ကျုံပျော်မြို့နယ်က ရထားသံလမ်းပေါ် ရေကျော်နေလို့ ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်း

ဩဂုတ် ၅ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက ဇရပ်လှဘူတာနဲ့ ဒိုက်ပျက်ဘူတာကြား ရထားသံလမ်းပေါ် ရေကျော်နေတာကြောင့် ပုသိမ် – ဟင်္သာတ – မြန်အောင်လမ်းပိုင်း၊ ပုသိမ် – ကြံခင်း အစုန်/အဆန် မီးရထားခရီးစဉ်တွေကို မနေ့ ဩဂုတ် ၄ ရက်ကစပြီး ယာယီ ရပ်နားထားတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးမှာ အဲဒီရေကာတာရဲ့ အောက်ခံ မြစ်ကျိုးအင်းသဲကြောကနေ ရေဖြတ်သန်းမှုကြောင့် တာတမံနိမ့်ကျခဲ့တဲ့အတွက် ဇရပ်လှဘူတာနဲ့ ဒိုက်ပျက်ဘူတာ မိုင်တိုင်အမှတ် (၁၃၄/ ၇-၁၅) ကြားရှိ ရထားသံလမ်းပေါ် ၂ လက်မလောက် ရေကျော်နေတယ်လို့ သိရပါတယ်။ “ဒီအချိန်က ရထားဖြတ်သန်းဖို့ အန္တရာယ်ရှိနိုင်တယ်။ ရေကျော်နေတဲ့အချိန်ဆို ရေအောက်က သံလမ်းအခြေအနေ၊ ပြီးတော့ မြေသားခိုင်မာမှုပေါ့၊ ဒါတွေကို…

Read More

နားရိုင်ရွာ ကျားဖြန့်စခန်း အစိုးရတပ်ဝင်စီး၊ တရုတ်နိုင်ငံသားတွေအပါ ၄၃ ယောက် ဖမ်းမိ

ဩဂုတ် ၅၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်းမြို့နယ်၊ နားရိုင်ရွာသစ်ကျေးရွာ တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှာရှိတဲ့ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) ရုံကို အစိုးရတပ်က မနေ့က နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ၄၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ဖမ်းမိတဲ့အထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး နှစ်ယောက် ပါဝင်ပြီး မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ယောက်နဲ့ အမျိုးသမီး လေးယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက် လေးလက်၊ ဖုန်း ၆၇ လုံး၊ ကွန်ပျူတာ လေးလုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ နမ့်စန်မြို့အနီးက နားရိုင်ရွာဟာ တရုတ်လူမျိုးတွေ အဓိကနေထိုင်ပြီး နားရိုင်ပြည်သူ့စစ်တပ်ဖွဲ့ ထိန်းချုပ်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “…

Read More

ရွှေလီမြစ် အထက်ပိုင်း တရုတ်ဘက် ရေပိုလွှဲက​ရေလွှတ်နေလို့ ရွှေလီမြစ်တလျှောက် ဒေသခံတွေ သတိထားဖို့ အသိပေး

ဩဂုတ် ၆၊ ၂၀၂၆ Shy V (VOM) တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံကျန်းရေအားလျှပ်စစ်စက်ရုံက ဩဂုတ်လ ၃ ရက် ညပိုင်းကနေ ၆ ရက်နေ့အထိ ရေပိုလွှဲတံခါး ဖွင့်ပြီး ရေထုတ်လွှတ်နေတဲ့အတွက် ရွှေလီမြစ်တလျှောက် နေထိုင်သူတွေ သတိထားကြဖို့ အသိပေးစာ ထုတ်ပြန်ထားပါတယ်။ “သိရသလောက် အသိပေးစာမှာ လုံကျန်းရေအားလျှပ်စစ်စက်ရုံ ရေလှောင်ကန်ကနေ ရေထုတ်လွှတ်မယ်လို့ ရေးထားတယ်။ ရွှေလီမြစ်ရဲ့ အထက်ပိုင်းပေါ့။” လို့ နယ်စပ်ဒေသခံ လူငယ်တယောက်က ပြောပါတယ်။ လုံကျန်းရေအားလျှပ်စစ်စက်ရုံဟာ ယူနန်ပြည်နယ် လုံချွမ်နဲ့ မံစီကြားက Longjiang မြစ်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ Longjiang မြစ်ဟာ အောက်ပိုင်းရောက်လာတဲ့အခါ ရွှေလီမြစ်ထဲ စီးဝင်တာကြောင့် အခုလို ရေလွှတ်တာက မြန်မာဘက် ရွှေလီမြစ်ရေမျက်နှာပြင်ကို သက်ရောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မံစီနဲ့ လုံချွမ်ကြားမှာ ရေအားလျှပ်စစ် ရေကာတာတခုရှိတယ်။…

