ဇွန် ၁၈ – ၂၀၂၆ SN (VOM) ရခိုင်ရိုးမပေါ်က တခုတည်းသာ ကျန်ရှိတော့တဲ့ တပ်စခန်းကြီးဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်း မပေးရရေးအတွက် အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုကာ အပြင်းအထန် ကာကွယ်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းမှာ တည်ရှိပြီး အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားကာ လက်ရှိမှာ AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီ ဗျူဟာကုန်း တောင်ခြေအထိ ထိုးစစ်ဆင်ထားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက အခုထိ ရှိနေတုန်းပဲ။ ပဇီနဲ့ ဂုတ်ကြီးကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်တပ်က မြေပြင်မှာလည်း လူအင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်ဖို့အတွက် ဆက်တိုက် ကြိုးပမ်းနေတာ တွေ့ရတယ်။ လေကြောင်းကနေလည်း နတ်ရေကန်ကို ကာကွယ်နေတယ်။ ဒီဘက်က…
Read Moreငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းက ယဥ်ကျေးမှုအမွေအနှစ်တွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်နေ
မန္တလေး၊ ဇွန်- ၁၈- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းက အင်းဝမြို့ဟောင်းယဥ်ကျေးမှုနယ်မြေ ဧရိယာအတွင်းက ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုတည်ရှိပြီး ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှေးဟောင်းအဆောက် အအုံ ၆၁၄ ထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁ ရက်မြောက်နေ့) မှာ တံတားဦးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည် က တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းရှိ သဘာဝဘေးငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် ယဥ်ကျေးမှုအမွေ အနှစ် အဆောက်အအုံ စေတီပုထိုးတွေကို ပြုပြင်ပေးဖို့ အစီအစဥ် ရှိမရှိ လွှတ်တော်ကတဆင့် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုတွေထဲက ထိခိုက်ပျက်စီးမှုတွေ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့…
Read Moreမြန်မာ – တရုတ် ပူးပေါင်းမှုနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်မယ်
ဇွန် ၁၈ – ၂၀၂၆ SS (VOM) ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ် – မန္တလေး ရထားလမ်း အပါအဝင် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ မနေ့ ဇွန် ၁၇ ရက်က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အချိန်မီ ပြီးပြတ်စေရေး ဦးစားပေး လုပ်ဆောင်မယ်လို့ ဖော်ပြထားပြီး ဒါအတွက် လက်မှတ်ရေးထိုးဖို့ကိုလည်း အလေးထား အဆင်သင့်ရှိနေကာ စီမံကိန်းတွေကို အပြန်အလှန် လေးစားမှု၊ အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရ ဖြစ်မြောက်နိုင်စွမ်းရှိမှု၊ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲမှု စတဲ့ အခြေခံမူတွေနဲ့ လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကြေညာချက်နဲ့…
Read Moreဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တရုတ်ခေါင်းဆောင် အဆက်ဆက် ဆက်ဆံရေး
MT(VOM) မြန်မာ့ခေတ်သစ်သမိုင်းမှာ အာဏာအရှိဆုံးနဲ့ သက်တမ်းအရှည်ဆုံး နေရာယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နဝတ/နအဖ အစိုးရခေတ်ကို ပြန်ကြည့်ရင် အိမ်နီးချင်းကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ နိုင်ငံတကာ ဖိအားတွေကြားက အသက်ရှူပေါက် ဖြစ်ခဲ့တာ ငြင်းလို့မရပါဘူး။ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံဟာ နဝတ/နအဖ အစိုးရအတွက် နိုင်ငံရေးအကာအကွယ်ရော၊ စီးပွားရေးနဲ့ စစ်ရေးအထောက်အပံ့ပါ ပေးခဲ့တဲ့ “ဆွေမျိုးပေါက်ဖော်” ကြီး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်နဲ့ နိုင်ငံရေး ဖြတ်သန်းမှု သက်တမ်းတစ်လျှောက်မှာ တရုတ်နိုင်ငံမှာ အဓိက ခေါင်းဆောင်ကြီး (၄)ဆက် တောင် ပြောင်းလဲ ဖြတ်သန်းခဲ့ပါတယ်။ တိန့်ရှောင်ပိန် ခေတ်ကနေ စတင်ပြီး ကျန်ဇီမင်း၊ ဟူကျင်ထောင်း၊ ရှီကျင့်ဖျင် ခေတ်အထိ တရုတ်ခေါင်းဆောင် အဆက်ဆက်နဲ့ ဘယ်လိုကျယ်ကျယ်ပြန့်ပြန့် ပတ်သက် ဆက်နွှယ်ခဲ့သလဲဆိုတာ အချိန်ကာလအလိုက် လေ့လာကြည့်ပါမယ်။ တိန့်ရှောင်ပိန် (Deng Xiaoping)…
Read Moreအခန်း (၁၄၄)
ဆူးငှက် စာအုပ်ဆိုင်လေး လူစည်ချိန် ——————————– စာအုပ်ဆိုင်လေးက စဖွင့်ကတည်းက မဆိုးလှဟု ပြောရမည်။ အစပိုင်းက ငှားရမ်းသူ အစိတ် သုံးဆယ်မှ တဖြည်းဖြည်းနှင့် ပရိသတ်အရေအတွက် တက်လာသည်။ လာကြသူများတွင် တစ်ဦးတစ်ယောက်ထက် ဇနီးမောင်နှံ၊ မောင်နှမများ၊ ညီအစ်မများ၊ တူဝရီးများ ဖြစ်ကြသည်။ ထို့ကြောင့် ညနေပိုင်း ၇နာရီကျော်သည်နှင့် ဆိုင်သို့ လူကျလာသည်။ ထိုအခါ ရှေ့က အသစ်စာအုပ်များ ငှားသည့် နေရာမှာ ခင်သော်ဇင်သာမက မမခင်မြရော သူ့သမီး မြမြဝင်းရော တူမ စန္ဒာဦးရော ကူကြသည်။ အတွင်း စာအုပ်ဟောင်းကောင်တာမှာတော့ လာသူနည်းပါသည်။ ထိုကောင်တာက စာအုပ်များကိုတော့ အကြောင်းသိသူများကိုသာ ငှားပါသည်။ ပရိသတ်အသစ်ထဲမှ ငှားတာကြာပြီး သိကျွမ်းနေကာ သူကိုယ်နှိုက်က ထိုစာအုပ်များ ကြည့်ပါရစေဆိုမှ ငှားပေးပါသည်။ စာအုပ်ဟောင်းကောင်တာက အငှားကျဲသည်ဆိုငြား လာငှားသူက စာအကြောင်းပေအကြောင်း စာအုပ်အကြောင်း ပြောနေဆိုနေကြတော့ ကျွန်တော်ကလည်း…
