ဇန်နဝါရီ ၃၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ်၊ မူဆယ် ဆင်ဖြူဂိတ် တရုတ်ဘက်ခြမ်းမှာ ပစ္စည်းသယ်သူတွေ နေရာလု၊ နေရာကျော် ဆိုးဝါးနေလို့ တရုတ်ပြည်ဝင်ခွင့် ပိတ်တဲ့ အထိ အရေးယူလာနေကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “ဒီမနက်ကလည်း ပစ္စည်းကျော်တာလား၊ လူကျော်တာလား မသိဘူး။ စာအုပ်သိမ်းသွားပြီ” လို့ နယ်စပ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ တန်းမစီပဲ စီနီယာကျော်ပြီး ပစ္စည်းပေးတာဖြစ်ဖြစ် လူက နေရာ ကျော်တာဖြစ်ဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ကျော်ကတည်းက တရုတ်ဘက်က စတင်အရေး ယူနေပြီ လို့ ဆိုပါတယ်။ “စည်းကမ်းမရှိတဲ့သူတွေ အဲလို စာအုပ် သိမ်းပစ်တာကောင်းတယ်။ နေရာရချင်လို့ရှိရင် စောစော လာရမှာလေ။ နောက်မှလည်း လာသေး၊…
Read MoreDay: January 31, 2026
လားရှိုးက ဆရာတော်ကို လုပ်ကြံခဲ့သူတွေ ဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းနေဆဲ
ဇန်နဝါရီ ၃၁၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ မဟာဗောဓါရုံကျောင်းက စာချဆရာတော် ဥူးကေသရကို လုပ်ကြံခဲ့တယ်လို့ သံသယရှိသူတွကို ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကပြော ပါတယ်။ ဆရာတော်ကို လုပ်ကြံခဲ့တဲ့သူတွေ ကျန်ခဲ့တဲ့ ဖုန်းကနေတဆင့် စုံစမ်းမှုတွေ လုပ်နေတယ်လို့လည်းသိရပါတယ်။ “ အခုက စစ်ဆေးနေတုန်းပါ။ သံသယရှိတဲ့သူတွေကို စစ်မေးတာမျိုးတော့ ရှိပါတယ်။ တရားခံတော့ မမိသေးပါဘူး။ အွန်လိုင်းမှာ တက်နေတဲ့သတင်း တွေကလည်း မဟုတ်သေးပါဘူး”လို့ အာဏာပိုင်တွေနဲ့နီးစပ်သူ တယောက် ကပြောပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်း ၆နာရီလောက်မှာ လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ မဟာဗောဓါရုံ ကျောင်းတိုက်စာချဆရာတော်ကို ဆွမ်းကပ် မယ် ဆိုပြီး ရောက်လာတဲ့ အမျိုးသားနှစ်ဦးက လုပ်ကြံသတ် ဖြတ်သွား လို့ ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဝမ်းဗိုက်ကို…
Read Moreကိုးကန့်တပ်ဖွဲ့ လွှတ်ပေးတဲ့ အစိုးရတပ်ဖွဲ့ဝင် ၂၀၀နီးပါးပြန်ရောက်လာ
ဇန်နဝါရီ ၃၁၊ ၂၀၂၅ NN(VOM) MNDAA ကိုးကန့်တပ်က ပြန်လွှတ်ပေးမယ်လို့ ပြောထားတဲ့ အစိုးရတပ်ဖွဲ့ဝင် ၅၀၀ ထဲက ၂၀၀ နီးပါး မနေ့နေ့လယ်ပိုင်းမှာ လားရှိုးကို ရောက်လာတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။ “မနေ့က ရောက်လာတဲ့အထဲမှာ မော်တော်ပီကယ်တွေလည်း ပါတယ်၊ ရဲတွေလည်း ပါတယ်၊ စစ်သားတွေလည်း ပါတယ်” လို့ လားရှိုးမြို့ခံ တယောက် က ပြောပါတယ်။ ကျန်တဲ့သူတွေကတော့ နောက်လဆန်းပိုင်းလောက်မှ ထပ်ရောက်မယ်လို့ သိရပါတယ်။ “အခုတော့ ၂၀၀ ရောက်လာပြီ၊ ကျန်တဲ့အဖွဲ့တွေက နှစ်သစ်ကူးလောက်မှ ရောက်မယ်လို့ ပြောတယ်” ပြန်လွှတ်လာတဲ့ အစိုးရတပ်ဖွဲ့ဝင်တယောက် ကပြောပါတယ်။ တရုတ်နှစ်သစ်ကူးကာလ “တာကျောင်မဟာပူဇော်ပွဲ” အထိမ်းအမှတ်အနေနဲ့ စစ်သုံ့ပန်း ၅၀၀နဲ့ အခြားအကျဉ်းသား ကိုးဦးကို လွှတ်ပေးမယ်လို့ ကိုးကန့် တပ်ဖွဲ့ ဘက်က အခုရက်ပိုင်းမှာ ထုတ်ပြောထားတာဖြစ်ပါတယ်။ ၁၀၂၇ တိုက်ပွဲကာလအတွင်း လားရှိုးမှာ…
Read Moreပြည်ထောင်စုနေ့အကြို ထမနဲစျေးရောင်းပွဲတော်ကျင်းပ
မန္တလေး၊ ဇန်နဝါရီ – ၃၀- ၂၀၂၆ VOICE OF MYANMAR မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၂၇ လမ်း နဲ့ ၂၈ လမ်းကြားမှာရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းရုံးမှာ ပါတီဝင်တွေစုပေါင်းပြီး ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုတဲ့အနေနဲ့ ထမနဲရောင်းပွဲတော်ကို ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ထမနဲ တဗူးကို ၂၅ ကျပ်သားပါဝင်ပြီးတော့ တဗူးကို ၈၀၀၀ ကျပ်နဲ့ရောင်းချပေးနေတာဖြစ်ပြီး ထမနဲဗူး အရေအတွက် ၅၀၀ ရောင်းချပေးမှာဖြစ် တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းရုံး ကနေ သိရပါတယ်။ ” မြန်မာ့ရိုးရာ စုပေါင်းထမနဲပွဲလို့ သတ်မှတ်ပါတယ်၊ အဓိက ကတော့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအတွက်ပါ၊ ၁၅ ကြိမ်ရှိပါပြီ၊ ရည်ရွယ်ချက်ကတော့ ထမနဲက…
