မန္တလေး၊ သြဂုတ်- ၈- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များလာတာကြောင့် ရေထိန်းညှိဖို့အတွက် သြဂုတ်လ ၃ ရက်နေ့ကတည်းက ရေဖောက်ချရာမှာ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းမှာ ပိုဆိုးလာပြီး ချောင်းမကြီးအနီးက ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်ခဲ့ကာ မန္တလေး – မိုးကုတ် ကားလမ်းလည်း ရေကျော်နေလို့ အသုံးပြုလို့မရဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ” အခုက လေး ငါးရွာလောက် အကူအညီလေးတွေလိုတာပေါ့၊ အစားအသောက်နဲ့ ဆေးဝါးလေးတွေလိုတယ်၊ ရေကလည်းတော်တော်လေးများနေပြီး ကားကို ကူးမရတော့ဘူး၊ ဒီဘက်မြောင်းတွေကတော့ မလျံသေးဘူး၊ ချောင်းမကြီးကလွှတ်တဲ့ဟာ ကားလမ်းကျော်တာတော့ရှိတယ်၊ တချို့ကလည်း လွတ်ရာရွှေ့သွားပြီလေ၊ အခုလောလောဆယ် မန္တလေးက အသင်းသုံးသင်းလာမှာ စောင့်နေတာ၊ ခုလောလောဆယ်တော့ အင်းတကားဘက်ကျတော့ ရေကူးသွားပြီးတော့ ဘောင်ဘက်ကနေ ကူညီလှူဒါန်းရမှာပေါ့၊ မန္တလေးက မဟာမြိုင်အသင်းနဲ့…
Read Moreရေကြီးတဲ့နေရာတွေက အစားအသောက်တွေမှာ အညစ်အကြေးနဲ့ ဓာတုပစ္စည်းတွေ ရောနှောပါဝင်နိုင်လို့ စစ်ဆေးပြီးမှ စားသုံးစေလို
ဩဂုတ် ၈ – ၂၀၂၆ SS (VOM) ရေကြီးမှုတွေ ဖြစ်ပြီးနောက် အစားအသောက်တွေမှာ မိလ္လာ၊ အညစ်အကြေး၊ ဆီနဲ့ တခြား ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နိုင်တဲ့အတွက် စနစ်တကျ စစ်ဆေးပြီးမှ စားသုံးကြဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထားပါတယ်။ ရေဘေးသင့်ဒေသက ပြည်သူတွေအနေနဲ့ ရေကြီးမှုအတွင်း မသန့်ရှင်းတဲ့ရေနဲ့ ထိထားတဲ့ ချက်ပြုတ်ပြီးနဲ့ မချက်ရသေးတဲ့ အစားအသောက်တွေ၊ အရောင်၊ အနံ့ မကောင်းတဲ့ သောက်သုံးရေတွေနဲ့ အဖုံးမလုံတဲ့ သောက်ရေသန့်ဘူးတွေ၊ အနံ့၊ အရောင်၊ အနေအထားမကောင်းတဲ့ အစားအသောက်တွေ၊ စက္ကူပုံးတွေလို ရေစိုမခံတဲ့ ထုပ်ပိုးပစ္စည်းတွေနဲ့ ထုပ်ပိုးစာတွေ၊ မသန့်တဲ့ရေနဲ့ ထိတွေ့ထားတဲ့ ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက် ၊ ယိုစိမ့်ထွက်၊ ပျက်စီး၊ ဘေးမကင်းဘူးလို့ သံသယရှိတဲ့ အစားအသောက်တွေနဲ့ စည်သွပ်ဘူးတွေကို ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။…
Read Moreစစ်ကိုင်းတိုင်းနဲ့ ရှမ်း (မြောက်) ရေဘေး သေဆုံးသူ ၁၀ ယောက်အထိ ရှိလာ
