ဩဂုတ် ၇၊ ၂၀၂၆ Shy V (VOM) နေပြည်တော်မှာ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်တို့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ (UWSP) တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်တွေကို ဝဘက်က ထုတ်ပြန်ထားပါတယ်။ UWSP ဥက္ကဋ္ဌ ဦးကျောက်ကော့အန်းက မိုင်းပေါက်–မိုင်းပျဉ်း–မိုင်းဆတ် လမ်းဖောက်လုပ်ရေး၊ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း လျှောက်ထားမှု၊ ဝဒေသက ပြည်သူတွေ မြန်မာပြည်တွင်းမှာ ဆေးဝါးကုသခွင့် ရရှိရေး၊ တရားဝင်စီးပွားရေး လုပ်ကိုင်ခွင့်ကို ကာကွယ်ပေးရေး၊ ကျောင်းသားတွေ ပြည်တွင်းမှာ ပညာဆက်လက်သင်ယူခွင့် ရရှိရေးနဲ့ ဆွေမျိုးတွေ သွားရောက်လည်ပတ်ခွင့် စတဲ့ ကိစ္စရပ်တွေကို တင်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဝပြည်နယ်အနေနဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ဒေသတွင်း မငြိမ်မသက်မှု…
Read MoreMonth: August 2026
၂နှစ်ကျော်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကလေး – တမူလမ်းမ ပြန်ဖွင့်တော့မယ်
ဩဂုတ် ၇ ၊ ၂၀၂၆ CC (VOM) မြန်မာ – အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ကလေး – တမူး အာရှလမ်းမကြီးတလျှောက်ရှိ ကျေးရွာတွေကို အစိုးရတပ်က ပြန်သိမ်းပြီးနောက် အစိုးရက ကလေး – တမူး အာရှလမ်းမကြီးကို မကြာခင်ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကလေး – တမူး လမ်းပိုင်းရှိ ပျက်စီးနေတဲ့ တံတားတချို့ကို ပြန်လည်ပြုပြင်နေတာကြောင့် ပြည်သူတွေကို ခရီးသွားလာခွင့် မပြုသေးပေမယ့် ရှေ့တပတ်ထဲမှာတော့ လမ်းပိုင်းကို သွားလာခွင့်ပြုမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ကလေး – တမူး လမ်းပိုင်းက ခမ်းပါတ် တံတား ၊ တွီဗန်တံတားနဲ့ နန်းမွန်းတားတံတားတို့ကို ဖျက်ဆီးခံခဲ့ရတာဖြစ် ပြီး လက်ရှိမှာ ခမ်းပါတ်တံတားကို ပြင်ဆင်ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ် ။…
Read Moreငါးသိုင်းချောင်းမြို့နယ် အနိမ့်ပိုင်းနေရာတွေက အိမ်တွေ ရေနစ်မြုပ်နေ
ဩဂုတ် ၇ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ထဲက အနိမ့်ပိုင်းနေရာတွေကို မနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေတွေ ဝင်ရောက်လာနေပြီး လက်ရှိမှာတော့ အိမ်ခြေ ၅၀ ဝန်းကျင် ရေနစ်မြုပ်နေပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ လက်ရှိမှာ ငါးသိုင်းချောင်းမြို့အထွက် လေးမျက်နှာ – အိုင်သပြု – ငါးသိုင်းချောင်း မြို့ချင်းဆက်လမ်းမပေါ်ရှိ မယ်ဇလီခုံးတံတား (နတ်စင်ရိုး) မှတဆင့် ငါးသိုင်းချောင်းအနိမ့်ပိုင်း မြစ်ကျိုးအင်းထဲကို ရေတွေ ဆက်လက် စီးဝင်နေဆဲဖြစ်ပြီး မနေ့ ဩဂုတ် ၆ ရက်ကထက် ရေစီး ပိုမို အားကောင်းလာတယ်လို့ သိရပါတယ်။ “မိုးမများဘဲ တရစ်ချင်း တက်လာနေတာ။ ကျွန်တော်တို့မြို့ရဲ့ အနိမ့်ဆုံးနေရာဖြစ်တဲ့ မြစ်ကျိုးအင်းဇောင်းနဲ့ ထိစပ်တဲ့ နေရာကတော့ လူနေမရအောင် မြုပ်တဲ့အိမ် မြုပ်ကုန်ပါပြီ။…
Read Moreမိုးကုတ်မြို့မှာ ရေကြီးပြီး မြေပြိုလို့ မိုးကုတ် – မန္တလေးလမ်းမှာ ကားတွေပိတ်မိနေ
