သြဂုတ်-၇-၂၀၂၆ EPM(VOM) ငဝန်မြစ်ရေကာတမံ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှာ ရေလွှမ်းနေတာ အခုဆိုရင် တပတ်ခန့်ရှိလာပြီး ရေဆက်တိုးနေတာကြောင့် ရေလွှမ်းတဲ့ ဧရိယာ ကျယ်ပြန့်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ငဝန်မြစ်ရေဘေးမှာ ကူညီကယ်ဆယ်ရေး လုပ်နေပြီး ခေတ်မှီနည်းပညာနဲ့ တွက်ချက်စောင့် ကြည့်နေသူတွေခန့်မှန်းချက်အရ လေးမျက်နှာမြို့ အောက်ဘက် ရေကြည် ၊ ငသိုင်းချောင်း ၊ ကျောင်းကုန်းနဲ့ ကန့်ကြီးထောင့် မြို့နယ်တွေအထိ စီးဆင်းဝင်ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ မြေပြင် ဒရုန်း မှတ်တမ်းတွေ၊ GPS observation ၊ Drainage Network လေ့လာဆန်းစစ်ချက် ၊ မြစ်ရေအခြေအနေ ၊ မိုးလေဝသ အခြေအနေ ၊ Basin Hydrology နဲ့ Spring Tide တို့ကို ဆန်းစစ် စုပေါင်း ထုတ်ပြန်ခြင်း ဖြစ်တယ်လို့ Psc Myanmar Off-road…
Read Moreငဝန်မြစ် ရေကာတမံကို တပတ်အတွင်း ပြုပြင်သွားမယ်
သြဂုတ် -၇-၂၀၂၆ EPM(VOM) ကျိုးပေါက်သွားသော ငဝန်မြစ် ရေကာတာတမံ ကြောင့် ရေလွှမ်းမိုးမှု ဧရိယာ ကျယ်ပြန့်လာနိုင်တဲ့အတွက် အချိန် တပတ်အတွင်း အပြီးသတ်ပြုပြင်တည် ဆောက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ “ တာ နိမ့်ပြီး ရေဝင်သွားတဲ့နေရာကို ကျွန်တော်တို့ ဆည်မြောင်းဦးစီးဌာန ၊ ဆောက်လုပ်ရေး ၊ ရေအ ရင်းမြစ် ၊ မြစ်ချောင်းဖြိုး ဒီဌာနတွေအားလုံး ဝိုင်းပြီးတော့မှ နောက်ထပ် တပတ်အတွင်း အပြီးသတ် ဖို့အတွက် ကြိုးစားနေပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးအေးကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ က တည်ထောင်ထားတဲ့ လူမူကွန်ယက်ကနေ ဖြေကြားထားပါတယ်။ ကျိုးပေါက်သွားတဲ့ ငဝန်မြစ် ရေကာတမံရဲ့ အကျယ်ဟာ ပေ၃၉၀ ရှိပြီး ရေအနက်မှာ ပေ ၁၀ ပေကနေ ပေ ၂၀ အထိ ရှိတာကို…
Read Moreဒီပဲယင်းမှာ ချောင်းဖြတ်ကူးတဲ့ ကောက်စိုက်အမျိုးသမီးခြောက်ယောက် ရေစီးနဲ့မျောပါသေဆုံး
ဩဂုတ် ၇ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်မှာ ချောင်းကို ဖြတ်ကူးတဲ့ ကောက်စိုက်သမ အမျိုးသမီး ခြောက်ယောက် ရေနစ်သေဆုံးမှု ဩဂုတ် ၆ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဒီပဲယင်းမြို့နယ် ၊ အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာမြောက်ဘက်ရှိ ချောင်းကို ကောက်စိုက်သမ ၁၀ ယောက်က ဖြတ်ကူးစဥ် ချောင်းရေရုတ်တရက်မြင့်တက်လာတာကြောင့် ခြောက်ယောက်မှာ ရေစီးနဲ့မျောပါသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကောက်စိုက်ပြီးပြန်လာကြတာ ။ နေ့ခင်း ၁၂ နာရီကျော်ကြီး မှာဖြစ်တာပါ ။သတင်း ကြား ကြားချင်း လူတွေအများကြီးနဲ့ ဝိုင်းပြီးရှာကြတာပဲ ၊ ခုချိန်ထိတော့ တယောက်က ရှာလို့မတွေ့သေးဘူး။ အခု မြစ်ရေချောင်းရေတွေကတိုးနေတာ ။ ရွာတွေလည်း ရေမြုပ်နေကြတယ်။ ” လို့ ဒေသခံက…
Read Moreမြန်မာပြည်က ဆွီဒင်သံရုံးကို ဒီနေ့ကစပြီး အပြီးပိတ်သိမ်း
ဩဂုတ် ၇ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံး ရုံးခွဲကို ဒီကနေ့ ဩဂုတ် ၇ ရက်ကစပြီး အပြီး ပိတ်သိမ်းလိုက်ပြီလို့ Embassy of Sweden Section Offfice in Yangon က ထုတ်ပြန်လာပါတယ်။ ဒီနေ့ကစတင်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆွီဒင်နိုင်ငံရဲ့ ကောင်စစ်ရေးရာနဲ့ သံတမန်ရေးရာ ကိစ္စတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဆွီဒင်သံရုံးကနေသာ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ အသိပေးထားပါတယ်။ ဒါအပြင် ရန်ကုန် Section Office ရဲ့ တရားဝင် Facebook စာမျက်နှာကိုလည်း အပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်ပြီး နောက်ဆုံးရ သတင်းတွေနဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို ဘန်ကောက်ရှိ ဆွီဒင်သံရုံးရဲ့ Website နဲ့ Facebook စာမျက်နှာတွေကတဆင့် ဆက်လက် ဖော်ပြသွားမယ်လို့…
