ဝန်ထမ်း၊အငြိမ်းစားနဲ့နေ့စားလုပ်သားတွေကို ထောက်ပံကြေးထပ်တိုးပေးမှုနဲ့အတူ ကုန်စျေးနူန်းမြင့်လာမှာကို ပြည်သူတွေစိုးရိမ်

အောက်တိုဘာ ၁၊ ၂၀၂၅ GG (VOM) နိုင်ငံ့ဝန်ထမ်း၊အငြိမ်းစားဝန်ထမ်း၊ နေ့စားလုပ်သားတွေကို ထောက်ပံကြေးထပ်မံတိုးမြှင့်ပေးလိုက်မှုနဲ့အတူ ကုန်စျေးနူန်းတွေ ပိုပြီး မြင့်တက်လာမှာကို ပြည်သူတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ယခုလို ဝန်ထမ်းတွေကို ထောက်ပံကြေး တိုးပေးခြင်း ၊လစာတိုးမြှင့်ပေးတိုင်း အ​ခြေခံစားသောက်ကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းစျေးနူန်းတွေပါ မြင့်တက်လာလေ့ရှိတာကြောင့် ကုန်စျေးနူန်းတက်မှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ ” သူတို့တိုးတာက သောင်းဂဏန်းလေးတိုးတာ။ ရတော့လည်းဝန်ထမ်းတွေပဲရတာ။သူတို့လစာတိုးတိုင်းကုန်စျေးနူန်းအနည်းနဲ့အများတော့လိုက်တက်တယ်လေ။ ကုန်စျေးနူန်းလိုက်တက်ရင် ပြည်သူအကုန်လုံးခံရတယ်။မတိုးစေချင်လို့ ပြောတာမဟုတ်ပါဘူး ။ဝန်ထမ်းတွေလည်း လစာတွေတိုးစေချင်ပါတယ်။အဲဒီလိုပဲ ကုန်စျေးနူန်း မတက်အောင်လည်း လုပ်ပေးစေချင်ပါတယ်။အခုကရတဲ့လစာနဲ့ ကုန်တာနဲ့မမျှဘူး။” လို့ ပြည်သူတယောက်ကပြောပါတယ်။ အောက်တိုဘာ ၁ ရက်ကစပြီးနိုင်ငံ့ဝန်ထမ်းတွေ နဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် ၃၀၀၀၀ ကျပ်ကို တတိယအကြိမ်မြောက်အဖြစ် လစဥ်ခံစားခွင့်ပြုလိုက်သလို နေ့စားအလုပ်သမားတွေကိုလည်း တရက်ကို ၁၀၀၀ ကျပ် အပို ထောက်ပံ့ကြေး ထပ်မံပေးအပ်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကို လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၃…

Read More

ဖိလစ်ပိုင်ငလျင် နောက်ဆက်တွဲ အကြိမ် ၆၀၀ ကျော်လှုပ်ခတ်ခဲ့ပြီး သေဆုံးသူ ၇၀ နီးပါး မြင့်တက်လာ

မနီလာ၊ အောက်တိုဘာ-၁-၂၀၂၅ ရတီ(VOM) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၇၀ နီးပါးရှိလာကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။ ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဆိုင်ရာ သိပ္ပံဌာနက ဆူနာမီ သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီး ပင်လယ်ရေမျက်နှာပြင် လှိုင်းအတက်အကျကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ သိသိသာသာ ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။ စီဘူးပြည်နယ်အစိုးရကတော့ သဘာ၀ဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားပြီး လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိဖို့နဲ့ ငလျင်သင့်သူတွေကို အကူအညီပေးရေးအတွက် အပူတပြင်းတွေ လုပ်ဆောင်နေပါတယ်။ ငလျင်ကြောင့် ဒဏ်ရာရသူတွေနဲ့ အခြားသူတွေကို ဆေးရုံအဆောက်အအုံပြင်ပမှာ ကုသမှုတွေ ပေးနေပါတယ်။ အင်္ဂါနေ့က ၆ ဒဿမ ၉ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲငလျင် ၆၁၁ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်ဆိုင်ရာ အေဂျင်စီက…

Read More

ရန်ကုန် – ပုဂံ ရထားလမ်းက တံတားတိုင်ကျွံကျလို့ ခရီးစဉ်တွေ ရပ်နားထားရပြီး ပြေးဆွဲနိုင်မယ့်ရက် မသေချာသေး

