ပြင်ဦးလွင်မှာ ရပ်ထားတဲ့ ကားပေါ် သစ်ကိုင်းကျိုးပြီး ဓာတ်ကြိုးပြတ်ကျလို့ တယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ

ဩဂုတ် ၁၃ ၊ ၂၀၂၆ CC (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းမှာ ရပ်ထားတဲ့ Express ကားပေါ်ကို သစ်ကိုင်းကျိုးကျပြီး ဓာတ်ကြိုးပါပြတ်တောက်လို့ အမျိုးသားတယောက်သေပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၁၂ ရက်နေ့ ၊ ည ၁၀ နာရီခွဲကျော်လောက်မှာ ရပ်ထားတဲ့ တက်လမ်း ခရီးသည်တင် Express ကားပေါ်ကို သစ်ကိုင်းကျိုးကျခဲ့တာ ဖြစ်ကြောင်း ၊ သစ်ကိုင်းက ဓာတ်ကြိုးပေါ်ကျပြီး ဓာတ်ကြိုးပါပြတ်တောက်ကာ ကားပေါ်ရှိသူတွေကို ဓာတ်လိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သေတဲ့သူတွေက ကားပေါ်ကလူတွေပါ ။ သစ်ကိုင်းက မိန်းဓာတ်ကြိုးပေါ်ကို ပြုတ်ကျပြီး ကားပေါ်ကျတော့ လျှပ်စစ်ဓာတ်စီးပြီး ဓာတ်လိုက်တာ ။ ” လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်း တာဝန်ရှိသူကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ…

Read More

မူဆယ်နဲ့ လဲချားမှာ ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းမိ

ဩဂုတ် ၁၃၊ ၂၀၂၆ NN(VOM) ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွေမှာ အခုရက်ပိုင်းအတွင်း ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ မူဆယ်မြို့နယ်အတွင်းက တော်ရွက်ရပ်ကွက်ထဲက ငွေလိမ်ဂိုဏ်းတခုကို ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက အခုလ ၁၁ ရက်နေ့မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ တရုတ်နိုင်ငံသား အယောက် ၆၀ ကို ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ “သတင်းရလို့ ဝင်ဖမ်းတာလို့ပြောတယ်။ တရုတ်တွေ မိတာရှိတယ်။ တခြား နေရာတွေမှာလည်း ရှိသေးတယ်။ မူဆယ်က တရုတ်နဲ့ ကပ်နေတော့ ကျားဖြန့် တွေက ဝင်လိုက်ထွက်လိုက်ပါပဲ” လို့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။ မူဆယ်မြို့ဟာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်ပြီး ပြည်သူ့ စစ်တပ်ဖွဲ့တွေ အများအပြား…

Read More

သဖန်းဆိပ်ဆည်ကနေ ရေထပ်လွှတ်လို့ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းဖို့လို

ဩဂုတ် ၁၃ – ၂၀၂၆ SN (VOM) အခုရက်ပိုင်း မူးမြစ်ရေတိုးလာပြီး စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် ရေဝင်ကောင်းတာကြောင့် ကန်ရေပြည့်အမှတ် ၅၄၅ ပေ ကျော်လာတာနဲ့အမျှ ဆည်ရေပိုလွှဲ ၁၂ ပေါက်ကနေ ဒီကနေ့ ဩဂုတ် ၁၃ ရက်၊ မနက်ပိုင်းမှာ အရင်ရက်တွေက ပမာဏထက်ပိုပြီး ရေတွေ လွှတ်ချထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ရဲ့ ရေပမာဏဟာ လက်ရှိမှာ ၅၄၅ ဒသမ ၇၅ ပေကို ရောက်ရှိနေပြီး ဆည်ကြံ့ခိုင်ရေးအတွက် ဖောက်ချထားရတဲ့ ရေတွေဟာ ဒီကနေ ညနေပိုင်းနဲ့ မနက်ဖြန် ဩဂုတ် ၁၄ ရက်၊ မနက်ပိုင်းမှာ ကာဘိုးဆည်အတွင်း ရောက်ရှိနိုင်ကာ လက်ရှိ ကာဘိုးဆည်မှာလည်း ရေတံခါးအားလုံး ဖွင့်ချထားရတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ဒေသတွေကို စီးဆင်းလာနိုင်တယ်လို့…

