နိုဝင်ဘာ ၂၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါကနေ လားရှိုးဘက် အထွက် သီပေါတံတားပေါ်ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့ ကစ လမ်းလျှောက်ဖြတ်သန်းလို့ ရပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခရီးသွားတွေတော့ မသိဘူး။ ဈေးဝယ်တဲ့သူတွေတော့ တံတားပေါ်ကနေ သွားလာနေကြတယ်။ ကားသမားတွေကလည်း ဘယ်ထိ ပို့လို့ ရသလဲတော့ မသိဘူး” လို့ သီပေါ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ခရီးသွားမယ့်သူတွေကတော့ နားမခေါ် – တာလုံ ဘက် လမ်းကနေ သွားကြပြီး တာလုံ ဇက်ဆိပ်မှာ ညအိပ် ရတယ်လို့ သူက ပြောပါတယ်။ “သီပေါတံတားကို လမ်းလျှောက်ဖြတ်ခဲ့တယ်။ သီပေါတံတား ကနေ လမ်းလျှောက်ဖြတ်လို့ ရတယ်။ လူပဲ သွားလို့ရတယ်။ ပစ္စည်း အများကြီး မရဘူး” လို့…
Read Moreပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် အောင်နိုင်ရေးဆိုင်းဘုတ်တင်
မန္တလေး နိုဝင်ဘာ ၂၁-၂၀၂၅ မန္တလေးတိုင်း၊မဟာအောင်မြေခရိုင်မှာပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲကို ၇၈လမ်းနဲ့ ၃၈ လမ်းထောင့်မှာ ဒီနေ့ နိုဝင်ဘာ ၂၁ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ မဟာအောင်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှလှ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသံလွင်ထွန်း၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းစွမ်းမောက်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပြည့်ဖြိုးအောင်၊ တိုင်းဒေသကြီး အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးဝေလွင်ဖြိုး၊ မဲဆန္ဒနယ် အမှတ်၂ အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်းဦးဇော်မျိုးဦးတို့ကို VOMက တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါတယ်။
Read Moreတောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ
နိုဝင်ဘာ ၂၁ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ စွဲချက်နှစ်ခုတင်ခဲ့တော့ ၃၇၆ ပုဒ်မတခုကိုထဲကိုပဲ ပြစ်ဒဏ်တွေ ထပ်ထပ်ချလိုက်တာ လို့သိရတယ်။ အဲဒါကြောင့် ပုဒ်မက တခုတည်းနဲ့ ထောင်ဒဏ်…
Read Moreသီပေါမှာ မြန်မာ့စီပွားရေးဘဏ် ပြန်လည်ဖွင့်လှစ်
နိုဝင်ဘာ ၂၁၊ ၂၀၂၅။ NN(VOM) တိုက်ပွဲတွေကြောင့် တနှစ်ကျော်ကြာ ပိတ်ထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြန်မာ့စီးပွား ရေးဘဏ်ကို ဒီကနေ့ နိုဝင်ဘာ ၂၁ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အငြိမ်းစား ဝန်ထမ်းတွေရဲ့ ပင်စင်လစာကိစ္စတွေ အပါအဝင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို စတင် လုပ်ဆောင်ပေးနေပြီလို့ ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ် ဒုတိယ အထွေထွေမန်နေဂျာ ဦးအောင်မျိုး ထွန်းက ပြောပါတယ်။ “ကျွန်တော်တို့ ဝန်ထမ်း နှစ်ဆယ်နဲ့ ပြီးခဲ့တဲ့ လ ၂၀ ရက်နေ့မှာ သီပေါကို ရောက်ပြီးတော့ ဘဏ်လုပ် ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ လုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဘဏ် ပြန်ဖွင့်နိုင်ခဲ့ပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်တို့ အငြိမ်းစား လစာထုတ်ပေးခြင်း လုပ်ငန်းတွေကို စတင် လုပ်ဆောင်ပေးပါတယ်” လို့ ပြောပါတယ်။ သီပေါအခြေစိုက် နိုင်ငံဝန်ထမ်းတွေ…