Read Moreနေပြည်တော်မှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ၊ပစ္စည်းလုယက်ခဲ့ တဲ့ တရားခံနှစ်ယောက်ကို သေဒဏ်အပြင် ထောင်နှစ် ၇၀ ချ
ဇန်နဝါရီ ၃၀ ၊ ၂၀၂၆ GG (VOM) နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ပစ္စည်းလုယက်တဲ့ တရားခံ နှစ် ယောက်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်အပြင် ထောင်နှစ် ၇၀ ပါ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ လူသတ် ၊ အဓမ္မကျင့်ကာ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံနှစ်ယောက်ဟာ သိန်းဇော် (ခ) ကိုသိန်း နဲ့သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်စေရန် (သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ်နှစ် (၂၀)(နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် (၂၀) ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ…
Read Moreထီးချိုင့်မြို့မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေ
ဇန်နဝါရီ ၃၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေပြီး ဧရာဝတီတံတားအနီးနဲ့ မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအခြေအနေသိသူကပြောပါ်တယ်။ ထီးချိုင့်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ထီးချိုင့်မှာ တိုက်ပွဲမဖြစ်တာ တနှစ်ကျော်ကြာပြီ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ပြန်ဖြစ်နေတာ။ လက်နက်ကိုင် တပ်တွေက ဧရာဝတီတံတား ဝန်းကျင်နဲ့ မြို့ပေါ်ကို အဓိက တိုက်နေတာပေါ့။ အရပ်သားတွေကိုလည်း ရှောင်ခိုင်းထားတယ်။ အသေးစိတ် အခြေအနေကိုတော့ လုံခြုံရေး အခြေအနေအရ ပြောလို့မရသေးဘူး” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာတော့…
Read Moreမော်လူးဒေသ လေကြောင်း တိုက်ခိုက်ခံရမှု ရှစ်ယောက် သေဆုံး
ဇန်နဝါရီ ၃၀ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာ မနေ့ ဇန်နဝါရီ ၂၉ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မော်လူးဒေသ လေဘိုကျေးရွာမှာ မနေ့ ည ၉ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “မနေ့က လေယာဉ်က နေ့လယ်ပိုင်းမှာ တကြိမ်ကြဲသေးတယ်။ အဲဒီမှာ လူအထိအခိုက် မရှိဘူး။ ညပိုင်းကျမှ လူထိတာ။ ခုနောက်ပိုင်း မော်လူးမှာ လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာတော့ လေဘိုကျေးရွာက ဒေသခံတွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာကို…
Read Moreသူတို့အိမ် အခန်း – ၄၄
ဆူးငှက် သင်္ဘောတန်းက ဖိနပ်ကုန်ထုတ်မှာ ————————————- သီရီဟေမာအနောက် ပုလိုင်းရပ်ကွက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော လုပ်သားစုပေါင်း ဖိနပ်လုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် လုပ်အားတံဆိပ် ဖိနပ်ကုန်ထုတ် သမဝါယမအသင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး သီရီမာလာအရှေ့ သင်္ဘောတန်း ရပ်ကွက်သို့ ပြောင်းရွေ့ခဲ့ပါပြီ။ အသင်း၏ လုပ်ငန်းနှင့် အတူ သက်သာ လက်ဖက်ရည်ဆိုင်လေးလည်း အတူ ပြောင်းရွှေ့ ခဲ့သည်။ စနေလို အားသည့် ရက်မှာ လက်ဖက်ရည်သောက်ရန် ကျွန်တော်တို့လည်း ပုလိုင်းရပ်ကွက်မဟုတ်တော့ဘဲ သင်္ဘောတန်းသို့ ခြေဦး လှည့်ရတော့သည်။ အခုနေရာက အိမ်နှင့် ပို၍ နီးကာ မိကျောင်းတံတားအတိုင်း တည့်တည့်ထွက်ပြီး ၂၆ဘီလမ်းကျော်ရုံနှင့် ရောက်ပါပြီ။ အလွန်ဆုံးရှိ ၅ပြ ၆ပြပေါ့။ ထိုဆိုင်ကို နောက်လူတို့က ဖိနပ်ကုန်ထုတ် ဟု ခေါ်ကြသော်လည်း ကျွန်တော်တို့ကတော့ လုပ်သားဆိုင်ဟုသာ နှုတ်ကျိုးနေပါပြီ။ ထို့ပြင် သမဝါယမသို့ အကူးအပြောင်း၌ နှုတ်ထွက်သွားကြသူများတွင်…
Read More