ဩဂုတ် ၁၁ – ၂၀၂၆ SN (VOM) ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝ ရပ်တန့်ပေးဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA တို့ ခြွင်းချက်မရှိ ထွက်ပေးဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မနေ့ ဩဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာတွေ ပို့မရအောင် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့၊ မည်သည့် အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်း မပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုကာ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ KIO/KIA ကို တောင်းဆိုထားတဲ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့…
Read MoreMonth: August 2026
စစ်ကိုင်းတိုင်းရဲ့ လုံခြုံရေးအခြေအနေကြောင့် ရေဘေးကူမယ့်သူတွေ သွားဖို့ခက်နေ
ဩဂုတ် ၁၁ – ၂၀၂၆ SS (VOM) လက်ရှိ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေတွေ ဖောက်ချမှုကြောင့် မူးမြစ်ရေမြင့်တက်လာကာ မြို့နယ် ၁၀ မြို့နယ်ထက်မနည်း ပြင်းထန်တဲ့ ရေဘေးကြုံနေရပြီး လူဦးရေ နှစ်သိန်းကျော် ဒုက္ခရောက်နေပေမယ့်လည်း တိုက်ပွဲတွေနဲ့ လုံခြုံရေး တင်းကျပ်မှုတွေကြောင့် အပြင်က ကူညီကယ်ဆယ်မယ့်သူတွေနဲ့ အလှူရှင်တွေ သွားရောက်ဖို့ အလွန် ခက်ခဲနေတယ်လို့ သိရပါတယ်။ ရေဘေးသင့်နေတဲ့ မူးမြစ်တစ်လျှောက်က ကျေးရွာတွေဟာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်သလို အစိုးရတပ်က လေကြောင်း တိုက်ခိုက်တာ၊ နယ်မြေ ရှင်းလင်းတာတွေကိုပါ လုပ်ဆောင်နေတာကြောင့် အခုလို ရေကြီးလာချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုနိုင်လုပ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်း အင်မတန်ခက်တယ်။ နောက်တချက်က လုံခြုံရေးပိုင်း ဆိုတာကလည်း လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မဟုတ်ဘူး။…
Read Moreကလောနဲ့ ရပ်စောက်မှာ ရေကြီးလို့ နေအိမ်ရာနဲ့ချီ ရေနစ်မြုပ်၊ နောင်ချိုမှာ ရေစီးနဲ့ အမျိုးသမီးတယောက် မျောပါပျောက်ဆုံး
ဩဂုတ် ၁၁၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်တောင်ပိုင်းက ခရီးသွားတွေအလာများတဲ့ ကလောမြို့မှာ မိုးကြီးပြီး ကလောချောင်းရေတက်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ရေနစ် မြုပ်ခဲ့သလို ရပ်စောက်မှာလည်း ဇော်ဂျီချောင်းရေကြီးလို့ ချောင်းဘေး အနိမ့် ပိုင်း နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကလောမြို့မှာတော့ အခုလ ၁၀ ရက်နေ့က ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၂ က အနိမ့်ပိုင်း နေအိမ်ရာနဲ့ချီ ရေနစ်မြုပ်ခဲ့တာလို့ ကလောမြို့ခံတွေဆီကသိရပါတယ်။ “အဓိကဖြစ်တာ ရပ်ကွက် ၄ ဘက် ဖြစ်တာ။ အရင်နှစ်တွေက ဖြစ်ခဲ့တဲ့ ရပ်ကွက် ၃ ဘက်တော့ ချောင်းတွေ ချဲ့ထားတော့ ဒီနှစ် ဘာမှမဖြစ်ဘူး။ အခုဖြစ်တဲ့နေရာတွေက ချောင်းမချဲ့နိုင်သေးတဲ့ နေရာတွေ ဖြစ်တာ” လို့ ကလောမြို့ခံတယောက်က ပြောပါတယ်။ ဒီနေ့မှာတော့ မိုးတိတ်ပြီး ရေတွေလည်း…
