ဇန်နဝါရီ ၂၃ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း ၊ အောင်လံမြို့နယ် ၊ တပ်ကုန်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ငါးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်း ရှိထားတယ်လို့ စုံစမ်း သိရှိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအပြင် နေအိမ်တချို့လည်း မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရတယ်။ ” သေဆုံးသူအရေအတွက်က မျက်မြင်ပြောချက်အရတော့ ငါးယောက် ရှိတယ် ။ ထပ်ပေါင်းတွေလည်း ရှိလာနိုင်တယ်။ ဒဏ်ရာရကလည်းများတယ် ။ ” လို့ ဖြစ်စဥ်သိတဲ့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျေးရွာဒေသခံ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ”…
Read MoreMonth: January 2026
မဲဆောက်မြို့ထဲ တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက် ဖမ်းဆီးခံရ
ဇန်နဝါရီ ၂၂ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်း တရားမဝင် လမ်းကြောင်းကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဒီကနေ့ ဇန်နဝါရီလ၂၂ ရက်၊ မနက်အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာ (အမှတ် ၄) မှာ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာအလုပ်သမားတွေကို ဒီကနေ့ မနက် ၁ နာရီ မိနစ် ၅၀ ဝန်းကျင်က ရာချာမနူး အထူးတပ်ဖွဲ့ တပ်ခွဲ (၁၄၁၁) နဲ့ အမှတ် (၃၅) ခြေလျင်တပ်ရင်းတို့ ပူးပေါင်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အဖမ်းခံရတဲ့သူတွေက နယ်စပ်လမ်းကြောင်းတွေမှာ ကင်းလှည့်နေတဲ့ အဖွဲ့နဲ့သွားတိုးတာ။ အမျိုးသမီးတွေလည်း ပါတယ်။ နေထိုင်ခွင့်လက်မှတ်၊ အထောက်အထား စာရွက်စာတမ်းတွေလည်း…
Read Moreရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီး အရေးယူခံရသူ အယောက် ၄၀၀ ကျော် ရှိလာ
ဇန်နဝါရီ ၂၂ – ၂၀၂၆ SS (VOM) ပြည်ထဲရေးဝန်ကြီးဌာနက ရရှိတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဖျက်ဆီးခဲ့သူ အယောက် ၄၀၀ ကျော်ကို ဖော်ထုတ် အရေးယူထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူတွေထဲမှာ အမျိုးသား ၃၂၄ ယောက်နဲ့ အမျိုးသမီး အယောက် ၈၀ စုစုပေါင်း ၄၀၄ ယောက် ပါဝင်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ဥပဒေ ပြဋ္ဌာန်းပြီးချိန် နောက်ပိုင်းကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထိ စာရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က…
Read Moreထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ နောက်ထပ်ခုနှစ်နိုင်ငံ ပါဝင်လာ၊ ပူတင်ကိုလည်း ဖိတ်ခေါ်ထား
ဒါးဗို့စ်၊ ဇန်နဝါရီ-၂၂-၂၀၂၆ မျိုးဆက်(VOM) ဆော်ဒီအာရေဗျ၊ တူရကီနဲ့ အီဂျစ်အပါအဝင် နိုင်ငံခုနစ်နိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မယ်လို့ ပူးတွဲကြေညာချက်တစောင်မှာ ထုတ်ပြန်ပါတယ်။ ဘုတ်အဖွဲ့မှာ ရုရှားသမ္မတပူတင်လည်း ပါဝင်ဖို့ သဘောတူထားကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုခဲ့ပေမယ့် ရုရှားသမ္မတကတော့ ဖိတ်ကြားချက်ကို လေ့လာနေဆဲဖြစ်တယ်လို့ပြောပါတယ်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ဂါဇာမှာ အစ္စရေးနှင့် ဟားမတ်စ်အကြား နှစ်နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ဖို့ ရည်ရွယ်တယ်လို့ ယူဆခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပြုထားတဲ့ ပဋိဉာဉ်စာတမ်းမှာတော့ ပါလက်စတိုင်းနယ်မြေကို မဖော်ပြထားဘဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို အစားထိုးမယ့်ပုံစံမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် မွတ်စလင်အများစုနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ကာတာတို့ကတော့ ဂါဇာမှာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ဖို့၊ ပြန်လည်တည်ဆောက်ရေးကို ကူညီဖို့၊ တရားမျှတပြီး တည်တံ့သော ငြိမ်းချမ်းရေး တိုးတက်စေဖို့ ရည်ရွယ်ချက်ကို…
