စင်ကာပူမှာ မူးစ်ဆေးဝါးမှုနဲ့ လူသုံးယောက်ကို ကြိုးပေးကွပ်မျက်

စင်ကာပူ ၊ ဒီဇင်ဘာ-၂-၂၀၂၅ ရတီ (VOM) စင်ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးပြစ်မှုတွေအတွက် လူသုံးယောက်ကို ပြီးခဲ့တဲ့အပတ်က ကြိုးပေးကွပ်မျက်ခဲ့ပြီး ယခုနှစ်အတွင်း စုစုပေါင်း ၁၇ ယောက်အထိ ကွပ်မျက်ခဲ့ကာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ လူသုံးယောက်ကို ကြိုးပေးကွပ်မျက်မှုဟာ မူးယစ်ဆေးဝါးပြစ်မှုတွေအတွက် သေဒဏ်ကို ဆန့်ကျင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတရပ်ကို ကြားနာဖို့ တပတ်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအချို့ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ဒိုင်ယာမော်ဖင်း ၁၅ ဂရမ်၊ ကိုကင်း ၃၀ ဂရမ်၊ မက်သာဖက်တမင်း ၂၅၀ ဂရမ်နဲ့ ဆေးခြောက် ၅၀၀ ဂရမ်ထက်ပို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း အပါအဝင် မှောင်ခိုရောင်းဝယ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ဘယ်သူမဆို သေဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုတွေမှာ စင်ကာပူရဲ့ မဖြစ်မနေ သေဒဏ်ပေးခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရ ဥပဒေရဲ့ တန်းတူကာကွယ်မှုကို…

Read More

ငွေငန်း ရှင်းတမ်း (၄)

ဆူးငှက် မြန်မာ ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ်အကူး မြန်မာသင်္ကြန်သည် ခရစ်နှစ် ၁၉၅၁ ခုနှစ်၊ ဧပြီလဖြစ်သည်။ ၁၃၁၃ ခုနှစ်၊ တန်ခူးလဆန်း ပထမပတ်သည် အတာသင်္ကြန်ကာလ ဖြစ်၏။ ထိုနှစ်သင်္ကြန်တွင်လည်း မန္တလေးမြို့၌ပင် နိုင်ငံတော် သမ္မတကြီးနှင့်အတူ (ထိုစဉ်က) နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် မိသားစုပါ၊ ပါဝင်ဆင်နွှဲကြသည်။ တိုင်းရင်းသားမျိုးနွယ်များပါ တပျော်တပါး ပါဝင်ဆင်နွှဲသဖြင့် မန္တလေးသင်္ကြန်သမိုင်း၌ “ပြည်ထောင်စုသင်္ကြန်” အဖြစ် ထင် ရှားခဲ့သည်။ ထို့ကြောင့် ယခင်နှစ် ၁၃၁၂ ခုနှစ်(၁၉၅၀) သင်္ကြန်က ငြိမ်းချမ်းရေးသင်္ကြန်။ ယခုနှစ် ၁၃၁၃ (၁၉၅၁) သင်္ကြန်က ပြည်ထောင်စုသင်္ကြန်အဖြစ် (၂)နှစ်ဆက်တိုက် ဆင်နွှဲခဲ့ခြင်းဖြစ် သည်။ မန္တလေးမြို့၏ ယခုထက်တိုင် လူကြီးသူများ ပြောစမှတ်ပြုခဲ့သော အလွန်စည်ကားလှ သည့် သင်္ကြန်များဖြစ်သည်။ ၁၃၁၃ ခုနှစ် (၁၉၅၁) ပြည်ထောင်စု သင်္ကြန်တွင် မန္တလေးမြို့မှ…

Read More

ငွေငန်း ရှင်းတမ်း (၃)

ဆူးငှက် မြန်မာပြည် လွတ်လပ်ရေးရသော (၁၉၄၈)ခုနှစ် သင်္ကြန်တွင် မြို့မအသင်းက လူစုံတက်စုံ ဖြင့် ပါဝင်ဆင်နွဲှသည်။ ပန်းချီဦးဘသက်၊ နန်းတော်ရှေ့ ဆရာတင်တို့ပါ မြို့မငြိမ်းနှင့်အတူ မြို့မအသင်းသားများနှင့် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြသည့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ မြို့မအလှပြယာဉ်ကို မနှစ်က (၁၉၄၇)ခုနစ်ကဒီဇိုင်းကို ပြုပြင်ပြီး ပိုမိုလှပစွာ ဆင်ယင်ထားသည်။ ထုပုံဖော်ထားသော ငန်းတောင်များက ကား၏ ဘေးတစ်ဖက်တစ် ချက်စီတွင် အဆင့် ၃ဆင့်ဖြင့် ကားအမြီးပိုင်းအထိ ဆင်ယင်ထား၏။ ကားအမြီးမှာက အခါတိုင်းနှစ်တွေလို အဆင့်ဆင့် စင့်မြင့်မပါ။ ကားအလယ်ခေါင်းမှာပဲ အလျားလိုက် စင်မြင့်ဆင်ပြီး အသင်းသား များက ထိုအပေါ်မှ တီးမှုတ်ကြသည်။ ကားတစ်စင်းလုံး ဝိုက်မိုးထားသော ငန်းရုပ်ကြီးအောက်တွင်မှ ရေခံထည်ကို ဆင်ထားသည်။ လေးထောင့်စပ်စပ် ရေခံထည်မှာ အောက်ဆုံးမှ ပဉ္စဂံပုံ တုံးကလေးတွေ ပတ်လည်ကပ်ရိုက်ထားသည်။ ပဉ္စဂံတုံးလေးများ အပေါ်မှ အပြာလွင်လွင် ရေလှိုင်းငြိမ့်ငြိမ့် ရှိသည်။…

