ဓါးပြတိုက်လူသတ်မှု ကျူးလွန်ခဲ့သူ လေးယောက်ကို “ဝ” တပ်ဖွဲ့ ကဖမ်းဆီးပြီး အစိုးရကိုပြန်လွှဲ

ဩဂုတ် ၁၄၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဓါးပြတိုက်၊ လူသတ်မှုကျူးလွန် ခဲ့ပြီး “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေတဲ့ အမျိုးသား လေးယောက်ကို ဖမ်းဆီးရမိတာကြောင့် အစိုးရတာဝန်ရှိသူတွေဆီကို ပြန်လွှဲ လိုက်တယ်လို့ “ဝ” တပ်ဖွဲ့ဘက်ကပြောပါတယ်။ ဖမ်းမိသူ​တွေဟာ အခုနှစ် မတ်လ ၂၁ရက်နေ့က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်မှာ ရှိတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့အိမ်ကို အမျိုးသား တစုက ဝင်ရောက် ဓါးပြတိုက်ခဲ့ပြီး အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အိမ်ရှင် ဦးဝမ်ကျိုင်းသေဆုံးခဲ့ရပါတယ်။ ​နောက်တခုက အခုနှစ် မေလ အတွင်းမှာပဲ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းစံရပ်၊ ကျိုင်းငန်း ဝက်အင်းလမ်းမှာရှိတဲ့ ခေမာရဋ္ဌ်ရွှေဆိုင်ပိုင်ရှင်မိသားစု ဆိုင်သိမ်းပြီးပြန်လာတဲ့အချိန် ကားနဲ့ရောက်လာတဲ့ အမျိုးသားတစုက ရွှေဆိုင် ပိုင်ရှင် ရဲ့သား စိုင်းရီတစ်စံ ကို သေနတ်နဲ့ပစ်ခတ်ပြီး ရွှေထည်နဲ့ ငွေသားတွေ ယူဆောင်သွားခဲ့တဲ့ဖြစ်စဥ်နဲ့…

Read More

ရခိုင်ပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ရက်အတွင်း အယောက် ၂၀ ကျော် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရ

ဩဂုတ် ၁၄ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်အတွင်းက ဂွ၊ သံတွဲ၊ အမ်းနဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ် ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း အယောက် ၂၀ ကျော် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီ‌ပေးနေသူတွေက ပြောပါတယ်။ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်မှာ မနေ့ ဩဂုတ် ၁၃ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေဆုံးခဲ့တဲ့အပြင် နေအိမ် ငါးလုံးနဲ့ သုံးဘီးဆိုင်ကယ် တစီးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “ရှစ်ယောက်လုံးက တနေရာတည်းမှာတင် ပွဲချင်းပြီး သေသွားတာ။ ကျိန္တလီမှာ တိုက်ခိုက်မှုမဖြစ်ခင် ဂွမြို့နယ်က ကိုင်းခုံကျေးရွာမှာလည်း ည ၁၀…

Read More

ဝက်မွေးမြူရေးခြံ​တွေမှာ အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး ပြန့်နှံနေတာ မှန်ပေမယ့် လူကို အန္တရာယ်မပေးနိုင်

သြဂုတ် -၁၄-၂၀၂၆ EPM(VOM) ရန်ကုန်မှာရှိတဲ့ ဝက်မွေးမြူးရေး ခြံ​တွေမှာ ဝက်အချင်းချင်း ကူးစက်တက်တဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါပိုး ( African Swine Fever) ပြန့်နှံနေတာ မှန်ပေမယ့် အဲဒီရောဂါပိုးဟာ လူကို ကူးစက်နိုင်တဲ့အခြေအနေ မရှိဘူးလို့ ဝက်မွေးမြူရေး ကျွမ်းကျင်သူ​တွေက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝက်မွေးမြူရေး ခြံအများဆုံးရှိတဲ့ မှော်ဘီ ၊ ညောင်နှစ်ပင် နဲ့ လှည်းကူး မြို့နယ်တွေက ခြံတွေမှာ ဝက်အချင်းချင်း ကူးစက်တဲ့ အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး ဖြစ်ပွားနေတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကလို ဝက်မွေးမြူးရေးအသင်းမှာ အကြံပေးပညာရှင် ဦးသန်းလှက ပြော ပါတယ်။ “ ဖြစ်နေတာကတော့ ဒီဇင်ဘာလကတည်းကပါ တအိအိ ဖြစ်နေတာပေါ့။ ကာကွယ်ဆေး မပေါ်သေးတော့ ဖြစ်လိုက်ရင် မွေးမြူးရေး ခြံသမားတွေအတွက် ဆုံးရှုံးမှု ရှိတာပေါ့။ ဒါပေမယ့် သူက…

