ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ခွင့်ရမယ်

ဇူလိုင် ၁ – ၂၀၂၆ SN (VOM) ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ခွင့်ရမှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဘာမှ ပြဿနာမရှိဘူးလို့ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သမ္မတရုံးပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ မနေ့ ဇွန် ၃၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ မေးမြန်းမှုကို ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာတော့ ပြစ်ဒဏ်ကျခံနေရတဲ့သူပါ။ ပြစ်ဒဏ် စေ့သွားလို့ ပြီးသွားပြီဆိုရင် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်လို့ရမှာပါ။ ဘာမှ ပြဿနာ မရှိပါဘူး။ ကိုယ့်နိုင်ငံသား၊ ပြည်သူပြည်သား တယောက်အနေနဲ့ ပါဝင်လို့ရပါတယ်။ ဘာမှ အခက်အခဲ မရှိပါဘူး” လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ ဒါအပြင် လက်ရှိ…

Read More

နဘားလမ်းဆုံတိုက်ပွဲကြောင့် လမ်းများပိတ်ထားဆဲဖြစ်ပြီး ခရီးသည်နှင့် ကုန်တင်ကား ၅၀၀ နီးပါး ပိတ်မိနေ

ဇူလိုင် ၁၊ ၂၀၂၆ KKA (VOM) စစ်ကိုင်းတိုင်း၊ အထက်ပိုင်းရှိ နဘားလမ်းဆုံမှာ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက အစိုးရတပ်နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့‌​တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်၊ ဒီနေ့မှာ လမ်းပိုင်းများအားလုံး ပိတ်ထားခဲ့တဲ့အတွက် ကားအစီးရေ ၅၀၀ နီးပါး ပိတ်မိနေကြောင်း ဖားကန့်ရတနာကားအသင်းယာဉ်မောင်းတစ်ဦးက VOM ကို ပြောပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက်ထိမှန်ခဲ့လို့ ၆ ဘီးကုန်တင်ကားတစ်စီးနဲ့ အံစာတုံး ခရီးသည်တင်ကားတစ်စီးတို့ ထိမှန်ပျက်စီးခဲ့ပြီး ခရီးသည်များနဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အချို့ ဒဏ်ရာရရှိခဲ့ကာ လက်ရှိ ကသာဆေးရုံမှာ ဆေးကုသမှုခံယူနေကြတယ်လို့သိရပါတယ်။ “ခရီးသည်တင် အံစာတုံးကားကတော့ ရစရာမရှိအောင်ဖြစ်သွားတယ်။ အဲဒီကားပေါ်က ခရီးသည်အတော်များများလည်း ဒဏ်ရာတွေရကြတယ်။ ၆ ဘီးလည်းထိတာပဲ။ ၆ ဘီးကလည်း ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော ထိသွားတယ်။ ဖြစ်တဲ့နေရာမှာ အဆင်းကား ၁၅၀ ကျော်ပိတ်မိနေပါတယ်။…

Read More

သာပေါင်းမြို့နယ်မှာ ကျေးရွာ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းပြည့်အောင် လျှပ်စစ်မီး မရလို့ လွှတ်တော်မှာတင်ပြ

နေပြည်တော်၊ ဇူလိုင်- ၁ – ၂၀၂၆ KKL(VOM) သာပေါင်းမြို့နယ်ထဲက ကျေးရွာတွေရဲ့ လျှပ်စစ်မီး ရရှိမှုအခြေအနေက ကျေးရွာအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမပြည့်တဲ့အကြောင်း သာပေါင်းအမတ် ဦးမောင်မောင်စိုး ရဲ့ တင်ပြမှုကို ၂၀၂၇/၂၀၂၈ ဘဏ္ဍာနှစ်ကစတင်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းထဲမှာ ထည့်သွင်းလျာထားပြီး ရံပုံငွေရရှိတဲ့အပေါ်မူတည်ကာ ဆောင်ရွက်ပေးမယ်လို့ ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး က ဖြေကြားပြောဆိုခဲ့ပါတယ်။ သာပေါင်းမြိုနယ်မှာ ကျေးရွာအုပ်စု ၆၇ အုပ်စုရှိပြီး ကျေးရွာ ၃၉၄ ရွာ ရှိတဲ့အထဲမှာ လျှပ်စစ်မီးရတဲ့ရွာ ၃၈ ရွာလို့ ဆိုတဲ့အတွက် ကျေးရွာအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမပြည့်ဘူးလို့ ဦးမောင်မောင်စိုးကတင်ပြခဲ့ပါတယ်။ အခုသူ မီးရရှိဖို့တင်ပြတဲ့အုပ်စု ၄ ခုကတော့ ငှက်ပျောတော ၊ မဲဇလီကွင်းပေါက် ၊ ဆင်လမ်းနဲ့ သပြေကုန်း…

Read More

သိန္နီမှာ မကြာခင် ရေအားလျှပ်စစ်မီး ၂၄ နာရီ ရတော့မယ်

ဇူလိုင် ၁၊ ၂၀၂၆ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ မကြာခင် ရေအားလျှပ်စစ်မီးကို ၂၄ နာရီ ပေးဝေနိုင်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နောက် ၂ ရက်၊ ၃ ရက်လောက်နေရင် လျှပ်စစ်မီး ၂၄ နာရီ ရတော့မယ်လို့ ပြောတယ်။ အခုထိတော့ မီးမရသေးဘူး။ ၂၄ နာရီ ရမယ်ဆိုတာပဲ ကြားထားသေးတယ်” လို့ သိန္နီဒေသခံ အမျိုးသမီးတယောက်က VOM ကို ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ တည်ဆောက်နေတဲ့ သိန္နီရေအားလျှပ်စစ်စီမံကိန်းဟာ စမ်းသပ်လည်ပတ်နိုင်မယ့် အဆင့်အထိ ရောက်နေပြီလို့ သိရပါတယ်။ “ဒီဇူလိုင်လကစပြီး MNDAA ဘက်က ဆောက်နေတဲ့ ရေအားလျှပ်စစ်ကနေ မီးပေးနိုင်အောင် လုပ်နေတယ်လို့ အရင်ကတည်းက ပြောနေကြတာပါ” လို့ နမ့်ဇလပ်ဒေသခံ အမျိုးသားတယောက်က…

