နိုဝင်ဘာ ၁၀ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်းအတွင်းက ရွှေဘိုနဲ့ ဝက်လက်မြို့တွေမှာ စစ်ရေးဘအခြေအနေ တင်းမာနေတဲ့အတွက် ကျေးရွာပေါင်း ၂၀ နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာလို့ သိရပါတယ်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရော၊ ဖမ်းဆီးခံရတာတွေရော ရှိတယ်။ ရွာတွေမှာ နေအိမ် ပျက်စီးသွားတာတွေလည်း မနည်းဘူး။ နှစ်ဖက်တပ်ဖွဲ့ချင်း တိုက်ပွဲတွေလည်း ခဏခဏဖြစ်တယ်။ လူထိခိုက်၊ သေဆုံးရတာတွေပါ ရှိလာတော့ တိုက်ပွဲ ဧရိယာဝန်းကျင်က ဒေသခံတွေအကုန် ရှောင်ကြရတာ” လို့ ဒေသခံတယောက်က…
Read Moreမော်လမြိုင်မှာ အမျိုးသားသုံးယောက် ပစ်ခတ်ခံရလို့ နှစ်ယောက်သေဆုံးကာ တယောက်ဒဏ်ရာရ
နိုဝင်ဘာ ၁၀ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနဲ့ မဟာမြိုင်ရပ် ၉ လမ်းထိပ်မှာ နိုဝင်ဘာ ၉ ရက်နေ့ည ၁၁ နာရီလောက်က အမျိုးသား သုံးယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး နှစ်ယောက်သေဆုံးကာ တယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရသူ အမျိုးသားသုံးယောက်ဟာ မဟာမြိုင်ရပ် ၉ လမ်းထိပ်မှာ ဖွင့်ထားတဲ့ ” မြင်သူလန်း “မိတ်ကပ် နဲ့ ဆံပင်ပြုပြင်ရေး ဆိုင်ကို ပြန်လာချိန် ဆိုင်ရှေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ပစ်ခတ်ခံရသူတွေက LGBT တွေ ဖြစ် တယ်လို့သိရပါတယ် ။ ” အသတ်ခံရတဲ့ အထဲက ကိုတင်ကိုကိုဦး ဆိုတာက မြင်သူလန်း ဆိုင်ပိုင်ရှင်ပါ ။သူက ဆိုင်ရှေ့မှာ အသတ်ခံထားရတယ်။…
Read Moreဗန်းမော်က ခလရ ၄၇ တပ်ရင်းနားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်
နိုဝင်ဘာ ၁၀ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အစိုးရတပ်တွေနဲ့ KIA တပ်အကြား မြေပြင်ထိတွေ့ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အစိုးရတပ်က ဗန်းမော်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး အတွက် မြေပြင်စစ်ကြောင်း အပြင် လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး KIA ကလည်း ရရှိထားတဲ့ နယ်မြေတွေကို လက်မလွှတ်ရရေး အတွက် အပြင်းအထန် ခုခံကာကွယ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပြင်းထန်နေတာ ဖြစ်တယ်လို့ စစ်ရေးသတင်း ရင်းမြစ်ဆီက သိရပါတယ် ။ လက်ရှိမှာ ဗန်းမော်မြို့ ခလရ ၄၇ တပ်ရင်းအနီး တဝိုက် လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ဗန်းမော်တက္ကသိုလ် ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားမှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ” တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်…
Read Moreကျောက်ဖြူမှာ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ရှောင်နေရ
နိုဝင်ဘာ ၁၂ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေး အခြေအနေတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ကျောက်ဖြူမြို့နယ်မှာ အစိုးတပ်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဉ်ရက်ဆက် ဆိုသလို လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်ရေးအခြေအနေ ပိုတင်းမာလာလေ၊ စစ်ရှောင် အရေအတွက်က တိုးလာလေလေပါပဲ။ ငွေကြေး တတ်နိုင်တဲ့ သူတွေကတော့ တခြားမြို့တွေ၊ ရွာတွေကို ရှောင်သွားကြတယ်။ ငွေကြေး မတတ်နိုင်တဲ့ သူတွေကတော့ ဘေးလွတ်မယ်ထင်တဲ့ တော၊ တောင်တွေထဲမှာပဲ ဖြစ်သလို နေနေကြတယ်။ သူတို့အတွက် လိုအပ်နေတာတွေကတော့ အများကြီးပါ။ အခြေခံ လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပါ။…
