မြင်းခြံခရိုင်ထဲက PLA အထိုင်စခန်းတွေကို NUG တပ်တွေ ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်ကို ဖမ်းဆီးမှုပြုလုပ်နေ

ဇွန် ၂၂ ၊ ၂၀၂၆ CC (VOM) အမျိုးသားညီညွတ်​ရေးအစိုးရ NUG ရဲ့ လက်အောက်ခံ တပ်တွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA တပ်စခန်းတချို့ကို ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန် ၂၂ ရက်မှာ မြင်းခြံခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာနှစ်ခုက PLA အထိုင်စခန်းတွေကို NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး Faw ကားနှစ်စီးနဲ့ ပရိုဘောက်ကားတစီး ခန့်မှန်းအင်းအား.၈၀ လောက်သုံးပြီး ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ PLA ကသတင်းထုတ်ပြန်တာတွေ့ရပါတယ်။ PLA တပ်ဖွဲ့ဝင်ရဲ့ အစ်မဖြစ်သူကို ဖမ်းဆီးခေါ်သွားသလို ကျေးရွာအတွင်းက PLA တပ်ဖွဲ့ဝင်တွေကို ကူညီနေတဲ့ ပြည်သူ့နေအိမ်တွေ ကိုလည်း ဝင်ရောက် ရှာဖွေခြင်း ၊ အနီးနားရှိ ကျေးရွာတခုကိုလည်း…

Read More

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်​တွေကို လိုင်စင်ထုတ်​ပေးဖို့ မရှိ

နေပြည်တော်၊ ဇွန် – ၂၂ – ၂၀၂၆ KKL(VOM) မြန်မာနိုင်ငံ အတွင်းကို အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံ တွေကနေ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်နေတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင် ကယ်တွေကို မဟန့်တားနိုင်လို့ နိုင်ငံအနှံ့အပြားက ဆိုင်တွေမှာရောင်းဝယ်နေမှုတွေကို ထိရောက်တဲ့ ဥပဒေနဲ့ အရေးယူဖို့လိုတဲ့အပြင် ဆိုင်ကယ်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို နိုင်ငံတော်ကနေ ဖြေလျှော့ပေးဖို့ သံတောင်ကြီး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဟေသားကြီးက တောင်းဆိုခဲ့တာမှာ ပို့​ဆောင်ဆက်သွယ်​ရေး ဒုဝန်ကြီးက လိုင်စင်ထုတ်​ပေးဖို့ မရှိ​ကြောင်း ​ဖြေခဲ့ပါတယ်။ ဒီလို လိုင်စင်မဲ့မော်တော်ယာဥ်တွေကို မှတ်ပုံတင်ပေးမယ်ဆိုရင်၁ တရားမဝင်ကုန်စည်စီးဆင်းမှု အားပေးရာရောက်မယ်၊ ၂ တရားမဝင်လမ်းကြောင်းကလာလို့ စျေးနှုန်းသက်သာပြီးအရည်အသွေးပြည့်ဝမှုမရှိ၊ ၃ တရားဝင်ကုမ္ပဏီတွေက တာဝန်ခံမှု ပါရှိတဲ့အတွက်၊ ၄ တရားဝင်အခွန်ဆောင်ထားတဲ့သူတွေ နစ်နာမှာနဲ့၊ ၅ SATနဲ့ထုပ်လုပ်သူတွေက အရင်းအနှီးများများသုံးထားလို့ နစ်နာမှာဖြစ်လို့ မှတ်ပုံတင်ခွင့်မပြုသင့်ဘူးလို့ ပို့ဆောင်ရေး ဒုဝန်ကြီး…

Read More

နေပြည်တော်မှာ မအောင်မြင်ခဲ့တဲ့ မြို့တွင်းယာဥ်လိုင်းကို ရာဇာမင်း EV ကားနဲ့ပြေးဆွဲဖို့ စီစဥ်နေ