Read Moreဘင်္ဂလားဒေ့ရှ်မှာ ငလျင်လှုပ်လို့ လူသုံးယောက်သေ
ဒါကာ၊ နိုဝင်ဘာ-၂၁-၂၀၂၅ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကအပြင်မှာ အင်အားပြင်းငလျင်တခု ဒီကနေ့မှာ လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် ဘူမိဌာနရဲ့ အဆိုအရ ဒါကာမှ ၃၃ ကီလိုမီတာခန့်အကွာရှိ နာဆင်းဒီမြို့အနီးမှာ နံနက် ၁၀ နာရီ ၃၈ မိနစ်မှာ ရစ်ချ်တာစကေး ၅ ဒဿမ ၅ အဆင့်နဲ့ လှုပ်ခတ်သွားတာလို့ ပြောပါတယ်။ အဆောက်အအုံတွေ တုန်ခါပြီး ယာယီအဆောက်အအုံအချို့ ပြိုကျသွားတာကို မြို့ခံတွေ မြင်တွေ့ခဲ့ရပြီး နေအိမ်တွေကနေ လူတွေထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တချို့ကတော့ လမ်းပေါ်မှာ ငိုကြွေးနေပြီး တချို့ကတော့ အံ့အားသင့်နေကြတယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်နေစဉ် ခြောက်ထပ်အဆောက်အအုံ ၀ရန်တာတွေ ပြိုကျသွားသောကြောင့် လူသုံးယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ ဒါကာခရိုင်တခုရှိ ရှစ်ထပ်အဆောက်အအုံမှ အုတ်နံရံတွေလည်း အောက်ဘက်ရှိ…
Read Moreဂျပန်ကိုသွားမယ့် လေယာဉ်ခရီးစဉ်တွေ လျှော့ချမယ်လို့ တရုတ်နိုင်ငံပိုင် Air China ကြေညာ
ပေကျင်း၊ နိုဝင်ဘာ-၂၁-၂၀၂၅ ရတီ(VOM) ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကြောင့် တရုတ်နဲ့ ဂျပန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန် တရုတ်နိုင်ငံပိုင် အဓိကလေကြောင်းလိုင်းဟာ ဂျပန်ကို ပြေးဆွဲပျံသန်းမယ့် ခရီးစဉ်တွေကို ယခုလကုန်မှစပြီး လျှော့ချသွားမယ်လို့ ပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်မှ လာမယ့်နှစ် မတ်လကုန်အထိ အိုဆာကာနဲ့ ရှန်ဟိုင်းအကြား ပျံသန်းမှုတွေကို လက်ရှိ ၂၁ ကြိမ်မှ ၁၆ ကြိမ်အထိ ခရီးစဉ်လျှော့ချမယ်လို့ အစိုးရပိုင် တရုတ်လေကြောင်းလိုင်း (Air China )က ကြေညာပါတယ်။ တိုကျိုနဲ့ ချုံချင်းအကြား ပျံသန်းမှုတွေကိုလည်း ဒီဇင်ဘာ ၁ ရက်မှ လာမယ့်နှစ် မတ်လကုန်အထိ လက်ရှိ ခုနစ်ကြိမ်ရှိနေရာမှ လေးကြိမ်အထိ လျှော့ချမယ်လို့ တရုတ်လေကြောင်းလိုင်းက ဆိုပါတယ်။ Air China က ခရီးစဉ်တွေ လျှော့ချမှုဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်ပေမယ့်…
Read Moreမော်ချီးဒေသ လေကြာင်းတိုက်ခိုက်မှု ငါးယောက်သေဆုံးပြီး ဒဏ်ရာရသူတွေရှိ
နိုဝင်ဘာ ၂၁ ၊ ၂၀၂၅ CC (VOM) ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူငါးယောက် နဲ့ ထိခိုက်ဒဏ်ရာရသူ များပြားရှိခဲ့တယ်လို့ သိရပါတယ်။ မော်ချီးဒေသရှိ ကေဒီ ခဲလုပ်ကွက် နဲ့ မော်ချီးဒေသ အမှတ် (၂) စက်ရုံ ၊ ညောင်ပင် ဆိုတဲ့နေရာတွေကို လေကြာင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ မနက် ၈ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ် လို့ ဒေသခံဆီက သိရပါတယ်။ “ထိခိုက် နဲ့ သေဆုံးမှုက ကေဒီဆိုတဲ့နေရာမှာ ဖြစ်တာပါ။ ကျားငါးယောက် သေဆုံးခဲ့တယ်။ ထိခိုက်မိသူကများတယ် ။ အရေအတွက်တော့ မသိရသေးဘူး။ ” လို့ စစ်ရှောင်အရေးကူညီနေသူ ကပြောပါတယ်။ လက်ရှိမှာ…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၃၂)