အောက်တိုဘာ ၁ ၊၂၀၂၅ GG (VOM) မိုးများပြီး ရေစီးကြမ်းကာ ရေတက်ခဲ့လို့ ရန်ကုန် – ပုဂံ ရထားလမ်းမှာရှိတဲ့ တံတားစင်းရဲ့အလယ်ကွန်ကရစ်တိုင်တခု နိမ့်ကျွံကျသွားတာကြောင့် ရန်ကုန် – ပုဂံ ရထားခရီးစဉ်ကိုယာယီ ရပ်နားထားလိုက်ရတယ်လို့ ပုဂံဘူတာ တာဝန်ရှိသူက ပြောပါတယ်။ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးရွာအနီးရှိ ဝက္ကသေးဘူတာအနီးက ရန်ပယ်ရထားသံလမ်းတံတားရဲ့ ကွန်ကရစ်အလယ်တိုင် စက်တင်ဘာ ၃၀ ရက်နေ့က နိမ့်ကျသွားတာဖြစ်ပြီး ရေကျချိန်မှသာ ပြင်ဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ရေကျသွားချိန်မှသာ ရထားလမ်းကိုပြင်ဆင်နိုင်မှာဖြစ်တဲ့အတွက် သီတင်းကျွတ် ရုံးပိတ်ရက်ကာလမှာ ရထားပြန်လည်ပြေးဆွဲနိုင်ခြင်းရှိမရှိက ရာသီဥတုအပေါ်မူတည်နေတာကြောင့် ပြန်ဖွင့်မယ့်ရက်ကိုအတိအကျ ပြောနိုင်တဲ့အခြေအနေမရှိသေး ဘူးလို့သိရပါတယ်။ ” တိုင်းအစီအစဥ်နဲ့လုပ်နေတာ။အခုကရထားနိမ့်ကျွံသွားလို့ယာယီရပ်ထားတယ်ပဲသိရတယ်။ဘယ်နေ့ပြုပြင်မယ် ၊ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးဘူး။ တံတားက ရေကျမှပဲပြုပြင်လို့ရမှာပါ။ ရေကတော့မနေ့ကထက် နှစ်ပေလောက်ကျသွားပြီ ခုမနက်သိရတယ်။ ဝက္ကသေးဘူတာနားမှာပေါ့။တံတားအမှတ် ၃၄၃ လို့လည်းခေါ်တယ်။ သီတင်းကျွတ်ရထားဆွဲနိုင်မလားဆိုရင် ရာသီဥတုအပေါ်ပဲပြောမှာပေါ့။မိုးကအဆက်မပြတ်ရွာနေရင်လုပ်မရဘူးပေါ့။မိုးမရွာဘူးပွင့်တယ်ဆိုရင်တော့ ဒါကကြာတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ယာယီဖြတ်လို့ရအောင်လုပ်မှာပေါ့လေ။ လတ်တလောကတော့ တိုင်းတာဖို့ခက်နေတုန်းဆိုတော့…

Read More

အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခြင်း

ထိုက်သူနိုင် Donald Trump ဒုတိယတကြိမ် သမ္မတအဖြစ် တာဝန်ယူတဲ့ကာလအတွင်း အစိုးရ အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးနိုင်ခြင်း မရှိတဲ့အတွက် စက်တင်ဘာလ ၃၀ ရက်နေ့ သန်းခေါင်မှာ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားပါတယ်။ အမေရိကန် သမိုင်းမှာ နှစ် ၅၀ အတွင်း ၂၁ ကြိမ်မြောက် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာဖြစ်ပြီး Donald Trump ပထမတကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၈ ခုနှစ် ၂၀၁၉ ခုနှစ်တွေကနဲ့ ဆိုရင် သူ့ သမ္မတသက်တမ်းအတွင်းမှာ အခု တတိယအကြိမ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာလို့ သတင်းစာတွေက ရေးပါတယ်။ အစိုးရအသုံးစရိတ်ကို လာမယ့် နိုဝင်ဘာ ၂၁ ရက်အထိ လက်ရှိအခြေအနေအတိုင်း ဆက်ပြီး လည်ပတ်နိုင်မယ့် ယာယီအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုဖို့ အထက်လွှတ်တော်မှာ လိုအပ်တဲ့ ထောက်ခံမဲ ၆၀…

Read More

ကျောက်မဲမြို့ထဲထိ နလအတပ်တွေ ရောက်ရှိနေ

အောက်တိုဘာ ၁၊ ၂၀၂၅ Shy V (VOM) ကျောက်မဲ တချို့ရပ်ကွက်မှာ ဒီနေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်း ကစ နလအ တပ်ဖွဲ့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “စစ်တပ်က ကျောက်မဲ မြို့ထဲ ဝင်ပြီ။ တိလင်ရောက်ပြီ။ အချိုရည်တွေ သွားပေးခဲ့တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ရပ်ကွက် ၉ တိလင်ဘက်ကို လမ်းကြောင်း နှစ်ကြောင်းကနေ ဝင်လာတာဖြစ်ပြီး မနက် အစာကတည်းက ရောက်နေပြီလို့ သူက ပြောပါတယ်။ “စစ်တပ်က မြို့ထဲ ဝင်နေပြီ။ အကုန်လုံးဝောာ့ မရသေးဘူး။ ရပ်ကွက် ၁ ဘက်လည်း ပစ်ခတ်သံတွေကြားနေတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ပြည်ထောင်စု လမ်းမ နဲ့…