Read More

၇၆ လမ်း ၃၀ နဲ့ ၃၅ ကြားက လမ်းမီးတိုင်တွေ မီးလင်းဖို့ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်မှာ မန္တလေးမြို့တော်စည်ပင်က လျာထား

နေပြည်တော်၊ ဇူလိုင်- ၁- ၂၀၂၆ KKL(VOM) လမ်းမီးမလင်းခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီလို့ သိရတဲ့ မန္တလေးမြို့ ၇၆ လမ်းမကြီးပေါ်က လမ်း ၃၀ နဲ့ ၃၅ လမ်းကြားမှာ လမ်းမီးရရှိဖို့ကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်မှာ မန္တလေးမြိုတော်စည်ပင် သာယာရေးဌာနက လျာထား လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ ချမ်းအေးသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မြင့်မြင့်ဌေး မေးခဲ့တဲ့ ချမ်းအေးသာစံ ကဉ်စနမဟီရပျကှကျ ၇၆ လမ်း ၃၀ နဲ့ ၃၅ ကြား လမ်းမီးကိစ္စ နဲ့ ၇၇ လမ်း ၂၆ နဲ့ ၃၅ ကြားကို ထပ်ပိုးလမ်းအဖြစ်ဆောင် ရွက်ပေးဖို့ကိစ္စ မေးမြန်းခဲ့ပါတယ်။ ချမ်းအေးသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မြင့်မြင့်ဌေး မေးခဲ့တဲ့ မေးခွန်းကို…

Read More

တောင်ကြီး ‘အောင်မြေသစ်’ ကိုယ်ပိုင်ကျောင်းဖြစ်စဉ်က အဓမ္မကျင့်တဲ့တရားခံကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်သော်လည်း မိဘထုကြား စိုးရိမ်မှုများ ကျန်ရစ်နေဆဲ

​တောင်ကြီး-ဇူလိုင်-၁-၂၀၂၆ KKA(VOM) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ “အောင်မြေသစ်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade 12 ကျောင်းသူတဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဖြစ်စဉ်ကျူးလွန်သူဖြစ်တဲ့ ကျောင်းအုပ်ရဲ့သား ဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၃ ခုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှု (ပုဒ်မ ၃၇၆-၁) အတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ကာယန္ဒြေဖျက်ဆီးမှု (ပုဒ်မ ၃၅၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ခြောက်လှန့်တောင်းယူမှု (ပုဒ်မ ၃၈၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စုစုပေါင်း (၂၅)နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ တရားဥပဒေအရ ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာ‌ေပမယ့်လည်း ဒီဖြစ်ရပ်ဟာ ပုဂ္ဂလိက ပညာရေးကဏ္ဍရဲ့ လုံခြုံရေးနဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေပါတယ်။ဒါကို ကျောင်းတည်ထောင်သူတွေနဲ့ဆရာ၊ဆရာမတွေအလေးထားရပါလိမ့်မယ်။ သား၊သမီးများကို…

Read More

မြဝတီမှာ ဓါတ်ဆီလှယ်ရာက​နေ မီးလောင်မှုဖြစ်ပြီး လသားအရွယ်ကလေးသေဆုံးကာ ဖခင် စိုးရိမ်ရတဲ့ ဒဏ်ရာရ

မြဝတီ၊ ဇူလိုင် ၁-၂၀၂၆ KKA(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ (ဇူလိုင် ၁ ရက်) ညနေပိုင်းက ခြင်ဆေးထွန်းထားသည့်အနီး ဓာတ်ဆီလှယ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၂ လအရွယ် ကလေးငယ်တဦး မီးလောင်သေဆုံးကာ ဖခင်ဖြစ်သူလည်း စိုးရိမ်ရတဲ့ဒဏ်ရာ‌‌တွေရရှိခဲ့ကြောင်း မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ဒီနေ့ ညနေ ၅ နာရီခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ (၁၀×၁၀) ပေပတ်လည် ထရံကာ၊ သွပ်မိုး၊ မြေစိုက်အိမ်အတွင်းခြင်ဆေးထွန်းထားတဲ့ ခွက်အနီးမှာ (၅) ဂါလံဆံ့ ပလတ်စတစ်ပုံးထဲက ဓာတ်ဆီကို ဗူးငယ်များအတွင်းကို လှယ်ထည့်ရာကတဆင့် မီးဟပ်ကာ ရုတ်တရက် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မီးလောင်မှုကြောင့် အိမ်အတွင်းရှိနေတဲ့ အမည်မပေးရသေးတဲ့ အသက် ၂ လသားအရွယ် ကလေးငယ်တဦးမှာ အခင်းဖြစ်နေရာမှာပဲ မီးလောင်သေဆုံးခဲ့ရပြီး၊ ၎င်း၏ဖခင်ဖြစ်သူမှာလည်း…

Read More
VOM News

FREE
VIEW