ဆူးငှက် အထက်ပါ ဆောင်းပါးလေးကို ဒေါ်ဒေါ် လူထုဒေါ်အမာက ဖတ်ပြီး ကျွန်တော့်အလုပ်စားပွဲနား လာထိုင်သည်။ ရေချိုးပြီးစ နံ့သာဖြူကရမက်ရနံ့လေး သင်းပျံ့နေသည်။ ဒေါ်ဒေါ်က စမုန်စပါးစေ့လေးတွေလည်း ဝါးနေ၏။ စာရေးလက်စမို့လား၊ စာရေးဖို့ ပြင်ဆင်နေချိန်မို့လား၊ ဒေါ်ဒေါ့်အင်္ကျီမှာ ပတ်ကား ဘောလ်ပင် ချိတ်လျက်ပါလာသည်။ အမေက ကျွန်တော့်နံဘေးရှိ ဆက်တီခုံမှာ ဝင်ထိုင်ရင်း … ”မင်းဆောင်းပါးဖတ်ပြီးပြီကွဲ့” ကျွန်တော် မျက်နှာပူသွားသည်။ အသံထွက်ပြီး ရှက်ရယ်လိုက်မိသည် ထင်၏။ ဒေါ်ဒေါ်ကလည်း ခင်သင်းသင်း ရယ်ရင်းဖြင့် ”ကိုလှကို အထင်လွဲကြတာ မင်းတယောက်တင် မဟုတ်ဘူးကွယ့်၊ မောင်စောလွင်တို့၊ မောင်စိန်ဝင်းတို့လည်းပါတယ်။ မင်းတို့ မပြောပါနဲ့ကွယ်။ ငါတောင် သူ့ကို အထင်ခပ်လွဲလွဲရယ်၊ အမြဲတမ်းနေရာတိုင်း ဥပဒေနဲ့ဘောင်နဲ့ လုပ်လွန်းလှချည့်၊ စဉ်းစားလှချည့်၊ ချင့်ချိန်လှချည့်လို့ပေါ့ကွယ်။ သူလုပ်တာ ကိုင်တာတွေ၊ သူပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေကို သူ့ရဲဘော်ရဲဘက်တွေလောက် ငါတို့က ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒီတော့လည်း သူ့အပြင်ပန်း…
Read Moreဒူဘိုင်းလေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး
ဒူဘိုင်း ၊ နိုဝင်ဘာ-၂၂-၂၀၂၅ ရတီ(VOM) ဒူဘိုင်းမှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစင်း သရုပ်ပြပျံသန်းစဉ် ပျက်ကျပြီးနောက် လေယာဉ်မှူး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေတပ်က ထုတ်ပြန်ချက်မှာဆိုပါတယ်။ မတော်တဆမှု အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။ AP သတင်းဌာနရဲ့ အဆိုအရ Hindustan Aeronautics Ltds ရဲ့ Tejas ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ Dubai Airshow 2025 မှာ ကုမ္ပဏီ ၁၅၀၀ ပါဝင်ခဲ့ပြီး တက်ရောက်သူနဲ့ ပြသသူ တသိန်းလေးသောင်းကျော် ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ လေယာဉ်မှူးဟာ အသက် ၃၇ နှစ်အရွယ် Namansh Syal…
Read Moreကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကွယ်လွန်
မန္တလေး၊ နိုဝင်ဘာ – ၂၂- ၂၀၂၅ SA(VOM) အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အလင်္ကာကျော်စွာဆု ရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ် ဟာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်က Grand Mandalay ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တံတားဦးမြို့ နီးပါးတန်းရပ်နေ (ဦးချွန်)(ဒေါ်မမကြီး)တို့သားကြီး၊ဆရာမဒေါ်ညွန့်ညွန့်၏ခင်ပွန်း၊ ကိုဝင်းခိုင်+မနွယ်နွယ်ဦး(မနီတာ)၊ကိုဌေးဇော်+မမေခိုင်ဦး၊ကိုကျော်ကျော်၊ကိုဗဟိန်းတင်+မဆွေဆွေထွေး၊မမိုးမိုးကြည်၊မလွင်လွင်တိုး၊ကိုသက်ဝင်း+မပိုးပိုးသဲထွေးတို့၏ဖခင်ကြီးမြေး(၆)ယောက်၊မြစ်(၃)ယောက်တို့၏ဖေဖေဘ ဦးကိုလေး(ကိုလေး အင်းဝဂုဏ်ရည်)သည် ၂၂.၁၁.၂၀၂၅ စနေနေ့မနက်တွင်(၉၆)ပါးသောရောဂါဖြင့်ဘဝတစ်ပါးသို့ပြောင်းရွေ့ကွယ်လွန်ခဲ့တဲ့အကြောင်း ဦးကိုလေး(အင်းဝဂုဏ်ရည်) သမီးဖြစ်သူ မနီတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ မန္တလေး စာပေအသိုင်းအဝိုင်းကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတပါးဆုံးရှူံးရတာဖြစ်ကြောင်း ဆရာကြီးကောင်းရာဘုံရောက်ရှိမယ် ယုံကြည်ကြောင်း ရေးသားထားကြပါတယ်။ “ဆရာကြီး ကွယ်လွန်တာ မြန်မာစာလောကအတွက် ဆုံရှုံးမှုတစ်ခုပါ။မန္တလေးစာပေလောကအတွက် ဆုံးရှုံးမှုပါ။ဆရာ့ရဲ့ စာ၊ကဗျာနဲ့ပတ်သက်တဲ့ အသိအမြင်အတွေးအခေါ်တွေ မကြားရ၊မဖတ်ရတော့။ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” လို့ ကဗျာဆရာ မောင်ရဲနွေ(ပလိပ်)…
Read More




