) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီက သိရပါတယ်။ အဲဒီ ဘုရားပွဲတော်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနဲ့ နီးစပ်သူတယောက်က “တဲကျောင်း လေလံ‌ဆွဲတာ၊ တင်ဒါ၊ နောက် လုံခြုံရေးပိုင်းတွေရောပေါ့၊ အစစအရာရာ အကုန်လုံးက…

Read More

ရန်ကုန်က ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ်အကုန်မှာ ပိတ်သိမ်းမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဒိန်းမတ်သံရုံးကို လာမယ့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုလို သံရုံး ပိတ်သိမ်းရတာဟာ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအခြေအနေတွေ သိသိသာသာ လျော့ကျလာခဲ့တာကြောင့် ဖြစ်တဲ့အပြင် လက်တလောမှာလည်း ပြောင်းလဲနိုင်မယ့် အရိပ်အယောင်တွေ မတွေ့ရှိရတဲ့အတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “မြန်မာသံရုံးအတွက် အသုံးပြုခဲ့တဲ့ အရင်းအမြစ်တွေကို ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေမှာ အသုံးပြုသွားမှာပါ” လို့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ခ် ရတ်စမူဆန်က အဲဒီ ထုတ်ပြန်ချက်မှာ အသိပေး ပြောကြားထားပါတယ်။…

Read More

ငွေငန်း ရှင်းတမ်း (၅)

ဆူးငှက် တကယ်တော့ မြို့မအလှပြယာဉ်၏ ငွေငန်းရုပ်လုံးများကို ကနဦးအစတွင် ပန်းချီဦးဘသက်၊ မြို့မငြိမ်း၊ ရှုမဝဦးကြီးငွေတို့က ပုံစံထုတ် အရုပ်ချိုးခဲ့ကြပြီး နောက်ပိုင်းတွင် ပန်းချီကိုအုန်းဖေ၊ ကိုအောင်သိန်း၊ ကိုသန်းမောင် (ဆေး)၊ ပန်းချီ ကိုအုန်းကြိုင်၊ မဏ္ဍပ် ကိုသိန်းအောင်၊ ကိုခင်မောင်ဦး(လေမှုတ်)တို့က ထပ်မံ ဖန်တီးကြသည်။ လက်ရှိ အသုံးပြုနေသော ငန်းရုပ်က ကိုခင်မောင်ဦး(လေမှုတ်)၏ လက်ရာဖြစ်ပြီး အချိုးအစား ကျနသကဲ့သို့ အတွင်းမှ သံဖရိန်များနှင့် တည်ဆောက်ကာ အတောင်များက လှုပ်ရှားနိုင်သည်။ လွန်ခဲ့သော ၅နှစ်ဝန်းကျင်က မြင်းခြံမြို့မအတွက် ငန်းရုပ်ကို ထိုစဉ်က မန္တလေးမြို့မ အသင်းသားတဦးဖြစ်သူ ကိုအောင်ကျော်မိုးက အသစ်ချိုးပေးခဲ့ဖူးသည်။ အတာသင်္ကြန်အတွက် မြို့မက ငန်းရုပ်ကို မည်သည့်အတွက်ကြောင့် သုံးစွဲသည် ဆိုသည်မှာ အတိအကျ အချက်အလက် မရှိသော်ငြား အတာသင်္ကြန်သည် ရေပက်ကစားသည့် အစဉ်အလာကြောင့် ရေမှာပျော်သည့် ငန်းရုပ်ကို အသုံးပြုသကဲ့သို့ ထိုစဉ်က ခေတ်စားစပြုနေသည့်…

Read More

အမေရိကားရောက် မိဘတွေက မွေးဖွားတဲ့ကလေးငယ်တွေ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိ၊ မရှိ တရားရုံးချုပ် ကြားနာမယ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၆ မျိုးဆက် (VOM) အမေရိကားမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေသူတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေအနေနဲ့ မွေးနိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က ကြားနာမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇန်နဝါရီလမှာ ရာထူးတာဝန် စတင်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာ သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံအတွင်း တရားမဝင်နေထိုင်တဲ့ မိဘတွေက မွေးဖွားလာသူတွေအတွက် မွေးရာပါအခွင့်အရေး နိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ဖို့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အောက်တရားရုံးများစွာက ဒီလုပ်ဆောင်ချက်ကို တားဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီကိစ္စ အငြင်းပွားမှုကို ကြားနာမမယ့် နေ့ရက်ကို တရားရုံးချုပ်က မသတ်မှတ်ရသေးသလို ဆုံးဖြတ်ချက်ချမှဖို့ လပေါင်းများစွာ အချိန်ယူရဦးမှာဖြစ်ပါတယ်။ တရားရုံးချူပ်က ဘယ်လိုပင်ဆုံးဖြတ်ပါစေ ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုနဲ့ အမေရိကန်နိုင်ံသားဖြစ်ခြင်းရဲ့ အဓိပ္ပါယ်အပေါ် အဓိကသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ နှစ်ပေါင်း ၁၆၀ နီးပါးကြာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၁၄ ကြိမ်မြောက်…