Read More

ရှေးဟောင်း ကားတွေကို သတ်မှတ်ဒဏ်ကြေးနဲ့ ပြန်လည်မှတ်ပုံတင်ခွင့်ပြု၊ လက်ရှိကားဈေးကွက်အပေါ် ရိုက်ခတ်မှု မရှိနိုင်

နိုဝင်ဘာ ၂၉ – ၂၀၂၅ SS (VOM) ရှေးဟောင်း Classic ကားတွေကို မှတ်ပုံတင် ပြန်လည် ခွင့်ပြုပေးခြင်းက ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ မှတ်ပုံတင် ဖျက်သိမ်းပြီးတဲ့ ရှေးဟောင်း Classic ကားတွေကို သတ်မှတ်ဒဏ်ကြေးနဲ့ မှတ်ပုံတင် ပြန်လည် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ ကားဈေးကွက် အတွင်းမှာ ကားဈေးနှုန်း အတက်အကျတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးကျော်စွာထွန်းမြင့်က “အဲဒါကတော့ လိုရာဆွဲတွေး၊ လိုရာဆွဲရေးကြတာပေါ့။ ဒီရှေးဟောင်းကားတွေကို…

Read More

မိုးကုတ်မြို့ အဝင်၊ အထွက်လမ်းတွေကို TNLA တပ်ဖွဲ့ပိတ်ထား

နိုဝင်ဘာ ၂၉၊ ၂၀၂၅။ NN(VOM) မိုးကုတ်မြို့အဝင်အထွက်လမ်းတွေနဲ့ မြို့တွင်းအဓိကလမ်းတွေကို TNLA တပ်ဖွဲ့က ပိတ်ထားလိုက်ပြီလို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ မနေ့မနက်ပိုင်းကတည်းက လမ်းတွေ ပိတ်ထား တာဖြစ်တယ်လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။ “စစ်တပ်ဝင်လာရင် မတော်တဆ တိုက်ပွဲဖြစ်ပြီး လူတွေ ထိခိုက်မယ်ဆိုပြီး လမ်းတွေ ပိတ်ထားတယ်လို့ သူတို့ ပြောတယ်။ မြို့အဝင်အထွက်တွေ ပိတ်ထားတယ်” ဒီနေ့မှာတော့ မြို့ထဲက TNLA တပ်ဖွဲ့တွေ ထပ်ပြီး ရွှေ့ပြောင်းနေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။ မြို့ထဲမှာ ကျန်နေတဲ့ မြို့ခံတွေလည်း ဒီနေ့ထပ်ပြီး ရွှေ့ပြောင်းနေကြပြီး မြို့တွင်း ကျန်နေသူတွေကတော့ စိုးရိမ်စိတ်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။ “မြို့ကြီးက တိတ်ဆိတ်ခြောက်ကပ်ပြီး လူကို မရှိတော့တာ။ အားလုံး ထွက် သွားကြပြီ။ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ဘူး။ စိုးရိမ်စိတ်တော့ ဖြစ်…

Read More

ယခုရက်ပိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ USDP ပါတီဝင်အပါ လူခုနှစ်​​ယောက် အသတ်ခံရ

နိုဝင်ဘာ ၂၉ ၊ ၂၀၂၅ GG (VOM) ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နဲ့ ပြည်နယ်အချို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင် အပါအဝင် လူခုနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ရှမ်းပြည်နယ် ၊ မကွေးတိုင်း ၊ တနင်္သာရီတိုင်း ၊ မန္တလေးတိုင်း တို့မှာရှိတဲ့ မြို့နယ်အချို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ မန္တလေးတိုင်း ၊ မလှိုင်မြို့နယ် ၊ သဲကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမြင့် နဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်ဖြစ်သူ ဦးသိန်းဇော်တို့ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်အထိ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ အဲဒီနေ့မှာပဲ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်း ကျေးရွာမှာ နေထိုင်တဲ့ ဦးမင်းဇော်…