ဩဂုတ် ၈ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရေကြီးမှုအတွင်း ရေစီးနဲ့ မျောပါသေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့၊ ညပိုင်းကစပြီး မိုးသည်းထန်ခဲ့တာကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံ ရေပြည့်မှတ်အနီး ရောက်ရှိလာတဲ့အတွက် ဩဂုတ် ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ဆည်ရေ သုံးကြိမ် လွှတ်ချခဲ့ပါတယ်။ ဒါကြောင့် မူးမြစ်ရေလျှံတက်လာကာ မြစ်ကြောင်းတလျှောက်က ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ အရာတော်၊ ရေဦး၊ ကောလင်းနဲ့ ကျွန်းလှမြို့နယ်တွေအတွင်း ရေကြီးနေပြီး ရေစီးနဲ့မျောပါ သေဆုံးသူ ရှစ်ယောက်အထိ ရှိလာနေပြီလို့ သိရပါတယ်။ မနေ့ ဩဂုတ်…
Read MoreKTV၊ Hi ခန်းနှင့် လူငယ်
မန္တလာ ဆရာမျိုး လူငယ်ဘဝသည် စူးစမ်းလိုစိတ်အပြည့်ရှိသည့်အရွယ်၊ သူငယ်ချင်းများနှင့် ပျော်ရွှင်လိုသည့်အရွယ်၊ အသစ်အဆန်းများကို စမ်းသပ်ကြည့်လိုသည့်အရွယ်ဖြစ်သည်။ ပညာရေးနှင့် အလုပ်အကိုင်ဖိအားများကြားတွင် အပန်းဖြေချင်ခြင်းသည်လည်း သဘာဝကျပါသည်။ KTV (Karaoke Television -ကာရာအိုကေသီချင်းဆို အပန်းဖြေနေရာ) များသို့ သူငယ်ချင်းများနှင့် သွားရောက်ပျော်ပါးခြင်းကိုယ်တိုင်က လူငယ်တစ်ဦးကို မကောင်းသူဖြစ်စေခြင်း မဟုတ်ပါ။ သို့သော် ပိတ်ထားသောအခန်းများ၊ ညနက်ချိန်အထိ ပျော်ပါးမှု၊ အရက်နှင့် အခြားမူးယစ်စေသောပစ္စည်းများ အလွယ်တကူဝင်ရောက်လာနိုင်သည့် ပတ်ဝန်းကျင်တို့ ပေါင်းစပ်လာသောအခါ လူငယ်များအတွက် သတိထားသင့်သည့် အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်။ ယနေ့လူငယ်အချို့ကြားတွင် KTV၊ Club၊ Bar နှင့် “Hi ခန်း” ဟု အများခေါ်ဝေါ်နေကြသော ပျော်ပါးရာနေရာများသည် သူငယ်ချင်းအချင်းချင်းတွေ့ဆုံရာ၊ မွေးနေ့ပွဲကျင်းပရာ၊ စိတ်ဖိစီးမှုဖြေဖျောက်ရာ နေရာများအဖြစ် ရှိနေကြသည်။ ပြဿနာမှာ ထိုနေရာကို သွားခြင်းတစ်ခုတည်းမဟုတ်ဘဲ ထိုပတ်ဝန်းကျင်တွင် မည်သည့်အရာများနှင့် ထိတွေ့လာနိုင်သလဲ၊ မည်သည့်ဆုံးဖြတ်ချက်များ ချမိနိုင်သလဲဆိုသည့်အချက် ဖြစ်သည်။…
Read Moreသူတို့အိမ် အခန်း (၁၈၈)
ဆူးငှက် စာရေးဆရာတဲ့လား လက်မတထောင်ထောင် ———————————————– ၁၉၉၀ခုနှစ် ကျော် ၊ ထိုကာလက ဝတ္ထုတိုရွှေခေတ် အရှိန်ကောင်းဆဲ ကာလ။ ရန်ကုန်အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းကြီးတွေ အပြိုင်အဆိုင် ထုတ်ဝေကာ မဂ္ဂဇင်းတိုင်းလိုလိုကလည်း မန္တလေးဝတ္ထုတိုတွေ မပါလျှင်ပင် မဂ္ဂဇင်းအင်္ဂါ မမြောက်သကဲ့သို့ အယ်ဒီတာ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် မန္တလေးသို့ တခုတ်တရ တက်လာကြပြီး ဝတ္ထုတိုသမားတွေဆီ စာမူများ တလေးတစား တောင်းနေချိန် ဖြစ်၏။ ထိုအခါ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ‘ငါကွ စာရေးဆရာ’ ဟုဆိုကာ လက်မ တထောင်ထောင်နှင့်၊ ငါမှ စာမရေးလျှင် မြန်မာစာပေလောကကြီး ပျက်စီးတော့ မယောင်ယောင်၊ ငါ့စာ တစ်ပုဒ်တစ်လေမျှ မပါရင် ထိုထိုဤဤ မဂ္ဂဇင်း စာပေအဆင့်အတန်း မမီသယောင်၊ သွေးနားထင် ရောက်နေချိန် ဖြစ်၏။ ထို့ကြောင့်လည်း ကိုယ်နှင့် ကိုယ့်နီးစပ်ရာ စာပေသမား…
