ကုလသမဂ္ဂ၊ နိုဝင်ဘာ-၁၈-၂၀၂၅ ရတီ (VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါအစီအစဉ်ကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဗြိတိန်၊ ပြင်သစ်နှင့် ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားနဲ့ တရုတ်တို့က ကြားနေခဲ့ကာ ကန့်ကွက်သူမရှိခဲ့ပါဘူး။ စီအစဉ်မှာတော့ ဂါဇာကမ်းမြှောင်ဒေသအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) တရပ် တည်ထောင်ဖို့ ပါဝင်ပြီး အမည်မဖော်လိုတဲ့ နိုင်ငံများစွာက ပါဝင်ကူညီဖို့ ကမ်းလှမ်းထားကြောင်း အမေရိကန်က ပြောပါတယ်။ ဆုံးဖြတ်ချက်မှုကြမ်းကို အတည်ပြုတာဟာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဟားမတ်စ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးနဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်တယ်ဆိုကာ ပယ်ချခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအပေါ် နိုင်ငံတကာ…
Read Moreမန္တလေးမှာ ဆိတ်ခြံ မီးလောင်လို့ နေအိမ် ၈ လုံး မီးလောင်ပျက်စီး
မန္တလေး၊ နိုဝင်ဘာ- ၁၈-၂၀၂၅ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ၅ မိနစ်ခန့်က ဆိတ်ခြံတခုမီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ “ကျနော်တို့ သုံးသပ်ချက်အရတော့ ဆိတ်ကို ခြင်မီးမွှေးပေးရာကနေ ဘေးက ထရံကို မီးကူးဆက်လောင်ကျွမ်းတယ်လို့ ကောက်ချက်ချထားတယ်၊ လူအထိအခိုက်တော့ မရှိဘူး၊ ဆိတ်လေးကောင်သေတယ်၊ လောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် အမှုဖွင့်ထားပါတယ်” လို့ အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုဖြစ်စဥ်ကြောင့် နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆိတ် ၄ ကောင်သေဆုံးခဲ့ကာ Level 1 ယာဥ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၂ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ – မြန်မာနိုင်ငံ…
Read Moreလောင်းလုံးမှာ ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံး
နိုဝင်ဘာ ၁၈ – ၂၀၂၅ SN (VOM) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီးရှိ ဆင်ထောင့်ကမ်းခြေမှာ ငါးဖမ်းသမားတွေကြောင့် ဝါဇီပျောက် (ပျော့) အမျိုးအစား ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ငါးဖမ်းလှေတစီးက တခြားငါးတွေကို ပိုက်ဝိုင်းပြီးတော့ ဖမ်းတဲ့အချိန်မှာ ပိုက်ကွန်ထဲမှာ အဲဒီငါးတွေလည်း ပါလာတာပေါ့။ အဲဒီငါးတွေကို ပင်လယ်ထဲ ပြန်မချဘဲ သောင်ပြင်ပေါ်မှာပဲ တင်ခဲ့တဲ့အတွက် သေဆုံးသွားတာပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဝေလငါးမန်း သုံးကောင် ဆင်ထောင့်ကမ်းခြေမှာ သောင်တင် သေဆုံးနေတာကို ဒေသခံတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ဝန်းကျင်လောက်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပြီး အဲဒီ ဝေလငါးမန်းတွေဟာ အရွယ်အစားအားဖြင့် တကောင်ကတော့ ၂၈ ပေခန့်…
Read Moreကျားဖြန့်တွေကို အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်လို့ BGF ပြောဆိုမှုအပြီး ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်သားတွေ ရွှေ့ပြောင်း တိမ်းရှောင်နေကြ
နိုဝင်ဘာ ၁၈ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ် မှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်သူအများအပြား ရွှေ့ပြောင်း ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ရွှေကုက္ကိုလ် အပါအဝင် ထိုင်း-မြန်မာ နယ်စပ်လျှောက်မှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ငန်းတွေကို အထူးစစ်ဆင်ရေး တရပ်အဖြစ် နှိမ်နှင်းသွားမယ်ဆိုပြီး ပြောဆိုမှု အပြီးမှာ ကျားဖြန့်လုပ်သားတွေ အခုလို ရွှေ့ပြောင်း တိမ်းရှောင်ကုန်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ” ကျွန်တော် တို့ ဒီ ကျားဖြန့်နှိမ်နှင်းရေး အထူးစစ်ဆင်ရေးပွဲကြီး ကို စပြီပေါ့။ စတင် အကောင်အထည်ဖော်တော့မယ် ။ ” လို့…
