၇၆ လမ်း ၃၀ နဲ့ ၃၅ ကြားက လမ်းမီးတိုင်တွေ မီးလင်းဖို့ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်မှာ မန္တလေးမြို့တော်စည်ပင်က လျာထား

နေပြည်တော်၊ ဇူလိုင်- ၁- ၂၀၂၆
KKL(VOM)
လမ်းမီးမလင်းခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီလို့ သိရတဲ့ မန္တလေးမြို့ ၇၆ လမ်းမကြီးပေါ်က လမ်း ၃၀ နဲ့ ၃၅ လမ်းကြားမှာ လမ်းမီးရရှိဖို့ကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်မှာ မန္တလေးမြိုတော်စည်ပင် သာယာရေးဌာနက လျာထား လုပ်ဆောင်သွားဖို့ရှိပါတယ်။
ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ ချမ်းအေးသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မြင့်မြင့်ဌေး မေးခဲ့တဲ့ ချမ်းအေးသာစံ ကဉ်စနမဟီရပျကှကျ ၇၆ လမ်း ၃၀ နဲ့ ၃၅ ကြား လမ်းမီးကိစ္စ နဲ့ ၇၇ လမ်း ၂၆ နဲ့ ၃၅ ကြားကို ထပ်ပိုးလမ်းအဖြစ်ဆောင် ရွက်ပေးဖို့ကိစ္စ မေးမြန်းခဲ့ပါတယ်။
ချမ်းအေးသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မြင့်မြင့်ဌေး မေးခဲ့တဲ့ မေးခွန်းကို လျှပ်စစ်နဲ့စွမ်း အင် ဒုတိယဝန်ကြီး ဦးအေးကျော်က”လျှပ်စစ်ကြိုးများအခိုးခံရပြီး လမ်းမီးမလင်းတဲ့အပေါ်မှာ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ အနေနဲ့ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်ထဲမှာ ဦးစားပေးပြုပြင်သွားမှာဖြစ်ပါကြောင်းနဲ့ ပြန်လည်အစားထိုးပြုပြင်ပေးပြီးလမ်းမီးကြိုးများ ထပ်မံအခိုးမခံရရေးအတွက်ပြည်သူများပူးပေါင်းဆောင်ရွက်သွားဖို့ ပညာပေးအစီအစဥ်များဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲ့ဒီပြောကြားမှုနဲ့အတူ ၇၇ လမ်း ၃၃ နဲ့၃၅ အပိုင်းနိုင်လွန်ကတ္တရာလမ်းပိုင်းဖြသ်ပြီးကောင်းမွန်တဲ့အကြောင်းနဲ့ ၇၇ လမ်း ၂၆ နဲ့ ၃၃ ကြားရိုးရိုးကတ္တရာလမ်းကတော့ အရှည် ၃၃၇၀ ပေက ထပ်ပိုးလွှာ ပျက်စီးနေတဲ့အတွက် ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာနှစ်မှာ ထည့်သွင်းလျှာထားသွားမယ်လို့ ဒုတိယဝန်ကြီး ဦးအေးကျော် က ထပ်ပြီးဖြေကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW