မတ် ၁၈ ၊ ၂၀၂၆ GG (VOM) ဖားကန့်အခြေစိုက် သတင်းထောက်တယောက်ဖြစ်တဲ့ ကိုတာလင်းမောင်ကို မနေ့က မတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေစိုးမိုးထားတဲ့ ဆိုင်းတောင်ဘက်မှာ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မနေ့ကတည်းက အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။ “မနေ့က ဆိုင်းတောင်မှာ သပိတ်အစည်းဝေးဆွေးနွေးပြီးတော့ သူ့မိတ်ဆွေတယောက်က တွေ့ဖို့ခေါ်လို့ သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားကတည်းက အဆက်အသွယ်ပြတ်သွားတယ်သိရတယ် ။ တောလက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်လို့ပဲ သိရတယ်။ ကျန်တာဘာမှ မသိရသေးဘူး ။ စုဆောင်းရေးဆွဲတဲ့ကိစ္စတွေ လိုင်းပေါ်တင်ပြောတာနဲ့ပတ်သက်ပြီး ဖမ်းခံရတယ်လို့ ယူဆတယ်။ ” လို့ ဒေသခံကပြောပါတယ်။ ” စုဆောင်းရေးဆွဲတာနဲ့ပတ်သက်ပြီး ထုတ်ပေးတာကတဖွဲ့ ပိုက်ဆံယူတာကတဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်၊ မန့်မှာ ဆွေးနွေးကြပါဦး” ဆိုပြီး…
Read MoreYear: 2026
ဖိလစ်ပိုင်မှာ လောင်စာဆီဈေးတွေ တက်နေလို့ ငွေကြေးထောက်ပံ့တာနဲ့ ယာဉ်စီးခတိုးမြှင့်တာတွေ လုပ်ဆောင်နေ
မနီလာ ၁၇ မတ် ၂၀၂၆ MT(VOM) အခုဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လောင်စာဆီဈေးတွေ အဆမတန်တက်လာလို့ အခက်တွေ့နေရတဲ့ ဖိလိုင်ပိုင်နိုင်ငံမှာ ယာယီဖြေရှင်းချက်အနေနဲ့ အစိုးရက ငွေကြေးထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်။ အဲဒီအတွက် အင်္ဂါနေ့ (မတ်လ ၁၇ ရက်) က မနီလာမြို့မှာ သုံးဘီးဆိုင်ကယ် (Tricycle) မောင်းသူ ရာနဲ့ချီပြီး တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ခဲ့ရာကနေ အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ အစိုးရဝန်ထမ်းတွေကို တစ်ပတ် ၄ ရက်ပဲ အလုပ်ဆင်းခိုင်းတာ၊ အချို့နေရာတွေမှာ ကူးတို့သင်္ဘောခရီးစဉ်တွေ လျှော့ချတာနဲ့ ရုရှားဆီကနေ ရေနံတင်သွင်းဖို့ စဉ်းစားတာမျိုးတွေ လုပ်ဆောင်လာရပါတယ်။ အင်္ဂါနေ့က ဒရိုင်ဘာတွေ ထောက်ပံ့ကြေးစောင့်နေတုန်းမှာပဲ တာဝန်ရှိသူတွေက ဒေသတွင်း သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ယာဉ်စီးခကို တိုးမြှင့်လိုက်ပါတယ်။ အဲဒီအထဲမှာ ဖိလစ်ပိုင်လူမျိုး သန်းပေါင်းများစွာ အလုပ်သွားဖို့…
Read Moreနမ့်ခမ်း ဆေးရုံက ပစ္စည်းတွေကို TNLA သယ်ထုတ် ရွှေ့ပြောင်း
မတ် ၁၈၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ဆေးရုံကြီးက ပစ္စည်းတွေကို မတ်လ ၁၆ ရက်နေ့ကစ TNLA တပ်ဖွဲ့ဘက်က သယ်ထုတ် ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ မတ်လ ၁၇ ရက် မနက်ပိုင်းလည်း နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေကို TNLA ဘက်က သယ်ထုတ် ရွှေ့ပြောင်းနေတာ တွေ့ရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေ ဘယ်ကို သယ်သွားသလဲ ဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။ “နမ့်ခမ်းဆေးရုံက ပစ္စည်းတွေ မတ်လ ၁၆ ရက်နေ့ကတည်းက သယ်ရွှေ့ နေကြတယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။…
Read Moreငြိမ်းချမ်းရေး မရ ရအောင် ဝိုင်းဝန်း တည်ဆောက်ကြရမယ်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ Voice Of Myanmar ငြိမ်းချမ်းရေး ရအောင်လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး ရရှိပြီ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးအတွက် အဓိကထားပြီး လုပ်ဆောင်မယ်ဆိုတာနဲ့ အတူတကွ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်း တည်ဆောက်မယ်လို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၂ ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမနာမ်တူးဂျာ က ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် တတိယအကြိမ် ပထမ နေ့ ပုံမှန်အစည်းအဝေး မှာ VOM ကိုဖြေကြားခဲ့ပါတယ်။