Read Moreလယ်ဝေးမြို့နယ် ပတ္တာချောင်းအတွင်းမှာ ရှေးဟောင်းလှေလို့ ယူဆရတဲ့ လှေနှစ်စင်း တွေ့ရှိ
နိုဝင်ဘာ ၁၈ – ၂၀၂၅ SS (VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှေးဟောင်းလှေလို့ ယူဆရတဲ့ လှေနှစ်စင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ လှေတွေကို လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာမှ ဒေသခံ တယောက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်က စတင် တွေ့ရှိခဲ့တာလို့ သိရပါတယ်။ “ရွာသား တယောက်က စတွေ့တာပါ။ တူးလို့ တွေ့တာတော့ မဟုတ်ဘူး။ ရေတိုက်စားတာကြောင့် ဖြစ်မယ်။ ရေထဲကနေ ပေါ်လာတာ။ ရှေးဟောင်း၊ ရှေးဖြစ်က လှေတွေပေါ့။ လှေတွေထိပ်မှာ မြန်မာစာနဲ့ ရေးသားထားတဲ့ စာတွေလည်း တွေ့ရတယ်။ ဒီလို လှေတွေတွေ့တာက အခုမှ မဟုတ်ဘူး။ အရင်ကလည်း တွေ့ထားတာတွေ ရှိတယ်” လို့ ဒေသခံတယောက်က…
Read Moreတရုတ်နဲ့ ဂျပန် သံတမန်ရေးတင်းမာမှု ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့် မပြေလည်
ပေကျင်း၊ နိုဝင်ဘာ-၁၉-၂၀၂၅ ရတီ(VOM) တရုတ်နဲ့ ဂျပန်တို့အကြား ထိုင်ဝမ်အရေးကြောင့် သံတမန်ရေးရာ တင်းမာမှုတွေလျှော့ချဖို့ ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့်လည်း ပြေလည်ခြင်းမရှိသေးဘဲ တင်မာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ထိုင်ဝမ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မယ်ဆိုရင် ဂျပန်ရဲ့ ရပ်တည်ရှင်သန်ရေးကို ထိခိုက်စေတာကြောင့် စစ်ရေးအရ ဝင်စွက်ဖို့နည်းလမ်းကို ဦးတည်သွာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကြောင့် သံတမန်ရေးရာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို အကြီးအကဲ ကာနိုင်း မာဆာအာကီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလားတူတာဝန်ယူထားတဲ့ လျူဂျင်ဆောင်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ ဂျပန်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုထားတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပယ်ချခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးမှာ ပိုမိုဆိုးရွားလာတာမရှိဘူးလို့ ဆွေးနွေးပွဲများအတွင်း ကာနိုင်းမာဆာအာကီက ပြောပါတယ်။ ဝန်ကြီးချုပ် တာကာအိချိ၏ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိုဆာကာရှိ…
Read Moreဂျပန် အိုအီတာမြို့ မီးလောင်မှု အိမ်ခြေ ၁၇၀ ကျော်လောင်ကျွမ်းပြီး ၁၂ နာရီကျော်ချိန်ထိ မငြှိမ်းသတ်နိုင်သေး
တိုကျို၊ နိုဝင်ဘာ-၁၉-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာ စီရင်စုမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေပြီး မီးလောင်ပြီး ၁၂ နာရီကြာချိန်အထိ ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။ အိမ်ခြေ ၁၇၀ ကျော်နဲ့ အခြားအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသားတယောက် ပျောက်ဆုံးနေတယ်လို့ စီရင်စု အာဏာပိုင်တွေက ပြောပါတယ်။ အိုအီတာမြို့၊ ဆာဂါနိုဆေးကီမှာ မီးလောင်မှုဟာ အင်္ဂါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့တာပါ။ မီးဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားကာ လူနေရပ်ကွက်တခုကို လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်တောတွေကိုပါ လောင်ကျွမ်းနေပါတယ်။ အင်္ဂါနေ့ ည ၁၁ နာရီ ကျော်အထိ အိမ်ထောင်စု ၁၁၅ စုမှ လူ ၁၇၅ ယောက်ဟာ အနီးအနားရှိ ရပ်ရွာခန်းမ တခုမှာ ခိုလှုံနေကြပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့…
Read Moreအိမ်ဖြူတော် ညစာစားပွဲကို ဆော်ဒီအိမ်ရှေ့မင်းသားနဲ့အတူ ခရစ္စတီယာနို ရော်နယ်ဒို တက်ရောက်
ဝါရှင်တန်၊ နိုဝင်ဘာ-၁၉-၂၀၂၅ ရတီ(VOM) စူပါစတားဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ အိမ်ဖြူတော် ညစာစားပွဲကို အင်္ဂနေ့ညက တက်ရောက်ခဲ့ပါတယ်။ ဆော်ဒီဘောလုံးလိဂ်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတဲ့ ရော်နယ်ဒိုကို ဧည့်ခံရတာ ဂုဏ်ယူစရာလို့ အခမ်းအနားမတိုင်မီ ထရန့်က ပြောပါတယ်။ “ကျွန်တော့်သားက ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ပါ” လို့ ထရန့်က ညစာစားပွဲမှာ ပြောပါတယ်။ ရော်နယ်ဒိုဟာ အိမ်ရှေ့မင်းသားလက်ထက်မှာ ဆော်ဒီအာရေဗျရဲ့ အားကစားနဲ့ ခရီးသွားကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကပါဝင်နေပါတယ်။ ဘင် ဆယ်လ်မန်ဟာ အားကစားနဲ့ ခရီးသွားလုပ်ငန်းအပါအဝင် အခြားနယ်ပယ်တွေကို ကွဲပြားစွာတိုးချဲ့နေပြီး ရေနံဝင်ငွေအပေါ် မှီခိုမှုကို လျှော့ချလိုပါတယ်။ ရော်နယ်ဒို အိမ်ဖြူတော်ကို လာရောက်တာဟာ ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်မှုတွေထဲက တခုဖြစ်ပါတယ်။ညစာစားပွဲကို ရော်နယ်ဒိုတက်ရောက်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူက အစောပိုင်းမှာ အတည်ပြုခဲ့ပေမယ့် ဆော်ဒီကိုယ်စားလှယ်အဖွဲ့မှာ တရားဝင်…
Read Moreရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခံရသူ အယောက် ၁၀၀ နီးပါး ရှိလာ
နိုဝင်ဘာ ၁၉ – ၂၀၂၅ SN (VOM) လက်ရှိမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူ အယောက် ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်၊ ပြုလုပ်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အစိုးရ တာဝန်ရှိသူတွေက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။ ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ၊ ပြောဆို ဖော်ပြချက်တွေ ရှိလာရင် အရေးယူသွားမှာပါ။…
Read Moreသရက်ချောင်းမြို့အထက်ကျောင်းက အထက်တန်းပြ ဆရာမ ၃ဦးကို လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်
နိုဝင်ဘာ ၁၉ – ၂၀၂၅ KKL(VOM) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာအထက်ကျောင်းက ကျောင်းဆရာမ ၃ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပညာရေးအသိုင်းအဝိုင်း ကနေ သိရပါတယ်။ ”ဆရာမတွေက ရွေးကောက်ပွဲကိစွတာဝန်နဲ့ထားဝယ်မြို့ကနေ သရက်ချောင်းမြို့ကိုမော်တော်ယာဉ် တစီးနဲ့ နိုဝင်ဘာ ၁၆ ရက်က ထွက်လာရင်း အဖမ်းခေါ်ခံရတာ။ သင်းကျွန်း ကျေးရွာအနီးမှာ ဖမ်းခေါ်ခံရတာ။ ဘယ်အဖွဲ့က ဖမ်းတာလည်းဆိုတာ မသိရသေးပါဘူး”လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်ခံရတဲ့ ဆရာမ ၃ ယောက်ဟာ သရက်ချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြဆရာမတွေဖြစ်တဲ့ ပန်းတောရပ်ကွက်က ဒေါ်မီမီချို၊ မြို့မရပ်ကွက်က ဒေါ်ဆုဝါလှိုင်နဲ့ ဒေါ်ဆင့်ဆင့်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ”သင်းကျွန်းကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်တွေက မော်တော်ယာဉ်ကို တားဆီးရပ်တန့်ခိုင်းပြီးဖမ်းဆီးခေါ်သွားတာပါ။သက်ဆိုင်ရာက လိုအပ်တာတွေကို စစ်ဆေးဆောင်ရွက်နေပါတယ်။”လို့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာမတွေဟာ ဒီနေ့…
Read More