Read More

ဂန့်ဂေါနယ်ထဲမှာ Black Dragon Force အဖွဲ့က CDF-KKG အဖွဲ့ တပ်ရင်း( ၆) ဥက္ကဋ္ဌ အပါသုံးယောက်ကို ပစ်သတ်

ဩဂုတ် ၁၃၊ ၂၀၂၆ CC (VOM) မ​ကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတခုမှာ PDF တပ်ဖွဲ့အချင်းချင်း ပစ်သတ်ခဲ့တာ​ကြောင့် Chinland Defense force-Kalay-Kabaw-Gangaw (CDF-KKG)အဖွဲ့ တပ်ရင်း( ၆) ဥက္ကဋ္ဌ အပါအဝင် သုံးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ ဩဂုတ် ၁၂ ရက်နေ့ ၊ ည ၁၁ နာရီလောက်မှာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာ ကရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးမှာ CDF-KKG အဖွဲ့ တပ်ရင်း ( ၆) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘဖြိုး နဲ့ တပ်သားမဲကြီး အပါအဝင် သုံးယောက်ကို Black Dragon Force အဖွဲ့က ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ CDF-KKG အဖွဲ့ထိန်းချုပ်နယ်မြေထဲကို Black Dragon Force ကသွားရောက်ပြီး စည်းရုံးရေးဟောပြောပွဲ ပြုလုပ်တာနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့နှစ်ခုအကြား…

Read More

အမြဲကြည့်ကောင်းနေဖို့ အကောင်းဆုံးနည်းလမ်း

မန္တလာ ဆရာမျိုး လူတိုင်းလိုလို ကြည့်ကောင်းချင်ကြသည်။ အသက်ငယ်သူကလည်း ကြည့်ကောင်းချင်သလို အသက်အရွယ် ရလာသူကလည်း မိမိအသက်ထက် နုပျိုလန်းဆန်းပြီး သပ်ရပ်ကြည့်ကောင်းနေချင်ကြသည်။ ထို့ကြောင့် အလှကုန် ပစ္စည်းများ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံနှင့် အဝတ်အစားတို့အတွက် အချိန်နှင့် ငွေကြေးများစွာ သုံးစွဲနေကြသည်။ သို့သော် Good-looking (ကြည့်ကောင်းခြင်း) ဆိုသည်မှာ မျက်နှာလှပခြင်းတစ်ခုတည်းကို မဆိုလိုပါ။ အသားအရေ ကျန်းမာလန်းဆန်းခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ခြင်း၊ ဆံပင်သပ်ရပ်ခြင်း၊ အဝတ်အစားသန့်ရှင်းခြင်း၊ ကိုယ်ဟန် အနေအထားကောင်းခြင်း၊ မျက်နှာအမူအရာကြည်လင်ခြင်း၊ စိတ်ချမ်းသာခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ ပေါင်းစပ်လိုက်သောအခါမှ လူတစ်ယောက်၏ တကယ့်ဆွဲဆောင်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။ တကယ်တော့ ကြည့်ကောင်းနေဖို့အတွက် ဈေးကြီးသော အလှကုန်ပစ္စည်းများထက် နေ့စဉ်ပြုလုပ်နေသော အလေ့အကျင့်များက ပိုအရေးကြီးသည်။ အခြေခံအကျဆုံးအချက်တစ်ခုမှာ ရေဓာတ်လုံလောက်စွာ ရရှိစေရန် ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်း ဆောင်တာများ အတွက် ရေသည် မရှိမဖြစ်လိုအပ်သည်။ ရေဓာတ်မလုံလောက်ပါက…

Read More

သူတို့အိမ် အခန်း (၁၉၃)

