အရှေ့အိမ် ၂အိမ် ——————— ကျွန်တော်တို့ စိုင်ပြွန်ဝင်းထဲရှိ ရွာဆွေရွာမျိုးတွေက ရေစက်ရုံကြီးအနားရှိ ဦးကြီးဦးလှတင် ဒေါ်ဒေါ်လုံးတို့ လှဂုဏ်ရည် ဓာတ်ပုံတိုက်ကို အရှေ့အိမ်ဟု ခေါ်သလို ဒေါင်းရိုးထဲက ကြီးဒေါ်ဒေါ်ငွေသက် တို့ အိမ်ကိုလည်း အရှေ့အိမ်ဟုပဲ ခေါ်ကြသည်။ အရှေ့အိမ်နှစ်အိမ်ကွဲအောင်တော့ ဦးကြီးဦးလှတင်တို့ အိမ်ကို အရှေ့အိမ်ဓာတ်ပုံတိုက်ဟု ပြောလေ့ရှိသည်။ အခုပြောမှာက ဒေါင်းရိုးထဲက အရှေ့အိမ်ဖြစ်သည်။ ကျော်ကျော် (ကိုကျော်) က အရှေ့အိမ် ကြီးဒေါ် ဒေါ်ငွေသက်၏ သားဖြစ်သည်။ အရှေ့အိမ်မှာ ကြီးဒေါ်သက်နှင့် အတူ ကျော်ကျော့် သမီး ၃ယောက်ဖြစ်သော မမဝင်းကြည်၊ မမဝင်းရီ၊ မမဝင်းမာတို့ အပျိုကြီး ၃ယောက်(ထိုစဉ်က မမဝင်းကြည် အိမ်ထောင် မကျသေး) အတူနေကြသည်။ မြေးအဖွားတွေပေါ့။ မမဝင်းကြည်ကတော့ ငယ်စဉ်ကတည်းက ရန်ကုန် မော်တင် ၇လမ်းရှိ…
Read Moreလူ ၂၀ လိုက်ပါသွားတဲ့ တူရကီစစ်လေယာဉ် အဇာဘိုင်ဂျန်-ဂျော်ဂျီယာ နယ်စပ်မှာ ပျက်ကျ
အန်ကာရာ၊ နိုဝင်ဘာ-၁၂-၂၀၂၅ ရတီ(VOM) လူ အယောက် ၂၀ တင်ဆောင်လာတဲ့ တူရကီစစ်ဘက်ကုန်တင်လေယာဉ်တစင်း အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ ပျက်ကျသွားတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အရာရှိတွေက သေဆုံးသူအရေအတွက်ကို အတည်မပြုသေးပေမယ့် တူရကီသမ္မတ အာဒိုဂန်ကတော့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်း အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိမှာတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ။ C-130 ကုန်တင်လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ တူရကီကို ပျံသန်းလာချိန် ပျက်ကျတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဓါတ်ပုံတွေမှာတော့ လေယာဉ်ရဲ့ အပျက်အစီးတွေလို့ ယူဆရတဲ့ အစိတ်အပိုင်းတွေကို ပြသထားပါတယ်။ လေယာဉ်ဟာ အရေးပေါ်အချက်ပြမှု မထုတ်ပြန်ဘဲ ရေဒါကနေ ပျောက်ကွယ်သွားတယ်လို့ ဂျော်ဂျီယာလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ ၅ ကီလိုမီတာလောက်အကွာရှိ ဆီဂ်နာဂီအနီးမှာ ပျက်ကျသွားတယ်လို့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်က အာဒိုဂန်ဆီကို…
Read Moreပါကစ္စတန်မှာ တရားရုံးရှေ့ အသေခံဗုံးခွဲလို့ ၁၂ ယောက်သေပြီး ၂၇ ယောက်ဒဏ်ရာရ
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်မြို့ရှိ တရားရုံးတခုအပြင်ဘက်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတခုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၂၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗုံးခွဲသမားတယောက်ဟာ ခရိုင်တရားရုံးကို တိုက်ခိုက်ဖို့ စီစဉ်နေပေမယ့် အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိဟု ပြည်ထဲရေးဝန်ကြီး မိုဆင်နာ့ဂ်ဗီက ပြောပါတယ်။ ဗုံးခွဲသမားကို ဖော်ထုတ်ဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ သူက ပြောပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်ကတော့ ဒီဖြစ်စဉ်မှာ အိန္ဒိယကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေပါတယ်လို့ စွပ်စွဲထားပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပါတယ်။ ပါကစ္စတန်တာလီဘန် (TTP) ရဲ့ ခွဲထွက်အဖွဲ့တခုဖြစ်တဲ့ ဂျူမတ်အာရ်ရာ အဖွဲ့လက်ချက်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီအဖွဲ့ကတော့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ငြင်းပါတယ်။ မကြာသေးမီနှစ်တွေအတွင်း…
Read Moreဒေလီရှိ ခံတပ်နီအနီး ကားဗုံးပေါက်ကွဲမှု လူရှစ်ယောက်သေပြီး ၂၀ ထက်မနည်း ဒဏ်ရာရ
ဒေလီ၊ နိုဝင်ဘာ-၁၁-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ခံတပ်နီ အထိမ်းအမှတ်နေရာအနီးမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူရှစ်ယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ သန်း ၃၀ နေထိုင်တဲ့မြို့မှာ ရှားရှားပါးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ၁၇ ရာစုလက်ရာဖြစ်တဲ့ ခံတပ်နီကို ခရီးသွားထောင်ပေါင်းများစွာ နေ့စဉ်လာရောက်လည်ပတ်ကြပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၂ မိနစ်မှာ ဖြည်းဖြည်းချင်း မောင်းနှင်လာတဲ့ ကားတစီးဟာ မီနီမှာရပ်တန့်ပြီးနောက် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေလီရဲမင်းကြီးကပြောပါတယ်။ အနီးအနားရှိ ယာဉ်တွေလည်း ဆိုးရွားစွာ ပျက်စီးခဲ့တဲ့လို့ ဆိုပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကတော့ ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းရဲ့ ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ထိပ်တန်းလုံခြုံရေးအရာရှိတွေရဲ့ အစည်းအဝေးကို ဒီကနေ့မနက်မှာ ပြုလုပ်ဖို့ရှိနေပါတယ်။ သေဆုံးဒဏ်ရာရသူတွေနဲ့ မိသားစုတွေအတွက် လွန်စွာဝမ်းနည်းကြေကွဲကြောင်း ဝန်ကြီးချုပ်မိုဒီက…
Read Moreမြန်မာ့သမိုင်းထဲက ရွေးကောက်ပွဲ
SN (VOM) မြန်မာနိုင်ငံဟာ အထွေထွေ ရွေးကောက်ပွဲတွေကို လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ နီးပါး ကာလအတွင်း ရွေးကောက်ပွဲ အကြိမ်ရေ စုစုပေါင်း ၁၇ ကြိမ်အထိ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဘုရင်စနစ်ကို ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ၁၉၂၂ ခုနှစ် မတိုင်မီက ရွေးကောက်ပွဲဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်မှာတော့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး အသိအမြင်တွေ တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်တွေကို တိုးမြှင့် ပြောင်းလဲပေးခဲ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ဂျီစီဘီအေ အသင်းကြီး ပေါ်ပေါက်လာပါတယ်။ အသင်းကြီးအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Home Rule) ကို တောင်းဆိုခဲ့ပေမယ့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၉)