Read Moreစစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့မှာ ရေဘေးအန္တရာယ် ဆိုးရွားလာနေပြီး ဒေသခံ သောင်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေရ
ဩဂုတ် ၇ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ ရွှေဘို၊ အရာတော်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ရေဘေးအန္တရာယ် ဆိုးရွားလာနေပြီး ဒေသခံ သောင်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ် အထက်ပိုင်းက မြို့နယ်တွေမှာ ဩဂုတ် ၆ ရက်၊ ညပိုင်းကစပြီး မိုးဆက်လက် သည်းထန်နေသလို သဖန်းဆိပ်ဆည်ထဲ စီးဝင်မယ့် ချောင်းတွေ၊ မြောင်းတွေနဲ့ မူးမြစ်တို့ ရေလျှံနေတာကြောင့် ဆည်ထဲကို ရေအဝင်ကောင်းနေဆဲလို့ သိရပါတယ်။ “သဖန်းဆိပ်ဆည်က ဒီနေ့ ရေထပ်လွှတ်တာတော့ မရှိသေးဘူး။ အခု စီးဆင်းနေတဲ့ရေတွေက ကြားရေတွေနဲ့ မနေ့က လွှတ်ထားတဲ့ ရေကျု့ ၈၀၀၀၀ စီးဆင်းနေတာပါ။ ဆည်က ရေလျှော့ထားတယ် ဆိုပေမယ့် အောက်ရေကတော့…
Read MoreUWSP နဲ့ NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံမှု ရလဒ် ဝဘက်က ထုတ်ပြန်
ဩဂုတ် ၇၊ ၂၀၂၆ Shy V (VOM) နေပြည်တော်မှာ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်တို့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ (UWSP) တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်တွေကို ဝဘက်က ထုတ်ပြန်ထားပါတယ်။ UWSP ဥက္ကဋ္ဌ ဦးကျောက်ကော့အန်းက မိုင်းပေါက်–မိုင်းပျဉ်း–မိုင်းဆတ် လမ်းဖောက်လုပ်ရေး၊ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း လျှောက်ထားမှု၊ ဝဒေသက ပြည်သူတွေ မြန်မာပြည်တွင်းမှာ ဆေးဝါးကုသခွင့် ရရှိရေး၊ တရားဝင်စီးပွားရေး လုပ်ကိုင်ခွင့်ကို ကာကွယ်ပေးရေး၊ ကျောင်းသားတွေ ပြည်တွင်းမှာ ပညာဆက်လက်သင်ယူခွင့် ရရှိရေးနဲ့ ဆွေမျိုးတွေ သွားရောက်လည်ပတ်ခွင့် စတဲ့ ကိစ္စရပ်တွေကို တင်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဝပြည်နယ်အနေနဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ဒေသတွင်း မငြိမ်မသက်မှု…
Read More၂နှစ်ကျော်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကလေး – တမူလမ်းမ ပြန်ဖွင့်တော့မယ်
