ဒီဇင်ဘာ ၄ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ပတ္တာရွာအနီးမှာ အိမ်စီးကား နဲ့ ရထား တိုက်မိပြီး သုံးယောက် သေဆုံးကာ နှစ်ပြင်းထန် ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ် ။ ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က စဉ့်ကိုင်မြို့နယ်၊ ပတ္တာရွာအနီးက ရန်ကုန်-မန္တလေး ရထားလမ်းကို ဖြတ်ကူးစဥ် ရထားနဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ကြောင်း ၊ အိမ်စီးကား စီးနင်းလာသူတွေဟာ ဘုရားတည်ဖို့အတွက် ရက်ရွေးဖို့ သွားရာမှာ ခုလို ယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သေတာက မိသားစုဝင်တွေပဲ ။ အမျိုးသား တယောက် ၊ အမျိုးသမီး နှစ်ယောက်ပါ ။ ငါးယောက်မှာ နှစ်ယောက်က…
Read Moreယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ဆက်ပေးမယ်လို့ နေတိုးအဖွဲ့ပြော
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၄-၂၀၂၅ ရတီ(VOM) နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီပေးတွေ ဆက်ပေးမယ်လို့ ထပ်မံအတည်ပြုလိုက်ပါတယ်။ အမေရိကန်ဦးဆောင်နေတဲ့ ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ကို အထူးကြိုဆိုတယ်လို့ မာ့ခ်ရူတီက ပြောပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ဒီအစီအစဉ် အောင်မြင်မှုကို အာမမခံနိုင်သေးဘူးလို့ ဆိုပါတယ်။ ပဋိပက္ခကို ဖြေရှင်းဖို့ အတွက်အရေးကြီးပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုကို ထောက်ခံပေမယ့် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ယူကရိန်းအပေါ် ယူကရိန်းအပေါ် စစ်ရေးအကူအညီတွေ ပေးမယ့် ကတိကဝတ်ကို နေတိုးအဖွဲ့အနေနဲ့ ယိမ်းယိုင်မှာမဟုတ်ဘူးလို့ မာ့ခ်ရူတီက ပြောပါတယ်။ ရုရှားအပေါ် ဖိအားပိုမိုလိုအပ်ကြောင်း သူက အလေးပေးပြောကြားခဲ့ပြီး နိုင်ငံတွေအနေနဲ့ ယူကရိန်းအတွက် အမေရိကန်လက်နက်တွေ ဝယ်ယူခွင့်ပြုတဲ့ အစီအစဉ်တခုကို နေတိုးက အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တို့လည်း ကြိုးပမ်းမှုမှာ ပါဝင်မယ်လို့ ပြောပါတယ်။ နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲမှာ…
Read Moreရေဘေးသင့်နေတဲ့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာမှား မိုးဆက်လက်ရွာသွန်းမယ်လို့ သတိပေး
ဂျကာတာ၊ ဒီဇင်ဘာ-၄-၂၀၂၅ ရတီ(VOM) အရှေ့တောင်အာရှ နိုင်ငံလေးနိုင်ငံမှာ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီးနောက် မိုးရွာသွန်းမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွေကြောင့် ရေကြီးရေလျှံမှုဒဏ်ခံနေရတဲ့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အင်ဒိုနီးရှားမှာ ကြာသပတေးနေ့ကနေ သောကြာနေ့အထိ အလယ်အလတ်မှ ပြင်းထန်တဲ့ မိုးရွားသွန်းမှုတွေ ဖြစ်လာမယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေ စတင်နေပေမယ့် ပြီးခဲ့တဲ့ အပတ်က ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်စေလောက်တဲ့အထိ မဆိုးရွားသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ယခင်ရေဘေးကြောင့် ကြာသပတေးနေ့အထိ သေဆုံးသူဦးရေမှာ ၇၇၆ ယောက်ရှိပြီး ဝေးလံခေါင်သီပြီး လက်လှမ်းမမီတဲ့ ဒေသတွေရှိ ဒေသခံတွေဟာ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲဖြစ်ပါတယ်။လူ ၅၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်ကြုံနေပါတယ်။ “ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့်…
Read Moreကျောင်းပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ဒီဇင်ဘာလကစပြီး သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံပေးမယ်