Read Moreလယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေသူတွေကြောင့် နစ်နာသူတွေများလို့ ရောင်းမှား/ ဝယ်မှား မဖြစ်ဖို့ သတိထားဖို့လို
မန္တလေး၊ ဇွန်- ၁၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။ လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့…
Read Moreသမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နယ်စပ်တည်ငြိမ်ရေးနဲ့ ရပ်ဆိုင်းနေတဲ့ စီးပွားရေးတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်
ဇွန် ၁၇ – ၂၀၂၆ SN (VOM) သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ခရီးစဉ်ဟာ တရုတ် – မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ ရပ်ဆိုင်းနေတဲ့ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို ပြန်လည် အသက်သွင်းဖို့အတွက် အဓိက သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံသမ္မတဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ငါးရက်ကြာ သွားရောက်နေတာ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်အတွင်း မြန်မာ – တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲတွေ လျော့ကျရေးနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ အလေးထား ဆွေးနွေးကြမှာဖြစ်တာကြောင့်…
Read Moreချင်းရွှေဟော်မှာ MNDAA က နယ်စပ်ကုန်သွယ်ရေးဂိတ် အသစ် ဖွင့်ဖို့ ပြင်ဆင်နေ
ဇွန် ၁၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ MNDAA က နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ဖွင့်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ နယ်စပ် ဂိတ်အသစ် ဖွင့်ဖို့ပါ ပြင်ဆင်နေတာ။ ဂိတ်အဟောင်းလည်း အသုံးပြုနေဆဲပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နယ်စပ်ဂိတ် အသစ် ဆောက်လုပ်နေမှုကတော့ ပြီးခါနီးနေပြီလို့ သူက ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဂိတ်ဟောင်းကို အရင်ထက် ပိုကျယ်ဝန်းအောင် ပြုပြင်နေပြီး ကုန်တင်ကားကြီး၊ ကားငယ်တွေ ရပ်နားဖို့ အဆင်ပြေစေမယ့် ကွင်းပြင်ပုံစံနဲ့ ချဲ့ထွင်နေတာလို့ နောက်ထပ်ဒေသခံ တယောက်ကပြောပါတယ်။ “အရင်က သတ်မှတ် ကာရံထားတဲ့ နယ်စပ်စည်းရိုးကတော့ ရှေ့တိုးလာသလို တွေ့ရတယ်” လို့လည်း သူက ပြောပါတယ်။…
Read Moreထိုင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာ ၃၃ ယောက် ဖမ်းဆီးခံရ
ဇွန် ၁၇ – ၂၀၂၆ SS (VOM) ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ (Highway Police) က မနေ့ ဇွန် ၁၆ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ဆူရတ်ဌာနီခရိုင်၊ ထာ့ချနဒေသရှိ အာရှလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းဘေးမှာ စက်ပျက်လို့ ရပ်ထားတဲ့ အလုံပိတ် ကုန်တင်ကားတစီးကို မနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တာကြောင့် ကူညီဖို့အတွက် ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တရားမဝင် ရောက်ရှိနေသူတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်း တစုံတစ်ရာမရှိဘဲ တရားမဝင် ခိုးဝင်လာသူတွေဖြစ်ကာ စစ်ဆေး မေးမြန်းချက်တွေအရ ၎င်းတို့ဟာ ရတ်ချ်ဘူရီခရိုင်မှတဆင့် မလေးရှားနယ်စပ်အနီးရှိ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ကို သွားရောက်ကြမှာ…
Read Moreကျောက်တော်မှာ ခြောက်နေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံး ၊ ငါးယောက်ထက်မနည်းဒဏ်ရာ
ဇွန် ၁၇ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာ ဒီကနေ့ ဇွန် ၁၇ ရက်နေ့မှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီကနေ့ ညနေ ၃ နာရီလောက်ကစပြီး ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက် ၊ လမ်းမတော်ရပ်ကွက် အပါအဝင် နေရာ ခြောက်နေရာထက်မနည်းကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာများတဲ့အတွက် ထိခိုက်ဒဏ်ရာရ အရေအတွက် အတိအကျကို စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်းနဲ့ ကနဦး သိရတဲ့ ဒဏ်ရာရ ငါးယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ် ။ ” ခုနှစ်ဦးပွဲချင်းပြီး သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲမှာငါးဦးလောက်က လုံးဝစိုးရိမ်ရတဲ့ အခင်းအကျင်းမှာရှိတယ်။ ဒဏ်ရာရတဲ့လူဦးရေက ဒီထက်တိုးလာနိုင်သေးတယ်။ ဖြစ်တဲ့နေရာတော်တော်များတော့ ဒဏ်ရာရလူဦးရေ…
Read More




