သူတို့အိမ် အခန်း (၁၈၇)

ဆူးငှက်   “ပြည်သူချစ်သော အနုပညာသည်များ” ၂၅ နှစ်ပြည့် —————————————————- ၁၉၈၉ခုနှစ် မေလ မှာ တောင်လေးလုံးတွင် ကျင်းပသော “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲက မှတ်မှတ် ရရ ဖြစ်လှသည်။ နန်းတော်ရှေ့ဆရာတင်သား ရွှေနန်းတင်၊ မြို့မငြိမ်းသား ဦးရွှန်းမြိုင်(မြို့မ)တို့လည်း တက်ရောက်ကာ အမှတ်တရ စကားပြောကြ၏။ စာတမ်းတွေ ဖတ်ကြ၊ ပြောကြ၊ ဟောကြနှင့် ကျေးဇူးရှိသော စာအုပ်ကောင်းတစ်အုပ်ကို မည်သို့မည်ပုံ စိတ်ကူးရ ပြုစုထုတ်ဝေမှုနှင့်ပတ်သက်၍လည်း စာရေးသူ ဒေါ်ဒေါ်ကိုယ်တိုင်က မှတ်မှတ်ရရ ပြောပြသည်။ အခမ်းအနားလေး ဆိုငြား အမြုတေပမာ သိပ်သည်းလှတဲ့ အနှစ်ချည်း မို့ တန်ဖိုးရှိလှချည့်။ ဒေါ်ဒေါ့် တူရင်းချာကြီးများ ဖြစ်သော ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့၏။ အမှတ်တရ စကားတွေ၊ ကျွန်တော်သည် ယနေ့တိုင် မှတ်သားမိဆဲ ဒေါ်ဒေါ့်စကားတစ်ခွန်း…

Read More

“တရားမဝင်အကွက်ရိုက် ရောင်းချမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဂရန်တွေချပေးလိုက်မယ်ဆိုရင် ကုမ္ပဏီဘက်က ကန့်ကွက်ခွင့်မရှိပါဘူး” ဆိုတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ တွေ့ဆုံခြင်း

မန္တလေး- သြဂုတ်- ၆-၂၀၂၆ VOM သြဂုတ်လ ၅ ရက်နေ့ မနေ့ညနေ ၃ နာရီဝန်းကျင်က အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က စီမံကိန်းလယ်ယာမြေပေါ်ဆောက်လုပ်ထားတဲ့ နေအိမ်ဖျက် သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ အဲလိုတွေ့ဆုံပြီးတဲ့နောက်မှာ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ Voice Of Myanmar အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်း ရွှေ့ရခြင်း မရှိကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ်ဝယ်ယူမိသူတွေ ဖြစ်ပါက ဆုံးရှုံးမှုသက်သာစေရေးအတွက် ကုမ္ပဏီ အနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနဲ့…

Read More

လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကို ဖြေရှင်းနိုင်ဖို့နဲ့ နောင်ထပ်မံ မဖြစ်ပွားစေဖို့အတွက် ထိန်းချုပ်ဆောင်ရွက်နေ

မန္တလေး၊ သြဂုတ်- ၆- ၂၀၂၆ SA(VOM) ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပိုအေး က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ထုတ်ပေးရာတွင် ပုံစံ (၇) ရရှိသည့် မြေရှင်များက အကွက်စိပ်ရိုက် စီးပွားဖြစ်ရောင်းချနေသည့် ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်သို့အရေးယူ ဆောင်ရွက်ပေးမည် ဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအ ဝေး၊ (တတိယနေ့)အခမ်းအနားမှာ လွှတ်တော်ကတဆင့် မေးမြန်းခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ မေးခွန်းအပေါ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က “လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများ ရှိပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၄ ဖြင့် ထုတ်ပြန် ကြေညာထားသည့် လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ…