ဒီဇင်ဘာ ၄ ၊ ၂၀၂၅ GG (VOM) သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ကျောင်းပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ယခုဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တနိုင်ငံလုံးမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။ ယခု စီမံချက်နဲ့ ထိုးနှံပေးမယ့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးက တကြိမ်တည်းသာ ထိုးနှံရမှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကို အဓိကဖြစ်စေနိုင်တဲ့ လိင်အင်္ဂါကြွက်နို့ရောဂါပိုးအမျိုးအစား (၆/၁၁/၁၆/၁၈) တို့ကို ကာကွယ်ပေးနိုင် တယ်လို့ သိရပါတယ်။ ” ကာကွယ်ဆေးက စီမံချက်နဲ့ဆိုတော့ ရက်က ဒေသအလိုက် သူ့ရက်နဲ့သူပဲ ။ အဲဒီရက်အတွင်းမှာတော့ လာထိုးဖို့ လိုပါတယ် ။ ဒီကာကွယ်ဆေးက ထိုးသင့်ပါတယ်။.မိန်းကလေးတွေ ထိုးဖို့လည်း လိုအပ်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာရောဂါက အသက်ဆုံးရှုံးမှုရှိပါတယ်။ အခမဲ့ ထိုးပေးတာ ဖြစ်လို့ ကလေးမိဘတွေ…
Read Moreငရုတ်သီးကို ဓာတ်ခွဲစစ်ဆေးပြီး မှိုနဲ့အဆိပ်ဓာတ်ကြွင်း ကင်းရှင်းမှသာ ထိုင်းကိုတင်ပို့ခွင့်ရရှိမယ်
ဒီဇင်ဘာ ၄ ၊ ၂၀၂၅ CC (VOM) ထိုင်းနိုင်ငံကို ငရုတ်သီး (အခြောက်) နဲ့ ငရုတ်သီး ( အစို) တင်ပို့မယ်ဆိုပါက တင်ပို့မယ့် ငရုတ်သီးကို စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့် ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့ပြီး ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး နဲ့ မှိုအဆိပ်ဓာတ်ကြွင်း ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိရမှသာ ငရုတ်သီးကို တင်ပို့ခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” စိုက်ပျိုးရေးထုတ်ကုန် ဓာတ်ခွဲခန်းတွေရှိပါတယ် ။ အဲဒီကို ပို့ပြီး စစ်ဆေးရမှာပါ ။ ကိုယ်တင်ပို့မယ့် ငရုတ်သီးမှာ ပိုးသတ်ဆေး ကျန်မကျန် စစ်ရတာမျိုးပါ ။ စစ်ရတာ…
Read Moreတရုတ်နဲ့ တင်းမာနေစဉ် ထိုင်ဝမ်အနီး ကျွန်းပေါ်မှာ ဒုံးကျည်တွေဖြန့်ကြက်ဖို့ ဂျပန်စီစဉ်
တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၅ မျိုးဆက်(VOM) တရုတ်နဲ့ သံတမန်ရေး တင်းမာမှုတွေမြင့်တက်နေချိန်မှာပံ ဂျပန်စစ်တပ်ဟာ ထိုင်ဝမ်အနီးရှိ ကျွန်းတကျွန်းပေါ်မှာ တာလတ်ပစ်အမျိုးအစား မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ပြောပါတယ်။ တရုတ်နိုင်ငံကတော့ ဒီအစီအစဉ်ကို ဝေဖန်ရှုတ်ချလိုက်ပြီး ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ဖန်တီးဖို့နဲ့ စစ်ရေးအရ ရင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ဒီကနေ့မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံက တိုက်ခိုက်မှုဟာ ဂျပန်ရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်မှုဖြစ်တာကြောင့် စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချိက ယခုလမှာ ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်တို့အကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး သံတမန်ရေးရာ တင်းမာမှု ဖြစ်ပေါ်နေပါတယ်။ ဒုံးကျည်တွေ ဖြန့်ကြက်မယ့် အစီအစဉ်ဟာ ဂျပန်နဲ့ ဒေသတွင်းကို ဘေးအန္တရာယ်ဆီသို့ ဦးတည်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက…
Read Moreဓမ္မသံတော်ဆင့်စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက် မန္တလေး၊ နိုဝင်ဘာ- ၂၄- ၂၀၂၅ SA(VOM) မြန်မာသံတော်ဆင့် သတင်းဌာန၊ ဓမ္မသံတော်ဆင့် စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ် မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၂ လမ်း၊ ၃၄ လမ်း ၃၅ လမ်းကြားက ဗြဟ္မစိုရ်အသင်း စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်ကို တက်ရောက်လာသူများနဲ့ သတင်းဌာနတွေကို စာအုပ်ဝေငှပြီး မိတ်ဆက်ခဲ့သလို ဗြဟ္မစိုရ်အသင်းစာကြည့်တိုက်ကိုလည်း စာအုပ်တွေ လှူဒါန်းခဲ့ပါတယ်။ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက်…