Read Moreစာပန်းအိမ် ကိုယ်ပိုင်ကျောင်းက ကျောင်းသားတွေ နေထိုင်တဲ့အဆောင် မီးလောင်
မန္တလေး၊ ဇန်နဝါရီ – ၂၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနဲ့ ရတနာလမ်းကြားမှာရှိတဲ့ စာပန်းအိမ် ကိုယ်ပိုင်ကျောင်းမှာ တက်ရောက် နေတဲ့ G 12 ကျောင်းသားတွေနေထိုင်ရာ အဆောင်မှာ ဒီကနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဗန်ဒါဆောင်မှာ G 12 ကျောင်းသား ၃၇ ယောက် နေထိုင်တာဖြစ်ပြီး အဆောင်နေ ကျောင်းသားတွေဟာ စာမေးပွဲချိန်ကာလဖြစ်လို့ စာသင် ခန်းမှာ ရှိနေတာကြောင့် မီးလောင်မှု ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ မီးလောင်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စာပန်းအိမ် ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ” စာပန်းအိမ်၏ G12 ကျောင်းသား ၃၇ယောက်နေထိုင်သော ဗန်ဒါဆောင် တွင်…
Read Moreမော်လူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ငါးယောက်သေဆုံး
ဇန်နဝါရီ ၂၂ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ မော်လူးမြို့နယ် ၊ မာန်ဟဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသတွင်းလက်နက်ကိုင်တွေဘက်က ငါးယောက် သေဆုံးမှုရှိခဲ့တယ်လို့ စုံစမ်းစးသိရှိရပါတယ်။ ဖြစ်စဥ်က ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ မာန်ဟဲရွာမှာရှိတဲ့ ပကဖအဖွဲ့ အထိုင်ချထားတဲ့ အဆောက်အဦကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်း သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူ နှစ်ယောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ” သေတာက ပကဖအဖွဲ့ဝင်က လေးယောက် နဲ့ နောက်တယောက်က KIA က လို့သိရတယ် ။ သူတို့က ရွာထဲက ဆေးပေးခန်းကို ပအဖရုံးလုပ်ထားတာ ။အဲဒါကိုလာကြဲသွားတာလို့သိရတယ် ။ ” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုသဖို့အတွက်…
Read Moreမဲဆောက်မှာ ရဲတွေကို သေနတ်နဲ့ပစ်ခတ်ထွက်ပြေးသွားသူကို ဖမ်းမိပြီ
ဇန်နဝါရီ ၂၂ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ တော့ဖောင်း အထည်ချုပ်စက်ရုံဘေးရှိ 7 Eleven ဆိုင်အနီး ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်မှ ထွက်ပြေး လွတ်မြောက်နေတဲ့ သေနတ်သမားကို ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်၊ ထိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ ပစ်ခတ်မှု ကျူးလွန်ခဲ့သူဟာ နဂါးကြီး (ခ) နိုင်လင်းအောင် အသက် (၂၁) နှစ်ဖြစ်ပြီး ၎င်းဟာ သောင်ရင်းမြစ်ကို ဖြတ်ကူး လွတ်မြောက်သွားပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးဆီမှာ သွားရောက် အဖမ်းခံတာ ဖြစ်တယ်လို့ သိရပါတယ်။ “သူက အစကတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံဘက်ကိုပြေးဖို့လုပ်တာ။ နောက်မှ သောင်ရင်းမြစ်ကြောင်း တလျှောက်မှာ…
Read Moreရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့အဖြစ် မန္တလေး ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေ မဲဆွယ်