နေပြည်တော် ဇွန် ၂၂ – ၂၀၂၆ KKL(VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းမှာ အောင်မြင်မှု မရှိခဲ့တဲ့ မြို့တွင်းယာဥ်လိုင်းပြေးဆွဲနိုင်ဖို့ အတွက် ရာဇာမင်း ယာဥ်လိုင်းက EV ကားကိုအသုံးပြုပြီး ပြေးဆွဲဖို့ ရာဇာမင်းယာဥ်လိုင်း တာဝန်ရှိသူတွေကို နေပြည်တော်ကောင်စီက ခေါ်ယူညှိနှိုင်းမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ပြုလုပ်တဲ့တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့က ကျိုက်လတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် Dr အောင်ကြီးမေးမြန်းတဲ့ နေပြည်တော်မှာ အများပြည်သူတွေအတွက် စျေးနှုန်းချိုသာတဲ့ လိုင်းကားပြေးဆွဲဖို့ ရှိ မရှိ နဲ့ပတ်သက်လို့ နေပြည်တော်ကောင်စီရဲ့တင်ပြမှုနဲ့ ပေါင်းစပ်ပြီး ရာဇာမင်း ပို့ဆောင်ရေးယာဥ်လိုင်း အသင်းက တာဝန်ရှိသူတွေကို နေပြည်တော်ကောင်စီက ၂၅.၅.၂၀၂၃ နေ့က ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ဆိုခဲ့ပါတယ်။ “နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းမှာ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် ကောင်းမွန်စွာဖြစ်ပေါျလာရေးအတှကျ…

Read More

သူတို့အိမ် အခန်း (၁၄၈)

ဆူးငှက် မန္တလေးအနီးး မြို့လေးက ပွဲကြီး တစ်ပွဲ —————————————— အခု လက်ခံရသည့် ပွဲကတော့ ပွဲကြီးဖြစ်သည်။ မျက်နှာကြီးပွဲလေ။ ပွဲက ထိုမြို့ရှိ ရပ်ဆွေ ရပ်မျိုး တစ်ယောက်က စပ်ဟပ်ပေးသည့် ပွဲ ဖြစ်သည်။ ပွဲက ထိုမြို့လေး၏ မြို့ထောင့် စေတီကြီး၄ဆူရှိသည့် အနက် အနောက်တောင်ထောင့်က မြို့ထောင့်စေတီကြီး တစ်ဆူကို ထီးတင်သည့် အလှူပွဲ ဖြစ်သည်။ ထီးဒကာက မန္တလေးက သူဌေးဘွဲ့ခံ မြို့မိမြို့ဖကြီး၏ သမီးမိသားစုဖြစ်သည်။ ထီးတင်ပွဲကို ဦးစီးကြီးကြပ် တင်လှူမှာက နာမည်ကြီး သီလရှင် ဆရာလေးတစ်ပါးတဲ့။ ထိုဆရာလေးက ထိုမြို့လေးမှာသာမက ရန်ကုန် မန္တလေး မုံရွာ စသော မြို့ကြီးများအထိ သြဇာကြီးကာ ဒကာဒကာမတွေ ဝိုင်းဝိုင်းလည်နေတာတဲ့။ အထူးသဖြင့် ဈေးချို က လုပ်ငန်းရှင် အမျိုးသမီးတွေ၊ ကျန်မြို့ကြီးများရှိ လုပ်ငန်းရှင် ပွဲကတော် စက်ပိုင်ကတော်…

Read More

မိုးကောင်းမှာ ရေကြီးလို့ ပြည်သူ သောင်းနဲ့ချီ ရေဘေးသင့်ပြီး အကူအညီတွေလိုအပ်နေ

ဇွန် ၂၁ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးသင့်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေက စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက် နဲ့ အလယ်ရပ်ကွက်ရှိ နေအိမ်တွေမှာ ရေကြီးရေလျှံ မှုဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီရပ်ကွက်တွေထဲက ရွှေ့ပြောင်းလိုတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးစခန်း ၁၀ ခုဝန်းကျင်လောက် ဖွင့်လှစ်ပြီး ကူညီ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ် ။ ” ရွှေ့ပြောင်းလိုတဲ့သူတွေကို သူတို့သွားချင်တဲ့နေရာကို ကူညီပြောင်းပေးတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်းရှိတော့ အဲဒီလည်း ပို့ပေးတာရှိတယ်။ ရပ်ပွက်တွေထဲ မရွှေ့မပြောင်းဘဲ နေသူတွေလည်းရှိနေသေးတယ်။ အခုရေဝင်တာကတော့ အနိမ့်ပိုင်းရပ်ကွက်တွေပေါ့ ။ချောင်းရေလျှံတော့ ရေတက်တာ ။ တချို့နေရာတွေက ရင်ခေါင်းလောက်…