Read More

တောင်ကိုရီးယား လေဆိပ် ၁၅ ခုမှအလုပ်သမားတွေ သပိတ်မှောက်ဖို့ စီစဉ်

ဆိုးလ်၊ အောက်တိုဘာ-၁-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယား လေဆိပ်အလုပ်သမားတွေဟာ အောက်တိုဘာ ၁ ရက် ဒီကနေ့စတင်ပြီး သပိတ်မှောက်ကြမှာ ဖြစ်ကြောင်း အစိုးရပိုင် Korea Airports Corporation က ပြောပါတယ်။ နိုင်ငံရှိ လေဆိပ် ၁၅ ခုမှ အလုပ်သမား ၂၃၀၀ ဟာ ပိုမိုကောင်းမွန်တဲ့ လုပ်ခလစာအစီအစဉ်တွေ၊ အနားယူရက်တွေနဲ့ ပိုမိုလုံခြုံတဲ့ လုပ်ငန်းခွင့်အခြေအနေတွေကို တောင်းဆိုကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေဟာ မံခန့်ခွဲမှုနဲ့ ညှိနှိုင်းမှုမပြီးမချင်း ဆက်လက် သပိတ်မှောက်ဖို့ စီစဉ်ထားကြောင်း သပိတ်မှာပါဝင်တဲ့ သမဂ္ဂတွေထဲက တခုဖြစ်တဲ့ ကိုရီးယားပြည်သူ့ဝန်ဆောင်မှုနဲ့ ပို့ဆောင်ရေး အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ အစောပိုင်းမှာ ကျရောက်မယ့် ကိုရီးယားရိုးရာ Chuseok ကျေးဇူးတော်နေ့ အားလပ်ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသားအများအပြားဟာ နိုင်ငံရပ်ခြားသို့ ခရီးထွက်ဖို့ ပြင်ဆင်နေကြချိန်မှာ သပိတ်မှောက်မှု ထွက်ပေါ်လာတာပါ။ သပိတ်မှောက် လုပ်သားအများစုဟာ…

Read More

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံ ခြောက်ခု ရေပြည့်မှတ်နီးပါး ရောက်ရှိနေ

အောက်တိုဘာ ၁ – ၂၀၂၅ SN (VOM) အခုနှစ် မိုးနှောင်းကာလအတွင်း မိုးရွာသွန်းမှု များပြားလျက်ရှိတာကြောင့် ရန်ကုန်တိုင်းအတွင်းက ရေလှောင်တမံ ခြောက်ခု ရေပြည့်မှတ်နီးပါး ရောက်ရှိနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ အသိပေးထားပါတယ်။ လက်ရှိမှာ လှည်းကူးမြို့နယ် အတွင်းက ငမိုးရိပ်ရေလှောင်တမံ အပါအဝင် ပေါင်းလင်း၊ မဟူရာ၊ လဂွမ်းပြင်၊ ကလီထော်၊ တောင်လုံးမြောင် အစရှိတဲ့ ရေလှောင်တမံတွေ ရေပြည့်မှတ် နီးပါး ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “မိုးကတော့ ဒီမနက်ပိုင်း တောက်လျှောက် ကောင်းနေတယ်။ ရေလှောင်တမံတွေကတော့ လက်ရှိ ရောက်နေတဲ့ ရေမှတ်ကနေ သိသိသာသာတော့ မတိုးသေးပါဘူး။ လောလောဆယ်တော့ ရေကျော်မယ့် အလားအလာ မတွေ့ရသေးပါဘူး” လို့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က…

Read More

မယ်ဆိုင်းချောင်းရေမြင့်တက်လို့ တာချီလိတ်မှာ ရုတ်တရက်ရေကြီးပြန်၊ ၂၄ နာရီအတွင်း ၃ ပေထပ်တက်မယ် သတိပေး