Read More

အသေးစား၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ ချေးငွေ သန်း ၅၀ ကနေ သန်း ၁၀၀ အထိ လျှောက်ထားနိုင်

ဩဂုတ် ၁၄ – ၂၀၂၆ SN (VOM) အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) လုပ်ငန်းရှင်တွေအနေနဲ့ သက်သာတဲ့ အတိုးနှုန်းနဲ့ ကျပ် သန်း ၁၀၀ အထိ ချေးငွေ လျှောက်ထားနိုင်သလို အာမခံပစ္စည်း မရှိသူတွေလည်း ချေးငွေအာမခံ (Credit Guarantee Insurance – CGI) စနစ်နဲ့ ကျပ် သန်း ၅၀ အထိ ချေးငွေ ရယူနိုင်တယ်လို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေတွေကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တို့မှတဆင့် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် (ဒါမှမဟုတ်) ခရိုင် MSME အေဂျင်စီတွေမှာ လျှောက်ထားနိုင်တယ်လို့…

Read More

ဒုဋ္ဌဝတီမြစ်ကြောင်းတလျှောက်က အပန်းဖြေစခန်း ၁၅ ခုထဲက ၁၃ ခုဟာ လိုင်စင်မရှိပဲ ဖွင့်လှစ်ထား

မန္တလေး၊ သြဂုတ်- ၁၄- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်နဲ့ အပန်းဖြေ စခန်း ၁၅ ခုရှိတဲ့အထဲက ၁၃ ခုက လိုင်စင်မရှိပဲ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စုအတွင်းက အပန်း ဖြေစခန်း ၁၅ ခုက တရားဝင် လိုင်စင်ရှိ/မရှိ နဲ့ အကယ်၍ လိုင် စင်ရှိပါက နိုင်ငံတော်ဘဏ္ဍာငွေ သို့မဟုတ် တိုင်းဘဏ္ဍာငွေအခွန်ရရှိမှု ရှိမရှိ ဆိုတဲ့မေးခွန်းကို ပြင်ဦးလွင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်က လွှတ်တော်ကတဆင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးဌာနကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာ ၃ မိုင် သဘာဝ အပန်းဖြေစခန်း၊ ၃ မိုင် ပြည်သူ့နန်းတော်၊ ၅ မိုင်…

