မန္တလေးဆေးရုံကြီးက အဲကွန်းတွေကို ဖြုတ်ခိုးယူတဲ့သူတွေကို ဖမ်းဆီးရမိ

မန္တလေး၊ သြဂုတ်- ၂၂- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းက မန္တလေးပြည်သူ့ဆေးရုံကြီးကနေ အဲကွန်း ၁၇ လုံး(၄၅၈ သိန်းတန်ဖိုး) ဖြုတ်ခိုးခဲ့တဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မန္တလေးပြည်သူ့ဆေးရုံကြီးအတွင်းမှာရှိတဲ့ အရေးပေါ်ဌာန၊ ပင်မဓာတ်မှန်ဌာန၊ အရေးပေါ်ဌာန ယာယီစာသင်ခန်း၊ ပင်မ ခွဲစိတ် ခန်း စတဲ့ ဌာနအသီးသီးက အဲကွန်း ၁၇ လုံး ပျောက်ဆုံးမှုဖြစ်ပွားခဲ့လို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစ ခန်းမှာ တာ ဝန်ရှိသူတွေက သြဂုတ် ၆ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အရေးပေါ်နှင့် ပြင်ပလူနာဌာနရှိ Mitzubishi (5HP)ceiling casstte Type အမျိုးအစား အဲကွန်း(၂)လုံး၊ တန်ဖိုးသိန်း (၁၆၀)ကျပ်ခန့်၊ Mitzubishi (2HP)အမျိုးအစား အဲကွန်း(၁) လုံး၊ တန်ဖိုးသိန်း(၂၀)ကျပ်ခန့်၊ Mitzu-bishi/ Hitashi/ Sakura/ general(1.5 HP)အမျိုးအစား အဲကွန်း(၄)လုံး၊တန်ဖိုး(၄၈) သိန်းကျပ်ခန့်၊ အရေးပေါ်ဌာနယာယီစာသင်ခန်းရှိ CHIGO+ General (1.5 HP) အမျိုးအစားအဲကွန်း(၃)လုံး၊ တန်ဖိုး(၇၅)သိန်းကျပ်ခန့်၊ ပင်မဓာတ်မှန်ဌာနရှိ CHIGO+Gene ral(1.5 HP) အမျိုးအစား အဲကွန်း(၅)လုံး၊ တန်ဖိုး(၁၂၅)သိန်းကျပ်ခန့်၊CHIGO stand(2HP)အမျိုးအစား အဲကွန်း(၁)လုံး၊ တန်ဖိုး(၁၅)သိန်းကျပ်ခန့်၊ ပင်မခွဲစိတ်ခန်းရှိ Fujisu General (2HP) အမျိုးအစား အဲကွန်း(၁)လုံး၊ တန်ဖိုး(၁၅)သိန်းကျပ်ခန့်၊ ခိုးယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ရဲတပ်ဖွဲ့က အဲကွန်းခိုးတဲ့သူတွေကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့တာမှာ ဆေးရုံကြီးအနီးက ဘုရားဝန်းအတွင်းမှာ အဲကွန်းဖြုတ်နေသူတစ်ဦးကို မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာက ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကျူးလွန်သူဟာ အဲကွန်းဆားဗစ်လုပ်ငန်း လုပ်ကိုင်သူနေဖြစ်ပြီး ဆေးရုံကြီးအတွင်းမှာရှိတဲ့ ဌာနအသီးသီးက အဲကွန်းတွေကို နေ့ခင်းဘက်မှာ အဆင်ပြေသလို တစ်ခုခြင်းဖြုတ်ယူခြင်း၊ အလုံးလိုက်သယ်ယူခြင်း၊ ကြေးပိုက်များဖြုတ်ယူခြင်း တို့လုပ်ဆောင်ခဲ့ပြီး ကာလကြာရှည် ခိုးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးပြည်သူ့ဆေးရုံကြီးအတွင်းမှာရှိတဲ့ ဌာနအသီးသီးက အဲကွန်းတွေကို ခိုးယူတွေထဲမှာ ဆေးရုံကြီးက သန့်ရှင်းရေးဝန်ထမ်းတယောက်နဲ့ မိသားစုဝင်တယောက်လည်း ပါတယ်လို့ သိရပြီး အဲကွန်းခိုးယူသူတွေဖြစ်တဲ့ တရားခံ အောင်ကျော်ကျော်(ခ)အုပ်စိုး၊ အောင်ငြိမ်းချမ်း(ခ)ငြိမ်းချမ်း၊ သိန်းမြင့်၊ သူဇော်အောင် တို့ကို အမှတ် ၈ မြို့မရဲစခန်းမှာ (ပ) ၁၁၀/၂၀၂၆ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW