၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ အွန်လိုင်းငွေလိမ် ကျားဖြန့် စခန်း တခု စီးနင်း ဖမ်းဆီးခံရ

ဩဂုတ် ၁၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းက MNDAA ထိန်းချုပ်ရာ နယ်မြေဘက်ခြမ်း ၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း အွန်လိုင်းငွေလိမ် ကျားဖြန့် အလုပ်ဆိုဒ် တခု စီးနင်းဖမ်းဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ခိုတိမ်ရွာ ရှမ်းရွာမှာ။ ကျားဖြန့်ကို ဝင်ဖမ်းတာ ပြေးကုန်ပြီ။ မူဆယ်မြို့နယ် မော်တောင်းရွာနဲ့ နီးတယ်။ မော်တောင်းရွာ ကနေ ဆိုင်ကယ်နဲ့ ဆင်းသွားရင် မိနစ် ၂၀ လောက် ဆိုရောက်ပြီ။ တရက်နှစ်ရက်ဆို သတင်းထွက်တော့မယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေ အလုပ်လုပ် အခြေချခဲ့တဲ့ အဆောက်အဦး အိမ်ခြံဝင်းအတွင်းက သူတို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို…

Read More

YBS ယာဉ်စီးခတွေ တိုးမြှင့်မယ့် ကြေညာချက်ကို ပယ်ဖျက်

ဩဂုတ် ၁၆ – ၂၀၂၆ SN (VOM) ရန်ကုန့်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ကြေညာခြင်းကို ဒီကနေ့ ဩဂုတ် ၁၆ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ “YBS ယာဉ်စီးခ ကျပ် ၂၀၀ ခရီးစဉ်ကို ၃၀၀ ကျပ်၊ ကျပ် ၄၀၀ ခရီးစဉ်ကို ၆၀၀ ကျပ်အဖြစ် စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီး ပြောင်းလဲကောက်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။ ပယ်ဖျက်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ အခက်အခဲမဖြစ်အောင်လို့ပါ” လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။ ယာဉ်အပိုပစ္စည်း၊ ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုတန်ဖိုး ကြီးမြင့်တာ၊ ယာဉ်ပြင်ဆင်စရိတ်တွေ မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံမယ်လို့ YRTC…

Read More

ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို ထောက်ပံ့ပေးတဲ့ MCCT အစီအစဉ်အမည်နဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေ ရှိနေ

ဩဂုတ် ၁၆ – ၂၀၂၆ SS (VOM) ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် နှစ်နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ်ရဲ့ နာမည်ကို အလွဲသုံးစားပြုကာ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုတွေ ရှိနေတာကြောင့် အထူးသတိပြုကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ MCCT အစီအစဉ်မှာ အကျုံးဝင်သူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့်သာ ကောက်ယူနေတာဖြစ်ပြီး အွန်လိုင်းကနေ စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ဘူးလို့ ဆိုပါတယ်။ ဒါအပြင် အကျိုးခံစားသူ စာရင်းသွင်းဖို့ လျှောက်ထားပုံစံနဲ့ ပတ်သက်လို့လည်း ငွေကြေးတစုံတစ်ရာ ကောက်ခံတာမရှိသလို အခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကျိုးခံစားခွင့်…

Read More

သူတို့အိမ် အခန်း (၁၉၆)

    ဆူးငှက်     စင်တင်များနှင့် မန္တလေး ————————– ၁၉၉၀လွန်ကာလ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူ အသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။ မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်က စင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီးအနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင် ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။     ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။ မြန်မာသံလည်းရသည်။…

Read More

ကျန်းမာရေးကောင်းစွာ နေထိုင်နိုင်ရန် အခြေခံသော့ချက်များ

      မန္တလာ ဆရာမျိုး   ယနေ့ခေတ်တွင် ဆေးပညာ (Medicine) သည် အလွန်တိုးတက်လာပြီး ယခင်က ကုသရန်ခက်ခဲခဲ့သော ရောဂါများစွာကိုပင် ထိရောက်စွာ ကုသနိုင်လာပြီဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် သွေးတိုးရောဂါ (Hypertension)၊ ဆီးချိုရောဂါ (Diabetes Mellitus)၊ နှလုံးသွေးကြောရောဂါ (Cardiovascular Disease – နှလုံးနှင့် သွေးကြောရောဂါ)၊ အဝလွန်ခြင်း (Obesity)၊ အသည်းအဆီဖုံးခြင်း (Fatty Liver Disease – အသည်းအဆီဖုံးရောဂါ) နှင့် စိတ်ဖိစီးမှု (Stress) ကဲ့သို့သော နာတာရှည်ရောဂါများမှာ ပိုမိုများပြားလာနေသည်။ ဤရောဂါများ၏ အဓိက အကြောင်းရင်းများကို လေ့လာကြည့်လျှင် မျိုးရိုးဗီဇ (Genetics) တစ်ခုတည်းကြောင့် မဟုတ်ဘဲ နေ့စဉ်လူနေမှုပုံစံ (Lifestyle) နှင့် အလွန်ဆက်စပ်နေကြောင်း တွေ့ရသည်။   လူအများစုက ကျန်းမာရေးကောင်းစေရန် အထူးဆေးဝါးများ၊…