အောက်တိုဘာ ၁၊၂၀၂၅ GG (VOM) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ တောင်ကျရေစီးဆင်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး ရပ်ကွက်လေး ခုလောက်မှာ ရုတ်တရက် ရေကြီးရေလျှံ မှုဖြစ်ပွားနေတဲ့အပြင် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသားတွေကိုလည်း အရေးပေါ်ကယ်ထုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ ” တာချီလိတ်မှာက မိုးတအားမသည်းဘဲ ရုတ်တရက် ရေကြီးလာတာ။ဒီမနက် ၉ နာရီလောက်မှာမယ်ဆိုင်းချောင်းရေက ရုတ်တရက်ကိုမြင့်လာပြီးဖြစ်သွားတာ။တောင်ပေါ်ဘက်တွေမှာမိုးတအားရွာပြီး ဒီဘက်ကို ချောင်းတလျှောက်စီးလာတဲ့ရေတွေကြောင့် ဖြစ်နေတာပါ။” လို့ ဒေသခံကပြောပါတယ်။ မကာအိုခမ်း ရပ်ကွက်အပါအဝင် ဗိုလ်ချုပ်လမ်းမကြီးနဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့ ၊ မယ်ခေါင်ရပ်ကွက် တွေမှာ ရေကြီးမှုဖြစ်ပွားနေတာဖြစ်ကြောင်း ၊ရုတ်တရက်ရေကြီးမှုကြောင့် မကာအိုခမ်းရပ်ကွက်ရှိ ရွှေမဟာကိုယ်ပိုင်ကျောင်းက ကလေးတွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ တာချီလိတ်မှာ ယခု ၂၀၂၅ ခုနှစ်အတွင်းမှာ ယခုရေကြီးမှုအပါအဝင်ဆိုပါက ရေကြီးမှုပေါင်း ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ကျောင်းကိုအသွားအပြန်တက်တဲ့ကျောင်းသားတွေကိုသွားပြီးတော့ မီးသတ်ကစက်လှေနဲ့သွားကယ်ကြတာပေါ့။ရေက နိမ့်တဲ့နေရာမှာခါးအထက်ရောက်သွားတယ်။တခြားနေရာကတော့ ပေါင်လောက်ပေါ့ ။အထက်ဘက်က…

Read More

အင်ဒိုနီးရှား ဘာသာရေးကျောင်း ပြိုကျမှု ကျောင်းသား ၉၀ ကျော် နှစ်ရက်ကြာချိန်ထိ ပိတ်နေ

ဂျကာတာ၊ အောက်တိုဘာ-၁-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားမှာ အစ္စလာမ် သာသာရေးကျောင်း အဆောက်အအုံ ပြိုကျပြီး နှစ်ရက်အကြာမှာ ကျောင်းသား ၉၁ ယောက်ဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေနိုင်သေးကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားပါတယ်။ အရှေ့ဂျာဗားမှာ ရှိတဲ့ ဘာသာရေးကျောင်း အဆောက်အဦဟာ တနင်္လာနေ့က ရုတ်တရက် ပြိုကျခဲ့ပါတယ်။ ကျောင်းသား သုံးယောက်ထက်မနည်း သေဆုံးပြီး အခြား ၂၆ ယောက်ကို ဆေးရုံမှာ ကုသပေးနေကြောင်း တာန်ဝန်ရှိသူတွေက ပြောပါတယ်။ တက်ရောက်သူ မှတ်တမ်းတွေကို ပြန်လည်သုံးသပ်ပြီးနောက် ကျောင်းသား ၉၁ ယောက်ဟာ အပျက်အစီးများအောက်မှာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ကျောင်းသားအများအပြားဟာ အဆောက်အဦအတွင်း နေ့လယ်ခင်း ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်နေကြတာဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပါ ကူညီဆောင်ရွက်နေပါတယ်။ အထပ်နှစ်ထပ် အဆောက်အအုံဟာ နောက်ထပ်ခေါင်မိုးထပ်နှစ်ထပ်…

Read More

ကျောက်မဲမြို့ကို နလအတပ်ဖွဲ့က အပြီးသတ် ပြန် ထိန်းချုပ်

​အောက်တိုဘာ ၂-၂၀၂၅ Shy V (VOM) TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက နလအ တပ်ဖွဲ့က အပြီးသတ် ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲမြို့ထဲ စစ်တပ်က အကုန် ရသွားပြီ။ ခုမြို့ထဲ ပတ်ကြည့်နေတယ်။ နေရာ အကုန် ရပြီ လို့ ပြောလို့ ရပါပြီ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကျောက်မဲမြို့မှာရှိတဲ့ မီးသတ်၊ ထွေအုပ်ရုံး၊ လဝက ရုံး၊ ဆေးရုံ စတဲ့ ဌာနဆိုင်ရာ ရုံးတွေ အပါအဝင် မြို့ထဲက နေရာအားလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ “ကျောက်မဲမြို့ကို ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ စစ်တပ်က အပြည့်အဝ…

Read More
VOM News

FREE
VIEW