Read Moreတိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဆက်လက် ကြိုးပမ်းမယ်လို့ မိုင်းလားအဖွဲ့ ပြော
ဩဂုတ် ၁၁၊ ၂၀၂၆။ NN(VOM) ရှမ်းပြည် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ မိုင်းလားတပ်ဖွဲ့က သူတို့ ထိန်းချုပ်တဲ့ အထူးဒေသ (၄) ဧရိယာကို တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီလို သတ်မှတ်ပေးနိုင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၀ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန် ထည့်သွင်း ဆွေးနွေးခဲ့ပြီး အစိုးရဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကနေ ဆက်လက် ညှိနှိုင်းဖို့ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “အခြား အဖွဲ့တွေလိုပါပဲ။ အားလုံးက လိုချင်တာ ပွင့်ပွင့်လင်းလင်း ပြောကြတာပါပဲ။ မိုင်းလားကတော့ သူလိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်…
Read MoreJunk Food က တကယ်ပဲ ကင်ဆာဖြစ်စေသလား
မန္တလာ ဆရာမျိုး “တစ်ခါစားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး…” ဒီစကားကို လူအများစု ပြောဖူးကြသလို ယုံကြည်ထားကြပါသည်။ တကယ်လည်း Junk Food (ကျန်းမာရေးအတွက်မသင့်တော်သော အသင့်စားအစားအစာများ) တစ်ပွဲစားလိုက်ရုံဖြင့် ကင်ဆာရောဂါ ဖြစ်သွားမည်မဟုတ်ပါ။ သို့သော် “တစ်ခါတစ်ရံ” ဟူသော အလေ့အထသည် “နေ့စဉ်” ဖြစ်လာသောအခါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ထိုပြောင်းလဲမှုများသည် နှစ်ပေါင်းများစွာ ကြာလာသောအခါ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါနှင့် အချို့သော ကင်ဆာရောဂါများအထိ ဦးတည်သွားနိုင်သည်။ ယနေ့ကမ္ဘာတွင် လူသေဆုံးမှုအများဆုံး ဖြစ်စေသော ရောဂါများသည် ကူးစက်ရောဂါများမဟုတ်တော့ဘဲ နာတာရှည်မကူးစက်နိုင်သော ရောဂါများ (Non-Communicable Diseases -NCDs) ဖြစ်လာသည်။ ထိုရောဂါများ၏ နောက်ကွယ်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကျန်းမာရေး မကောင်းသော အစားအသောက်အလေ့အထတို့သည် အဓိကအန္တရာယ်အချက်များ ဖြစ်ကြသည်။ Junk Food…
Read Moreသူတို့အိမ် အခန်း (၁၉၁)
ဆူးငှက် စွယ်စုံထူးချွန် စေတနာရှင် ဆရာစော —————————————– ဆရာဒေါက်တာစောလှခိုင်(ယခု ခွဲစိပ် အထူးကု ဆရာဝန်ကြီး) က ဆေးတက္ကသိုလ် တက်စဉ်ကပင် ရင်းနှီးသည်။ ကျွန်တော့် စာအုပ်ဆိုင်သို့ ကိုလွမ်းဝေ (ယခု နှလုံး အထူးကု ဆရာဝန်ကြီး)၊ ကိုမောင်မောင်လွင်(ယခု ကလေး အထူးကု ဆရာဝန်ကြီး) တို့နှင့် အတူ စာအုပ်လာငှားရာမှ ရင်နှီးသွားလိုက်တာ ယခုတိုင်ဖြစ်သည်။ ကျွန်တော်သာမက ကိုဝင်းနိုင် (အော်ပီကျယ်) စိုးဝင်းငြိမ်း မှ အစပြု၍ အနုပညာအသိုင်းနှင့် ရင်းနှီးသွားလိုက်သည်မှာ ကျွန်တော်တို့ အားလုံး၏ ကျန်းမာရေး အလှူရှင်ကြီး ဖြစ်သည်။ သူက ဆေးဖိုးဝါးခ၊ ကုသစရိတ်သာမက သူ့ဆေးခန်းရောက်လျှင် ဆေးကုပြီးအပြန် ပုဆိုး၊ ကမြစ်အင်္ကျီ စသည်တို့ကိုပင် လက်ဆောင် ထည့်ပေးလိုက်သေးသည်။ သူသာမက သူ့ ချစ်ဇနီး မမသန်းကလည်း စေတနာ ထက်သန်စွာဖြင့်…