မန္တလေး၊ ဇန်နဝါရီ-၂၂-၂၀၂၆ Voice Of Myanmar တတိယပိုင်းရွေးကောက်ပွဲအတွက် ချမ်းမြသာစည်မြို့နယ်က ပြိုင်ကြမယ့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်တွေဟာ မြရည်နန္ဒာရပ် ၁၁၅လမ်းနဲ့ ၅၂ လမ်းက ဖူဆယ်ကွင်းမှာ လူထုတွေ့ဆုံပွဲလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးကိုကိုဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှကြွယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(PR)အတွက် ဦးတင်ထွန်းနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝင်းဖေမောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့ ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီမဲဆွယ်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဘာတွေကတိပေး ပြောဆိုသွားကြသလဲဆိုတာ VOMက ရိုက်ကူးတင်ပြပေးလိုက်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #ချမ်းမြသာစည် #ပြည်ခိုင်ဖြိုး
Read Moreမြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဖိလစ်ပိုင်မှာ ဆွေးနွေးပွဲပြုလုပ်
မနီလာ၊ ဇန်နဝါရီ-၂၂-၂၀၂၆ ရတီ(VOM) အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သက်ဆိုင်သူများအစည်းအဝေးကို လက်ခံကျင်းပခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။ တက်ရောက်လာတဲ့ အဖွဲ့တွေရဲ့ အမည်နဲ့ ဘယ်အချိန်မှာ အစည်းအဝေးကို ကျင်းပခဲ့တာတယ်ဆိုတာကိုတော့ မြန်မာ့အရေးဖြေရှင်းရေးမှာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာလာဇာရိုက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ “အာဆီယံ ငါးချက်သဘောတူညီချက် အကောင်အထည်ဖော်မှုအပေါ် တက်ရောက်လာသူတွေရဲ့ တက်ကြွတဲ့ ၊ အပြုသဘောဆောင်တဲ့ ၊ အဓိပ္ပာယ်ရှိတဲ့ အမြင်တွေ မျှဝေမှုကို အားပေးထောက်ခံခဲ့ပါတယ်” လို့ အာဆီယံနဲ့ မြန်မာနိုင်ငံအကြား ၂၀၂၁ ခုနှစ်မှာရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ရည်ညွှန်းပြီး ထရီဇာလာဇာရိုက ပြောပါတယ်။ ဆွေးနွေးမှုတွေမှာတော့ တင်းမာမှုလျှော့ချရေး၊ အကူအညီတွေ ပေးအပ်တာတွေအတွက် လွယ်ကူချောမွေ့စေဖို့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို…
Read Moreဂျပန်ရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံ စတင်လည်ပတ်
တိုကျို၊ ဇန်နဝါရီ-၂၂-၂၀၂၆ မျိုးဆက်(VOM) ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားစက်ရုံ ဘေးအန္တရာယ်ကြောင့် နိုင်ငံအတွင်းရှိ ဓာတ်ပေါင်းဖိုအားလုံးကို ပိတ်သိမ်းခဲ့ရပြီးနောက် ဂျပန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ဇန်နဝါရီ ၂၁ ရက်မှာ ပထမဆုံးအကြိမ် ပြန်လည်စတင်လည်ပတ်နေပြီဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ဘေးကင်းရေးစိုးရိမ်မှုတွေရှိနေပေမယ့် တိုကျိုမြို့ အနောက်မြောက်ဘက်ရှိ ကာရှီဝါဇာကီ-ကာရီဝါရှိ ဓာတ်ပေါင်းဖိုအမှတ် ၆ ကို ပြန်လည်စတင်ဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ချခဲ့တာပါ။ အချက်ပေးစနစ်ချို့ယွင်းမှုကြောင့် တရက်နှောင့်နှေးခဲ့ပြီး နောက်လမှာ စီးပွားဖြစ်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ စွမ်းအင်တင်သွင်းမှုအပေါ် များစွာမှီခိုနေရတဲ့ ဂျပန်နိုင်ငံဟာ နျူကလီးယားစွမ်းအင်ကို အစောပိုင်းကတည်းက လက်ခံကျင့်သုံးခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ်ဖြစ်တဲ့ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံဟာ ဆူနာမီကြောင့် ပျက်စီးပြီးနောက်မှာ ဂျပန်နိုင်ငံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၅၄ ခုလုံးကို ပိတ်ပစ်ခဲ့ပါတယ်။ ကာရှီဝါဇာကီ-ကာရီဝါရှိ ခုနစ်ခုမြောက် ဓာတ်ပေါင်းဖိုကို…
Read More