ဩဂုတ် ၇ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြေပြိုပြီးရေကြီးနေသလို မန္တလေး – မိုးကုတ်ကားလမ်းပိုင်းမှာလည်း မြေပြိုနေတာကြောင့် လမ်းပိတ်ပြီး ကားတွေပိတ်မိနေတယ်လို့ သိရပါတယ်။ မိုးကုတ်မြို့နယ်ထဲက မန္တလေး – မိုးကုတ်ကားလမ်းပိုင်းမှာ အရင်ရင်ကတည်းကစပြီး ဒီနေ့ ဩဂုတ် ၇ ရက်နေ့အထိ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ခရီးသည်တင်ကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ” လမ်းတွေမှာ ဆက်တိုက် မြေ ပြိုနေတယ်။မိုးကုတ်ကနေ အုံဒန်ထိ အဆင်ပြေပေမယ့် အုံဒါန်ကနေ ၁၄၈ စစ်တပ်ဂိတ်အကြား မြေပြိုထားပါတယ်။ လမ်းကြောပေါ်ရှိနေတဲ့ ကားအားလုံး သာတဲ့နေရာမှာ သာရပ်ထားပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ မန္တလေးကနေတက်လာတဲ့ ကား ၊ မိုးကုတ်ကနေတက်လာတဲ့ကားအကုန်လုံး သွားမရသေးဘူး ။ ” လို့ ပိတ်မိနေတဲ့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။…
Read Moreငဝန်မြစ်ရေကာတမံ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အပြင် အခြားမြို့နယ်တွေ ရေလွှမ်းဧရိယာကျယ်ပြန့်နိုင်
သြဂုတ်-၇-၂၀၂၆ EPM(VOM) ငဝန်မြစ်ရေကာတမံ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှာ ရေလွှမ်းနေတာ အခုဆိုရင် တပတ်ခန့်ရှိလာပြီး ရေဆက်တိုးနေတာကြောင့် ရေလွှမ်းတဲ့ ဧရိယာ ကျယ်ပြန့်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ငဝန်မြစ်ရေဘေးမှာ ကူညီကယ်ဆယ်ရေး လုပ်နေပြီး ခေတ်မှီနည်းပညာနဲ့ တွက်ချက်စောင့် ကြည့်နေသူတွေခန့်မှန်းချက်အရ လေးမျက်နှာမြို့ အောက်ဘက် ရေကြည် ၊ ငသိုင်းချောင်း ၊ ကျောင်းကုန်းနဲ့ ကန့်ကြီးထောင့် မြို့နယ်တွေအထိ စီးဆင်းဝင်ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ မြေပြင် ဒရုန်း မှတ်တမ်းတွေ၊ GPS observation ၊ Drainage Network လေ့လာဆန်းစစ်ချက် ၊ မြစ်ရေအခြေအနေ ၊ မိုးလေဝသ အခြေအနေ ၊ Basin Hydrology နဲ့ Spring Tide တို့ကို ဆန်းစစ် စုပေါင်း ထုတ်ပြန်ခြင်း ဖြစ်တယ်လို့ Psc Myanmar Off-road…
Read Moreငဝန်မြစ် ရေကာတမံကို တပတ်အတွင်း ပြုပြင်သွားမယ်
သြဂုတ် -၇-၂၀၂၆ EPM(VOM) ကျိုးပေါက်သွားသော ငဝန်မြစ် ရေကာတာတမံ ကြောင့် ရေလွှမ်းမိုးမှု ဧရိယာ ကျယ်ပြန့်လာနိုင်တဲ့အတွက် အချိန် တပတ်အတွင်း အပြီးသတ်ပြုပြင်တည် ဆောက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ “ တာ နိမ့်ပြီး ရေဝင်သွားတဲ့နေရာကို ကျွန်တော်တို့ ဆည်မြောင်းဦးစီးဌာန ၊ ဆောက်လုပ်ရေး ၊ ရေအ ရင်းမြစ် ၊ မြစ်ချောင်းဖြိုး ဒီဌာနတွေအားလုံး ဝိုင်းပြီးတော့မှ နောက်ထပ် တပတ်အတွင်း အပြီးသတ် ဖို့အတွက် ကြိုးစားနေပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးအေးကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ က တည်ထောင်ထားတဲ့ လူမူကွန်ယက်ကနေ ဖြေကြားထားပါတယ်။ ကျိုးပေါက်သွားတဲ့ ငဝန်မြစ် ရေကာတမံရဲ့ အကျယ်ဟာ ပေ၃၉၀ ရှိပြီး ရေအနက်မှာ ပေ ၁၀ ပေကနေ ပေ ၂၀ အထိ ရှိတာကို…
Read Moreဒီပဲယင်းမှာ ချောင်းဖြတ်ကူးတဲ့ ကောက်စိုက်အမျိုးသမီးခြောက်ယောက် ရေစီးနဲ့မျောပါသေဆုံး
ဩဂုတ် ၇ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်မှာ ချောင်းကို ဖြတ်ကူးတဲ့ ကောက်စိုက်သမ အမျိုးသမီး ခြောက်ယောက် ရေနစ်သေဆုံးမှု ဩဂုတ် ၆ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဒီပဲယင်းမြို့နယ် ၊ အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာမြောက်ဘက်ရှိ ချောင်းကို ကောက်စိုက်သမ ၁၀ ယောက်က ဖြတ်ကူးစဥ် ချောင်းရေရုတ်တရက်မြင့်တက်လာတာကြောင့် ခြောက်ယောက်မှာ ရေစီးနဲ့မျောပါသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကောက်စိုက်ပြီးပြန်လာကြတာ ။ နေ့ခင်း ၁၂ နာရီကျော်ကြီး မှာဖြစ်တာပါ ။သတင်း ကြား ကြားချင်း လူတွေအများကြီးနဲ့ ဝိုင်းပြီးရှာကြတာပဲ ၊ ခုချိန်ထိတော့ တယောက်က ရှာလို့မတွေ့သေးဘူး။ အခု မြစ်ရေချောင်းရေတွေကတိုးနေတာ ။ ရွာတွေလည်း ရေမြုပ်နေကြတယ်။ ” လို့ ဒေသခံက…
Read Moreမြန်မာပြည်က ဆွီဒင်သံရုံးကို ဒီနေ့ကစပြီး အပြီးပိတ်သိမ်း
