နေပြည်တော် မတ် ၃၀ – ၂၀၂၆
KKL(VOM)
ဒီနေ့ အမျိုးသားလွှတ်တော်က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုနှစ်ခုရှိခဲ့ပြီး ကရင်ပြည်နယ် အမှတ်(၂)မဲဆန္ဒနယ်က ဒေါ်နန်းနီီနီအေး နဲ့ ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ဒေါက်တာ မနမ်တူးဂျာ တို့ရဲ့အမည်စာရင်းကို တင်သွင်းခဲ့ကြပါတယ်။
ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ တောင်တွင်းကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေအား အဆိုပြုထားပါတယ်။
ဒေါက်တာတူးဂျာ ဟာ ကေအိုင်အို ဒုဥက္ကဌဟောင်းဖြစ်ပြီး ဒေါ်နန်းနီနီအေးဟာပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုရွေးချယ်ခံခဲ့ရပြီး ရွေးကောက်ပွဲ
လေးကြိမ်ဆက်တိုက်အနိုင်ရခဲ့သူဖြစ်ပါတယ်။
