ဖေဖော်ဝါရီ ၉-၂၀၂၆
KKL(VOM)
မြန်မာ့မီးရထားဆီက အွန်လိုင်းကနေ ခရီးသည်တွေရဲ့ ဝယ်ယူထားတဲ့ကြိုတင်လက်မှတ်တွေအတွက် အထောက်အထားပြန်ပေးဖို့ လက်မှတ်တွေထုတ်ရမယ့်အချိန်မှာ အင်တာနက်လိုင်းကျနေတဲ့အတွက် အခုလ ၈.၂.၂၀၂၆ ရက်နေ့က နေပြည်တော် ပျဥ်းမနားဘူတာ ရုံပိုင်ကြီးနဲ့ဝန်ထမ်းတွေနဲ့ခရီးသည်တွေ အခက်ကြုံခဲ့ကြတယ်လို့ သိရပါတယ်။
“မနေ့က ဖြစ်ခဲ့တာက မနက် ၁၀ နာရီလောက်လိုင်းက ကျကျသွားတယ် အွန်လိုင်းကို လက်ပ်တော့နှစ်လုံးနဲ့ရောင်းချပေးနေတဲ့အချိန်မှာ လက်မှတ်လာယူတဲ့အချိန် လိုင်းကကျသွားတယ် သုံးမရတော့ဘူး အဲ့ဒီတော့ကျွန်တော်တို့ဖက်ကတော်တော်အခက်အခဲဖြစ်သွားတယ် ပထမနေ့ကဆိုရင်ခရီးသည်တော်တော်အဆင်ပြေတယ် ရထားပေါ်ထိတောင်လက်မှတ်လိုက်ရောင်းပေးတာ အမှန်ကတော့ဖုန်းနဲ့လက်မှတ်ဖြတ်ပြီးမှ ဖုန်းနဲ့လက်မှတ်ဖြတ်တဲ့သူတွေလည်း ဒေတာကောင်းတော့အားလုံးအဆင်ပြေတယ် ပြီးတော့မှ သူတို့ကို ထောက်အထားအတွက် လက်မှတ်ထုတ်ရမှာလေ အဲ့ဒီအချိန်ကျမှလိုင်းကျနေတော့ ပရင့်ထုတ်လို့မရတော့ဘူး အဲ့လိုဖြစ်တော့ ဖုန်းပါတဲ့သူတွေကို စခရင်ရှော့ရိုက်ပြီးအထောက်အထားလုပ်ပေးခဲ့သလို ဖုန်းမပါတဲ့သူတွေကိုတော့ လက်မှတ်ဖြတ်ပြီး ငွေသွင်းပေးပြီးပါပြီဆိုပြီးအထောက်အထားလေးတွေ လုပ်ပေးလိုက်ရပါတယ် အမှန်တော့ အွန်လိုင်းကဝယ်ထားတဲ့လက်မှတ်တွေကို ဘူတာကို တနာရီကြိုရောက်ပြီးသူတို့လာထုတ်ရင်ထုတ်ပေးရမှာပါ အခုလို ဖြစ်သွားခဲ့တာပါ” လို့ ပျဥ်းမနားဘူတာက ရုံပိုင်ကြီး ဦးကျော်မိုးလွင်က ပြောပြပါတယ်။
မနေ့က အခက်အခဲဖြစ်ခဲ့ရတဲ့အခြေအနေကတော့ တောင်တွင်းကြီးဖက်ကလာမယ့်ရထားက ၁၀နာရီခွဲလောက်မှာဝင်မယ့်အခြေအနေမှာ အဲ့ဒီဖက်ကခရီးသည်တွေကို အွန်လိုင်းနဲ့ရောင်းတာမရှိတဲ့အတွက် လက်မှတ်လာဝယ်တဲ့လူကများခဲ့ပြီး အဲ့ဒီအချိန်မှာပဲ ကွန်တက်ဆက်သွယ်မှုပြုတ်ကျသွားခဲ့တဲ့အပြင် အွန်လိုင်းကနေရောင်းချထားတဲ့ ခရီးသည်တွေရဲ့ ရထားထွက်ချိန်နီးကပ်နေတဲ့အခြေအနေကြောင့် ရုံပိုင်ကြီးနဲ့ဝန်ထမ်းတွေက ပျဥ်းမနားဘူတာကနေ ဝယ်ယူထားတဲ့သက်သေခံ လက်မှတ်ကို လိုင်းကျခဲ့တဲ့အတွက်အချိန်မီ ပြန်မပေးနိုင်ခဲ့တဲ့ အကြပ်အတည်းနဲ့ရင်ဆိုင်ခဲ့ကြရတာလို့သိရပြီး အဲ့ဒါကို ဒီကဝန်ထမ်းတွေအားလုံးဝိုင်းဝန်းဖြေရှင်းခဲ့ကြတယ်လို့သိခဲ့ရပါတယ်။
“အွန်လိုင်းစနစ်နဲ့ဝယ်ယူတဲ့အချိန်မှာ network မချောမွေ့မှာရယ် ဝယ်တဲ့သူချင်းထပ်နေမှာရယ် systan မချောမွေ့မှာပဲကြောက်တာ ကျန်တဲ့ဟာတွေကတော့မရှိပါဘူး ဒါကတအားကောင်းတဲ့စနစ်ပဲ၊ပျဥ်းမနားက ရထားစီးတဲ့သူအားကောင်းတယ် အရင်ထဲကပဲ မီးရထားနဲ့ အကျွမ်းတဝင်ရှိတဲ့နေရာပဲ စီးတဲ့သူများတဲ့ဘူတာကို ဦးစားပေးရမယ် ဘာလို့လည်းဆိုတော့ ရထားကလူစီးမှထွက်လို့ရမှာကိုး စီးတဲ့သူမရှိရင် ဘာတွေကောင်းနေကောင်းနေ အဓိပ္ပါယ်မရှိဘူး”လို့ ပျဥ်းမနားမြို့ရဲ့ ဒေသခံ တယောက်ကပြောပါတယ်။