Read More

ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ဒရုန်းဗုံးချခံရလို့ ငါးယောက်သေဆုံး ဒဏ်ရာရသူတွေရှိ

ဩဂုတ် ၅ ၊ ၂၀၂၆ GG (VOM) ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသ မှာ မနေ့က ဩဂုတ် ၄ ရက်နေ့ ညနေပိုင်း ၄ နာရီကျော် လောက်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူတချို့ရှိကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ရှိနေတယ်လို့ ကနဦးသိရပါတယ်။ ” သေဆုံးငါးယောက်ရှိတယ်။ ဒရုန်း ဗုံးသီး နှစ်လုံးနဲ့ကြဲသွားတယ်။ ဒဏ်ရာရတာ အသေးစိတ်မသိရသေးဘူး ။ “လို့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ် ။ အရင်ရက် ဩဂုတ် ၃ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ လက်ရှိမှာ အစိုးရတပ်က ဒီးမော့ဆို – ဖရူဆို –…

Read More

အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေအိမ်တွေဖျက်သိမ်းခံရမယ့် ဒေသခံတွေ တွေ့ဆုံ

မန္တလေး၊ သြဂုတ်- ၅- ၂၀၂၆ SA(VOM) ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ညနေ ၃ နာရီဝန်းကျင်မှာ အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က နေအိမ်တွေ ဖျက်သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က သက်ဆိုင်ရာက ထုတ်ပြန်တဲ့ ထုတ်ပြန်စာမှာတော့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့…

Read More

ဟုမ္မလင်းမြို့နယ်အတွင်း ချောင်းရေကြီးမှုကြောင့် နေအိမ်တချို့ ရေထဲမျောပါပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေထဲ ရေဝင်​နေ

ဩဂုတ် ၅ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်ထဲက မှော်ရုံမြိုင်ကျေးရွာနဲ့ ‌နမ့်တောဒေသမှာ ချောင်းရေကြီးမှုကြောင့် နေအိမ်တချို့ ရေထဲမျောပါပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေထဲ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဒီကနေ့ ဩဂုတ် ၅ ရက်၊ မနက်ပိုင်းမှာ မိုင်ဝယ်ကျေးရွာအုပ်စုနဲ့ မော်ရုံမြိုင်ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းတဲ့ နမ့်ခွဲတဲချောင်းရေ ရုတ်တရက် မြင့်တက်လာတဲ့အတွက် မော်ရုံမြိုင်ကျေးရွာရှိ လူနေအိမ်တချို့ ရေစီးနဲ့အတူ မျောပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ရေတက်အရမ်းမြန်တယ်။ ရေစီးနှုန်းလည်း ကြမ်းတယ်။ တချို့အိမ်တွေဆို ခဏလေးအတွင်းမှာကို ရေတိုက်စားပြီး ပါသွားတာ။ ပစ္စည်းတွေကို ဘေးလွတ်ရာကို ခက်ခက်ခဲခဲ ရွှေ့ပြောင်းနေရတယ်။ ဘေးရွာတွေကလူတွေ လာပြီး ဝိုင်းကူရွှေ့ပေးကြပါတယ်။ SNA က တာဝန်ရှိသူတွေလည်း လာကူပြီး ရွှေ့ပေးကြတယ်။ အိမ်ဘယ်နှစ်လုံး ရေထဲပါသွားတယ်ဆိုတာတော့ ဘယ်သူမှ…

Read More

သူတို့အိမ် အခန်း (၁၈၅)

  ဆူးငှက်           အလှူအတွက် အဆင်သင့်ဖြစ်ပြီ ———————————   အလှူမတိုင်မီ နောက်ဆုံးပြင်ဆင်မှု အနေနှင့် တပို့တွဲ လဆန်း၁၄ရက်နေ့မှာ တောင်လေးလုံး ကျောင်းတိုက်သို့ တစ်ခေါက်သွားကြသည်။ ဆရာတော်ဦးပညာက ဘုန်းကြီးဆွမ်းကပ်ရန်နှင့် ပရိတ်နာရေစက်ချဖို့ ပြင်ဆင်ထားသည်များ နှင့် ထမင်းကျွေးမည့် ဆွမ်းစားဆောင်နေရာများကို ပြသည်။ အလှူပွဲကျင်းပမည့် အောင်ခြင်းရှစ်ပါး ဓမ္မာရုံအတွင်း မောင်ရှင်လောင်း စင်နှင့်အတူ ခင်းကျင်း ပြင်ဆင်ထားပြီးပြီ။ အိုးသူကြီးချောင်ကို ဦးသောင်းစိန်က တာဝန်ယူထားသကဲ့သို့ ဆွမ်းကပ် ရေစက်ချ အလှူအခမ်းအနားများအတွက် ဆရာတော်၏ ညီများဖြစ်ကြသည့် ဦးစိန်ထွန်းနှင့် ဦးညွန့်မောင်တို့က တာဝန်ယူထားသည်။ ထို့ပြင် ဆရာတော်၏ တပည့် ဦးဇင်းဌေးကလည်း ဆရာတော့်ကိုယ်စား လိုအပ်သမျှ ဆောင်ရွက် ထားပြီးပြီ။   ဒီနေ့ တောင်လေးလုံး ကျောင်း တိုက်သု့ိ လာစဉ် ဆရာညိုထွန်းလူက…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ

ဩဂုတ် ၃ ၊ ၂၀၂၆ GG (VOM) ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဒီကနေ့ ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာလာရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude တို့တွေ့ဆုံခဲ့ကြောင်းကို ဓာတ်​ပုံတွေနဲ့တကွ ​ အစိုးရက ဒီနေ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး မည်သည့်ကိစ္စများ ဆွေးနွေးခဲ့တာကိုတော့ အစိုးရဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို ICRC ဘက်ကလည်း ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး ။ ဓာတ်ပုံမှတ်တမ်းတွေအရ ပြီးခဲတဲ့ ဇွန် ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ကိတ်ခွဲစေတဲ့ ပုံလည်း ပါဝင်တာ တွေ့ရပါတယ်။ ဧပြီ ၃၀ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်…

Read More

ရေတိုက်စားမှုကြောင့် ငါးသိုင်းချောင်း – အိုင်သပြုလမ်းမကြီးပေါ်က တံတားတစင်းပျက်စီး

ဩဂုတ် ၃ – ၂၀၂၆ SS (VOM) ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ငါးသိုင်းချောင်း – အိုင်သပြုလမ်းမကြီးပေါ်ရှိ တံတားတစင်း ဒီကနေ့ ဩဂုတ် ၃ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ကျိုးကျ ပျက်စီးသွားတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ “အိုင်သပြုနဲ့ ငါးသိုင်းချောင်းလမ်းမကြီးက အိုင်သပြုအထွက်ပေါ့။ အဲဒီက တံတားကျိုးတာပါ။ တံတားက ခုံးကျော်တံတားပုံစံမျိုး ဆောက်ထားတာ။ အဲဒါက ရေဝိတ်များပြီး ပွင့်ထွက်သွားတာ။ ဒီလမ်းက အဓိက လမ်းမကြီးလည်းဖြစ်တော့ သွားရေးလာရေးအတွက် ဒုက္ခရောက်ကုန်ကြတယ်။ အိုင်သပြုမြို့ထဲ ဆက်ဝင်လို့ မရတော့ဘူး။ အခုလောလောဆယ်တော့ အဲဒီမှာပဲ ကယ်ဆယ်ရေးစခန်းချပြီးတော့ အဲဒီကနေပဲ လှေတွေနဲ့ ပတ်သွားနေကြတယ်” လို့ ‌ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။ အဲဒီကားလမ်းတလျှောက်အပြင် မယင်းချောင်း ချောင်းဖျားဘက်တွေမှာလည်း ရေစီးသန်မှုကြောင့် တံတားတွေနဲ့ ချဉ်းကပ်လမ်းတွေ ရေတိုက်စားခံရခြင်း၊…

Read More

လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသမှာ အကူညီလို​နေချိန် နေအိမ်ဖောက်ထွင်းခိုးယူမှုတွေဖြစ်​နေ

ဩဂုတ် ၃ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးနစ်မြုပ်မှု လေးရက်ကြာတဲ့အထိရှိလာပြီး ရေဆက်တိုးနေတာကြောင့် ပိတ်မိသူတွေရှိနေဆဲဖြစ်လို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးဖို့ ၊ အစားအစာ ၊သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိ လေးမျက်နှာမြို့နယ်ထဲမှာ မြစ် ရေဆက်တိုးနေတဲ့အတွက် ရေနစ်မြုပ်တဲ့ ဧရိယာပိုကျယ်လာတဲ့အပြင် ရေစီးလည်းကြမ်းတဲ့အတွက် တချို့ရွာဘက်တွေမှာ အကူအညီအထောက်အပံ့တွေ မရောက်သေးတဲ့အပြင် နေထိုင်မရတော့လို့ ရွှေ့ပြောင်းပေးဖို့ လိုအပ်သူတွေလည်း ရှိနေတယ်လို့သိရပါတယ် ။ ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ ၊သောက်ရေသန့် ၊ဆေးဝါး ၊ ဖယောင်းတိုင်တွေ ၊ အမျိုးသမီးလစဥ်သုံး ၊ အဝတ်အစား စတဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မဝင်ရသေးတဲ့ရွာတွေ ဆက်ဝင်ဖို့ကြိုးစားချိတ်ဆက်နေကြပါတယ် ။ တာပေါ်နေကြတဲ့ သူတွေ ၊မြစ်နီးတအိမ်လုံးမြုပ်တဲ့ အိမ်တွေအပြင်…

Read More
VOM News

FREE
VIEW