မဲဆောက် – မြဝတီ ချစ်ကြည်ရေး အမှတ် (၁) တံတားကလွဲပြီး လှေဂိတ်အားလုံး ယာယီပိတ်မယ်

ဒီဇင်ဘာ ၁ – ၂၀၂၅ SS (VOM) ထိုင်း – မြန်မာနယ်စပ်၊ မဲဆောက် – မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကလွဲပြီး လှေဂိတ်တွေ အားလုံးကို လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့အထိ ယာယီ ပိတ်ထားဖို့ ထိုင်းအာဏာပိုင်တွေက မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီး ကျရောက်မှုတွေ ရှိနေတဲ့အတွက် မဲဆောက်နဲ့ မြဝတီကို ကုန်ပစ္စည်းတွေ အပြန်အလှန် သယ်ယူ ပို့ဆောင်နေတဲ့ လှေကူးဂိတ်တွေ အားလုံးကို ထိုင်းနိုင်ငံဘက်က ခေတ္တ ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က မနက်ပိုင်းက မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံထဲ ကျတာလည်း ဖြစ်ပြီးရော ထိုင်းဘက်က လုံခြုံရေးအတွက်…

Read More

ဖောက်ခွဲပုဒ်မနဲ့ ရမည်းသင်းထောင်မှာ အကျဥ်းကျခံရတဲ့ လူငယ်သုံးယောက် လွတ်မြောက်

မန္တလေး၊ ဒီဇင်ဘာ- ၁- ၂၀၂၅ VOICE OF MYANMAR မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရမည်းသင်းအကျဥ်းထောင်မှာ ဖောက်ခွဲပုဒ်မ ၅ အပြင် ၅၀၅ – က နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူငယ်သုံးယောက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။ အဲ့ဒီလူငယ်သုံးဦးဟာ ပျဥ်းမနားမြို့ သကြားစက်သပိတ်ကနေ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရတာဖြစ်ပြီး ဖောက်ခွဲပုဒ်မ ၅ အတွက် ထောင်ဒဏ် ၅ နှစ်၊ ၅၀၅ -က အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁…

Read More

မိုးကုတ်နဲ့ နှစ်မိုင်အကွာမှာ တိုက်ပွဲဖြစ်နေ

ဒီဇင်ဘာ ၁ ၊ ၂၀၂၅ GG (VOM) မိုးကုတ်မြို့ကို အစိုးရတပ်တွေ ဝင်ရောက်ပြီး တရက်အကြာမှာပဲ ဒေသတွင်းလက်နက်ကိုင် PDF တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။ မိုးကုတ်မြို့နဲ့ နှစ်မိုင်လောက်သာ ကွာဝေးတဲ့ ကျေးရွာဘက်မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်ဘက်က မြေပြင် ပစ်ခတ်မှုအပြင် ဒရုန်းတိုက်ခိုက်မှုလည်း လုပ်နေတယ်လို့ သိရပါတယ်။ ” ဆက်အင်းပြန့်ရွာ ဒလ၀န်ကုန်းမှာ ဖြစ်နေတာပါ ။ မိုးကုတ်မြို့ကနေ ချောင်းကြီးရွာသွားတဲ့လမ်းမှာ ဖြစ်နေတာပါ။ PDF တွေ ဆုတ်ပေးလိုက်ရတဲ့ လမ်းကြောင်းဘက်ကို စစ်တပ်က တိုးရင်းကနေ တိုက်ပွဲဖြစ်တာ ။ ခုထိဖြစ်နေတယ် ညောင်သုံးပင်ကျောင်းကနေ စစ်တပ် ဘက်က ဒရုန်း နှစ်စီးနဲ့ ဆက်အင်းဘုန်းကြီး ကျောင်းနား တ၀ိုက်အတက်အဆင်းလုပ်ပြီးကြဲနေတယ် ။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ…

Read More

ယူကရိန်းနဲ့ ဆွေးနွေးပြီးနောက် အမေရိကန် အထူးသံတမန် ရုရှားသွားမယ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၁-၂၀၂၅ ရတီ(VOM) အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အထူးသံတမန်ဖြစ်သူ စတိဗ်ဝှစ်အော့ဖ်ကို ယခုအပတ်မှာ ရုရှား စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ သမ္မတထရန့်ရဲ့ အထူးသံတမန်ဖြစ်သူ ဝစ်အော့ဖ်ရဲ့ ရုရှားခရီးစဉ်ဟာ တနင်္ဂနွေနေ့က ဖလော်ရီဒါမှာ ကျင်းပတဲ့ အမေရိကန်-ယူကရိန်းဆွေးနွေးပွဲအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး နှစ်ဖက်စလုံးက ဆွေနွေးပွဲဟာ အကျိုးဖြစ်ထွန်းတယ်လို့ ဆိုကြပါတယ်။ ဝစ်အော့ဖ်ဟာ တနင်္လာနေ့မှာ ရုရှားနိုင်ငံ မော်စကိုသို့ ထွက်ခွာသွားမယ်လို့ အမေရိကန်အစိုးရ အရာရှိတယောက်က ထုတ်ဖော်ပြောကြားပါတယ်။ သံတမန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။ ဒါပေမယ့် ရုရှားနဲ့ ဆွေးနွေးပွဲတွေမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ တနင်္ဂနွေနေ့မှာ ယူကရိန်းနဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။ ။ လုပ်ဆောင်ရမယ့် အလုပ်များစွာ ရှိနေသေးပြီး သိမ်မွေ့ ရှုပ်ထွေးတယ်လို့ သူကဆိုပါတယ်။ နိုင်ငံခြားရေးဝန်‌ကြီး ရူဘီယိုဟာ အထူးသံတမန် ဝစ်အော့ဖ်နဲ့အတူ ယူကရိန်းနဲ့ဆွေးနွေးပွဲကို…

Read More

သူတို့အိမ် အခန်း – ၃၅

      ငချိပ်ပေါင်း၊ စားတော်ပဲ၊ ဘယာကြော် —————————————– ငယ်ငယ်က မနက်လင်းလျှင် စားဖြစ်သော အစားအသောက်ထဲက ငချိပ်ပေါင်းနှင့် ဘယာကြော်ကို အတော်ကြိုက်သည်။ မနက်လင်းသည်နှင့် ပဲဝင်းက လာနေကျ ပဲသည် ဒေါ်ရီရောက်လာသည်။ ဒေါ်ရီက ဘီလူးမ ညောင်ပင်အနီး ပဲဝင်းက ဖြစ်သည်။ ကျွန်တော် မှတ်မိသည့်အရွယ် ကတည်းက ဒေါ်ရီ ၏ ကောက်ညှင်းပေါင်း ငချိပ်ပေါင်း စားတော်ပဲ အကြော်စုံက မနက်လင်းသည်နှင့် ရောက်လာသည်။ သူက ဝတ်တာစားတာက အစ သပ်ရပ်သည်။ ပဲတောင်း အကြော်ဗန်းကအစ သန့်ရှင်းသည်။ ကျွန်တော်ကြိုက်တာက ငချိပ်ပေါင်း ဖြစ်သည်။ ငချိပ်ပေါင်းကို ချိန်ခွင်နှင့် ချိန်ရောင်းသည်။ ထို့အတူ စားတော်ပဲကိုလည်း ချိန်ခွင်နဲ့ပဲပေါ့။   အမေက ဒေါ်ရီထံက ငချိပ်ပေါင်း စားတော်ပဲ နှင့် ဘယာကြော်ကို ဝယ်သည်။ ငချိပ်ပေါင်းနှင့်…

Read More

သူတို့အိမ် အခန်း – ၃၄

ဆူးငှက်     ဟိုဟိုသည်သည် နေရာတွေရောက်ဖူးလား ———————————————- ငယ်စဉ်ကတည်းက လူကြီးတွေနှင့် နေရာတကာ လိုက်တတ်တော့ အငြိမ့်၊ ဇာတ်၊ တီးဝိုင်း၊ ဘုရားပွဲ၊ ဆိုင်းပွဲကအစ လက်ဖက်ရည်ဆိုင် နှင့် ဘောလုံးပွဲတွေလည်း ရောက်ဖူးနေသည်။ ဒါဖြင့် လူကြီးတွေနှင့် ဆိုတော့ ဟိုဟိုသည်သည် တွေလည်း ရောက်ဖူးမှာပေါ့ဟု မေးစရာရှိပါ၏။ ဟုတ်ကဲ့ ကျွန်တော့် ဦးလေးများ အစ်ကိုများက စည်းရှိပါသည်။ သူတို့ကိုယ်နှိုက်က လူပျိုလူလွတ်များ ဖြစ်သော်လည်း မိသားစုအသိုင်းအဝန်းကြီးနှင့် နေထိုင်ကြရသည့် အပြင် တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေချည်းမို့ ဟိုဟိုသည်သည် ဟော့ဟော့ရမ်းရမ်း မရှိကြတာ သေချာပါသည်။ သို့သော် တစ်ခုတော့ ရှိပါသည်။ သူတို့အားလုံး၏ ၇၀ရာခိုင်နှုန်းကတော့ နေညိုလျှင်တော့ လေပြိုတတ်ကြပါ၏။ ထို့ကြောင့် ဗထူးကွင်းက ဘောလုံးပွဲ အပြီးလို အချိန်မျိုးဆိုလျှင် လေပြိုချိန်မို့ အပြန်မှာ လမ်းသင့်သည့် မင်္ဂလာဈေးဘားသို့ ဝင်တတ်ကြပါသည်။…

