နိုင်ငံသစ် တည်ဆောက်ဖို့ အရှိန် နှစ်နှစ်ယူပြီး တည်ဆောက်မှုအတွက် သုံးနှစ် အချိန်ယူမယ်လို့ နိုင်ငံတော်သမ္မတပြော

ဇူလိုင် ၃၁ – ၂၀၂၆ SS (VOM) နိုင်ငံသစ် တည်ဆောက်ဖို့ အရှိန် နှစ်နှစ်ယူပြီး အရှိန်အဟုန်နဲ့ တည်ဆောက်မှုအတွက် သုံးနှစ် အချိန်ယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်က ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်ရဲ့ အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အစိုးရတာဝန်ယူခဲ့တဲ့ ရက်ပေါင်း ၁၀၀ ကာလဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကို စတင်ချမှတ်နိုင်တဲ့ သမိုင်းဝင်ကာလတခုဖြစ်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဆိုတဲ့ ဦးစားပေးရည်မှန်းချက် နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံမှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက် ရှိနေတယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။…

Read More

၁၁ နှစ်အကြာမှာ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အဖွဲ့ဝင် ၃၅၀ နဲ့အတူ DKBAအဖွဲ့ဆီ ပြန်လည် ပူးပေါင်းသွား

ဇူလိုင် ၃၁ ၊ ၂၀၂၆ CC (VOM) ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)အဖွဲ့ကနေ ခွဲထွက်ထားတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အဖွဲ့ဝင် ၃၅၀ နဲ့အတူ DKBAအဖွဲ့ဆီ ပြန်လည် ပူးပေါင်းသွားပြီဖြစ်တယ်လို့ သိရပါတယ် ။ DKBA ကတော့ ခုလို ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၃၅၀ ခန့် နဲ့အတူ DKBA အဖွဲ့အစည်းထံ ပြန်လည် ပေါင်းစည်းခြင်းကို အသိအမှတ်ပြုတဲ့အပြင် အမှတ်(၃)စစ်ကွပ်ကဲရေးရဲ့ စစ်ကွပ်ကဲရေးမှူး တာဝန်ပေးအပ်လိုက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ DKBA အဖွဲ့မှာတုန်းကဆိုရင် ကလို့ထူးဝါးစစ်ကွပ်ကဲရေးမှာ စစ်ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ အခုလို ပြန်လည်ပူးပေါင်းသွားတဲ့အပေါ် နိုင်ငံရေး သမားတယောက်က ” တိုင်းပြည်အမျိုးသာပြန်လည်သင့်မြတ်ရေးအတွက်ခုချိန်မှာ လုပ်သင့်တဲ့ အချိန်ရောက်နေပြီလို့ မြင်ပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေး၊…

Read More
VOM News

FREE
VIEW