Read Moreမိုးကုတ်မှာ မြေပြိုလို့ အိမ် ၃၀ လောက်ပျက်စီးခဲ့ ၊ မန္တလေး-မိုးကုတ်လမ်းတော့ ပွင့်ပြီ
ဩဂုတ် ၁၀ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ မိုးကုတ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကြောင့် မြေပြိုကျမှုဖြစ်ပွားလို့ နေအိမ် ၃၀ လောက်ပြိုကျပျက်စီးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ဒါအပြင် မြေပြိုကျမှုဖြစ်ပွားနိုင်တဲ့ အခြေအနေရှိတာကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၂၀ လောက်လည်းရှိထားကြောင်း ၊ အဲဒီလိုရွှေ့ပြောင်းခဲ့ရတဲ့ အိမ်တွေဟာ ပြန်လည် နေထိုင်ဖို့ လုံးဝအဆင်မပြေတော့တဲ့နေရာက အိမ်တွေဖြစ်တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့မှာ နှစ်ပေါင်း ၄၄ နှစ်အတွင်း မိုးရွာသွန်းမှုက စံချိန်တင်တဲ့အထိ ရွာသွန်းခဲ့တာဖြစ်လို့ မြေပြိုမှု ၊ လမ်းမြေသား ကျွံကျမှု ၊ ရေကြီးမှုဟာလည်း အရင်နှစ်တွေထက်ပိုပြီး ဆိုးခဲ့တယ်လို့ သိရပါတယ် ။ ” မြေပြိုတာတွေက တမြို့လုံးဖြစ်တာ ။ အရှေ့ပိုင်းရော အနောက်ပိုင်းရော အကုန်ဖြစ်တာ ။…
Read Moreသစ်လုံးကုန်ကြမ်းရရှိဖို့ ခက်ခဲလို့ မုံရွာမြို့အမှတ်(၅)အထပ်သားစက်ရုံ ရပ်နားထားရ
မုံရွာ သြဂုတ်- ၁၀ -၂၀၂၆ MW(VOM) သစ်ပါးလွှာထုတ်လုပ်ဖို့ သင့်တော်လတ်ဆတ်တဲ့ သစ်လုံးကုန်ကြမ်းရရှိဖို့ ခက်ခဲနေတာကြောင့် မုံရွာမြို့၊ အိုးဘိုတောင်ရပ်က အမှတ်(၅) အထပ်သားသစ်စက်ကို ရပ်နားထားရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရ သယံဇာတနဲ့သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်း က လွှတ်တော်မှာပြောပါတယ်။ “အမှတ်၅အထပ်သားသစ်စက်ကို၂၀၂၁ ခုနှစ် အောက်တိုဘာလက စပြီးစက်လည်ပတ်တာကို ရပ်နားထားခဲ့ရပါတယ်။ ရပ်နားရတာက သစ်ပါးလွှာထုတ်လုပ်ဖို့ သင့်တော်လတ်ဆတ်တဲ့ သစ်လုံးကုန်ကြမ်းရရှိဖို့ အခက်အခဲရှိတာကြောင့်ဖြစ်ပါတယ်။ သစ်မာသစ်ပါးလွှာတွေ ထုတ်လုပ်နိုင်တဲ့ လတ်ဆတ်တဲ့ သစ်လုံးကုန်ကြမ်းတွေ ရရှိနိုင်မယ့် အခြေအနေပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”လို့ ဝန်ကြီးဦးတင်သန်းဝင်းကပြောတာပါ။ ဩဂုတ်လ၆ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကျင်းပတဲ့တတိယအကြိမ် စစ်ကိုင်းတိုင်းလွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ယင်းမာပင်မြို့နယ်အမှတ်(၂)စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဝင်းရဲ့အမှတ်(၅)အထပ်သားသစ်စက် လည်ပတ်ခြင်းမရှိသည့်အကြောင်းရင်းနှင့် ရပ်နားထားစဥ်ဝန်ထမ်းများ၏လုပ်ငန်းတာဝန်နှင့် စက်ယန္တရား၊အဆောက်အအုံများ ပစ္စည်းများပျက်ဆီးမှု မရှိစေရေး မည်သို့စီမံထားပြီး စက်ရုံကိုမည်သည့်အချိန် ပြန်လည်လည်ပတ်မည်ကို သိရှိလိုကြောင်း မေးမြန်းရာမှာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ “ကာလအတန်ကြာ စက်ရုံရပ်နားထားတာကြောင့် နိုင်ငံပိုင်စက်ရုံရဲ့…