Read More

အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးလမ်း ပိတ်ထားမှု လေးရက် ထပ်တိုး

နိုဝင်ဘာ ၂၀ – ၂၀၂၅ SS (VOM) အိန္ဒိယ – မြန်မာနယ်စပ် စစ်ဘေးရှောင် စခန်းတွေမှာ ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါ အခြေအနေကြောင့် အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပင်ထားမှုကို နှစ်နိုင်ငံ တာဝန်ရှိသူ‌တွေက လေးရက် ထပ်မံ တိုးမြှင့်လိုက်တယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။ ပလက်ဝနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နဲ့ ဆယာဟာ ခရိုင်အတွင်းက ကျေးရွာတွေမှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့အတွက် သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မီဇိုရမ်ပြည်နယ်က နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ ကာကီ၊ တွီဒန်းနဲ့ တက်ပုချေ စတဲ့ လမ်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ…

Read More

ရခိုင်ပြည်နယ်က စစ်ရှောင်တွေ စားဝတ်နေရေးကျပ်တည်းလာလို့ တောင်းရမ်းစားသောက်ရတဲ့အထိ ဖြစ်လာနေ

နိုဝင်ဘာ ၂၀ ၊ ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ စားဝတ်နေရေး ခက်ခဲကျပ်တည်းပြီး အငတ်ဘေးကြုံလာနေတာကြောင့် နီးစပ်ရာ ကျေးရွာတွေဆီ လှည့်လည်ပြီး တောင်းရမ်းစားသောက်ရ​တဲ့ အထိ ဖြစ်​​နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေမှာ ဝင်ငွေရတဲ့ အလုပ်အကိုင် အတည်တကျမရှိတာ ၊ လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ် မရှိသလောက်နည်းတာ ၊ အလုပ်အကိုင်ရှားလာတာ​တွေကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် တောင်းရမ်းစားသောက်ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါအပြင် နေရပ်စွန့်ခွာပြီး စစ်ရှောင်ရတာ ကြာမြင့်လာမှုနဲ့အတူ စစ်ရှောင်စခန်းတွေအနေနဲ့ အကူအညီ အထောက်အပံ့ ရရှိမှုတွေလည်း မရှိသလောက် လျော့နည်းလာတာကြောင့် စစ်ရှောင်ပြည်သူတွေမှာ စားဝတ်နေရေး အငတ်ဘေးကြုံတဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ ” စစ်ရှောင်စခန်းတွေမှာ အလှူငွေရရှိမှုတွေ နည်းလာတော့…

Read More

ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

နိုဝင်ဘာ ၂၀ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း ၊ ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ပခုက္ကူနည်းပညာတက္ကသိုလ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ ဖြစ်ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးနောက် ရေစကြိုမြို့ကို ကားနဲ့ပြန်လာစဥ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ” သူတို့စီးသွားတဲ့ ကားနှစ်စီးလည်း ယူသွားတယ် ။ သတင်းပေးရှိလို့…

Read More

ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံထားရသူတွေထဲက လေးယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

နိုဝင်ဘာ ၂၁ ၊ ၂၀၂၅ CC (VOM) ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံထားရတဲ့အထဲက အမျိုးသားသုံးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေက နိုဝင်ဘာ ၁၉ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက် မြို့နယ် နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် တရားရုံးက အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ထောင်ဒဏ် ၄၉ နှစ်စီချမှတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မယမင်းထက် ကိုတော့ ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ရန်နိုင်ကြည်ဝင်း နဲ့ အောင်ရဲထွဋ်တို့ကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ…

Read More