ဆူးငှက် အစ်ကိုတွေကြားက ကလေးတဲ့လား ————————————– ပြောခဲ့ပါပြီကော၊ ၉တန်းတက်တော့ အတန်းထဲမှာ ကျွန်တော်က အငယ်ဆုံး ဖြစ်နေသည်။ ငယ်သည် ဆိုရာတွင် အသက်သာ ငယ်သည်မဟုတ်၊ လူလုံးလူထည်ကလည်း သေးကွေးသည်ဟု ပြောရမည်။ ထိုအခါ အတန်းဖော်များက ကျွန်တော့်ကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံကြသည်။ အတန်းထဲမှာ ဝင်းအောင် ဆိုသူရှိသည်။ ကျွန်တော့်ထက် ကြီးလို့ ကိုဝင်းအောင်ပေါ့။ သူက ဘူတာကြီး အနောက်ဘက် တရုတ်တန်း လှည်းတန်းမှာနေသည်။ လူပုံက ခပ်ချောချော ခပ်ဖြောင့်ဖြောင့်။ သူက ကျွန်တော့်ကို ညီငယ်တစ်ယောက်လို စောင့်ရှောက်သည်။ ကိုဝင်းအောင်က ၁၀တန်းအောင်တော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲ ဝင်ရောက်ကာ ထိုစဉ်က နိုင်ငံအကြီးအကဲ ယာဉ်တန်းများတွင် သူ့ကို ဝိုင်ယာလက် တပ်ဆင်ထားသော ရှေ့ပြေးဆိုင်ကယ်တွင် ရဲယူနီဖောင်းအပြည့်နှင့် စမတ်ကျကျ တွေ့နေရသည်။ အလားတူ ကိုလှဘော်၊ သူက သကျသီဟဘုရားအရှေ့ဘက်မှာ နေသည်။ သူကလည်း…
Read MoreDay: January 28, 2026
ကုသခံလိုသူများလို့ သီပေါ သီတဂူ မျက်စိအခမဲ့ ကုသမှုအစီအစဉ်ကို နှစ်ရက်စောပြီး ဖွင့်လှစ်
ဇန်နဝါရီ ၂၇၊ ၂၀၂၅ NN(VOM) ကုသခံလိုသူတွေ များလာတာကြောင့် သီပေါမြို့ သီတဂူစက္ခုဒါန မျက်စိ ဆေးရုံက ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို မူလသတ်မှတ်ထားတဲ့ ရက်ထက် နှစ်ရက်စောပြီး စတင်လိုက်ရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ မူလက ဒီအစီအစဉ်ကို ဒီလ ၂၈ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုသရက် မတိုင်ခင်မှာပဲ မျက်စိကုသချင်သူတွေ ကြိုတင်လာ ရောက်စောင့်နေကြတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက ကုသမှု တွေကို စတင်လိုက်ရတယ်လို့ သီပေါမြို့ သီတဂူမျက်စိဆေးရုံ ဦးဆောင်နေတဲ့ သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဥူးပညာသီရိက မိန့်ကြားပါ တယ်။ “အေးလည်း အေးနေပြီး လူတွေကလည်း လာအိပ်စောင့်နေကြပြီဆိုတော့ ခွဲစိတ်ပေးမယ့် ဆရာဝန် အင်အားလည်း ပြည့်နေတယ်။ ဒါကြောင့် မနေ့ကပဲ စလိုက်တာပါ။ မနေ့က…
Read Moreစစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် နေရာတွေမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ
ဇန်နဝါရီ ၂၇ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်ရှိ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် နေရာတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက တိုက်ပွဲ ရပ်တန့်နေခဲ့တာ ဖြစ်ပေမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ “ဇန်နဝါရီ ၂၅ ရက်၊ မနက်ပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ပြန်ကြားနေရတာ ဒီနေ့အထိပါပဲ။ စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်က ကျေးရွာတွေဘက်ရော၊ စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နားနဲ့ ကျားမသောက် တပ်ရင်းတွေဘက်မှာရော တိုက်ပွဲဖြစ်နေတာ။ ဒီနေ့မနက် အစောပိုင်းကလည်း လေကြောင်းတိုက်ခိုက်တာ ဖြစ်သေးတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။…