Read More

နာဂ နန်းယွန်းမှာ ပျက်နေတဲ့ ရေအားလျပ်စစ်စက်ရုံပြင်ပေး​တော့မယ်

မုံရွာ သြဂုတ်- ၁၄ -၂၀၂၆ MW(VOM) သဘာဝဘေးကြောင့် ပျက်ဆီးခဲ့တဲ့ နန်းယွန်းမြို့၊ တိုင်းခမ်းချောင်းက အသေးစားရေအားလျပ်စစ်စက်ရုံကို ပြင်ပေးမယ်လို့ သြဂုတ်လ၁၃ရက်ကကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ စစ်ကိုင်းတိုင်းသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက အဖြေပေးခဲ့ပါတယ်။ အကြီးစားပြင်တဲ့ လုပ်ငန်းကို နှစ်ဆက်လုပ်ငန်းအဖြစ်၂၀၂၆-၂၇နှစ်ကနေ ၂၀၂၈-၂၉ နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်းအစိုးယရ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်သန်းဝင်းက ဖြေကြားတာပါ။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ နာဂ​ဒေသ နန်းယွန်းမြို့နယ် တိုင်းခမ်းချောင်းရေအားလျပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ပေးဖို့အစီအစဥ်ရှိမရှိ မေးခွန်းကို နန်းယွန်းမြို့နယ်အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနောက်တွန်းက မေးမြန်းတာဖြစ်ပါတယ်။ “ရေကြီးရေလျှံမှုဖြစ်ပွားနေချိန်မှာ ရေဝင်ကွန်ကရစ်ပိုက်လိုင်း အထိုင်နေရာကို ရေတိုက်စားတာကြောင့် မြေပြိုကျသွားတဲ့နေရာမှာ နန်းယွန်းမြို့က ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ဒေသနည်းဒေသဟန်နဲ့ ယာယီဒေါက်တိုင်တွေစိုက်ထူပြီး ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြပါတယ်။ ဒါပေမယ့် မိုးဆက်ရွာတာကြောင့် အခြားတနေရာမြေပြိုကျမှု ထပ်မံဖြစ်ပွားတာကြောင့် ကွန်ကရစ်ပိုက်လိုင်းခန့်မှန်းခြေပေ၂၀၀ လောက်ကျိုးကျပျက်ဆီးသွားခဲ့ရပါတယ်။သဘာဝဘေးကြောင့် ပျက်သွားတဲ့ တိုင်းခမ်းရေအားလျပ်စစ်စက်ရုံကို ပြန်လည်ပြုပြင်နိုင်တာမျိုး မရှိသေးတဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မြို့နေပြည်သူတွေ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်တွေ…

Read More

သိန္နီမှာ KTV၊ အနှိပ်ခန်းများလာပြီး အိမ်၊ မြေငှားဈေးကွက် တရုတ်နိုင်ငံသားတွေ လွှမ်းမိုး

ဩဂုတ် ၁၄၊ ၂၀၂၆ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ရာ သိန္နီမှာ KTV၊ အနှိပ်ခန်းများလာပြီး အိမ်၊ မြေငှားဈေးကွက်ကို တရုတ်နိုင်ငံသားတွေ လွှမ်းမိုးထားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ “ဟိုမှာကြည့် ဟိုမှာလည်း အနှိပ်ခန်း။ သူတို့က အနှိပ်ခန်းကို ဖျော်ဖြေရေး စခန်းလို့ ရေးထားတာ။ သိန္နီမြို့ပေါ် အနှိပ်ခန်း ၆ နေရာ ထက်မနည်း ရှိတယ်။ မြင်သာထင်သာ ရှိတာ ၆ ခု။ အနှိပ်ခန်းတွေက အသန့်မဟုတ်ဘူး။ အရောတွေ။ မြို့လူဦးရေနဲ့ မလိုက်အောင် အနှိပ်ခန်းများနေတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ ဒီအနှိပ်ခန်းတွေကိုလာတဲ့ ဧည့်သည်တွေက ဒေသခံတွေ မဟုတ်ပဲ အများစုက တရုတ် နိုင်ငံသားတွေဖြစ်ပြီး KTV တွေကလည်း အများအပြားရှိလာတယ်လို့ သူက ပြောပါတယ်။ ဒေသခံအမျိုးသားတယောက်ကတော့…

Read More

အိပ်ရေးမဝခြင်း

    မန္တလာ ဆရာမျိုး   ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေသော အန္တရာယ်     လူတစ်ဦး ကျန်းမာစွာနေထိုင်နိုင်ရန် အာဟာရပြည့်ဝသောအစားအစာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် အရေးကြီးကြောင်း လူအများ သိရှိထားကြပြီး ဖြစ်ပါသည်။ သို့သော် ကျန်းမာရေးအတွက် အလွန်အရေးပါသော အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် အိပ်ရေးဝဝအိပ်ခြင်း ကိုတော့ အလုပ်များခြင်း၊ စာဖတ်ရခြင်း၊ ဖုန်းအသုံးများခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် မကြာခဏ လျစ်လျူရှုမိတတ် ကြသည်။   တချို့လူများသည် ညစဉ် နာရီအနည်းငယ်သာ အိပ်ပြီး အိပ်ချိန်နည်းနည်းနဲ့လည်း အဆင်ပြေတယ်ဟု ထင်တတ်ကြသည်။ တချို့ကလည်း ညနက်အထိ ဖုန်းကြည့်ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်ဆက်လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေကြသည်။ ထိုအလေ့အထများသည် အစပိုင်းတွင် များစွာမထိခိုက်သလို ထင်ရသော်လည်း အချိန်ကြာလာသောအခါ ခန္ဓာကိုယ်နှင့်…