Read More

သဖန်းဆိပ်ဆည် ရေလွှတ်ချလို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့တွေနဲ့ ရွာတွေ ရေဘေးကြုံနေရ

ဩဂုတ် ၇ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ဟာ ရေပြည့်အမှတ် ၁ ပေခန့်အလို စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေတာကြောင့် ရေလွှတ်ချနေတဲ့အတွက် မူးမြစ်ရေကြီးကာ မြစ်ရိုးတလျှောက်ရှိ ကောလင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူနဲ့ ကျွန်းလှ အစရှိတဲ့ မြို့တွေနဲ့ ကျေးရွာတွေ ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ကနေ မနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ ပထမအကြိမ် ရေထု ၄၀၀၀၀ ကျူ့ လျှော့ချခဲ့ပြီး ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ၂၀၀၀၀ ကျူ့ ထပ်မံ လျှော့ချခဲ့သလို ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာလည်း တတိယအကြိမ်မြောက် ရေထု ၂၀၀၀၀ ကျူ့ ဆက်လက် လျှော့ချခဲ့တယ်လို့ သိရပါတယ်။…

Read More

ပြည်ပလုပ်သား စေလွှတ်မှုနဲ့ ဝင်ငွေခွန်၊ လွှဲပြောင်းငွေတွေရရှိရေး တင်းကျပ်နိုင်ဖို့ ကော်မတီဖွဲ့စည်းမှု အလုပ်သမားတွေ ဝေဖန်

ဩဂုတ် ၆ – ၂၀၂၆ SN (VOM) ပြည်ပလုပ်သား စေလွှတ်မှု ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်တွေ မှန်ကန်စွာပေးသွင်းနိုင်ရေး၊ သတ်မှတ်ထားတဲ့ မိသားစုလွှဲပို့ငွေတွေ မှန်မှန်ကန်ကန် ပေးပို့မှု ရှိ၊ မရှိ စိစစ်နိုင်ရေး စတဲ့ အချက်အလက်တွေ ပါဝင်တဲ့ “ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ” ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ မြန်မာလုပ်သားတွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။ ကော်မတီဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့၊ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေကို ပိုမိုတင်းကျပ်စွာ စိစစ်နိုင်ဖို့၊ ဝင်ငွေခွန်ဥပဒေအရ ပြည်ပရောက် လုပ်သားတွေဆီက အခွန်ငွေတွေ မှန်ကန်စွာ ပေးသွင်းစေဖို့၊ ဝင်ငွေနဲ့ မိသားစုလွှဲပြောင်းငွေတွေကို တရားဝင်လမ်းကြောင်းနဲ့ မဖြစ်မနေ လွှဲပို့စေဖို့ ကြီးကြပ်ရမယ် ဆိုတဲ့ အချက်တွေ ပါဝင်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က…

Read More

လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ စာဖတ်ကြပါစို့

မန္တလာ ဆရာမျိုး     “လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အင်အားအကြီးဆုံး လက်နက်မှာ ပညာဖြစ်ပြီး၊ ပညာရရှိရန် အကောင်းဆုံးလမ်းကြောင်းမှာ စာဖတ်ခြင်းဖြစ်သည်” ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ လူတစ်ယောက်၏ အသိပညာ၊ အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအမြင်တို့ကို တဖြည်းဖြည်း ပုံဖော်ပေးသည့် အရာမှာ စာအုပ်များဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် မိုဘိုင်းဖုန်း၊ လူမှုကွန်ရက် (Social Media) နှင့် ဗီဒီယိုတိုများ၏ ဆွဲဆောင်မှုကြောင့် စာဖတ်သည့် အလေ့အကျင့်သည် တဖြည်းဖြည်း လျော့နည်းလာသည်ကို စိုးရိမ်ဖွယ် တွေ့မြင်နေရသည်။ သတင်းအချက်အလက်များ ရယူရန် လွယ်ကူလာသော်လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်နိုင်သည့် အလေ့အကျင့်ကတော့ လျော့နည်းလာ နေပါသည်။     စာဖတ်ခြင်းသည် စာမေးပွဲအောင်ရန်၊ ဘွဲ့ရရန် သို့မဟုတ် အလုပ်အကိုင်ကောင်းတစ်ခု ရရှိရန်အတွက်သာ မဟုတ်ပေ။ စာဖတ်ခြင်းသည် လူတစ်ယောက်၏ အတွေးအခေါ်ကို…

