နိုဝင်ဘာ ၂၉ – ၂၀၂၅ SS (VOM) ရှေးဟောင်း Classic ကားတွေကို မှတ်ပုံတင် ပြန်လည် ခွင့်ပြုပေးခြင်းက ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ မှတ်ပုံတင် ဖျက်သိမ်းပြီးတဲ့ ရှေးဟောင်း Classic ကားတွေကို သတ်မှတ်ဒဏ်ကြေးနဲ့ မှတ်ပုံတင် ပြန်လည် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ ကားဈေးကွက် အတွင်းမှာ ကားဈေးနှုန်း အတက်အကျတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးကျော်စွာထွန်းမြင့်က “အဲဒါကတော့ လိုရာဆွဲတွေး၊ လိုရာဆွဲရေးကြတာပေါ့။ ဒီရှေးဟောင်းကားတွေကို…
Read Moreမိုးကုတ်မြို့ အဝင်၊ အထွက်လမ်းတွေကို TNLA တပ်ဖွဲ့ပိတ်ထား
နိုဝင်ဘာ ၂၉၊ ၂၀၂၅။ NN(VOM) မိုးကုတ်မြို့အဝင်အထွက်လမ်းတွေနဲ့ မြို့တွင်းအဓိကလမ်းတွေကို TNLA တပ်ဖွဲ့က ပိတ်ထားလိုက်ပြီလို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ မနေ့မနက်ပိုင်းကတည်းက လမ်းတွေ ပိတ်ထား တာဖြစ်တယ်လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။ “စစ်တပ်ဝင်လာရင် မတော်တဆ တိုက်ပွဲဖြစ်ပြီး လူတွေ ထိခိုက်မယ်ဆိုပြီး လမ်းတွေ ပိတ်ထားတယ်လို့ သူတို့ ပြောတယ်။ မြို့အဝင်အထွက်တွေ ပိတ်ထားတယ်” ဒီနေ့မှာတော့ မြို့ထဲက TNLA တပ်ဖွဲ့တွေ ထပ်ပြီး ရွှေ့ပြောင်းနေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။ မြို့ထဲမှာ ကျန်နေတဲ့ မြို့ခံတွေလည်း ဒီနေ့ထပ်ပြီး ရွှေ့ပြောင်းနေကြပြီး မြို့တွင်း ကျန်နေသူတွေကတော့ စိုးရိမ်စိတ်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။ “မြို့ကြီးက တိတ်ဆိတ်ခြောက်ကပ်ပြီး လူကို မရှိတော့တာ။ အားလုံး ထွက် သွားကြပြီ။ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ဘူး။ စိုးရိမ်စိတ်တော့ ဖြစ်…
Read Moreယခုရက်ပိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ USDP ပါတီဝင်အပါ လူခုနှစ်ယောက် အသတ်ခံရ
နိုဝင်ဘာ ၂၉ ၊ ၂၀၂၅ GG (VOM) ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နဲ့ ပြည်နယ်အချို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင် အပါအဝင် လူခုနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ရှမ်းပြည်နယ် ၊ မကွေးတိုင်း ၊ တနင်္သာရီတိုင်း ၊ မန္တလေးတိုင်း တို့မှာရှိတဲ့ မြို့နယ်အချို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ မန္တလေးတိုင်း ၊ မလှိုင်မြို့နယ် ၊ သဲကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမြင့် နဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်ဖြစ်သူ ဦးသိန်းဇော်တို့ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်အထိ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ အဲဒီနေ့မှာပဲ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်း ကျေးရွာမှာ နေထိုင်တဲ့ ဦးမင်းဇော်…
Read Moreမြို့က မ တဲ့ မြို့မအသင်း နှစ် ၁၀၀ ပြည့်ပြီ
