နိုဝင်ဘာ ၁၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိက ကုန်သွယ်ရာ လမ်းမပေါ်ရှိ သီပေါ တံတား ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ ပိတ်ထားဆဲ ဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့ အပြင် ကုန်ကျစရိတ် နှစ်ဆ အထက်များလို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ခရီးသွားတွေဆီက သိရပါတယ်။ “သီပေါလမ်း မဖွင့်သေးပါဘူး။ နောင်ချို – ကျောက်ဂူ – နမ့်လန် လမ်းလည်း ထပ်ပိတ်သွားတယ်လို့ သိရတယ်။ ဇက်ကူးတဲ့ လူတွေကလည်း ၆ နာရီ အနည်းဆုံး စောင့်ရပါတယ်။ ည အိပ်စောင့် ရတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။” လို့ ခရီးသွား အမျိုးသား တယောက်က ပြောပါတယ်။ မန္တလေးကနေ မူဆယ်ကိုလာမယ်ဆိုရင် မန္တလေး – ကျောက်ဆည်…
Read Moreတိုက်ပွဲဖြစ်မှာ စိုးရိမ်တဲ့အတွက် မိုးကုတ်မြို့ခံအများအပြား မြို့ကို စွန့်ခွာနေ
နိုဝင်ဘာ ၁၉၊ ၂၀၂၅။ NN(VOM) မိုးကုတ်မြို့ကို အစိုးရတပ်က TNLA တပ်ဖွဲ့ထံကနေ လွှဲယူချိန် PDFs တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်လာနိုင်တယ်ဆိုပြီး မြို့ခံတွေ အလုံးရင်းနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ မိုးကုတ်မြို့ခံအများစုဟာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ၊ ကုန်တင်ကား တွေနဲ့ မဘိမ်း၊ နမ့်ဆန်၊ မန္တလေးမြို့တွေဘက်ကို ရွှေ့ပြောင်းနေကြပြီး မြို့အတွင်းမှာတော့ အိမ်စောင့် အနည်းငယ်သာ ကျန်ခဲ့တယ်လို့ မိုးကုတ်မြို့ ခံတွေ ထံက သိရပါတယ်။ “ပလောင်အဖွဲ့က ပြန်ပေးမယ်။ ကျန်တဲ့အဖွဲ့က ပြန်မပေးဘူးနဲ့ ရှုပ်နေတာ။ အခု စစ်တပ်က ပြန်ရောက်လာရင် တိုက်ပွဲက ဖြစ်လာနိုင်တယ်။ မြို့ခံတွေက ကြောက်တော့ ကြိုရှောင်ထားလိုက်တဲ့ သဘောပါ” ဟု မိုးကုတ်မြို့ခံ အမျိုးသားတယောက်ကပြောပါတယ်။ အထူးသဖြင့် ရှောင်ကြတဲ့အထဲမှာ CDM ဝန်ထမ်းတွေအပြင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်သူတွေက အထူးစိုးရိမ်ပြီး…
Read Moreဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံမှ တောင်ကိုရီးယားအလုပ်သမား ၃၀၀ ကိုဖမ်းဆီးမှု အိမ်ဖြူတော်တောင်းပန်
ဆိုးလ်၊ နိုဝင်ဘာ -၁၉-၂၀၂၅ ရတီ(VOM) အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ိဒိုင်းကုမ္ပဏီရဲ့ စက်ရုံတရုံတွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဖုန်းဆက်တောင်းပန်ခဲ့တယ်လို့ ဟွန်ဒိုင်းအမှုဆောင်အရာရှိချုပ် မူနော့ဇ် က ပြောပါတယ်။ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း သူ့ထံ ဖုန်းဆက်ပြီး “ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါက ပြည်နယ်တရားစီရင်ပိုင်ခွင့်မဟုတ်ဘူး” လို့ ပြောကြားခဲ့ကြောင်း စင်ကာပူမှာ ကျင်းပတဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ ညီလာခံတခုမှာ မစ္စတာ မူနော့ဇ်က ပြောပါတယ်။ ဟွန်ဒိုင်းနဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီကြီး LG တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဂျော်ဂျီယာရှိ ဘက်ထရီစက်ရုံတရုံမှာ စက်တင်ဘာလအတွင်းက တောင်ကိုရီးယား အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ စီးနင်းမှုအတွင်း တာဝန်ရှိသူတွေဟာ အလုပ်သမားတွေရဲ့ ခြေထောက်တွေကိုပါ ချည်နှောင်ထားပြီး စက်ရုံကြမ်းပြင်တွေပေါ်မှာ အတင်းအကြပ်ထိုင်ခိုင်းခဲ့တာတွေကြောင့် တောင်ကိုရီးယားဘက်က အမျက်ဒေါသထွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး…
Read Moreသူတို့အိမ် အခန်း – ၃၂
ဧည့်မျှော်၊ ဧည့်မျှောင် —————————– ငယ်ငယ်က အိမ်ကို ဧည့်သည်လာလျှင် ပျော်သည်။ ရေစက်ရုံကြီးနားက ဒေါ်ဒေါ်လုံးတို့၊ အဒေါ်ဒေါ်မြသောင်းနှင့် သမီး မမမြချိန်တို့၊ ကျုံးထောင့်က ဒေါ်ဒေါ်လှရင်တို့၊ ဘုတလင်က ဒေါ်ကြီးဒေါ်စောယုတို့ လာလျှင် အိမ်က ဒန်ချိုင့်လေးဆွဲပြီး အိမ်တော်ရာ ဘုရား အနောက်မုခ် မဟူရာဇရပ်ကြီးဘေးမှာ မလိုင်ပေါက်စီ သွားဝယ်ရသည်။ ကလေးတစ်ယောက် အပြေးအလွှား ချွေးသံတရွှဲရွှဲနှင့် သွားဝယ်ပေးသော မလိုင်ပေါက်စီကို အဘယ်ကဲ့သို့သော ဧည့်သည်သည် အကုန်လုံး စားပစ်ရက်ပါမည်နည်း။ (ဧည့်သည်မျိုမကျအောင် ကျွန်တော်ကလည်း ဧည့်သည်အနား ထိုင်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေတာလည်း ပါမည်။) ဧည့်သည်က မလိုင်ပေါက်စီကို တစ်ဝက်လောက်သာ စားပြီး “အိမ်ကလည်း ကာဖီတွေ သောက်လာလို့ မုန့်က မကုန်တော့ဘူး၊ ရော့ ရော့… ကျန်တဲ့တစ်ဝက် မင်းစားလိုက်တော့…” ဟူ၍ မလိုင်ပေါက်စီ ပန်းကန်…
Read Moreသူတို့အိမ် အခန်း – ၃၁
ဆူးငှက် ကထိန်ရာသီ နှင့် စစ်ကိုင်းတောင် ————————————– ““ကုမာရီရေ ..ဟေ့ ကုမာရီ …”” ““ဘာလဲ ကိုဥဒါရီ …”” “ “နက္ခတ်သဘင် ပွဲကြီးကဖြင့် နီးလာပြန်ပြီ။ ပွဲချိန်လည်း လိုပါသေးတယ်။ ဒီနှစ်တော့ သူများနည်းတူ သွားနိုင် လာနိုင်ကောင်းပါရဲ့၊ ကြိုးစားမှာပေါ့ မိန်းမရယ်၊ အားမငယ်ပါနဲ့”” ““ကိုဥဒါရီ ရယ် ပွဲရက် လိုသေးပေမယ့် ငွေဝင်လမ်း ဘယ်ကရှိလို့ ဝတ်ဖို့ စားဖို့ ဝယ်နိုင်မှာတုန်း၊ ဒီနက္ခတ်သဘင် ပွဲတော်ဟာ တစ်နှစ်သော်လည်း သွားရနိုးနဲ့ မသွားရ၊ တစ်နှစ်သော်လည်း မသွားရ၊ အိမ်ထောင်ကျရတာ ကျွန်မအဖို့တော့ ဘာမှ အကြောင်းမဟုတ်ဘူး။ ဒီနှစ်လည်း သွားနိုင်မှာ မဟုတ်ပါဘူး””။ အဲသလို .. မင်းသမီးမမြရင်နဲ့ လူပြက်ဦးဓာတ်ခိုး၊ဦးသင်္ခါတို့ ပြက်လုံးခွင်အတွက် အိုင်ကျင်းဖွဲ့နေ ကြရင်…
Read Moreသူတို့အိမ် အခန်း – ၃၀