Read Moreဗီယက်နမ် ရေဘေး လူ ၉၀ ကျော်သေပြီး ၁၂ ယောက်ပျောက်နေ
ဟနွိုင်း၊ နိုဝင်ဘာ-၂၄-၂၀၂၅ ရတီ(VOM) ဗီယက်နမ်နိုင်ငံမှာ ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိလာပြီး ၁၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးကြောင့် နိုင်ငံတဝန်းမှာ အိမ်ခြေ တသိန်းရှစ်သောင်းကျော် ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန် သုံးသန်းကျော် ရေထဲမျောပါခဲ့ပြီး ဒေါ်လာသန်းရာနဲ့ချီပြီး ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။ တောင်တန်းဒေသတွေဖြစ်တဲ့ ဒက်လက်ခ် ပြည်နယ်မှာ နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်း သေဆုံးသူ ၆၀ ကျော် ရှိခဲ့ပြီး အဆိုးရွားဆုံးထိခိုက်ခဲ့ပါတယ်။ မုန်တိုင်း ကယ်လ်မေဂီနဲ့ဘူအလွိုင် တို့ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဆက်တိုက်ဝင်ရောက်တိုက်ခတ်ပြီးနောက် လက်ရှိ ရေကြီးရေလျှံမှုဟာ ဆိုးရွားတဲ့ သဘာ၀ဘေးတခုလည်းဖြစ်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ လူပေါင်း နှစ်သိန်းခွဲကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး အဓိက အဝေးပြေးလမ်းမကြီးတွေနဲ့ ရထားလမ်းတွေ ပိတ်ဆို့ခဲ့တယ်လို့…
Read Moreလှိုင်သာယာမှာ ကားဆင့်တိုက်မှုဖြစ်ပြီး သုံးနှစ်ကလေးအပါအဝင် နှစ်ယောက်သေ၊ နှစ်ယောက် ဒဏ်ရာရ
နိုဝင်ဘာ ၂၄ ၊ ၂၀၂၅ CC (VOM) ရန်ကုန်တိုင်း ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၊ အလယ်ရွာ မှတ်တိုင်အနီးမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ၊ မနက် ၁၀ နာရီကျော်လောက်က ကားဆင့်တိုက်မှုဖြစ်ပွားပြီး ကလေးငယ်တယောက်အပါအဝင် နှစ်ယောက် သေဆုံးပြီး နောက်ထပ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မှန်လုံကားတစီးက နောက်ထပ်ကားသုံးစီးနဲ့ ဆိုင်ကယ်ဘေးတွဲ သုံးစီးကို ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ ယာဉ်ဆင့်တိုက်မှုကြောင့် ဆိုင်ကယ်ဘေးတွဲမောင်းသူ အမျိုးသား နဲ့ အသက် သုံးနှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” မှန်လုံကားက ဘရိတ်ပေါက်ပြီး ဘေးကကားတွေနဲ့ ဆိုင်ကယ်ဘေးတွဲတွေကို ယာဉ်ဆင့်တိုက်မှု ဖြစ် တာပေါ့။ အဲဒီမှာ ဆိုင်ကယ်ဘေးတွဲတစီးက မောင်းသူသေတယ်။ လိုက်ပါစီးနင်းတဲ့ ခရီးသည်ရဲ့ ကလေးငယ်သေဆုံးသွားတယ်။…
Read Moreမတ္တရာမှာ စစ်ရေး ပိုတင်းမာလာပြီး ရွာလုံးကျွတ် စစ်ရှောင်မှုများလာကာ လက်နက် ကြီးကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေရှိ
နိုဝင်ဘာ ၂၄ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ရေးအခြေအနေ ပိုပြင်းထန်လာနေတယ်လို့ သိရပါတယ် ။ လက်ရှိမှာ အစိုးရတပ်တွေက မတ္တရာမြို့နယ်အတွင်းရှိ နေရောဒေသ တော်တော်များများကို ပြန်လည်ရယူ ထိန်းချုပ်ထားနိုင်ပြီး ဒေသတခုလုံး အပြည့်အဝ ရရှိဖို့အတွက် လေကြောင်း ၊ မြေပြင်ထိုးစစ် ၊ ဒရုန်းတွေနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်မှုရှိလာ နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ မြေပြင် စစ်ရေးအခြေအနေ တင်းမာလာတဲ့ အခြေအနေတွေကြောင့် ကျေးရွာတော်တော်များများလည်း စစ်ဘေးရှောင်နေကြရပြီး ရွှေ့ပြောင်းစစ်ရှောင်ဖို့ ခက်ခဲတဲ့ အနာကြီးရောဂါဝေဒနါရှင်တွေနဲ့ သက်ကြီးရွယ်အိုတွေသာ ရွာမှာ ကျန်ရှိနေတယ် လို့သိရပါတယ်။ ” အနီးအနားရွာတွေလည်း အကုန်ရှောင်ကုန်ကြပြီ။ နံ့သာမြိုင် ရွာလည်း တရွာလုံးနီးပါး ရှောင်ကုန်ပြီ မရှိကြတော့ဘူး ။ မရှောင်နိုင်တာဆိုရင်…
Read More