Read Moreထိုင်း-မြန်မာ အနာဂတ်ခရီးနှင့် တော်လှန်ရေးအလှည့်အပြောင်း
MT(VOM) မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဆိုတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရစ ကတည်းက မြန်မာ-ထိုင်း နယ်စပ်ဟာ တရုတ်ဖြူ (KMT) ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ပြဿနာတွေနဲ့ စတင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်ကို ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ကစပြီး စစ်အစိုးရတွေလက်ထက် ကနေ ဒီနေ့အထိ နယ်စပ်ကုန်သွယ်ရေး၊ သယံဇာတထုတ်ယူမှုတွေအထိ အမြဲတမ်း အပြန်အလှန် လိုအပ်ချက်တွေနဲ့ ချိတ်ဆက်နေခဲ့တာပါပဲ။ ၁၉၈၈ အရေးတော်ပုံအပြီးမှာတော့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေဟာ တိုင်းရင်းသားနယ်စပ်တွေနဲ့ ထိုင်းဘက်ခြမ်းကို တောခိုခဲ့ကြရပြီး၊ အဲဒီတုန်းက ထိုင်းနိုင်ငံ၊ တခ်ခရိုင်မှာ ဖွင့်လှစ်ခဲ့တဲ့ ကြိုဆိုရေးစခန်းကနေတစ်ဆင့် ဥပဒေဘောင်အတွင်း ပြန်လာဖို့ ညှိနှိုင်းခဲ့ရတဲ့ သမိုင်းမှတ်တိုင်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့ ဆက်ဆံရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ…
Read Moreအသက်ကို ကာကွယ်ပေးမည့် အလွယ်ကူဆုံး အလေ့အကျင့်
မန္တလာ ဆရာမျိုး မြန်မာနိုင်ငံတွင် ဆိုင်ကယ်သည် နေ့စဉ်ဘဝအတွက် အရေးကြီးသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်သည်။ အလုပ်သွားရန်၊ ကျောင်းတက်ရန်၊ စျေးဝယ်ရန်နှင့် ခရီးတိုများ သွားလာရာတွင် ဆိုင်ကယ်ကို အများဆုံး အသုံးပြုကြသည်။ သို့သော် အသုံးပြုသူများ များပြားလာသည်နှင့်အမျှ လမ်းမတော်တဆမှုများလည်း ပိုမိုများပြားလာနေပြီး ယင်းမတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှု၊ မသန်စွမ်းဖြစ်မှုနှင့် မိသားစုများ၏ စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်နေသည်။ ထိုကဲ့သို့သော ဆိုးကျိုးများကို လျှော့ချနိုင်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အရည်အသွေးပြည့်မီသော Helmet (ဦးထုပ်) ကို မှန်ကန်စွာ ဆောင်း၍ ဆိုင်ကယ်စီးခြင်း ဖြစ်သည်။ ဦးနှောက်သည် လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လှုပ်ရှားခြင်း၊ စဉ်းစားတွေးခေါ်ခြင်းနှင့် မှတ်ဉာဏ်တို့ကို ထိန်းချုပ်ပေးသည်။ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားသောအခါ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိပါက ဦးနှောက်ဒဏ်ရာ၊ သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ ကိုယ်လက်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ်…
Read Moreသူတို့အိမ် အခန်း (၁၈၇)
ဆူးငှက် “ပြည်သူချစ်သော အနုပညာသည်များ” ၂၅ နှစ်ပြည့် —————————————————- ၁၉၈၉ခုနှစ် မေလ မှာ တောင်လေးလုံးတွင် ကျင်းပသော “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲက မှတ်မှတ် ရရ ဖြစ်လှသည်။ နန်းတော်ရှေ့ဆရာတင်သား ရွှေနန်းတင်၊ မြို့မငြိမ်းသား ဦးရွှန်းမြိုင်(မြို့မ)တို့လည်း တက်ရောက်ကာ အမှတ်တရ စကားပြောကြ၏။ စာတမ်းတွေ ဖတ်ကြ၊ ပြောကြ၊ ဟောကြနှင့် ကျေးဇူးရှိသော စာအုပ်ကောင်းတစ်အုပ်ကို မည်သို့မည်ပုံ စိတ်ကူးရ ပြုစုထုတ်ဝေမှုနှင့်ပတ်သက်၍လည်း စာရေးသူ ဒေါ်ဒေါ်ကိုယ်တိုင်က မှတ်မှတ်ရရ ပြောပြသည်။ အခမ်းအနားလေး ဆိုငြား အမြုတေပမာ သိပ်သည်းလှတဲ့ အနှစ်ချည်း မို့ တန်ဖိုးရှိလှချည့်။ ဒေါ်ဒေါ့် တူရင်းချာကြီးများ ဖြစ်သော ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့၏။ အမှတ်တရ စကားတွေ၊ ကျွန်တော်သည် ယနေ့တိုင် မှတ်သားမိဆဲ ဒေါ်ဒေါ့်စကားတစ်ခွန်း…