ဆူးငှက် လွမ်းသလေ မန်းမြေ တ မိတော့ ———————————– တကယ်တော့ ကျွန်တော်တို့အိမ်က အဝေးခရီးမပြောနှင့် စစ်ကိုင်း မင်းကွန်းစသည့် အနီးအနား ခရီးများကိုပင် အကြောင်းကိစ္စမရှိဘဲ အလည်အပတ်သဘော သွားလေ့မရှိပေ။ အဝေးခရီးအနေနှင့်က ကျွန်တော် ပြောခဲ့ဖူးသည့် မုံရွာ၊ ဘုတလင်နှင့် သဖန်းရွာခရီးပဲ ဖြစ်ပါသည်။ ကျွန်တော်ပြောခဲ့စဉ်က ထိုခရီးကို ရန်အောင်မန်း ကားကြီးနှင့် သွားခဲ့သည့် အကြောင်းပဲ ဖြစ်ပါသည်။ တကယ်တော့ ထိုခရီးကို အများဆုံးသွားခဲ့တာက မီးရထားနှင့်ပဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဘက ကားမူးတတ်တော့ ဘုတလင်အထိ မီးရထားစီးရသည်။ ရွာပြန်မယ့် အရေးကလည်း ၁လလောက်ကတည်းက ကြိုတင်ပြင်ရ၏။ ဆွေမျိုးတွေ လက်ဆောင်ပေးဖို့ အခြောက်အခြမ်းဝယ်ပြီး အိတ်လေးတွေနှင့် ထည့်တာ၊ ဘုန်းကြီးကပ်ဖို့ လက်ဖက်ခြောက် ငါးသေတ္တာ နို့ဆီဗူးဝယ်တာ စသည်ဖြင့် အမေက…
Read Moreသတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကျင်းပ
မန္တလေး၊ နိုဝင်ဘာ- ၁၃- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ရှိတဲ့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာ သတင်းမီဒီယာသမားတွေအတွက်လာမယ့် ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးတိုင်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့ တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်း မြန်မာနိုင်ငံ နဲ့ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့က ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြစ်မြောက်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေကို ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်တွေ ပေးအပ်ခဲ့ပါတယ်။ #vom #voiceofmyanmar #mandalay #UEC #ရွေးကောက်ပွဲ #လမ်းညွှန်စာအုပ်
Read Moreဆယ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူအယောက် ၅၀ သေဆုံးခဲ့
နိုဝင်ဘာ ၁၂-၂၀၂၅ KKL(VOM) ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဆယ်လအတွင်း ယာဉ်မတော်တဆမှုကြောင့်လူအယောက် ၅၀ အထိသေဆုံးခဲ့ရတယ်လို့အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့စာရင်းတွေအရ သိရပါတယ်။ ယခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ဆယ်လတာကာလအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆ မှု ၁၅၅ ကြိမ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေ ကြောင့် အမျိုးသားအယောက် ၃၀ ၊ အမျိုးသမီး ၁၇ ယောက်အထိ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”ဖြစ်ပွားခဲ့တဲ့ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုက ယာဉ်မောင်းတွေအနေနဲ့ ယာဉ်မဆင်မခြင်ပေါ့ဆမောင်းနှင်မှုနဲ့ အရှိန် ပြင်းပြင်းမောင်းနှင်မှုကြောင့်ဖြစ်ရတာများပါတယ်။”လို့သက်ဆိုင်ရာတာဝန်ရှိ တယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ ဆယ်လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူ ၂၉၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးယာဉ်တိုက်မှုတွေဟာ ဇွန်လ ၊ မတ်လနဲ့ အောက်တိုဘာလတွေမှာ အများဆုံး ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတွေများပြားခဲ့တယ်လို့ သိရပါတယ်။ ”အမြန်လမ်းပေါ်က…