Read Moreတတောင့်တည်းလည်း ငရုပ်သီးဆိုတာ စပ်တယ် ဆိုတဲ့ ကျားဖြူပါတီက ဦးစိုင်းဝင်းခိုင်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ Voice Of Myanmar ရှမ်းမြောက်ဒေသ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကို ရောက်ဖို့ ပြင်ဆင်ထားတယ်၊ လွှတ်တော်မှာ အင်အားနည်းပေမယ့် ငရုပ်သီးလို တတောင့်ထဲလည်း စပ်တာပဲ နှစ်တောင့်လည်း စပ်တာဘဲ ကျနော်က တတောင့်ထဲဖြစ်ပေမယ့် စပ်မယ်လို့ မျှော်လင့်တယ် ဆိုတာနဲ့ လွှတ်တော် အစည်းအဝေးမစခင် ဘယ်လိုလူမျိုးကို လွှတ်တော် ဥက္ကဋ္ဌဖြစ်စေချင်လည်းဆိုတာကို ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ရှမ်းမြောက် သန္နီ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်က VOM ကိုပြောပါတယ်။
Read Moreပညာရေး၊ ကျန်းမာရေး နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ နာဂဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR ပညာရေး၊ ကျန်းမာရေး နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ နာဂဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ် လို့ နာဂအမျိုးသားပါတီ လေရှီး၊ လဟယ်၊ နန်းယွန်း မဲဆန္ဒနယ် ၁ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခဲချိန် က ပြောပါတယ်။
Read Moreပြည်သူရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့ ပြည်သူတွေကို ဦးထိပ်ပန်ဆင်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR ပြည်သူရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့ ပြည်သူတွေကို ဦးထိပ်ပန်ဆင်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ် ဆိုတာနဲ့ ဆင်ခြင်တုံတရား ပြည့်ဝတဲ့ လွှတ်တော်အမတ်တွေ တက်လာတဲ့အတွက် လွှတ်တော်ကြီးမှာ ဥပဒေပြုရေးအတွက် ကောင်းကောင်းထိန်းကျောင်းသွားနိုင်မယ်လို့ ပဲခူးတိုင်း၊ ပဲခူးအရှေ့ မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။
Read Moreလုပ်ပိုင်ခွင့်ကို လက်တလုံးခြားလုပ်နေတဲ့ သူတွေ စာရင်းရှိတယ်၊ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်ဆိုတဲ့ ဦးဝင်းဖေမောင်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR လုပ်ပိုင်ခွင့်ကို လက်တလုံးခြားလုပ်နေတဲ့ သူတွေ စာရင်းရှိထားပြီး ပြည်သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်ဆိုတဲ့ မဟာအောင်မြေခရိုင်နဲ့ အမရပူရခရိုင် ကိုယ်စားပြု မဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်က ပြောပါတယ်။
Read Moreငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖက်ဒရယ်အရေး နဲ့ ဒီမိုကရေစီ အရေးတွက် အဓိကဦးစားပေးပြီး ကြိုးစားသွားမယ်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖက်ဒရယ်အရေး နဲ့ ဒီမိုကရေစီ အရေးတွက် အဓိကဦးစားပေးပြီး ကြိုးစားသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ် အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောပါတယ်။
Read Moreအခွန်ဥပဒေသစ်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို ပြည်သူတွေ စိုးရိမ်
မတ် ၁၈ – ၂၀၂၆ SS (VOM) ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေသစ်မှာ ကုန်စည်တချို့အပေါ် အခွန်နှုန်းထားတွေကို တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ လက်ရှိ ပြဋ္ဌာန်းချက်အရ အထူးကုန်စည်အမျိုးအစား ဖော်ပြချက်မှာ စီးကရက်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးတွေ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနဲ့ ဝိုင်အမျိုးမျိုးတို့အပေါ် ကောက်ခံမယ့် အခွန်ကို အဆင့်ဆင့် တိုးမြှင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ “အခွန်တိုးကောက်၊ ဈေးနှုန်းတွေ တိုးရောင်းနဲ့ နောက်ဆုံး ပြည်သူတွေပဲ တိုးပြီး ဒုက္ခရောက်ရတာ။ တဖက်မှာ အခွန် တိုးကောက်သလို တဖက်မှာ ကုန်ဈေးနှုန်း ကျဆင်းအောင် လုပ်ဖို့အတွက်ကိုလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါက အစိုးရရဲ့…
Read More