Read Moreမောတောင်မြို့ပေါ်ထိ တိုက်ပွဲရောက်လာလို့ ဒေသခံထောင်နဲ့ချီပြီး အရေးပေါ်စစ်ရှောင်
နိုဝင်ဘာ ၁၂ ၊ ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့မှာ အစိုးရတပ် နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲပြင်းထန် နေတာကြောင့် ဒေသခံအများအပြား အရေးပေါ်စစ်ရှောင် နေကြရသလို ရွာတွေထဲမှာလည်း ပိတ်မိနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်မှုတွေကတော့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ရှိနေတာကြောင့် ကျေးရွာအတွင်း ကျန်ရှိနေတဲ့ ဒေသခံအချို့ အပြင်ထွက်ခွင့် မရဘဲ နေအိမ်မှာ ပိတ်မိနေ ကြတာဖြစ်တယ်လို့ သိရပါတယ်။ ” ညက နည်းနည်းငြိမ်ပြီး ဒီနေ့မနက်ကတည်းက ပစ်နေကြတယ် ။ စစ်ရှောင်တွေကတော့ မနေ့ကတည်း အထုတ်ကိုယ်စီနဲ့ ရှောင်လာကြတာ ။ မောတောင်မြို့ထဲဘက်…
Read Moreမုံးကိုးမှာ အမျိုးသားသုံးဦးကို ကိုးကန့်တပ်ဖွဲ့ကသေဒဏ်စီရင်
နိုဝင်ဘာ ၁၂၊ ၂၀၂၅ NN(VOM) မုံးကိုးမြို့နယ်အတွင်း လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ငါးဦးကို ကိုးကန့်တပ်ဖွဲ့က လူမြင်ကွင်းမှာ ထုတ်ပြပြီး အဲဒီထဲက သုံးဦးကို သေဒဏ်စီရင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မုံးကိုးမြို့ ဘောလုံးကွင်းထဲ ဒေသခံတွေကို ဆင့်ခေါ်ပြီး စီရင်ချက်တွေကို ဖတ်ပြခဲ့တယ်လို့ မုံးကိုးမြို့ခံတွေက ပြောပါတယ်။ “ လူတိုင်းသွားကြည့်လို့ရတယ်။ သူတို့ခေါ်ပြတာပေါ့။ သေဒဏ်ချတဲ့လူသုံး ယောက်ကို တစ်ခါတည်း ခေါ်သွားပြီးပစ်သတ်လိုက်တာ၊ ကျန်တဲ့သူတွေတော့ သူတို့ပြန် ခေါ်သွားတယ်”လို့ မုံးကိုးမြို့ခံတယောက်က ပြောပါတယ်။ သေဒဏ်ချခံရတဲ့အမျိုးသားတွေဟာ သက်လတ်ပိုင်းအရွယ်တွေဖြစ်ပြီး မုံးကိုးမြို့ မှာ လူသတ်မှုကျူးလွန်ခဲ့လို့ အခုလိုသေဒဏ်ချတာ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ဝင်တွေဘက်က ဖတ်ပြသွားတယ်လို့ မုံးကိုးမြို့ခံတွေကပြော ပါတယ်။ နစ်ရှည်ထောင်ဒဏ်ချခံရတဲ့ အမျိုးသားနှစ်ယောက်ထဲမှာ အသက် ၁၇အရွယ် ကလေးတ ယောက် ပါတယ်လို့ ဆိုပါတယ်။…
Read Moreရွှေကုက္ကိုလ်မြို့သစ် တည်ထောင်သူနဲ့ အွန်လိုင်းလောင်းကစားခေါင်းဆောင်ကို ထိုင်းက တရုတ်ကို လွှဲပေး
ဘန်ကောက်၊ နိုဝင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) တရားမဝင် လောင်းကစားအင်ပါယာတခု တည်ဆောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား ရှီကျိကျန်းကို ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပါတယ်။ နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ တရုတ်နိုင်ငံ တောင်းဆိုပြီးနောက် သူ့ကို ၂၀၂၂ ခုနှစ်မှာ ထိုင်းရဲတွေ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ရှီကျိကျန်းဟာ တရားမဝင်အွန်လိုင်း လောင်းကစားတွေ လုပ်ဆောင်နေတယ်လို့စွပ်စွဲထားပြီး ပြန်လည်လွှဲပြောင်းဖို့ကို ထိန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အကျော်ကြားဆုံးလောင်းကစားစီမံကိန်းတွေထဲမှ တခုမှာ ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံမှာတည်ရှိတဲ့ ရွှေကုက္ကို မြို့သစ်ဖြစ်ပါတယ်။ အပန်းဖြေမြို့တော်အဖြစ် ဖော်ပြထားပေမယ့်လည်း ဒီနေရာဟာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လိမ်လည်မှု့တွေဈ ငွေကြေခဝါချမှုတွေ လူကုန်ကူးမှုတွေ လုပ်ဆောင်နေတဲ့ နေရာလို့ ဆိုပါတယ်။ ရှီကျိကျန်းနဲ့ သူရဲ့ ကုမ္ပဏီ Yatai တို့ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့ကြောင့် အမေရိကန်နဲ့ ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားပါတယ်။ ကုမ္ပဏီအနေနဲ့ ကျားဖြန့်တွေ ဘယ်တော့မှ လက်မခံဘူးလို့…