Read More

ဂျာမနီမှာ ဆန္ဒအလျောက်စစ်မှုထမ်း အစီအစဉ်ကို ကျောင်းသားတွေ ဆန္ဒပြမယ်

ဘာလင်၊ ဒီဇင်ဘာ-၆-၂၀၂၅ ရတီ(VOM) ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဂျာမနီနိုင်ငံဟာ အမျိုးသားကာကွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် စေတနာ့ဝန်ထမ်းစစ်မှုထမ်းအစီအစဉ်ကို စတင်ဖို့ ပါလီမန်က မဲခွဲအတည်ပြုလိုက်ပါတယ်။ ဒါဟာ ဂျာမနီရဲ့ စစ်ရေးပြောင်းလဲမှုမှာ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တခုဖြစ်ပြီး အခိုင်မာဆုံး စစ်တပ်ကို ဖန်တီးဖို့ ဘဏ္ဍာရေးဝန်ကြီး ဖရိုက်ဒရစ်ချ်မာ့ဇ်ရဲ့ တိုက်တွန်းမှုတွေအပြီး ထွက်ပေါ်လာတာပါ။ ဒီအစဉ်အရ ဂျာမနီရှိ အသက် ၁၈ နှစ်အရွယ်အားလုံးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစပြီး လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ပါဝင်ဖို့ စိတ်ဝင်စားပြီး ဆန္ဒရှိမရှိ မေးမြန်းတဲ့ မေးခွန်းလွှာတခုစီ ပေးပို့မှာဖြစ်ပြီး ဒါဟာ အမျိုးသားတိုင်းအတွက် မေးခွန်းလွှာဖြည့်ရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်တော့ ဆန္ဒရှိသူတွေအတွက်သာ ဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ မြို့ပေါင်း ၉၀ မှာ ဒီကိစ္စကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှောက်မှုတွေမှာ ပါဝင်မယ်လို့ ဆိုပါတယ်။ ဂျာမန်လူငယ်များစွာဟာ ဥပဒေသစ်ကို ဆန့်ကျင်မှု…

Read More

ဒီပဲယင်း လေကြောင်း တိုက်ခိုက်မှု သေဆုံးသူ အယောက် ၂၀ ဝန်းကျင် ရှိလာ

ဒီဇင်ဘာ ၆ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၅ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ အယောက် ၂၀ ဝန်းကျင် ရှိလာပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်‌တွေဆီက သိရပါတယ်။ မနေ့ည ၈ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် (အရှေ့ခြမ်း)၊ မရကန်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ ယောက် ပွဲချင်းပြီး သေဆုံးကာ ဆေးကုသမှု ခံယူနေစဉ်အတွင်း နှစ်ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် ကနဦးရရှိတဲ့ သတင်းတွေအရ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ကျော် ရှိနေတယ်လို့ သိရပြီး နေအိမ် ၁၀ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လက်ဘက်ရည်ဆိုင်ပေါ်ကို ကျတာပါ။ သေဆုံးက…

Read More

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ နယ်စပ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွား

ကဘူးလ်၊ ဒီဇင်ဘာ-၆-၂၀၂၅ ရတီ(VOM) ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုအပတ်အစောပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ပြီးနောက် တင်းမာမှုတွေ ဆက်လက်မြင့်တက်နေခဲ့ပါတယ်။ အာဖဂန်တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ် က ပါကစ္စတန်တပ်ဖွဲ့တွေဟာ ကန်ဒါဟာပြည်နယ် စပင်ဘော်ဒက်ခ် ခရိုင်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကမူ အာဖဂန်တပ်ဖွဲ့တွေဟာ ချာမန် နယ်စပ်တလျှောက်မှာ အကြောင်းမဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ “ပါကစ္စတန်အနေနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံသားတွေ ဘေးကင်းရေးကို အပြည့်အဝသတိရှိသလို ကတိကဝတ်ပြုထားတယ် ” လို့ ပြောရေးဆိုခွင့်ရှိသူ မော့ရှာရက် ဇိုင်ဒီက ကြေညာချက်မှာ ပြောပါတယ်။ နှစ်ဖက်စလုံးဟာ အကဲဆတ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့ပြီး တောင်အာရှအိမ်နီးချင်းနိုင်ငံများအကြား အဖြေမရခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် နှစ်ရက်အကြာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။…

Read More

ရွေးကောက်ပွဲ ပါဝင်သူတွေကို အရေးယူမယ့် ဥပဒေ CRPH ပြဋ္ဌာန်းတဲ့အပေါ် နိုင်ငံရေးပါတီတွေ ဘာပြောလဲ

ဒီဇင်ဘာ ၆ ၊၂၀၂၅ GG (VOM) ရွေးကောက်ပွဲ ပါဝင်တဲ့သူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ် လုံးချမှတ်နိုင်မယ့် ဥပဒေတရပ်ကို CRPH အဖွဲ့က ပြဋ္ဌာန်းကြောင်း ထုတ်ပြန်တဲ့အပေါ် နိုင်ငံရေးပါတီအချို့ကတော့ ဂရုမစိုက်သလို စိုးရိမ်တာမျိုးလည်း မရှိဘူးလို့ ပြန်လည်တုံ့ပြန် ပြောဆိုလိုက် ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီမှ PPP မှ ဒုတိယဥက္ကဋ္ဌ ( ၂) ဖြစ်သူ ဦးစောဟန်အေးက “စိုးရိမ်မှုမရှိပါဘူး ။ဒီCRPH တို့ NUG တို့ဆိုတာ လေလှိုင်းကပဲလေ ။ ကျွန်တော်တို့ လည်းမမြင်ရဘူး ။ ကျွန်တော်တို့က နိုင်ငံရေးလုပ်တာ ရှင်းရှင်းပြောရရင် မကြောက်လို့ လုပ်တာဗျာ ။သူတို့ ထုတ်ပြန်ချက်လောက်ကတော့ ဘာဂရုစိုက်စရာရှိမှာ လဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကာလက နိုင်ငံရေးလုပ်ရတာ အကျပ်တည်း စိန်ခေါ်မှုတော့များတယ်။ တိုင်းပြည်ရဲ့ အရွေ့တခုကိုသွားချင်တဲ့အတွက် ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့်…

Read More