ဩဂုတ် ၇ ၊ ၂၀၂၆ CC (VOM) မြန်မာ – အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ကလေး – တမူး အာရှလမ်းမကြီးတလျှောက်ရှိ ကျေးရွာတွေကို အစိုးရတပ်က ပြန်သိမ်းပြီးနောက် အစိုးရက ကလေး – တမူး အာရှလမ်းမကြီးကို မကြာခင်ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကလေး – တမူး လမ်းပိုင်းရှိ ပျက်စီးနေတဲ့ တံတားတချို့ကို ပြန်လည်ပြုပြင်နေတာကြောင့် ပြည်သူတွေကို ခရီးသွားလာခွင့် မပြုသေးပေမယ့် ရှေ့တပတ်ထဲမှာတော့ လမ်းပိုင်းကို သွားလာခွင့်ပြုမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ကလေး – တမူး လမ်းပိုင်းက ခမ်းပါတ် တံတား ၊ တွီဗန်တံတားနဲ့ နန်းမွန်းတားတံတားတို့ကို ဖျက်ဆီးခံခဲ့ရတာဖြစ် ပြီး လက်ရှိမှာ ခမ်းပါတ်တံတားကို ပြင်ဆင်ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ် ။…
Read Moreငါးသိုင်းချောင်းမြို့နယ် အနိမ့်ပိုင်းနေရာတွေက အိမ်တွေ ရေနစ်မြုပ်နေ
ဩဂုတ် ၇ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ထဲက အနိမ့်ပိုင်းနေရာတွေကို မနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေတွေ ဝင်ရောက်လာနေပြီး လက်ရှိမှာတော့ အိမ်ခြေ ၅၀ ဝန်းကျင် ရေနစ်မြုပ်နေပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ လက်ရှိမှာ ငါးသိုင်းချောင်းမြို့အထွက် လေးမျက်နှာ – အိုင်သပြု – ငါးသိုင်းချောင်း မြို့ချင်းဆက်လမ်းမပေါ်ရှိ မယ်ဇလီခုံးတံတား (နတ်စင်ရိုး) မှတဆင့် ငါးသိုင်းချောင်းအနိမ့်ပိုင်း မြစ်ကျိုးအင်းထဲကို ရေတွေ ဆက်လက် စီးဝင်နေဆဲဖြစ်ပြီး မနေ့ ဩဂုတ် ၆ ရက်ကထက် ရေစီး ပိုမို အားကောင်းလာတယ်လို့ သိရပါတယ်။ “မိုးမများဘဲ တရစ်ချင်း တက်လာနေတာ။ ကျွန်တော်တို့မြို့ရဲ့ အနိမ့်ဆုံးနေရာဖြစ်တဲ့ မြစ်ကျိုးအင်းဇောင်းနဲ့ ထိစပ်တဲ့ နေရာကတော့ လူနေမရအောင် မြုပ်တဲ့အိမ် မြုပ်ကုန်ပါပြီ။…
Read Moreမိုးကုတ်မြို့မှာ ရေကြီးပြီး မြေပြိုလို့ မိုးကုတ် – မန္တလေးလမ်းမှာ ကားတွေပိတ်မိနေ
ဩဂုတ် ၇ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြေပြိုပြီးရေကြီးနေသလို မန္တလေး – မိုးကုတ်ကားလမ်းပိုင်းမှာလည်း မြေပြိုနေတာကြောင့် လမ်းပိတ်ပြီး ကားတွေပိတ်မိနေတယ်လို့ သိရပါတယ်။ မိုးကုတ်မြို့နယ်ထဲက မန္တလေး – မိုးကုတ်ကားလမ်းပိုင်းမှာ အရင်ရင်ကတည်းကစပြီး ဒီနေ့ ဩဂုတ် ၇ ရက်နေ့အထိ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ခရီးသည်တင်ကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ” လမ်းတွေမှာ ဆက်တိုက် မြေ ပြိုနေတယ်။မိုးကုတ်ကနေ အုံဒန်ထိ အဆင်ပြေပေမယ့် အုံဒါန်ကနေ ၁၄၈ စစ်တပ်ဂိတ်အကြား မြေပြိုထားပါတယ်။ လမ်းကြောပေါ်ရှိနေတဲ့ ကားအားလုံး သာတဲ့နေရာမှာ သာရပ်ထားပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ မန္တလေးကနေတက်လာတဲ့ ကား ၊ မိုးကုတ်ကနေတက်လာတဲ့ကားအကုန်လုံး သွားမရသေးဘူး ။ ” လို့ ပိတ်မိနေတဲ့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။…
Read More