မန္တလေး၊ နိုဝင်ဘာ- ၂၉- ၂၀၂၅ Voice Of Myanmar မြန်မာ့ယဥ်ကျေးမှုနဲ့ အနုပညာပမာဏ အကြီးမားဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်း ဟာ အခု ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တာကြောင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံ ခမ်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က ရပ်မိရပ်ဖတွေနဲ့ မန္တလေးသူ မန္တလေးသားတွေအပါအဝင် မြို့က မ ကြတဲ့ အသင်းကြီးမို့ မြို့မအသင်းကြီး လို့ နာမည်တွင်ခဲ့တဲ့အကြောင်းတွေနဲ့ မြို့မအသင်းရဲ့ သမိုင်း ကြောင်းတွေကို အသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာလှခိုင် က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး…
Read Moreအမရပူရမှာ တစည ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူ
နိုဝင်ဘာ ၂၉-၂၀၂၅ Voice Of Myanmar တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဟာ အမရပူရမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူစည်တဲ့နေရာတွေမှာ မဲဆွယ်ဆိုင်းဘုတ်တွေကို ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်ကလိုက်လံစိုက်ထူခဲ့ပါတယ်။ အမရပူရမြို့နယ်ကနေ တစညပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မျိုးရွှေ၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်အတွက်ဒေါ်ဝင်းဝင်းအေးတို့က ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမရပူရကနေဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ပြည်သူအတွက် ဘာလုပ်ေပးကြမလဲ VOM ရဲ့ ရုပ်သံသတင်းအတွက် ေမးမြန်းခဲ့ပါတယ်။
Read Moreဒါရိုက်တာ မိုက်တီး နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ၊အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ဥပဒေနဲ့ ထောင် ၇ နစ်ချမှတ်
နိုဝင်ဘာ ၃၀ ၊ ၂၀၂၅ GG (VOM) ဒါရိုက်တာ မိုက်တီး နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)အရ တယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိပါတယ် ။ ဟာသ သရုပ်ဆောင် အုန်းဒိုင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တောင်ဒဂုံတရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ မိုက်တီးကို နိုဝင်ဘာ ၂၇ ရက်မှာ ရန်ကင်း တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ၊သရုပ်ဆောင် ကျော်ဝင်းထွဋ်ကို တော့ နိုဝင်ဘာ ၂၈ ရက်မှာ ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ထောင် ၇…
Read Moreရန်ကုန်မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးကို ၂၀၂၆ ခုနှစ်မှာ ပိတ်သိမ်းမယ်
နိုဝင်ဘာ ၃၀ – ၂၀၂၅ SN(VOM) ရန်ကုန်မြို့မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးကို လာမယ့် ၂၀၂၆ ခုနှစ်ကစပြီး အပြီး ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့မှာ ဖွင့်လှစ်ထားတဲ့ သံရုံးတွေကိုပါ ပိတ်သိမ်းသွားမှာဖြစ်ပြီး အကြောင်းရင်းကတော့ အဲဒီ သုံးနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့် ဖြစ်တဲ့အပြင် ဖင်လန်နိုင်ငံနဲ့ အကန့်အသတ်ရှိတဲ့ စီးပွား ဆက်ဆံရေးတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သံရုံးနဲ့ နီးစပ်သူတယောက်က “ဒီသံရုံးက ဗီဇာ၊ နေထိုင်ခွင့်တွေ မထုတ်ပေးပါဘူး။ ပိတ်လည်း ဖင်လန်ကို လာရောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာတွေအတွက် အကျိုးသက်ရောက်မှု မရှိပါဘူး။ Finland, EU နေထိုင်ခွင့်တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဖင်လန်သံရုံးက ကိုင်တွယ်ပေးနေတာ…