Read Moreနီပါဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးပေမယ့် ရောဂါသယ်ဆောင်တဲ့ လင်းနို့တွေ ရှိတာကြောင့် ရောဂါဖြစ်ပါက ကာကွယ်ထိန်းချုပ်နိုင်ဖို့ စီစဥ်နေ
ဇန်ဝါရီ ၂၇ ၊ ၂၀၂၆ GG (VOM) နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရှိပါက အချိန်နဲ့ တပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အတွက် စီစဥ် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ သံသယ ရောဂါလက္ခဏာရှိမရှိကို စောင့်ကြပ်ကြည့်ရှုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါအပြင် ဖျားနာခြင်း ၊ စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ သတိလွတ်ခြင်း၊ သတိလစ်ခြင်း၊ စကားမပြောနိုင်ခြင်း) နဲ့ အဖျားကြီးခြင်းကြောင့် မဟုတ်ဘဲ တက်ခြင်း အစရှိတဲ့ လတ်တလော ဦးနှောက်ယောင်ခြင်း…
Read Moreကြံတတန်ကို တသိန်းတသောင်း ကျပ်သာ စျေးပေးလို့ တောင်သူနဲ့ စက်ရုံ ပြေလည်မှုမရဘဲ စစ်ကိုင်းအထက်က စက်ရုံတွေ မလည်ပတ်နိုင်
ဇန်နဝါရီ ၂၇ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံတွေက ကြံတတန်ကို စက်ရုံအရောက်စျေး တသိန်းငါးထောင်ကနေ တသိန်းတသောင်းကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေနဲ့ စက်ရုံအကြား ပြေလည်မှုမရရှိတာကြောင့် သကြားစက်ရုံတွေ ခုချိန်ထိ လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ စက်ရုံအနေနဲ့ ကြံတတန်ကို တသိန်းခွဲ ကျပ်နူန်း ပေးဖို့အတွက် တောင်သူနဲ့ စက်ရုံတွေအကြား ညှိနှိုင်းနေကြတာဖြစ်ကြောင်း ၊ ခုချိန်ထိ ညှိနိူင်းမှု အဆင်ပြေတာကြောင့် စက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ” တောင်သူတွေကလည်း အဲဒီစျေးဆို မရောင်းတော့ဘူး ။မီးရှို့ပစ်မယ် ဖြစ်နေတယ်။ စျေးကလည်း အရမ်းကွာနေတာကိုး ။ အခုကြံအသင်းကလည်း ညှိပေးနေတာ နှစ်ကြိမ်ရှိပြီ ။ခုထိတော့ မပြေလည်သေးလို့ စက်မလည်သေးဘူး ။တောင်သူက တသိန်းခွဲ မရရင် မပို့ဘူးပြောတယ်။ စက်ရုံကလည်း ၏တသိန်းတသောင်းထက်ပိုမပေးဘူး…
Read Moreစစ်ရှောင်စခန်းတချို့မှာ အရေပြားရောဂါ ဖြစ်ပွားနေ
ဇန်နဝါရီ ၂၇ – ၂၀၂၆ SS (VOM) မကွေးတိုင်း စလင်းမြို့နယ်၊ ကယားပြည်နယ်ရှိ ရှားတောမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ဘေးရှောင် ထောင်နဲ့ချီ အရေပြားရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ စလင်းမြို့နယ်အတွင်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ ၈၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လက်ရှိမှာ ရေရှားပါးမှုကြောင့် အရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ သိရပါတယ်။ “လိုအပ်တာကတော့ ဆေးဝါးတွေ အရေးပေါ် လိုနေတယ်။ စားနပ်ရိက္ခာလည်း လိုတယ်။ တောထဲမှာ စစ်ရှောင်နေရတာဆိုတော့ သောက်ရေ၊ သုံးရေ အခက်အခဲ အများကြီးရှိနေတယ်။ ဖျားနာပြီး အရေပြားမှာ ယားနာတွေ ဖြစ်လာကြတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။ စလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ…