Read More

မြို့က မ တဲ့ မြို့မအသင်း နှစ် ၁၀၀ ပြည့်ပြီ

မန္တလေး၊ နိုဝင်ဘာ- ၂၉- ၂၀၂၅ Voice Of Myanmar မြန်မာ့ယဥ်ကျေးမှုနဲ့ အနုပညာပမာဏ အကြီးမားဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်း ဟာ အခု ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တာကြောင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံ ခမ်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က ရပ်မိရပ်ဖတွေနဲ့ မန္တလေးသူ မန္တလေးသားတွေအပါအဝင် မြို့က မ ကြတဲ့ အသင်းကြီးမို့ မြို့မအသင်းကြီး လို့ နာမည်တွင်ခဲ့တဲ့အကြောင်းတွေနဲ့ မြို့မအသင်းရဲ့ သမိုင်း ကြောင်းတွေကို အသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာလှခိုင် က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး…

Read More

အမရပူရမှာ တစည ပါတီ ​​ရွေး​ကောက်ပွဲ​ အောင်နိုင်​ရေးဆိုင်းဘုတ်​တွေ စိုက်ထူ

နိုဝင်ဘာ ၂၉-၂၀၂၅ Voice Of Myanmar တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည) ဟာ အမရပူရမြို့နယ်မှာ ရွေး​ကောက်ပွဲ​အောင်နိုင်​ရေးအတွက် ​လူစည်တဲ့​နေရာ​တွေမှာ မဲဆွယ်ဆိုင်းဘုတ်​တွေကို ဒီက​နေ့ နိုဝင်ဘာ ၂၉ ရက်မနက်ကလိုက်လံစိုက်ထူခဲ့ပါတယ်။ အမရပူရမြို့နယ်က​နေ တစညပါတီရဲ့ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦး​ကျော်မျိုး​ရွှေ၊ ပြည်သူ့လွှတ်​တော်အတွက် ဦး​အောင်ထွန်း၊ တိုင်း​ဒေသကြီးလွှတ်​တော်အတွက်​ဒေါ်ဝင်းဝင်း​အေးတို့က ဝင်​ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမရပူရက​နေဝင်​ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား​လှယ်​လောင်း​တွေ ပြည်သူအတွက် ဘာလုပ်​ေပးကြမလဲ VOM ရဲ့ ရုပ်သံသတင်းအတွက် ​ေမးမြန်းခဲ့ပါတယ်။

Read More

ဒါရိုက်တာ မိုက်တီး နဲ့ သရုပ်​ဆောင် ကျော်ဝင်းထွဋ် ၊အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ဥပဒေနဲ့ ထောင် ၇ နစ်ချမှတ်

နိုဝင်ဘာ ၃၀ ၊ ၂၀၂၅ GG (VOM) ဒါရိုက်တာ မိုက်တီး နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)အရ တယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိပါတယ် ။ ဟာသ သရုပ်ဆောင် အုန်းဒိုင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တောင်ဒဂုံတရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ မိုက်တီးကို နိုဝင်ဘာ ၂၇ ရက်မှာ ရန်ကင်း တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ၊သရုပ်ဆောင် ကျော်ဝင်းထွဋ်ကို တော့ နိုဝင်ဘာ ၂၈ ရက်မှာ ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ထောင် ၇…

Read More

ရန်ကုန်မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးကို ၂၀၂၆ ခုနှစ်မှာ ပိတ်သိမ်းမယ်

နိုဝင်ဘာ ၃၀ – ၂၀၂၅ SN(VOM) ရန်ကုန်မြို့မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးကို လာမယ့် ၂၀၂၆ ခုနှစ်ကစပြီး အပြီး ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့မှာ ဖွင့်လှစ်ထားတဲ့ သံရုံးတွေကိုပါ ပိတ်သိမ်းသွားမှာဖြစ်ပြီး အကြောင်းရင်းကတော့ အဲဒီ သုံးနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့် ဖြစ်တဲ့အပြင် ဖင်လန်နိုင်ငံနဲ့ အကန့်အသတ်ရှိတဲ့ စီးပွား ဆက်ဆံရေးတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သံရုံးနဲ့ နီးစပ်သူတယောက်က “ဒီသံရုံးက ဗီဇာ၊ နေထိုင်ခွင့်တွေ မထုတ်ပေးပါဘူး။ ပိတ်လည်း ဖင်လန်ကို လာရောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာတွေအတွက် အကျိုးသက်ရောက်မှု မရှိပါဘူး။ Finland, EU နေထိုင်ခွင့်တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဖင်လန်သံရုံးက ကိုင်တွယ်ပေးနေတာ…

Read More