Read Moreအရှေ့တောင်အာရှ ရေဘေး သေဆုံးသူ ၉၀၀ ကျော်ရှိလာပြီး သီရိလင်္ကာမှာ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာ
ကိုလံဘို ၊ ဒီဇင်ဘာ-၁-၂၀၂၅ ရတီ(VOM) အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၉၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၃၃၀ ကျော်ရှိလာပြီးနောက် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ လက်ရှိအချိန်ထိ လူ ၂၀၀ ကျော် ပျောက်ဆုံးနေပြီး အိမ်ခြေ နှစ်သောင်းခန့် ပျက်စီးသွားကာ လူ တသိန်းကျော်ကို ယာယီခိုလှုံရာနေရာတွေ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဌာနက သတင်းထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါ တိုက်ခတ်ပြီးနောက် နိုင်ငံရဲ့ သုံးပုံတပုံခန့်ဟာ လျှပ်စစ်မီး သို့မဟုတ် ရေပေးဝေမှု မရရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ နိုင်ငံသမိုင်းမှာ အခက်ခဲဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမှာ အလွန်ဆိုးရွားတာကြောင့် ပြန်လည်တည်ဆောက်ရေးအတွက်…
Read Moreသီပေါ တံတားကနေ ကုန်ကား ခါလီတွေ ပေးဖြတ်ပေမယ့် အချိန်ခဏနဲ့ ပြန်ပိတ်သွား
ဒီဇင်ဘာ ၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ သီပေါကြားက သီပေါ တံတားကနေ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ကုန်ကား ခါလီတွေ ပေးဖြတ်ပေမယ့် အချိန် ခဏနဲ့ ပြန်ပိတ်သွားကြောင်း ကုန်ကား သမားတွေဆီက သိရပါတယ်။ “ခါလီ ဖြတ်လို့ ရတယ် ဆိုတာ ကိုးကန့် ဘက်က ပြောတာ။ မနေ့ မနက်ခင်းက ရတယ်။ ဖြတ်လာတဲ့ကားက သူငယ်ချင်းဗျ” လို့ ကုန်ကား သမား တယောက်က ပြောပါတယ်။ တံတား ဖြတ်ခ ပေးစရာ မလိုပဲ ဖြတ်ရ ပေမယ့် တံတား ဖွင့်အချိန်က ခဏပဲလို့ သူက ပြောပါတယ်။ “တံတားက ပြန်ပိတ် လိုက်တာ ဟုတ်တယ်။တပ်ဖက်ကဖွင့်ပေး ကိုးကန့်ကပိတ်လိုက်၊ ကိုးကန့်က ဖွင့်ပေး…
Read Moreအမေရိကားမှာ ခိုလှုံခွင့်တွေကို ကာလရှည်ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ ဒီဇင်ဘာ-၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကားမှာ ခိုလှုံခွင့်လျှောက်ထားမှုတွေကို ကာလရှည်ရပ်ဆိုင်းထားဖို့ ရည်ရွယ်တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ” ဒီအတွက် အချိန်ကန့်သတ်ချက်မရှိ” လို့ ထရန့်က ဆိုပါတယ်။ အာဖဂန်နိုင်ငံသားတယောက်က အိမ်ဖြူတော်အနီးမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး တယောက်သေဆုံးပြီးနောက် ခိုလှုံခွင့်တွေနဲ့ပတ်သက်လို့ သမ္မတလေယာဉ်ပေါ်မှာ သတင်းထောက်ရဲ့ မေးမြန်းမှုကို ထရန့်က ပြန်လည်ဖြေကြားခဲ့တာပါ။ ဒါဟာ အမိမြေလုံခြုံရေးဌာနက အမေရိကားကို လာရောက်ခွင့်ကန့်သတ်ခံမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံ ၁၉ နိုင်ငံစာရင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ကျူးဘား၊ ဟေတီ၊ အီရန်နဲ့ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံဖြစ်ပြီး ဇွန်လကတည်းက အမေရိကားကို လာရောက်ခွင့် ကန့်သတ်ချက်တွေ ချမှတ်ထားတာလို့ အမိမြေလုံခြုံရေးဌာနက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ “ကျွန်တော်တို့က အဲဒီလူတွေကို မလိုချင်ပါဘူး” လို့ ထရန့်က…
Read More