Read More

သူတို့အိမ် အခန်း (၁၉၄)

ဆူးငှက်   မပန်းခက်နှင့် မုံရွာ ဘုတလင်ခရီး ————————————-     ကျွန်တော်လည်း အိမ်သို့ပြန်ရောက်သည်နှင့် ကိစ္စများမြောင် လူတို့ဘောင်၏ အပူလုံးတွေက ထုံးစံအတိုင်း ရိုက်ခတ်ဆဲ ဖြစ်သည်။ သို့သော် အရင်ကလို ဝမ်းနည်းစိတ် အားငယ်စိတ်ခြင်း ယူကြုံးမရ အပူလုံးမကြွတော့။ ဘာဖြစ်သင့်ပြီလဲ၊ အဲ့ဒီဖြစ်သင့်သည်ကို လက်ခံလျှင် ဖြစ်ချိန်တန်ပြီလား ဆိုသည်ကို ညစဉ် အိပ်ရာထဲ နဖူးပေါ် လက်တင်ကာ စဉ်းစားနေရလို့ အိပ်ရေးပျက်ပေါင်းများပြီ။ ထိုစဉ်ကာလ ဂျပန်နိုင်ငံ၏ နွေဦးရာသီရောက်တိုင်း မြန်မာနိုင်ငံသို့ တစ်ခေါက်တစ်ကြော့ လာတတ်သည့် ဂျပန်နိုင်ငံသူ မြန်မာစာသုတေသီ မပန်းခက်က မန္တလေးရောက်ခိုက် အိမ်သို့ အလည်ရောက်လာသည်။ သူက ကျွန်တော့်ကို မြင်လိုက်သည်နှင့် “ဆရာ ဆူးငှက် နေထိုင်မကောင်းဘူးလား” ဟု မျက်ရိပ်မျက်ကဲကြည့်ပြီး ချက်ချင်း မေးသည်။     ထို့နောက် စကားစမည်ပြောပြီး ကျွန်တော်တို့…

Read More

ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော​ရောဂါကြောင့် သေဆုံးသူရှိလာတဲ့အတွက် လမ်းဘေးစျေးသည်တွေကို ရောင်းချခွင့်ပိတ်

ဩဂုတ် ၁၃ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာနဲ့ချီရှိနေတဲ့အပြင် လူသေဆုံးမှုပါရှိလာတာကြောင့် တိုင်းအတွင်းရှိ လမ်းဘေးအစားအစာရောင်းချခြင်းကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ ၂၈၀ ယောက်ရှိခဲ့ပြီး အဲဒီထဲက အသက်၉၀​ကျော်တယောက်သေဆုံးကာ ၅၄ ယောက်မှာ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေနိုင်တဲ့ လမ်းဘေး အစားအစာရောင်းချခြင်းကို ဒီနေ့ကစပြီး သုံးရက်မှ ငါးရက်အတွင်း ရောင်းချခြင်း တားမြစ်လိုက်ပြီး ပြန်လည် ရောင်းချရမယ့်အချိန်ကိုလည်း ရောဂါအပေါ်မူတည်ပြီး ထပ်မံအသိပေးသွားမယ်လို့ အုပ်ချုပ်ရေး နဲ့ရဲတပ်ဖွဲ့ ၊စည်ပင်တို့ပူးပေါင်းပြီး သတိပေး တားမြစ်လိုက်တာဖြစ်ပါတယ်။ ” ညက လိုက်ကြေငြာသွားတယ်။ လမ်းဘေးစျေးသည်တွေကို ရောင်းခွင့်ပိတ်လိုက်တယ်ဆိုပြီးတော့ ။ အခုကဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတော့ လမ်းဘေးစာလည်း မစားရဲပါဘူး ။…

Read More