ဆူးငှက် အရှေ့ကျုံးလမ်းပေါ် အုပ်မိုးနေသော ကုက္ကိုပင်ကြီးများ အရိပ်ကြားမှ မာကျူရီမီးရောင်သည် ကတ္တရာလမ်းပေါ် လေးတွဲ့တွဲ့ဆင်းလာကြ၏။ လမ်းပေါ်မှာတော့ ဈေးသိမ်းနောက်ကျသော နန်းဦးလွင်မြင်းလှည်းကလေး တစ်စီးစ နှစ်စီးစပဲရှိသည်။ ကျုံးနံဘေးရေစပ်မှာတော့ ပိုးပုရစ်လေးတွေ ကျစ်ကျစ်အသံပြုသည်။ ဆရာကြီးဦးစိန်ညွန့် တိုက်ဘေး ရေနီ မြောင်းစပ် ထနောင်းပင်ဆီမှ ပုစဉ်းရင်ကွဲကတော့ သံရှည်ဟစ်နေ၏။ ပန်တျာကျောင်းပေါက် ဆိုင်းဘုတ်၏ ၆ဝ ဝပ် မီးလုံးလေးက ကတ္တရာလမ်းနံဘေးထိပဲ လင်းအား ပျံ့နိုင်သည်။ ဝင်ပေါက်ညာဘက်မှာ မြက်တောချုံပုတ်နှင့် ကွက်လပ်ကြီး။ ဘယ်ဘက်မှာက တစ်ထပ်တိုက် ရုံးခန်းလေးရှိသည်။ ကုက္ကိုပင်ကြီးတွေရှိသည်။ ဝင်ပေါက်က မြေနီလမ်းလေးအတိုင်းဝင်သွားတော့ အလယ်လောက်မှာ သစ်သားဓာတ်တိုင်လေးတစ်တိုင်က မီးလုံးနီကျင်ကျင်လေး သီးနေသည်။ ရှေ့တည့်တည့် ဆက်လျှောက်လိုက်တော့ ပုဏ္ဍရိက်ပန်းရုံလေးတွေ…။ စက္ကူပန်းရုံလေးတွေ။ ပြီးတော့ နံကပ်သစ်သား တစ်ထပ်အဆောက်အအုံလေး နှစ်ဆောင်ကြားက အသားခင်း ဝရန်တာကြီး။ ပေ ၂ဝ ကျော်ကွာ မျက်နှာချင်းဆိုင် အဆောင်ကြားမှာ ထိုဝရန်တာကြီးက…
Read Moreလျှပ်စစ်ဓာတ်အားပေး LNG သင်္ဘောကြီး သီလဝါဆိပ်ကမ်း ရောက်ရှိနေ
နိုဝင်ဘာ ၁၁ – ၂၀၂၅ SS (VOM) သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး သီလဝါ (သန်လျင်) က ဓာတ်အားပေး စက်ရုံမှာ စမ်းသပ် လည်ပတ်နေပြီ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။ “ထူးခြားတဲ့ သတင်းကတော့ LNG သင်္ဘော ရောက်ပါပြီ။ တရားဝင် ကြေညာတာတော့ ဒီရက်ပိုင်းထဲမှာပဲ ရောက်တာပါ။ ရက်စွဲတော့ အတိအကျမသိဘူး။ သီလဝါမှာ စမ်းပြီးတော့ လည်နေပါပြီ။ သီလဝါမှာ စက် ငါးလုံးရှိတယ်၊ လေးလုံး ရပ်ထားတယ်၊ တလုံး စပြီး လည်နေပါပြီ။ ရပ်ထားတဲ့ လေးလုံးထဲက သုံးလုံးကိုလည်း ဆက်လည်မယ်။ ပြီးရင် သာကေတက စက် လေးလုံး ရပ်ထားတာကိုလည်း…
Read Moreကမ္ဘာဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ထိုင်းနိုင်ငံ ရပ်ဆိုင်းလိုက်ပြီ
ဘန်ကောက်၊ နိုဝင်ဘာ-၁၁-၂၀၂၅ မျိုးဆက်(VOM) နယ်စပ်အနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၊ အာဆီယံအဖွဲ့ စေ့စပ်မှုနဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်ဟာ ဇူလိုင်လအတွင်း လူ ၄၃ ယောက် သေဆုံးပြီး နှစ်ဖက်စလုံးမှ အရပ်သား သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နယ်စပ်ပဋိပက္ခတွေ အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာပါ။ သီစကက်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် စစ်သားတယောက် ခြေထောက်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားတယောက်လည်း အပေါ်ယံဒဏ်ရာတချို့ရခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ငြိမ်းချမ်းရေး သဘောတူညီချက် ပူးတွဲကြေညာချက်အပေါ် နောက်ဆက်တွဲလုပ်ဆောင်မှု” ကို ရပ်တန့်မယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat က ပြောပါတယ်။ သဘောတူညီချက်အကောင်အထည်ဖော်မှုရဲ့ တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားစစ်သား…