Read More

“ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသ ခရစ်ယာန်ဘုရားကျောင်းအားလုံး ယာယီပိတ်

ဩဂုတ်၁၅၊ ၂၀၂၆။ NN(VOM) UWSA “ဝ” တပ်ဖွဲ့က သူတို့ထိန်းချုပ်နယ်မြေအတွင်းက ခရစ်ယာန် ဘုရားကျောင်းတွေအားလုံးကို ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အစွန်းရောက်တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့အချို့ ဝင်ရောက်လာလို့ ပိတ်တာလို့ ကနဦးသိရတယ်လို့ ပန်ဆန်းမြို့ခံ တချို့ဆီကနေ သိရပါတယ်။ “ယေရှုတရုတ်မ ဂိုဏ်းအဖွဲ့ ရောက်နေလို့ဆိုပြီး ပိတ်ထားမယ်လို့ သိရတာ ” လို့ ပန်ဆန်းမြို့ခံတယောက်က ပြောပါတယ်။ အစွန်းရောက်တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့တွေ ရောက်နေတာကြောင့် တရုတ်အစိုးရဘက်က သတိပေးလို့ ပိတ်ထားရတာလို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိ သူ တွေဘက်က ပြောပါတယ်။ “ဝ” ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ပေးထားပြီး အစွန်းရောက် တဲ့ ဘာသာရေးယုံကြည်မှုကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေကို ရက်ပေါင်း ဘယ်လောက်အထိ ပိတ်ထား မယ်ဆိုတာကိုတော့ “ဝ” တပ်ဖွဲ့…

Read More

ရက် ၁၀၀ အလွန်မှာ ပြည်သူတွေဘဝ ဘာထူးသွားလဲ

ဩဂုတ် ၁၅ – ၂၀၂၆ SS (VOM) အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကာလ (၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ) အလွန်မှာ ပြည်သူတွေရဲ့ဘဝ သိသာထင်ရှားတဲ့ တိုးတက် ကောင်းမွန်လာခြင်း မရှိဘဲ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးကျပ်တည်းခြင်းနဲ့ လူမှုရေးအခက်အခဲတွေသာ ပိုမိုဆိုးရွားလာတာကို တွေ့ရှိရတယ်လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ လက်ရှိမှာ ဆန်၊ စားသုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်းဆက်လက် ကြီးမြင့်နေပြီး ကျပ်တည်းမှုဒဏ်ကို ပြည်သူလူထုက တိုက်ရိုက်ခံစားနေရသလို ငွေကြေးဖောင်းပွမှု၊ ပြည်ပကုန်စည် တင်သွင်းမှု အခက်အခဲနဲ့ စီးပွားရေး မရေရာမှုတွေကြောင့် လက်လုပ်လက်စားနဲ့ အလယ်အလတ်တန်းစားတွေ ပိုမို ကျပ်တည်းလာတယ်လို့ သိရပါတယ်။ “ရက် ၁၀၀ စီမံချက်မှာပါတဲ့ မူဝါဒတွေက ယေဘုယျဆန်တယ်။…

Read More

အသည်းအဆီဖုံးရောဂါ

      မန္တလာ ဆရာမျိုး     အရက်မသောက်သူများတွင်လည်း တိတ်တဆိတ် ဖြစ်ပွားနိုင်သည့် ကျန်းမာရေးပြဿနာ     လူအများ၏အမြင်တွင် အသည်းရောဂါဟုဆိုလိုက်သည်နှင့် အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောင် အသားဝါရောဂါပိုးများ ကူးစက်ခြင်း သို့မဟုတ် အဆိပ်အတောက်တစ်မျိုးမျိုးကြောင့် အသည်းပျက်စီးခြင်းတို့ကိုသာ အရင်ဆုံး စဉ်းစားတတ်ကြပါသည်။ သို့သော် ယနေ့ခေတ်တွင် အရက်မသောက်သူများအပါအဝင် သာမန်အားဖြင့် ကျန်းမာနေသည်ဟု ထင်ရသူများ၌ပင် အသည်းအတွင်း အဆီများ တဖြည်းဖြည်းစုဝေးလာသည့် အသည်းအဆီဖုံး ရောဂါ ကို မကြာခဏ တွေ့ရှိလာရပါသည်။     ဤရောဂါသည် အစောပိုင်းတွင် နာကျင်မှုမရှိ၊ သိသာသောလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ တိတ်တဆိတ် တည်ရှိနေနိုင်သည်။ လူတစ်ဦးသည် အခြားအကြောင်းအရာတစ်ခုကြောင့် သွေးစစ်ခြင်း၊ ဝမ်းဗိုက်အာထရာဆောင်း စစ်ခြင်း သို့မဟုတ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းမှသာ အသည်းအဆီဖုံးနေသည်ဟူသော အဖြေကို မတော်တဆ သိရှိရတတ်သည်။ အချို့လူများတွင်…