Read More

မင်းတပ်မြို့မှာ တညအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ဖြစ်ပွား

ဇွန် ၂၁ – ၂၀၂၆ SN (VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မနေ့ ဇွန် ၂၀ ရက် ညပိုင်းကနေစပြီး ဒီကနေ့ ဇွန် ၂၁ ရက်၊ မနက် အစောပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မင်းတပ်မြို့ (အရှေ့ဘက်ခြမ်း) မှာ မနေ့ ဇွန် ၂၀ ရက်၊ ည ၈ နာရီ ၄၂ မိနစ်ဝန်းကျင်ကနေစပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ည ၉ နာရီ၊ မိနစ် ၂၀ အထိ လေကြောင်းဖြစ်စဉ် ၁၅ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး မနေ့ ည ၁၁ နာရီ ၂၉ မိနစ်ဝန်းကျင်မှ စတင်ကာ…

Read More

တင်းကျပ်လိုက်သည့် ညွှန်ကြားချက် (၇)ချက်နှင့်စိန်ခေါ်မှုဖြစ်လာသော ပြင်ဦးလွင် အိမ် ခြံ မြေ

KKA (VOM ) တောင်ပေါ်အပန်းဖြေမြို့တော် ပြင်ဦးလွင်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အခုအခါ ဥပဒေကြောင်းအရ အရေးယူမှု‌ေတွကြောင့် အိမ်ခြံမြေဝယ်ယူသူများနဲ့ရင်းနှီးမြှုပ်နှံသူ‌တွေ သတိထားပြီး ရောင်းဝယ်နေရတဲ့အတွက် မြေအရောင်းအဝယ် နှေးသွားတယ်လို့ ချယ်ရီအောင် မြေအကျိုးဆောင်လုပ်ငန်းက ကိုခင်မောင်ထွန်းက VOMကိုပြောပါတယ်။ “အဝယ်က မေလလောက်ကမှ နည်းနည်းဖြစ်ကြသေးတယ်။ ဇွန်လပထမပတ်ထဲ အရောင်းအဝယ်က မရှိသလောက်အေးသွားတယ်။ အေးသွားတာ နှစ်မျိုးရှိတယ်ဗျ။ တမျိုးက အခုညွှန်ကြားချက်တွေ ထွက်တာတွေ့တယ်မဟုတ်လား။အဲဒီလို ညွှန်ကြားချက်တွေက အခုမှမဟုတ်ဘူး။အရင်ကလည်းထွက်တာပဲ။ ဝယ်မယ့်သူက အဲဒီအချက်တွေကြည့်ပြီးတွန့်သွားကြတယ်။ ကျွန်တော်အကျိူးဆောင်တွေကလည်း ဝယ်ယူသူမနစ်နာအောင် သေချာစီစစ်ပြီးဝယ်ပေးကြတယ်။ တချို့ ကြိုက်ရောင်း ကြိုက်ဝယ်လုပ်နေတဲ့ ပွဲစားအလွတ်တွေရှိတယ်။ သူတို့က ရောင်းရပြီးရော ဘာမြေ ညာမြေလုပ်မနေဘူး။ ရောင်းချပစ်တော့ ကျွန်တော်တို့တကယ် အကျိုးဆောင်တွေ နစ်နာတာပေါ့။အခုဆို တကယ်အဖျက်ခံရ အသိမ်းခံရတော့ ပြီးရော အကုန်ဆုံးရှုံးနစ်နာကုန်တယ်။အဲဒီအဖြစ်တွေကြောင့် မြေအရောင်းအဝယ်မဖြစ်တော့ဘူး။ နောက်တစ်မျိုးက ရွာမြေစစ်စစ်ပါ။ဘာစာရွက် စာတမ်းတွေရှိပါတယ်ပြောပြီး အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြ။ အွန်လိုင်းကကြော်ငြာပြီး…

Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေ

ဇွန် ၂၁ – ၂၀၂၆ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်း ရေလျှံတက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းဖြစ်တဲ့ ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ဝိုင်း၊ နမ့်မှော်၊ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်၊ အေးမြသာယာ အစရှိတဲ့ ရပ်ကွက်တွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်နေသလို ဖားကန့် မနက်ဈေး (စည်ပင်သာယာဈေး) မှာလည်း ဈေးရှေ့ကလမ်းတွေ ရေလွှမ်းနေပြီး ဈေးဆိုင်ခန်းတွေအတွင်းကိုပါ ရေဝင်ရောက်နေတဲ့အတွက် ဈေးကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ “မနေ့က တရက်လုံး မိုးရွာလိုက်တာ၊ ဒီနေ့ မနက် ၄ နာရီလောက်လည်းကျရော ရေတွေတဖြည်းဖြည်း များလာတာ၊ ရေတက်နှုန်းလည်း မြန်တယ်။ ဒီနေ့မနက် ၃ နာရီကျော်ကနေ ၅ နာရီအထိ ရွာတဲ့မိုးက ရေအရမ်းပါတာ။…