ဆူးငှက်   ဒေါ်ဒေါ်ပေးသော အခွင့်အရေးတစ်ခု ————————————— သည်နေရာတွင် ဒေါ်ဒေါ်ပေးသော အခွင့်အရေးတစ်ခုကိုလည်း ကျွန်တော်ငြင်းခဲပါသေးသည်။ ထိုစဉ်ကာလ နိုင်ငံရေးအရ စာပေလွတ်လပ်ခွင့် ဆုံးရှုံး ကျပ်တည်းနေသောအခါ ဒေါ်ဒေါ်က သူ့တူ သူ့သားတွေကို စာနယ်ဇင်းနှင့် ပတ်သက်၍ အမြင်ကျယ်စေချင် ကမ္ဘာ့ကြည့် ကြည့်စေချင်သည်။ ထို့ကြောင့် စာနယ်ဇင်းပညာများကို နိုင်ငံရပ်ခြားအထိ ပို့လွှတ် သင်ကြားစေချင်သည်။ ဤသို့ဖြင့် ဒေါ်ဒေါ်က သူ့မိတ်ဆွေများနှင့် ဆက်နွယ်ပြီး ထိုအစီအစဉ်ကို ဆောင်ရွက်သည်။ ဒေါ်ဒေါ့် အစီအစဉ်တွင် ပို့လွှတ်ရန် လျာထားသူကို သေချာရွေးချယ်သည်။ ဒီလောကတွင် တကယ်အလုပ်လုပ်ပြီး ခိုင်မာသည့်သူ ဖြစ်ရမည်။   ထိုအစီအစဉ်ဖြင့် ဆရာအော်ပီကျယ် က ပထမဆုံး ကာတွန်းအင်နီမေးရှင်းပညာ ဒီပလိုမာ ကို အင်္ဂလန်က ရခဲ့၏။ ထို့နောက် ဆရာကျော်ရင်မြင့်ကလည်း ဇာနယ်ဇင်းပညာ ဒီပလိုမာကို အင်္ဂလန်က ရရှိခဲ့ပါသည်။ ဆရာကျော်ရင်မြင့် ပြန်လာပြီးနောက်…

Read More

ငွေမလိမ်နိုင်တဲ့ ငွေလိမ်ကျွန်ဘဝ

ဩဂုတ် ၁၁၊ ၂၀၂၆ Shy V (VOM) လက်ကို နောက်ပြန်လက်ထိပ်ခတ်ခံထားရတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တ​ယောက်ကို အခန်းတခုအတွင်း အမျိုးသားတ​ယောက်က ရိုက်နှက်ကန်ကျောက်နေတဲ့ ရုပ်သံဖိုင်တခု ဩဂုတ်လအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ အမျိုးသမီးငယ်ဟာ ပါးစပ်ကို တိပ်နဲ့ပိတ်ထားပြီး ကြမ်းပြင်ပေါ် လဲကျနေချိန်မှာ အမျိုးသားက ခြေထောက်နဲ့ ကန်ကျောက်နင်းပြီး တုတ်တစ်ချောင်းနဲ့လည်း ခြိမ်းခြောက်နေတာကို ရုပ်သံမှာ တွေ့ရပါတယ်။ အဲဒီရုပ်သံရဲ့ မူရင်းနေရာ၊ ရိုက်ကူးတဲ့အချိန်နဲ့ ပါဝင်သူတွေရဲ့ အချက်အလက်တွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတချို့ကတော့ အွန်လိုင်းငွေလိမ်၊ ကျားဖြန့်လုပ်ငန်းတစ်ခုအတွင်း ရိုက်ကူးထားတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ ဒီလို အတင်းအကျပ်ရိုက်နှက်ခံနေရတဲ့ အွန်လိုင်းကျားဖြန့်လုပ်သားတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကတော့ မြန်မာနိုင်ငံအတွင်းမှာသာမက နိုင်ငံခြားသားတွေကြားမှာပါ တွေ့လာရပါတယ်။ ရုရှားနိုင်ငံသား အသက် ၁၉ နှစ်အရွယ် မာရီယာ ဆီဂန်ကိုဗာဟာ မြန်မာနိုင်ငံဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတစ်ခုကနေ ဆိုင်းမြစ်ကို…