Read Moreကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့ အမေရိကန်ဖွဲ့၊ DKBA ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့
ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၅ မျိုးဆက်(VOM) အရှေ့တောင်အာရှမှာ ကြီးထွားလာနေတဲ့ ကျားဖြန့်ဂိုဏ်း တိုက်ဖျက်ရေးအဖွဲ့ကို အမေရိကန်အစိုးရက ဖွဲ့စည်းလိုက်ပြီး ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေတာကြောင့် DKBA ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံသားတယောက်တို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အရေးယူပိတ်ဆို့စရင်းထဲမှာ DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စစ်ဦးစီးချုပ် စောစတီးလ်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်နဲ့ ဗိုလ်မှူးချုပ် စိုင်းလှကျော် တို့လည်း ပါဝင်နေပါတယ်။ ဒါအပြင် အရေးယူပိတ်ဆို့မှုထဲမှာ Trans Asia International Holding Group Thailand Company ၊ Troth Star Companyနဲ့ ထိုင်းနိုင်ငံသား Chamu Sawang တို့လည်းပါဝင်ပြီး မြန်မာနိုင်ငံ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ရာဇဝတ်အဖွဲ့တွေအကြား ချိတ်ဆက်ပေးခဲ့ပြီး ကျားဖြန့်စင်တာတွေ တည်ဆောက်ရာမှာ…
Read Moreအမေရိကန်သမိုင်းမှာ အကြာရှည်ဆုံး အစိုးရရပ်ဆိုင်းမှု အဆုံးသတ်ပြီ
ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ နိုင်ငံသမိုင်းတွင် အကြာရှည်ဆုံး အစိုးရရပ်ဆိုင်းမှုကို အဆုံးသတ်နိုင်မယ့် ဥပဒေကြမ်းတရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော်က အဲဒီဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းကို ထောက်ခံမဲ ၂၂၂ မဲ၊ ကန့်ကွက်မဲ ၂၀၉ အတည်ပြုပြီးနောက် များမကြာမီမှာ ထရန့်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီမိုကရက်အမတ် ခြောက်ယောက်က ရီပတ်ဘလီကန်အမတ်တွေနဲ့အတူ ထောက်ခံမဲပေးခဲ့ကြပါတယ်။ အစိုးရ ရပ်ဆိုင်းမှုစတင်ကတည်းက လက်ရှိအချိန်ထိ ၄၃ ရက်ရှိပြီဖြစ်ပါတယ်။ ဖက်ဒရယ်ဝန်ထမ်းထောင်ပေါင်းများစွာဟာ လစာမရဘဲ အလုပ်လုပ်နေကြပြီး ဖက်ဒရယ်အစီအစဉ်တွေ ၊ အေဂျင်စီတွေနဲ့ ဌာနတွေလည်း ရန်ပုံငွေမရှိဘဲ ရပ်တန့်နေခဲ့ကြပါတယ်။ တနင်္လာနေ့မှာတော့ အမေရိကန်အထက်လွှတ်တော်ဟာ အစိုးရ ရပ်ဆိုင်းမှုကို အဆုံးသတ်ဖို့နဲ့ အစိုးရကို ရန်ပုံငွေထောက်ပံ့မယ့် ဥပဒေကြမ်းတရပ်ကို အတည်ပြုခဲ့ပြီး ဒီကနေ့မှာတော့ အောက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်ကတော့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကို ချီးကျူးလိုက်ပြီး အလွန်ကြီးမားတဲ့ အောင်ပွဲလို့…
Read More