Read More

ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဆက်တိုက်ကျဆင်းနေ

ဇွန် ၂၁/၂၀၂၆ NM(VOM) ရှေးနှစ်ပေါင်း တထောင်ခန့်ကတည်းက ထွန်းကားလာခဲ့တဲ့ ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ယွန်းထည်‌ေတွရဲ့ဈေးကွက်ဟာ ဆက်တိုက်ကျဆင်းနေတယ်လို့ မျိုးရိုးစဉ်ဆက် ယွန်းထည်လုပ်ငန်းလုပ်ကိုင်လာတဲ့ Bagan House တည်ထောင်သူ ဒေါ်မော်မော်အောင်ကပြောပါတယ်။ ကိုဗစ်ကာလကထဲက ကျဆင်းလာခဲ့တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဟာ လက်ရှိမှာတော့ ယခင်ဈေးကွက်‌‌ေရာင်းအားရဲ့ ၂ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း အထိသာ ရောင်းအားရှိနေတယ်လို့ဆိုပါတယ်။ “အရင်တချိန်တုန်းကတော့ ကျမတို့ဆိုင်ကို တနေ့ကို နိုင်ငံခြားသားဧည်သည့်အဖွဲ့၂၀၊၃၀အဲ့လိုတွေဝင်တာဆိုတော့ Market က direct ပေါ့နော်။အခုကျတော့ နိုင်ငံခြားပို့တဲ့ Market က ပို့လို့ရတယ်။ဒါပေမယ့်ဝယ်တဲ့ customer နည်းသွားတယ်။မြန်မာပြည်တင်မကဘူး။နိုင်ငံတကာမှာလည်း စီးပွားရေးမကောင်းတဲ့ကာလဖြစ်သွားတော့ အရင်တုန်းက ကျမဆီမှာ ယွန်းဆရာ၊ဆရာမ၊ ယွန်းပညာရှင်ပေါင်း ၄၀လောက်ရှိတယ်။ အရောင်းစာရေးက ၁၀ဦးလောက်ရှိတယ်။ အခု၁၀ယောက်လောက်ပဲရှိတယ်။ ဒါတောင် ယွန်းပညာရှင်တွေမပျောက်ပျက်အောင်တော်တော်လေးကို ကျားကန်ထားခဲ့ရတာ” လို့ ဒေါ်မော်မော်အောင်ကပြောပါတယ်။ ယွန်းထည်ဈေးကွက် ပြန်လည်မြင့်တက်လာစေဖို့ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုလည်း ထုတ်လုပ်နေပြီး အဆိုပါ ထုတ်ကုန်တွေကို…

Read More

သူတို့အိမ် အခန်း (၁၄၇)

ဆူးငှက် စာအုပ်ငှားသည်၊ ဓာတ်ပုံရိုက်သည် ————————————— ဟေမာဇလရပ်သို့ ရောက်သောအခါ စာအုပ်အငှားဆိုင်လေး ဖွင့်သည့်အပြင် လှဂူဏ်ရည်တွင် ရှိစဉ်က ဝယ်ထားသော Pentex ကင်မရာလေး အပြင် ကိုမောင်ဝင်း က သူဝယ်ခဲ့သည့် Nikon ကင်မရာကိုလည်း ပေးထားသောကြောင့် အောက်ဒိုး ဓာတ်ပုံလည်း ရိုက်ဖြစ်ခဲ့သည်။ ထိုစဉ်က လှဂုဏ်ရည်မှ ကိုကျော်ဝင်း၏ ညီဖြစ်သူ ကိုအောင်မင်းနှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မြောက်ပြင်ထားဝယ်ရပ်သား ကိုသိန်းဆွေနှင့် အောက်ဒိုးဓာတ်ပုံ အတူတွဲ၍ ရိုက်ဖြစ်ကြခြင်း ဖြစ်သည်။ ကိုသိန်းဆွေက အတော် မန္တလေးသားပီသ၏။ သူက သီချင်းဆို နန်းတော်ရှေ့ဆရာတင် မြို့မငြိမ်း ဦးဘသိန်း မှ၊ တီးဝိုင်း ဆိုလျှင် မြို့မမှ၊ အငြိမ့်ဆိုလျှင် တာရဲတန်းထွက်မှ၊ ရုံဇာတ်ဆိုလျှင် မြို့တော်နှင့် ရွှေမန်းမှ ဖြစ်သည်။ သူက စာလည်းအတော် ဖတ်သည်။ ဆေးပေါ့လိပ်လေး လက်ကြားညှပ်ပြီး လက်ထဲမှာ…

Read More