ဩဂုတ် ၇ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံး ရုံးခွဲကို ဒီကနေ့ ဩဂုတ် ၇ ရက်ကစပြီး အပြီး ပိတ်သိမ်းလိုက်ပြီလို့ Embassy of Sweden Section Offfice in Yangon က ထုတ်ပြန်လာပါတယ်။ ဒီနေ့ကစတင်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆွီဒင်နိုင်ငံရဲ့ ကောင်စစ်ရေးရာနဲ့ သံတမန်ရေးရာ ကိစ္စတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဆွီဒင်သံရုံးကနေသာ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ အသိပေးထားပါတယ်။ ဒါအပြင် ရန်ကုန် Section Office ရဲ့ တရားဝင် Facebook စာမျက်နှာကိုလည်း အပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်ပြီး နောက်ဆုံးရ သတင်းတွေနဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို ဘန်ကောက်ရှိ ဆွီဒင်သံရုံးရဲ့ Website နဲ့ Facebook စာမျက်နှာတွေကတဆင့် ဆက်လက် ဖော်ပြသွားမယ်လို့…
Read Moreထိုင်း-မြန်မာ အနာဂတ်ခရီးနှင့် တော်လှန်ရေးအလှည့်အပြောင်း
MT(VOM) မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဆိုတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရစ ကတည်းက မြန်မာ-ထိုင်း နယ်စပ်ဟာ တရုတ်ဖြူ (KMT) ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ပြဿနာတွေနဲ့ စတင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်ကို ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ကစပြီး စစ်အစိုးရတွေလက်ထက် ကနေ ဒီနေ့အထိ နယ်စပ်ကုန်သွယ်ရေး၊ သယံဇာတထုတ်ယူမှုတွေအထိ အမြဲတမ်း အပြန်အလှန် လိုအပ်ချက်တွေနဲ့ ချိတ်ဆက်နေခဲ့တာပါပဲ။ ၁၉၈၈ အရေးတော်ပုံအပြီးမှာတော့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေဟာ တိုင်းရင်းသားနယ်စပ်တွေနဲ့ ထိုင်းဘက်ခြမ်းကို တောခိုခဲ့ကြရပြီး၊ အဲဒီတုန်းက ထိုင်းနိုင်ငံ၊ တခ်ခရိုင်မှာ ဖွင့်လှစ်ခဲ့တဲ့ ကြိုဆိုရေးစခန်းကနေတစ်ဆင့် ဥပဒေဘောင်အတွင်း ပြန်လာဖို့ ညှိနှိုင်းခဲ့ရတဲ့ သမိုင်းမှတ်တိုင်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့ ဆက်ဆံရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ…
Read Moreအသက်ကို ကာကွယ်ပေးမည့် အလွယ်ကူဆုံး အလေ့အကျင့်
မန္တလာ ဆရာမျိုး မြန်မာနိုင်ငံတွင် ဆိုင်ကယ်သည် နေ့စဉ်ဘဝအတွက် အရေးကြီးသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်သည်။ အလုပ်သွားရန်၊ ကျောင်းတက်ရန်၊ စျေးဝယ်ရန်နှင့် ခရီးတိုများ သွားလာရာတွင် ဆိုင်ကယ်ကို အများဆုံး အသုံးပြုကြသည်။ သို့သော် အသုံးပြုသူများ များပြားလာသည်နှင့်အမျှ လမ်းမတော်တဆမှုများလည်း ပိုမိုများပြားလာနေပြီး ယင်းမတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှု၊ မသန်စွမ်းဖြစ်မှုနှင့် မိသားစုများ၏ စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်နေသည်။ ထိုကဲ့သို့သော ဆိုးကျိုးများကို လျှော့ချနိုင်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အရည်အသွေးပြည့်မီသော Helmet (ဦးထုပ်) ကို မှန်ကန်စွာ ဆောင်း၍ ဆိုင်ကယ်စီးခြင်း ဖြစ်သည်။ ဦးနှောက်သည် လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လှုပ်ရှားခြင်း၊ စဉ်းစားတွေးခေါ်ခြင်းနှင့် မှတ်ဉာဏ်တို့ကို ထိန်းချုပ်ပေးသည်။ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားသောအခါ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိပါက ဦးနှောက်ဒဏ်ရာ၊ သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ ကိုယ်လက်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ်…
Read More