Read More“တရားမဝင်အကွက်ရိုက် ရောင်းချမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဂရန်တွေချပေးလိုက်မယ်ဆိုရင် ကုမ္ပဏီဘက်က ကန့်ကွက်ခွင့်မရှိပါဘူး” ဆိုတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ တွေ့ဆုံခြင်း
မန္တလေး- သြဂုတ်- ၆-၂၀၂၆ VOM သြဂုတ်လ ၅ ရက်နေ့ မနေ့ညနေ ၃ နာရီဝန်းကျင်က အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က စီမံကိန်းလယ်ယာမြေပေါ်ဆောက်လုပ်ထားတဲ့ နေအိမ်ဖျက် သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ အဲလိုတွေ့ဆုံပြီးတဲ့နောက်မှာ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ Voice Of Myanmar အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်း ရွှေ့ရခြင်း မရှိကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ်ဝယ်ယူမိသူတွေ ဖြစ်ပါက ဆုံးရှုံးမှုသက်သာစေရေးအတွက် ကုမ္ပဏီ အနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနဲ့…
Read Moreလယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကို ဖြေရှင်းနိုင်ဖို့နဲ့ နောင်ထပ်မံ မဖြစ်ပွားစေဖို့အတွက် ထိန်းချုပ်ဆောင်ရွက်နေ
မန္တလေး၊ သြဂုတ်- ၆- ၂၀၂၆ SA(VOM) ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပိုအေး က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ထုတ်ပေးရာတွင် ပုံစံ (၇) ရရှိသည့် မြေရှင်များက အကွက်စိပ်ရိုက် စီးပွားဖြစ်ရောင်းချနေသည့် ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်သို့အရေးယူ ဆောင်ရွက်ပေးမည် ဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအ ဝေး၊ (တတိယနေ့)အခမ်းအနားမှာ လွှတ်တော်ကတဆင့် မေးမြန်းခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ မေးခွန်းအပေါ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က “လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများ ရှိပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၄ ဖြင့် ထုတ်ပြန် ကြေညာထားသည့် လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ…
Read Moreသဖန်းဆိပ်ဆည် ရေလွှတ်ချလို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့တွေနဲ့ ရွာတွေ ရေဘေးကြုံနေရ
ဩဂုတ် ၇ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ဟာ ရေပြည့်အမှတ် ၁ ပေခန့်အလို စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေတာကြောင့် ရေလွှတ်ချနေတဲ့အတွက် မူးမြစ်ရေကြီးကာ မြစ်ရိုးတလျှောက်ရှိ ကောလင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူနဲ့ ကျွန်းလှ အစရှိတဲ့ မြို့တွေနဲ့ ကျေးရွာတွေ ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ကနေ မနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ ပထမအကြိမ် ရေထု ၄၀၀၀၀ ကျူ့ လျှော့ချခဲ့ပြီး ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ၂၀၀၀၀ ကျူ့ ထပ်မံ လျှော့ချခဲ့သလို ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာလည်း တတိယအကြိမ်မြောက် ရေထု ၂၀၀၀၀ ကျူ့ ဆက်လက် လျှော့ချခဲ့တယ်လို့ သိရပါတယ်။…
Read More