Read Moreသူတို့အိမ် အခန်း – ၂၈
ဆူးငှက် အဘလက်ရာ အိမ်ကလေး ——————————– အသစ်ဆောက်လိုက်သည့် အိမ်ကလေးမှာ အနောက်ဖက် ခေါင်းရင်းခန်းက ထိုစဉ်က အပျိုဘ၀ ပန်တျာကျောင်းသူ ဖြစ်သော မမခင်ဝင်း အခန်းဖြစ်သည်။ သူ့မြောက်ဘက် အခန်းက မမခင်လှတို့ မိသားစု အခန်းဖြစ်သည်။ မမခင်ဝင်း အခန်းပေါက်မှာ အဘ ရိုက်ထားသော ကွပ်ပျစ်တစ်ချပ်က ခန်းလုံးပြည့် ဖြစ်သည်။ မမခင်လှတို့ အခန်းပေါက်ဘက်မှာတော့ ထမင်းစားပန်ကန်နှင့် အသုံးအဆောင်တချို့ ထည့်ထားသည့် ကြောင်အိမ် ရှိသည်။ အခန်းဆိုလို့ အကျယ်ကြီး မမှတ်စေချင်။ ၈ပေ ပတ်လည်လောက်ရှိသည့် အခန်းလေးတွေပဲ ဖြစ်သည်။ အိမ်ရှေ့ဇောင်းလေးထဲမှာက တောင်ဘက်ခြမ်း အိမ်ဦးခန်းမှာ ကြမ်းစင်ပေါ် ကွပ်ပျစ်တစ်ချပ် ထပ်ဆင့်ပြီး အဘတို့ အိပ်ရာရှိသည်။ ကျွန်တော်က ၈တန်းကျောင်းသားဖြစ်သည်အထိ အဘတို့ အိပ်ရာမှာ အိပ်ဆဲဖြစ်သည်။ ကွပ်ပျစ်ခြေရင်း မှာက မီးဖိုချောင် ဖြစ်ပါ၏။ အိမ်လေးက တဲလေးတစ်လုံးထက်…
Read Moreမိုးကုတ်မြို့ကနေ ထွက်ခွာသူများလို့ မိုးကုတ် – မန္တလေး ကားခ အဆမတန်မြင့်တက်ပြီး ကားငှားလို့ မရဖြစ်နေ
နိုဝင်ဘာ ၉ ၊ ၂၀၂၅ GG (VOM) မိုးကုတ်မြို့ကနေ တိမ်းရှောင်သူ များပြားလာမှုကြောင့် မိုးကုတ် – မန္တလေး ကားခမှာ လူတယောက်ကို ကျပ် ငါးသိန်းမှ ခြောက်သိန်းငါးသောင်းကျပ် အထိ စျေးပေါက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ အရင် အောက်တိုဘာလ တုန်းကဆိုရင် မိုးကုတ် – မန္တလေး ခရီးစဥ်အတွက် ကားခမှာ ကားအမျိုးအစားအပေါ် လိုက်ပြီး လူတယောက်ကို နှစ်သိန်းကျပ်မှ လေးသိန်းကျပ်သာ စျေးပေါက်တာ ဖြစ််တယ်လို့သိရပါတယ်။ ” အရင်က လိုက်ထရပ်တို့ ခွေးဘီလူးကား တို့နဲ့ဆိုရင် ခေါင်းခန်းက နှစ်သိန်းငါးသောင်းကျတယ်။နောက်ခန်းက နှစ်သိန်းပါ ။ 4wheelကားနဲ့ဆိုရင် ခေါင်းခန်းလေးသိန်းပါ။ နောက်ခုံက သုံးသိန်းငါးသောင်းပါ။နောက်ကန့်မှာလိုက်ရင်နှစ်သိန်းပါ ။ အခုကတော့ ခြောက်သိန်းငါးသောင်း လောက်အထိဖြစ်နေတယ်။ လိုက်ချင်သူများတော့ ကားတချို့က စျေးခေါ်တင်ကြတာပေါ့။ ကားတွေက ခုရက်ပိုင်း အကုန်…
Read Moreရခိုင်ပြည် မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ရှစ်ယောက် သေဆုံး
နိုဝင်ဘာ ၉ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့နယ်တွေမှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ တရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ မြေပြင်အခြေစိုက် လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်ကနေ စတင်ကာ နာရီဝက်အတွင်း အဲဒီ မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ “အရင်ဆုံး ရသေ့တောင်မှာ လေကြောင်း တိုက်ခိုက်မှု စဖြစ်တာ။ ပြီးတော့ ပုဏ္ဏားကျွန်းကို ဆက်သွားတယ်။ အဲဒီကနေမှ ပေါက်တောကို ရောက်သွားတာ။ မနေ့ကဖြစ်စဉ်မှာ လေကြောင်း တိုက်ခိုက်တာအပြင် မြေပြင်မှာလည်း ပစ်ခတ်မှုတွေ…
Read More