Read More

သူတို့အိမ် အခန်း (၁၉၅)

ဆူးငှက်   ဝန်ထမ်းသက်သာ ရံပုံငွေ အစီအစဉ် ————————————–     ယခင်က ထိုနေရာတဝိုက်သည် ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည်။ အင်္ဂလိပ်ခေတ်က စီဗီလိုင်းဟု အမည်ပေးပြီး ဆတ်ကျောင်း(ရဲသိပ္ပံ)၊ စက်မှုလက်မှု သိပ္ပံကျောင်း ပညာရေးမှူးရုံး၊ ရုံးကြီး၊ တီတီစီ ခေါ် ဆရာအတတ်သင်သိပ္ပံကျောင်း၊ ဝက်စလီ ခေါ် အ.ထ.က ၁၆၊ နှင့် အောင်တော်မူဘုရား၊ မဟာဝိဇိတာရုံတိုက်စသည့် နေရာများနှင့်ဆက်စပ်သည်။ မန္တလေး၏ အရှေ့စွန်း မြို့ကွက်လည်း ဖြစ်သည်။     အစိုးရ အရာရှိကြီးများ၏ ပြပေါက်နီးပါး ကျယ်သော လူနေခြံဝင်းကြီးများ ရှိသည်။ ၁၉၉၀ခုနှစ် နောက်ပိုင်းရောက်မှ ဈေးကွက်စီးပွားရေးနှင့် ဌာနဆိုင်ရာများ၏ ဝန်ထမ်းသက်သာ ရံပုံငွေ အစီသစဉ်များဖြင့် ရုံးများ ကျောင်းများ၏ ပတ်လည်တွင် လူနေဆိုင်ခန်းများတည်ဆောက်၍ အငှားချထားသည်။ ထိုအခါ ထိုနေရာတဝိုက်သည် မန္တလေး၏ ယူနန် စားသောက်တန်းပမာ စည်ကားသွားတော့သည်။…

Read More

မော်လမြိုင်မှာ ဓာတ်ကြိုးလာခိုးတဲ့အမျိုးသား ဓာတ်လိုက်​သေဆုံး

ဩဂုတ် ၁၄ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ညောင်ပင်ဆိပ်ရပ်ကွက် ၊ စက်မှုဇုန်(၁၆)လမ်းမှာ မနေ့ ဩဂုတ် ၁၃ ရက်နေ့ မနက်အစောပိုင်းက ဓာတ်ကြိုးလာခိုးတဲ့အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ စက်မှုဇုန်(၁၆)လမ်းမှာရှိတဲ့ ဓာတ်တိုင်ကတွဲလောင်းကျနေတဲ့ ဓာတ်ကြိုးကို ဖြုတ်ယူရာကနေ ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ကြောင်း သိရပါတယ် ။ ” ပြောပုံအရဆိုရင် ၅ နာရီကျော်ကျော်လောက်ထဲက ဖြစ်နေတာ ။ကျွန်တော်တို့သွားတော့ သူ့လက်ထဲမှာ ဓာတ်ကြိုးကိုင်ရက်သား တွေ့ရတယ်။ အရင် သူခိုးခိုးဖြတ်ထားတဲ့ ဓာတ်ကြိုးက ဓာတ်တိုင်ပေါ်ကနေ တွဲလောင်းကျနေတာ။ အဲဒါကို သူကဆွဲတာကနေ အပေါ်က ကြေးကြိုးပါတွဲကျလာပြီး ကြိုးတွေပူးပြီး ဓာတ်လိုက်တဲ့ သဘောလို့သိရတယ်။ သူတို့ကတော့ ပလုံကောက်တာလို့ပြောပေမယ့် တချို့ကတော့ မနက်အစောကြီးဆိုတော့ ခိုးတာပဲ ဖြစ်ဖို့များတယ်ပေါ့လေ ။ ” လို့…

Read More