Read Moreဟင်းသီးဟင်းရွက်အဓိကထားပြီး စိုက်ခိုင်းလို့ သပြေစိုက်တောင်သူတွေ အခက်ကြုံနေရ
ဇန်နဝါရီ ၂၇ ၊၂၀၂၆ KkL(VOM) ပျဥ်းမနားဒေသက သပြေခြံ စိုက်ပျိုးလုပ်ကိုင်နေတဲ့သူတွေကို သက်ဆိုင်ရာက ဟင်းသီးဟင်းရွက်ကို အဓိကထားပြီး ပြောင်းလဲစိုက်ပျိုးခိုင်းတဲ့အတွက် သပြေခြံစိုက်ပျိုးသူတွေနဲ့ သပြေငုတ်တူးလုပ်သားတွေ အခက်ကြုံနေရတယ်လို့ ပျဥ်းမနားမြို့ သပြေစိုက် တောင်သူတွေဆီကနေ သိရပါတယ်။ ၂၀၂၄ သြဂုတ်လအတွင်းက ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနေကြတဲ့ ပျဥ်းမနားအရှေ့ဖက်က ရွာတွေမှာရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း အသီးအရွက်စျေးနှုန်းတွေအဆမတန် စျေးတက်ခဲ့တဲ့အတွက် အဲ့ဒီကာလနောက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ စာထုတ်ပြီးနှစ်ရှည်ပင်ဖြစ်တဲ့သပြေပင်တွေအစား သုံးရာသီပေါ်နိုင်မယ့် ဟင်းသီးဟင်းရွက်တွေကို ပြောင်းပြီးစိုက်ပျိုးခိုင်းခဲ့တာလို့ အဲ့ဒီဒေသခံတွေက ပြောပါတယ်။ “သူတို့က သုံးသီးစားဟင်းသီးဟင်းရွက်ပင် ပြောင်းစိုက်ခိုင်းတော့ လက်ရှိ သပြေခြံတွေကိုဖျက်ပြီးမှစိုက်ရတဲ့အတွက် ကျွန်တော်အပါအဝင်သပြေခြံစိုက်ပျိုးတဲ့သူတွေ အခက်ကြုံရပါတယ်။ ဟင်းသီးဟင်းရွက်က ကျွန်တော်တို့ စိုက်နေကျ မဟုတ်တဲ့အတွက် မအောင်မြင်ကြပါဘူး။ ကျွန်တော်တို့အတွက် အဲ့ဒီလို အခက်ကြုံရသလို ကျွန်တော်တို့ခြံကနေအလုပ်ပေးထားတဲ့ သပြေငုတ်တူးတဲ့ လုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်ရတဲ့အပြင် စိုက်ပျိုးသူနည်းသွားလို့ အခုဆို သပြေငုတ်စျေးကလည်း အရမ်းကိုတက်နေပါတယ်”လို့ ပျဥ်းမနားမြို့ ကံဦးရပ်ကွက်က…
Read Moreသူတို့အိမ်အခန်း – ၄၁
ဆူးငှက် အာကာကို လွှာပုံပြုပါလို့ ——————————– ထိုနေ့ညက မြန်မာရုပ်ရှင်ကား တစ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို သတိရမိသည်။ ဇာတ်ကား အမည်တော့ မမှတ်မိ။ ဇာတ်ဝင်ခန်းမှာ ဇာတ်ရံသရုပ်ဆောင်တစ်ယောက်က စာရေးနေသည်။ ညအခါ လသာသာမှာပေါ့။ သရုပ်ဆောင်က ဆေးလိပ်ဖွာလိုက်၊ စာရေးလိုက်၊ မကြိုက်လို့ ဆုတ်ဖြဲလုံချေပြီး ဘေးက အမှိုက်ခြင်းတောင်းထဲ ထည့်လိုက်၊ နောက်ထပ် စာရွက်အသစ်တစ်ရွက် ယူလိုက်၊ ဆေးလိပ်ဖွာလိုက်၊ တွေးလိုက် ထပ်ရေးလိုက်၊ မကြိုက်လိုက်၊ ဆုတ်ဖြဲ လုံးချေပြီး ခြင်းထဲ ထည့်လိုက်၊ နောက်ထပ် စာရွက် အသစ်ယူလိုက်၊ အစီခံနားကပ်နေသော သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေပြီး ဆေးပေါ့လိပ် အသစ်ယူ ဆေးလိပ်ခေါင်းလေး သွားဖြင့် ကိုက်၊ ဆေးလိပ်ဖင်ကို လက်သည်းနှင့် ခြစ်၊ အနာက ဓာတ်မီးခြစ်နဲ့ ဆေးလိပ်မီးညှိ၊ တရှိုက်နှစ်ရှိုက်ဖွာ၊ ခေါင်းကုပ်ပြီးတွေး၊ စာရွက်ပေါ်…
Read More