Read Moreသီပေါနဲ့ ရှမ်းမြောက်မြို့နယ်တချို့ ရေကြီး၊ မြေပြို၊ တံတားပျက်စီး
ဩဂုတ် ၁၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ လားရှိုး၊ မိုးမိတ်နဲ့ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့နယ်တွေမှာ တောင်ကျရေနဲ့ မိုးရေကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ တံတားတွေ ပျက်စီးနေပြီး စပါးခင်းနဲ့ စိုက်ပျိုးမြေတွေ ရေမြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီးမှာ ရေကြီးရေလျှံမှုကြောင့် နမိတ်ချောင်းတံတား ပျက်စီးသွားပြီး ရေစီးလည်း အတော်ပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “မိုးမိတ် မြစ်ဆုံမှာ ရေကြီးလို့ တံတားပါကျိုးတယ်။ ရေစီးကလည်း ကြမ်းတယ်။ မိုးမိတ်နားက မြစ်ဆုံရွာ၊ နမိတ်ချောင်းတံတားပါ။ ကင်းချောင်းဘက်လည်း ရေတော်တော်ကြီးတယ်” လို့ ဆိုပါတယ်။ အဲဒီဒေသမှာ ရွှေတူးဖော်မှုတွေ အလွန်များပြားလာတာကြောင့် မြစ်ချောင်းအခြေအနေတွေ ပြောင်းလဲလာပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နယ်…
Read Moreခန္တီးမြို့နယ် လဟယ်အစပ်က၂၆မိုင်ရှိတဲ့ ၃ရွာဆက်လမ်းကို ၅နှစ်ကြာ တည်ဆောက်မယ်
မုံရွာ သြဂုတ်- ၁၀ -၂၀၂၆ MW(VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်က၂၆မိုင်ရှိတဲ့ မော်လော်-ခမောင်း-မစ်ထောင် ရွာချင်းဆက်ကားလမ်းကို ၅နှစ်ကြာအချိန်ယူဆောင်ရွက်ပေးမယ်လို့ စစ်ကိုင်းတိုင်းအစိုးရ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင်စိုးက လွှတ်တော်မှာဖြေကြားခဲ့ပါတယ်။ “၂၀၂၇-၂၈ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၆မိုင်၊ ၂၀၂၈-၂၉ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း ၅မိုင်၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၅မိုင်နဲ့ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၅မိုင်နဲ့ လျာထားဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ကားလမ်းဖောက်လုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ ဗိုလ်မှုးကြီးဝင်းတင်စိုးကဖြေပါတယ်။ ဩဂုတ်လ၆ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် စစ်ကိုင်းတိုင်းလွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ခန္တီးမြို့နယ်အမှတ်၁တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက ခန္တီးမြို့နယ် မော်လော်-ခမောင်း-မစ်ထောင်ကျေးရွာချင်းဆက်လမ်း ၂၆မိုင်ကို ကားလမ်းဖောက်လုပ်ပေးဖို့ အစီအစဥ်ရှိ၊မရှိ သိရှိလိုကြောင်းမေးမြန်းရာမှာ ဝန်ကြီးကဖြေကြားခဲ့တာပါ။ “ဒီရွာတွေကို ခရိုင်အုပ်ချုပ်ရေးမှုးအဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်တွေမရောက်နိုင်ပါဘူး။ ဆိုင်ကယ်လမ်းဖောက်ထားပေမယ့် သွားလို့မရဘူး။ အဲဒီသွားမယ်ဆိုရင် ထန်ပါခွေကိုဖြတ်ပြီး သွားရတဲ့လမ်းတွေဖြစ်ပါတယ်။ ပညာရေး၊ကျန်းမာရေးအတွက် သွားလာဖို့ခက်ခဲတဲ့လမ်းဖြစ်နေတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။ အခုအခါမှာ…
Read More