Read More

ကျောက်မဲ တိုးဂိတ် မီးလောင်

ဩဂုတ် ၁၂၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နယ်စပ် ကုန်သွယ်ရာ လမ်းမကြီးပေါ်က ကျောက်မဲ OHC တိုးဂိတ်မှာ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက မီးလောင်တဲ့ကားကတဆင့် မီးကူးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကားက တိုးဂိတ်မရောက်ခင်ကတည်းက မီးလောင်နေတာ ကားသမားက မသိဘူး။ တိုးဂိတ်က လူတွေ အော်ပြီး ထွက်‌ပြေးမှ သိတာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တိုးဂိတ်မှာ ကား ဖြတ်သန်းခပေးဖို့ အရှိန်လျှော့ပြီး ရပ်လိုက်ချိန် မီးပိုထတောက်လာပြီး တိုးဂိတ် မီးကူးသွားတာလို့ သူက ပြောပါတယ်။ “မနေ့ ညနေ ၅ နာရီခန့် လောက်က ဖြစ်သွားတာ။ သီပေါ ဘက်ကနေ လာတဲ့ ကြက်စာတင် ကင်တာကား အပူလွန် ဝါယာရှော့…

Read More

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြလို့ ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံတွေမှာပါ လူနာများနေ

ဩဂုတ် ၁၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံတချို့မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ဆေးရုံတက်ကုသနေရသူအများအပြားရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးကုသနေရသူတွေများနေတာကြောင့် လူနာ ဧည့်သည့်လက်ခံမှု ရပ်ထားတယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ။ ဆေးရုံကြီးမှာ ဝမ်းပျက် လူနာအပြည့်ဘဲ ။ ဝန်ထမ်းတွေ အခန်းတွေရှင်းတာမနိုင်တေ့ာဘူး။ ဝမ်းပျက်ဝမ်းလျှောလူနာများလို့ လူနာ ဧည့်တွေလည်း လက်မခံဘူးသိရတယ်။” လို့ လူနာရှင်တယောက်က ပြောပါတယ်။ ဒါအပြင် ဆေးရုံကလူနာတွေကို ပြင်ပအလှူရှင်တွေက အာဟာရကျွေးမွေးလှူဒါန်းတဲ့ အစီအစဥ်ကိုလည်း လက်ရှိမှာ ဆေးရုံက ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။ “ကျွန်တော်က ၂၀ ရက်နေ့အာဟာရအလှူလုပ်ဖို့ booking လုပ်ထားတာပါ။ ရက်ချိန်းပြန်ယူရတော့မယ်ထင်တယ်။ ယာယီပိတ်ထားတယ်လို့ ဆေးရုံက ပြောပါတယ်။ ” လို့…

Read More

စပါးအဓိက စိုက်ပျိုးတဲ့ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဧက​ ​သောင်းချီရေမြုပ်

ဩဂုတ် ၁၂ – ၂၀၂၆ SN (VOM) မြန်မာနိုင်ငံအတွင်းမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု၊ မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာမှု၊ ဆည်ရေ လွှတ်ချမှု၊ တာတမံ ကျိုးပေါက်မှု၊ ရေမြောင်း ပိတ်ဆို့မှုတွေကြောင့် ရေကြီးလို့ စပါး အဓိက စိုက်ပျိုးထွက်ရှိရာ ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်း​တွေမှာ လယ်​တွေ ဧက​သောင်းချီ ​ရေနစ်ခဲ့ပါတယ်။ လက်ရှိ ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးနေတာမှာ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သာတနဲ့ ရေကြည်မြို့နယ်တွေရှိ မိုးစပါးစိုက်ဧက သောင်းနဲ့ချီ ရေနစ်မြုပ် ပျက်စီးနေတယ်လို့ သိရပါတယ်။ “ရှိသမျှ မိုးစပါးစိုက်ဧက ၅၀ လုံး ရေမြုပ်သွားပြီ။ လယ်တဧကဖြစ်ဖို့က လွယ်တာမဟုတ်ဘူးလေ။ မျိုးစပါး၊ စက်ပစ္စည်းငှားရမ်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ လူငှားခ အကုန်စိုက်ထုတ် ရင်းနှီးထားရတာ။…

Read More