Read More

သူတို့အိမ် အခန်း (၁၈၆)

  ဆူးငှက်   ပရိသတ်အကြိုက်နှင့် ထပ်တူမျှသော စာပေဆု ——————————————— ဒေါ်ဒေါ် လူထုဒေါ်အမာ ၏ စာအုပ်များအနက် ကျွန်တော် အကြိုက်ဆုံးစာအုပ်ကို ရွေးပါဆိုလျှင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ရွေးပါမည်။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်သည် စာရေးဆရာ၊ သတင်းစာဆရာမကြီး ဒေါ်ဒေါ် လူထုဒေါ်အမာရေးသား ပြုစုခဲ့သည့် စာအုပ်များတွင် အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်သည်။ ဒေါ်ဒေါ်၏ “ပြည်သူချစ်သော အနု ပညာသည်များ” စာအုပ်က ၁၉၆၄ခုနှစ် မေလမှာ ပထမအကြိမ် ထုတ်ဝေပြီး ထိုနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ခုနှစ် ဇူလိုင်မှာ တတိယ အကြိမ်၊ ၁၉၇၄မှာ စတုတ္ထအကြိမ်နှင့် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာရောက်မှ ပဉ္စမအကြိမ်အဖြစ် အကြိမ်ကြိမ် အုပ်ရေများစွာ ထုတ်ေ၀ ခဲ့ရသော စာအုပ်ဖြစ်သည်။ ပထမအကြိမ် ထုတ်သည့်…

Read More

ပြည်တွင်းဆန်စျေးကွက်မှာ ငွေကျပ် သိန်းပေါင်း ငါး​သောင်းကျော် လိမ်လည်ခံရ

ဩဂုတ် ၄ ၊ ၂၀၂၆ GG (VOM) ပြည်တွင်းဆန်စပါးအရောင်းအဝယ်စျေးကွက်မှာ ဆန်ကုန်သည်တွေ ၊ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအကြားမှာ ငွေကြေးလိမ်ညာမှု သိန်းပေါင်း ငါး​သောင်းကျော်လောက်အထိ ဖြစ်ခဲ့တယ်လို့ ဆန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဆန်စပါးကို ဝယ်ယူရာမှာ စာချုပ်စာတမ်းမရှိဘဲ ကြိုရောင်းကြိုဝယ်ပြုလုပ်ကြတဲ့ စနစ် နဲ့ဝယ်ယူပြီး ငွေမရှင်းဘဲ ရှောင်ပြေးတာ ၊ စျေးကွက်ပေါက်စျေးထက်ပိုပေးပြီး အကြွေးစနစ်နဲ့ဝယ်ယူကာ ငွေကြေးပေးချေခြင်းမရှိဘဲ လိမ်ညာခဲ့တာလို့ သိရပါတယ် ။ အခု ငွေကြေး သိန်းသောင်းနဲ့ချီပြီး လိမ်ညာသွားသူတွေဟာ နေရာဖြန့်ကျက်ပြီးတော့ အုပ်စုဖွဲ့ကာ လိမ်ညာတာမျိုးဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုရှိပါတယ်။ ” အုပ်စုဖွဲ့လိမ်တာ ဖြစ်ဖို့များတယ်။ပြည်တွင်းက ဆန်ရောင်းဝယ်ရေး လုပ်တဲ့သူတွေပါ ။ Export သမားတွေကို ဆန်ဝယ်ပေးတဲ့ ပွဲစားတွေက လိမ်တာလို့သိရတယ်။ ဆန်ပေးလိုက်တယ် ပိုက်ဆံကမချေသေးဘူး ။သူတို့က စျေးကောင်းပေးပြီး မတန်တဆပေးပြီး ဝယ်တယ်။ အသွယ်တွေဆိုစျေးကောင်းပေးဝယ်တယ်။ ဆန်ကွဲဆိုလည်း ပေးဝယ်တယ်။ ပထမပိုင်းတော့…

