ဘတ်ဂျက် ဒုတိယအများဆုံးသုံးပေမယ့် ဆရာခန့်အပ်ဖို့ပျက်ကွက်တယ်လို့ လွှတ်တော်တွင်းဆွေးနွေးမှုမှာ ထည့်သွင်းပြောကြား

နေပြည်တော်၊ ဇွန်- ၁၅ – ၂၀၂၆ KKL(VOM) နိုင်ငံဘတ်ဂျက်ကို ပညာရေးဝန်ကြီးဌာနက ဒုတိယအများဆုံး သုံးခဲ့ပေမယ့် ဆရာခန့်အပ်ဖို့ပျက်ကွက်ခဲ့တယ်လို့ ကရင်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ယုဇနဝါက ဆွေးနွေးပါတယ်။ ဒီကနေ့ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဆဌမနေ့မှာ ဦးအောင်ချစ်လွင် တင်သွင်းတဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာဆရာမ လိုအပ်ချက်ကိစ္စအပေါ် နိုင်ငံတော်က အချိန်မီဆောင်ရွက်ပေးဖို့ နိုင်ငံတော်ကို တိုက်တွန်းခဲ့တာကို ဒီကနေ့ သူ့ရဲ့ပါဝင်ဆွေးနွေးမှုမှာ ထည့်ပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဆိုကို ကိုယ်စားလှယ် ၁၁ ယောက် ဆွးနွေးခဲ့ကြရာမှာ ပညာရေးဝန်ကြီးဌာနအတွက် မူဝါဒ၊ ဘဏ္ဍာရေး၊ ရာထူးတိုး အလုပ်ခွင်မျှတမှု အကျိုးခံစားခွင့် လုံခြုံရေးထောက်ပံပေးမှု လစ်လပ် မှု ပြန်လည်ခန့်အပ်မှု စတဲ့အကြောင်းအရာတွေကို ဆွေးနွးခဲ့ကြတာဖြစ်ပါတယ်။ ပညာရေးဒုဝန်ကြီးကတော့ ဆရာ ဆရာမ များခန့်အပ်တဲ့နေရာမှာ နိုင်ငံတော်က ရင်းနီးမြှုပ်နှံမှုအနေနဲ့ အရည်အချင်းရှိတဲ့…

Read More

ပုဏ္ဍားကျွန်း ကင်းချောင်းထဲမှာ စက်လှေမှောက်လို့ ရှစ်ယောက်သေဆုံးကာ နှစ်ယောက်ပျောက်ဆုံးပြီး သုံးယောက် ဆေးကုသမှုခံယူနေရ

ဇွန် ၁၅ ၊၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကြိုးတံတားအနီး၊ ကင်းချောင်းထဲမှာ ဒီကနေ့ ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က စက်လှေမှောက်လို့ ရှစ်ယောက်သေဆုံးပြီး နှစ်ယောက်ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ အဆိုပါ စက်လှေက ရသေ့တောင်မြို့နယ် ၊ ကူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးဝယ်သွားတဲ့ စက်လှေဖြစ်ပြီး စက်လှေပေါ်မှာ လူ ၃၅ ယောက်လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။ စက်လှေတိမ်းမှောက်မှုမှာသေဆုံးသူတွေက အမျိုးသမီးငါးယောက်နဲ့ အမျိုးသားသုံးယောက်တို့ဖြစ်ပြီး ပျောက်ဆုံးနေတာက အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်ကြောင်း ၊ အသက်ရှင်လျက်ကယ်နိုင်သူ ၂၅ ယောက်ရှိခဲ့ တယ်လို့ သိရပါတယ် ။ ” ပျောက်တဲ့နှစ်ယောက်ကို ရှာနေကြတုန်းပဲ။ မတွေ့သေးဘူး ။ အသက်ရှင်လျက်ကယ်နိုင်တဲ့သူတွေထဲက သုံးယောက်က နည်းနည်းစိုးရိမ်ရတဲ့အခြေအနေရှိလို့…

Read More

စစ်သုံ့ပန်း နှစ်ရာဝန်းကျင် ကိုးကန့်တပ် ပြန်လွှတ်

ဇွန် ၁၅၊ ၂၀၂၆ NN(VOM) အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ကိုးကန့် တပ်ဖွဲ့က ၁၀၂၇ တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ အစိုးရတပ် စစ်သုံ့ပန်းတွေထဲက ၁၇၄ ယောက်ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြန်လွတ်လာသူတွေကို လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ခေါ်သွားတယ်လို့ သိရပါတယ်။ “ဒီနေ့ နေ့လယ်ပိုင်းက လွတ်လာတာ ဟုတ်ပါတယ်။ ရမခထဲ ပို့လိုက်တာ တွေ့တယ်။ မိသားစုတွေနဲ့တော့ တွေ့လို့မရသေးဘူး” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ သိရပါတယ်။ “နေရာအစုံကလို့တော့ ပြောတယ်။ လောက်ကိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်ဘက် မှာ ဖမ်းထားတဲ့သူတွေလည်း ပါတယ်လို့ ပြောတယ်” လို့ လားရှိုးမြို့ ခံတယောက်က ပြောပါတယ်။ ၁၀၂၇ တိုက်ပွဲကာလအတွင်းမှာ အရှေ့မြောက်တိုင်း…