အခုလို ဝန်ထမ်းတွေအတွက် ရုံးပိတ်ရက်ရှည်ပေးလိုက်တဲ့အချိန်မှာ လက်မှတ်ဝယ်တဲ့အခါလူတွေအကုန်လုံးက ဆာဗာကိုအကုန်လုံးဝိုင်းဝန်းသုံးစွဲနေကြတော့ လိုင်းဝင်လို့မရတဲ့အခက်အခဲဖြစ်ခဲ့ရတာနဲ့ပတ်သက်လို့ မြန်မာ့မီးရထားဖက်ကလည်းပြန်ပြီး update လုပ်မယ်လို့သိရပါတယ်။
“မီးရထားက အခြေခံလူတန်းစားတွေစီးတာအခြေခံလူတန်းစားတွေစီးတဲ့အခါကျတော့ ဒီစနစ်ကိုသွားတဲ့အချိန်မှာလည်း ရှိတာလေးနဲ့သွားနေရတဲ့အခြေအနေရှိတယ် ကုမ္ပဏီကစာချုပ်ချုပ်ထားတာပဲရှိသေးတယ် မပြီးသေးဘူး ထပ်ပြီးအဆင့်မြှင့်ဖို့ကရှိသေးတယ် ခုဟာကခန ram နေတဲ့အခြေအနေပေါ့လေ ဒါကိုအဆင့်မြှင့်ဖို့ရှိတယ်အဆင့်မြှင့်အုံးမှာနောက်ဆုံးပိတ် အခုနေကစမ်တဲ့ကာလပဲရှိသေးတာ” လို့လည်း ပျဥ်းမနားဘူတာ ရုံပိုင်ကြီးကထပ်ပြီးပြောပါတယ်။
အဲ့ဒီအကြပ်အတည်းရဲ့အခြခံကတော့ တချိန်တည်း နေပြည်တော်ဘူတာကြီးအပါအဝင် ရမည်းသင်းဘူတာ ၊ပျော်ဘွယ်ဘူတာ၊ ပျဥ်းမနားဘူတာ အပြင် တောင်ငူဘူတာတွေဖက်မှာလည်း ပရင့်ထုတ်နေကြတဲ့အချိန်နဲ့တိုက်ဆိုင်နေတဲ့အပြင်၊ ခရီးသွားတွေဖက်ကလည်း ဖုန်းတွေကနေတစ်ဆင့်ဝယ်နေကြတဲ့အခြေအနေကြောင့် မနိုင်ဝန်ဖြစ်သွားပြီး လိုင်းကျသွားတဲ့အချိန်မှာ ရထားကထွက်ခါနီးအချိန်ထိ လက်မှတ်တွေကထုတ်လို့မရတဲ့အခြေအနေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ် မနေ့က အဲ့ဒီအခြေအနေဖြစ်ခဲ့ပါတယ် ကျွန်တော်တို့ကိုတော့ ဖုန်းနဲ့အွန်လိုင်းကနေဝယ်ထားတဲ့အထောက်အထားရအောင် ဘူတာဝန်ထမ်းတွေက စခရင်ရှော့ရိုက်ပြီး ပြခိုင်းပြီး ဖုန်းမပါတဲ့သူတွေကိုတော့ ဝယ်ယူပြီးငွေရှင်းပြီးဆိုတဲ့ထောက်ခံစာတွေလုပ်ပေးပါတယ် အခုမှစပြီးလုပ်တဲ့အချိန်မှာ တခြားအကြောင်းကြောင့် နည်းပညာ နဲ့ပတ်သက်လို့ တစ်ချို့မမီတဲ့အခက်အခဲဆို တော်သေးတာပေါ့ အခုဟာက အင်တာနက်ဒေတာမကောင်းလို့ဆိုတာသိရပါတယ် ဒါကတော့မဖြစ်သင့်ဘူးလို့မြင်ပါတယ်”လို့ ရန်ကုန်မှာရောက်နေတဲ့ ခရီးသည်တယောက်က ဖုန်းနဲ့မေးမြန်းမှုကို အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
နေပြည်တော်ဘူတာကြီး ပျဥ်းမနားဘူတာ နဲ့လမ်းတလျှောက်ဘူတာတွေရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကိုတော့ Mytel Operatar ကနေပြီး ဝန်ဆောင်မှုပေးထားတာလို့လည်းသိရပါတယ်။
ဒီလို အင်တာနက်လိုင်းတွေပြတ်တောက်တာဟာ နေရာတိုင်းလိုလို ကြားနေကြ ဖြစ်နေကြမို့ အင်တာနက်ဝန်ဆောင်မှုကောင်းဖို့ ပြည်သူတွေက လိုလားနေကြပါတယ်။