Read Moreမြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းဖို့ လူရာပေါင်းများစွာ ဆန္ဒပြ
ဒေလီ၊ နိုဝင်ဘာ-၁၁-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီနဲ့ အနီးတစ်ဝိုက်ရှိ လေထုအရည်အသွေး ဆက်လက်ဆိုးရွားလာနေချိန်မှာ ဒီကိစ္စကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ဒေလီမြို့ရှိ လူရာပေါင်းများစွာဟာ တနင်္ဂနွေနေ့မှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရအနေနဲ့ ဆိုးရွားပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိနေတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ကလေးတွေအပါအဝင် အရွယ်စုံလူတွေဟာ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ တောင်းဆိုခဲ့ကြပါတယ်။ မြို့ အထင်ကရနေရာတခုမှာတော့ င် ဆန္ဒပြသူတွေ စုဝေးခွင့်မရှိတာကြောင့် ရဲတပ်ဖွဲ့ဟာ လူ ၈၀ ခန့်ကို ခေတ္တဖမ်းဆီးခဲ့ပါတယ်။ လေထုညစ်ညမ်းမှုဟာ အိန္ဒိယမြောက်ပိုင်း အထူးသဖြင့် ဆောင်းရာသီတွေမှာ ပြန်လည်ဖြစ်ပွားနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ မနေ့က ဆန္ဒပြပွဲဟာ ဒီပြဿနာနဲ့ပတ်သက်ပြီး နှစ်များစွာအတွင်း ပထမဆုံး ဆန္ဒပြမှု အကြီးအကျယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ “ကျတော်တို့ရဲ့ အဆုတ်တွေ ပျက်စီးနေပါတယ်။ အစိုးရအနေနဲ့ ဖြေရှင်းချက်မတွေ့မချင်း ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာသင့်တယ်” လို့ ဆန္ဒပြသူတယောက်က…
Read Moreမတ္တရာ ၊သပိတ်ကျင်း နဲ့ စဉ့်ကူးမြို့နယ်တွေ စစ်ရှောင်တိုးလာနေပြီး စားနပ်ရိက္ခာ လိုအပ်နေ
နိုဝင်ဘာ ၁၀ ၊ ၂၀၂၅ CC (VOM) မန္တလေးတိုင်းထဲက မတ္တရာ ၊သပိတ်ကျင်း နဲ့ စဥ့်ကူးမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲပြင်းထန် နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ သောင်းချီရှိတဲ့ ဒေသခံပြည်သူ တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ် နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တွေဆီကသိရပါတယ်။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်နေတာက ဆန် နဲ့ ဆီ ဖြစ်ကြောင်း ၊ လက်ရှိ စစ်ရေးအခြေအနေ အရ စစ်ရှောင်တွေ ထပ်တိုးလာနိုင်တဲ့ အတွက်လည်း စားနပ်ရိက္ခာက ပိုပြီး အရေးတကြီး လိုအပ်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆန် နဲ့ ဆီ အဓိကလိုတယ်။ စစ်ရှောင်ရတဲ့ ကာလကြာတာနဲ့အမျှ လိုအပ်ချက်က ပိုကြီးလာတာပေါ့။ အခုဆို တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ့် အခြေအနေရှိနေတယ်…
Read More