Read More

ဆည်တော်ကြီးရေလှောင်တမံက ရေပိုရေလွှဲတံခါးတွေဖွင့်ထားလို့ ဆည်အနီးက ကျေးရွာတချို့ကို အရေးပေါ်ပြောင်းရွေးဖို့ အသိပေးထား

မန္တလေး၊ သြဂုတ်- ၅- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ် ရောက်ဖို့အတွက် (၁) ပေခွဲခန့်သာ လိုတော့တာကြောင့် ဩဂုတ်လ ၃ ရက် ညပိုင်းက စတင်ပြီးရေပိုရေလွှဲ တံခါးတွေကို ဖွင့်ချထားတာကြောင့် ဆည်အနီးက ကျေးရွာတချို့ကို အရေးပေါ်ရွေ့ပြောင်းကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ တံငါတံတားရဲ့ လက်ရှိရေအမှတ်မှာလည်း (၉၅.၆) သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီတာကြောင့် နောက် ထပ် ရေ (၃) ပေ ထပ်တိုးပါက ကားလမ်းရေကျော်နိုင်တယ်လို့ အသိပေးထားတာကိုတွေ့ရပါတယ်။ ကျေးရွာတွေနဲ့ ကပ်လျက်ရှိတဲ့ ချောင်းဘောင်တွေကရေများကျော်လွန်ပြီး စတင်ဝင်ရောက်နေပြီဖြစ်တာကြောင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင် နဲ့ အင်းသကား ကျေးရွာတွေကမိဘပြည်သူများအနေနဲ့ အမြန်ဆုံး ကုန်းမြင့်ပိုင်းတွေကို အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြပါရန် အသိပေး နှိုးဆော်ထားတာကိုတွေ့ရပါတယ်။ အဲ့ဒီကျေးရွာတွေကလွဲရင်…

Read More

ပဲခူးမှာ ဘုန်းကြီးတပါးက ဓားနဲ့ခုတ်လို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ဩဂုတ် ၅ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတပါးက ဓားနဲ့ခုတ်လို့ သက်တော် ၇၆ နှစ် အရွယ် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ် ။ ကျောင်းအတွင်း ယာယီလာရောက် သီတင်းသုံးနေထိုင်တဲ့ ဆရာတော် ဦးမာဏိတဟာ မနေ့က ဩဂုတ် ၄ ရက်နေ့ ၊ ည ၁၁ နာရီကျော်လောက်မှာ ကျောင်းဝန်းအတွင်း အရက်မူးပြီး ဓားကိုင်ဆူပူသောင်းကျန်းနေလို့ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသက ဝင်ရောက်ဖြန်ဖြေစဉ် စကားများပြီး ဓားနဲ့ ခုတ်ခဲ့တာ ဖြစ်ပါတယ် ။ ” ဓားနဲ့ခုတ်တဲ့ ဘုန်းကြီးက ကျောင်းကအမြဲနေမဟုတ်ဘူး ။ ယာယီလာဝတ်နေတဲ့ ဦးဇင်းလို့သိရတယ်။ ညသန်းခေါင်ကြီး မူးရူးနေတော့ ကျောင်းထိုင်က ပြောတော့ ဓားနဲ့ပြန်ခုတ်လိုက်တာ ။ဆရာတော်က ဒီနေ့မနက် ၂…

Read More
VOM News

FREE
VIEW