Read More

သူတို့အိမ် အခန်း (၁၄၁)

ဆူးငှက် နှစ်ချုပ် ကုန်ကျန်ကောက်ချိန် ——————————– နှစ်တစ်နှစ်၏ မတ်လ နောက်ဆုံးပတ် ရောက်သည်နှင့် အလုပ်ရုံ၏ နှစ်ချုပ်စာရင်း ရေးဆွဲရသည်။ သတ်မှတ်ထားသည့် စီမံကိန်းလျုထားချက်ကို ပြည့်မီစွာ အကောင်အထည်ဖော်နိုင်မှုကိုလည်း အစီရင်ခံစာ ရေးရသည်။ စာရင်းပိုင်းနှင့် ပတ်သက်၍ တာဝန်ခံစာရေးကြီး ကိုဌေးအောင်က တာဝန်ယူသည်။ သူသည် ဖိနပ်အလုပ်သမား တစ်ဦးမျှသာ ဖြစ်သော်လည်း လုပ်သားစုပေါင်းအဖြစ် စတင်ဖွဲ့စည်း ကတည်းက ပါဝင်ကာ စာရင်းကိုင်ခဲ့သည်။ သူက ဝမ်းကွဲမျှ အစ်ကိုတော်စပ်သော်လည်း ကျွန်တော့်ကို ငယ်စဉ်ကတည်းက ညီအရင်းတစ်ယောက်လို စောင့်ရှောက်သည်။ ထိုစဉ်ကာလ သူက လူပျိုကြီးတစ်ယောက်ဖြစ်ရုံမက သဘောလည်း ကောင်းသူမို့ ကျန်ညီအစ်ကို မောင်နှမများကိုလည်း စောင့်ရှောက်သည်။ မိဘများက သူပါလျှင် မည်သည့်နေရာမဆို စိတ်ချလို့ ကျွန်တော်တို့ကလည်း သွားချင်သည့် နေရာရှိလျှင် သူ့ကိုပဲ ခေါင်းခွေ့ကြသည်။ တကယ်တော့ သူက အလုပ်ရုံ၏ အသက်ပဲ ဖြစ်ပါ၏။…

Read More

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး ဓားသွားပေါ် ကနေရတဲ့ ပြဇာတ်

MT(VOM) ​ ​မြန်မာနဲ့ တရုတ် ဆိုတာ “ပထဝီဝင်ရဲ့ထောင်ချောက်” ထဲမှာ အတူတူ ပိတ်မိနေကြတဲ့ အိမ်နီးနားချင်းတွေပါ။ “ပထဝီဝင်ဆိုတာ နိုင်ငံတွေရဲ့ ကံကြမ္မာပဲ” ဆိုသလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာလည်း မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေတဲ့ တရုတ်တံတိုင်းကြီးရဲ့ အရိပ်အောက်ကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးစ ခေတ်ကနေ ဒီနေ့အထိ တိုင်းပြည် အပြောင်းအလဲတွေ၊ အစိုးရအဆက်ဆက်ရဲ့ ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားခဲ့ကြတဲ့ ခရီးစဉ်တွေကို ပြန်ကြည့်ရင် ရိုးရိုးတန်းတန်း အလည်အပတ် ခရီးစဉ်တွေ မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး အကျိုးစီးပွားတွေ ပေါ်အခြေခံတဲ့ ခရီးစဉ်တွေ ဆိုတာ တွေ့ရပါလိမ့်မယ်။ ​ဖော်ရွေသော နဂါး နဲ့ ဦးနု၊ ဗိုလ်နေဝင်းတို့ရဲ့ နယ်စပ်စာချုပ် ခရီးစဉ်များ ​မြန်မာပြည်ဟာ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)…

Read More

ကလေးမြို့နယ် (မြောက်ပိုင်း) နဲ့ တမူးမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေ

ဇွန် ၁၄ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် (မြောက်ပိုင်း) နဲ့ တမူးမြို့နယ်အတွင်း အစိုးရတပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရ ပူးပေါင်းတပ်တွေဟာ ကလေး – တမူးလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့အတွက် အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့မှစတင်ကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလမ်းပိုင်းက နယ်စပ်နဲ့ အနီးဆုံးဖြစ်တယ်။ အိန္ဒိယ – မြန်မာ – ထိုင်း၊ ဒီသုံးနိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်တယ်။ ဒီလမ်းကြောင်းကို ထိန်းချုပ်ပြီး ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့အတွက် အစိုးရက ပြင်ဆင်နေတာပါ။ စစ်ကြောင်း နှစ်ကြောင်းနဲ့ နှစ်ဖက်ညှပ်ပိတ်ပြီး…

Read More

ချင်းတောင်ပိုင်းမှာ တိုက်ပွဲ ပိုပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေ

ဇွန် ၁၄ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ မင်းတပ်မြို့ကိုဆိုရင် ခုဇွန်လ ၆ ရက်နေ့ကစပြီး ဒီကနေ့ ဇွန် ၁၄ ရက်နေ့အထိ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း မင်းတပ်မြို့နယ်မှာ လေကြောင်းကနေ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဇွန် ၁၀ ရက်ကနေ ၁၄ ရက်မနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်းရှိခဲ့ကာ အားလုံးပေါင်း ဗုံးအရေအတွက် ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဒီရက်ပိုင်း မင်းတပ်ကို လေကြောင်းကနေ တအားဖိနေတာတွေ့ရတယ်။ မြေပြင်တိုက်ပွဲကလည်း…

Read More

လေယာဥ်လက်မှတ်ကို အဆမတန်စျေးတင်ရောင်းရင် အရေးယူမယ် ၊ အချက်အလက်နဲ့တကွ တိုင်ကြားနိုင်

ဇွန် ၁၄ ၊ ၂၀၂၆ GG (VOM) လေယာဉ်လက်မှတ်ကို သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်လာ ပါတယ်။ ဒါကြောင့် လေယာဥ်လက်မှတ်ကို လေကြောင်းလိုင်းရဲ့ သတ်မှတ်စျေးထက်ပိုပြီး စျေးအဆမတန်ပေးဝယ်ယူရသူတွေအနေနဲ့ ခရီးသည် အမည်၊ ဝယ်ယူခဲ့တဲ့ ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့တဲ့ Agent အမည်၊ ဝယ်ယူခဲ့ရတဲ့ ဈေးနှုန်းနဲ့ ငွေပေးချေတဲ့ အထောက်အထား စတဲ့ သတင်းအချက်အလက်တွေနဲ့ အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအပေါ် ခရီးသွားပြည်သူတယောက်က ” အရေးယူမယ်ဆိုရင် လေကြောင်းလိုင်းတွေကို အရင်အရေးယူရမှာ ။ System ခုံတွေက ဖွင့်မပေးတာများတယ်။ ခရီးသည်က ဘယ်တော့မှ လေကြာင်းလိုင်းကနေ တိုက်ရိုက်ဝယ်လို့မရဘူး…

Read More

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေ ကြည့်ရှုနိုင်ဖို့ ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို စီစဉ်နေ

ဇွန် ၁၄ – ၂၀၂၆ SS (VOM) တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပါက မိမိတိုရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေ ကြည့်ရှုနိုင်ဖို့ https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ စာစစ်ဦးစီးဌာနအနေနဲ့ အောင်စာရင်းတွေကို ၎င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကသာ တပြိုင်နက်တည်း ထုတ်ပြန်ပေးသွားဖို့ စီစဉ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေနည်းတူ တက္ကသိုလ်ဝင်တန်းတွေ ဖြေဆိုခဲ့တဲ့ စာစစ်ဌာနအလိုက် အောင်စာရင်းတွေကို ကြည့်ရှုနိုင်မယ့် ဝက်ဘ်ဆိုက်လည်း ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ “တရားဝင် ဝက်ဘ်ဆိုက်ကနေသာ ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချစွာနဲ့ အောင်စာရင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အောင်စာရင်း ဘယ်နေ့ထွက်မယ်ဆိုတာတော့ ဒီအချိန်မှာ ကျွန်တော်တို့ကိုယ်တိုင်တောင် သေချာ မသိရသေးပါဘူး။ အောင်စာရင်း တရားဝင်ထွက်ရှိမယ့်ရက်နဲ့ အသေးစိတ် အချက်အလက်တွေကို စာစစ်ဌာနက အချိန်တန်ရင် ထုတ်ပြန်ပေးသွားပါလိမ့်မယ်။ ဒီအချိန်မှာ အောင်စာရင်း ကြိုကြည့်ပေးမယ်ဆိုပြီး…

Read More

အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို ဖမ်းဆီးခံရတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေ

ဇွန် ၁၄ – ၂၀၂၆ SN (VOM) အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို ဖမ်းဆီးခံရတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဒမ် ကက်စတီလိုဟာ လက်ရှိမှာ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းတခုကို ထူထောင်ထားသူဖြစ်ပြီး အမေရိကန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိစဉ် ရန်ကုန်လေဆိပ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ သိထားသလောက်ကလည်း၊ ကြားထားတဲ့ သတင်းအရပေါ့၊ သူက ပိုင်ဆိုင်မှုအငြင်းပွားမှု တခုကြောင့် ဖမ်းဆီးခံရတယ်လို့ သိရတယ်။ ဟိုတချိန်က သူဦးဆောင်ခဲ့ဖူးတဲ့ စီးပွားရေးအဖွဲ့အစည်းတခုရဲ့ လက်ရှိ ဒါရိုက်တာကနေပြီးတော့ တရားစွဲဆိုထားတာလို့ သိရတယ်။ သူ့ရဲ့ကိုယ်ကျိုးအတွက် ဒေါ်လာတွေကို အလွဲသုံးစားပြုခဲ့တာရှိတယ်ပေါ့။…

Read More